အလုပ်ဖြစ်မှ ထလုပ်လို့မရဘူး။
တချို့အလုပ်တွေကအလုပ်ဖြစ်မှ ထလုပ်လို့မရဘူး။အလုပ်ဖြစ်မည့်အချိန်စောင့်ပြီးလေး၊ ငါး၊ ဆယ်နှစ်ကြိုတင်ပြင်ဆင်ရတတ်တယ်။ Phyo Paing @ Derek
တချို့အလုပ်တွေကအလုပ်ဖြစ်မှ ထလုပ်လို့မရဘူး။အလုပ်ဖြစ်မည့်အချိန်စောင့်ပြီးလေး၊ ငါး၊ ဆယ်နှစ်ကြိုတင်ပြင်ဆင်ရတတ်တယ်။ Phyo Paing @ Derek
ဘဝမှာ ရည်မှန်းချက်ဘယ်လောက်ကြီးကြီးအထောက်အပံ့မရှိရင်လိုရာခရီးမရောက်ဘူး။ ၂၄ ပစ္စည်းထဲကအဓိပတိပစ္စယောဆိုတဲ့အတိုင်းဆန္ဒ (လုပ်ချင်စိတ်)၊စိတ် (စိတ်ဓာတ်)၊ဝီရိယ (အားထုတ်မှု)၊ဝိမံသာ (စူးစမ်းဆင်ခြင်တတ်တဲ့ပညာ) ကနေအခြားတရားတွေကို အစိုးရပြီးဖြစ်ပေါ်လာခြင်းကို ဆိုလိုပါတယ်။ ရည်မှန်းချက် ဆန္ဒတွေဖြစ်ပေါ်ဖို့စိတ်ဓာတ်ပြင်းပြပြီလား၊အားထုတ်မှုရှိပြီလား၊အရေးပါတာကို အရာပေးနိုင်ဖို့ပညာရှိပြီလား။ ဒီအထောက်အပံ့မရှိရင်အိမ်မက်တစ်ခုအနေနဲ့ပဲဆက်ရှိသွားနိုင်တယ်။ နေ့တိုင်း စိတ်ဓာတ်ကိုလေ့ကျင့်နေလား၊နေ့တိုင်း အားထုတ်မှုဝိရိယရှိသလား၊နေ့တိုင်း ပညာတိုးပွားနေသလား။ဒီအထောက်အပံ့တွေ အရေးကြီးတယ်။ Phyo Paing @ Derek
ဘဝမှာ ရည်မှန်းချက်
ဘယ်လောက်ကြီးကြီး
အထောက်အပံ့မရှိရင်
လိုရာခရီးမရောက်ဘူး။ Read More »
နားမလည်ရင် မှားမယ်။ ယောကျာ်းတွေအကြောင်းနားမလည်ရင်ယောကျာ်းတွေကြောင့် ဒုက္ခရောက်မယ်။မိန်းမတွေအကြောင်းနားမလည်ရင်မိန်းမတွေကြောင့် ဒုက္ခရောက်မယ်။လူတွေအကြောင်းနားမလည်ရင်လူတွေကြောင့် ဒုက္ခရောက်မယ်။ဝန်ထမ်းတွေအကြောင်းနားမလည်ရင်ဝန်ထမ်းတွေကြောင့်ဒုက္ခရောက်မယ်။ဘော့အကြောင်းနားမလည်ရင်ဘော့ကြောင့် ဒုက္ခရောက်မယ်။ စီးပွားရေးလုပ်နေပြီးစီးပွားရေးအကြောင်းနားမလည်စီးပွားရေးကြောင့် ဒုက္ခရောက်မယ်။ငွေကြေးအကြောင်းနားမလည်ငွေကြေးကြောင့် ဒုက္ခရောက်မယ်။ နားလည်မှုဆိုတာကိုယ့်အထင်အမြင်နဲ့တကယ့်အဖြစ်အပျက်နဲ့အနီးစပ်ဆုံးတူနေတာ။ နားမလည်တဲ့အခါကိုယ့်အထင်အမြင်နဲ့တကယ်ဖြစ်နေတာနဲ့ကြားမှာကွာဟနေတတ်တာမျိုးဖြစ်နိုင်တယ်။ နားမလည်တဲ့အခါပေးပြီး ပြန်ရချင်တာကိုပြန်မရတာမျိုး။ နားမလည်တဲ့အခါကိုယ့်အထင်အမြင်နဲ့လောကရဲ့အဖြစ်အပျက်ကကိုက်ညီမှုမရှိနေတာမျိုး။ ဗုဒ္ဓက သံသရာ ဝဋ်ဆင်း ရဲကိုသေချာနားလည်ဖို့သစ္စာလေးပါးနဲ့ မဂ္ဂင်ရှစ်ပါးကိုဟောကြားခဲ့ပေမယ့်သိတော့ သိတယ်ဒါကို နားလည်ဖို့အတွက်ကျင့်ကြံဖို့ ဝိပဿနာinsight meditation/ Vipassanaတကယ်ကျင့်မှ နားလည်နိုင်တာမျိုး။တချို့အရာတွေက စာတွေ့သိပြီးငါတွေ့နဲ့ကြုံမှ တကယ်နားလည်နိုင်တာမျိုး။ လောကမှာ လောကဓံရှစ်ပါးကိုသေချာနားလည်လာရင်ဘဝကို ရုန်းရင်းဆန်ခတ်ဖြစ်ပြီးမနေတော့ဘူး။ဘဝမှာ သုခနဲ့ကြုံကြုံ၊ဒုက္ခနဲ့ကြုံကြုံစိတ်ကိုတည်ငြိမ်အောင်ထားတတ်တဲ့ဥပက္ခာတရားရှိလာမယ်။အရာရာဟာ ခဏပါဆိုတာနားလည်လာမယ်။ မနားလည်လို့ မမှားအောင်ဗုဒ္ဓက မှန်ကန်တဲ့အမြင်ရှိဖို့သမ္မာဒိဋ္ဌိ (၅) မျိုးကိုဟောကြားခဲ့တယ်။ ကမ္မဿကတာသမ္မာဒိဋ္ဌိ လူတိုင်းဟာ ကိုယ်ပြုလိုက်တဲ့ကောင်းမှု၊ မကောင်းမှုကံ တွေရဲ့ အကျိုးကိုကိုယ်တိုင် ခံစားရတာကိုသိမြင်တဲ့ ဉာဏ်ပါ။ဒါဟာ အခြေခံ အကျဆုံးအမြင်မှန်ဖြစ်ပါတယ်။ ဈာနသမ္မာဒိဋ္ဌိတရားထိုင်တာကြောင့် ရရှိတဲ့ဈာန် နဲ့ ယှဉ်တဲ့ ဉာဏ်ပါ။ဈာန်ဝင်စားနေချိန်မှာစိတ်ရဲ့ အခြေအနေတွေကိုတိုက်ရိုက်သိမြင်လာတဲ့ဉာဏ်အမြင် ဖြစ်ပါတယ်။လူတိုင်းဟာ
အသက်ရှူနေတဲ့လေလောက်ဘယ်အရာမှ တန်ဖိုးမကြီးဘူး။ဒါမရှိရင် အသက်ငင်နေရမှာ။ သောက်နေတဲ့ရေကလဲ တန်ဖိုးကြီးတယ်။ ဒါမရှိရင် အသက်မရှိနိုင်ဘူး။ ဘဝမှာ ကျေးဇူးတင်တတ်မယ်ဆို သဘာဝတရား ရှင်သန်မှုဖြစ်စဥ်မှာ ကျေးဇူးတင်လို့ရတဲ့အရာတွေရှိပါသေးတယ်။ လူ့လောကထဲရောက်လာရင်ကို ကိုယ်ဒုက္ခ၊ စိတ်ဒုက္ခတော့အနည်းနဲ့ အများရှိကြမှာပဲ။ စိတ်မထားတတ်လေလေစိတ်ဒုက္ခပိုများလေလေ။ အသက်ရှူမဝလို့အသက်ငင်နေတဲ့သူတွေ၊ ကိုယ့်လက်မှာ အသက်ကယ်ပေးရင်းသေဆုံးသွားတဲ့သူတွေ၊ ရောဂါကြောင့် နေဝင်ချိန်ကိုအားငယ်စွာနဲ့ စောင့်နေတဲ့သူတွေနဲ့ကြုံဆုံခဲ့တဲ့ အတွေ့အကြုံကလောကအမြင်ကို အကြီးအကျယ်ပြောင်းစေတယ်။ အခုရှူနေတဲ့လေ၊ သောက်တဲ့ရေရှိနေတာကလဲကျေးဇူးတင်တတ်ရင်ကျေးဇူးတင်လို့ရပါတယ်။ ကောင်းကင်ပေါ်ပျံမှမဟုတ်ဘူး၊မြေကြီးပေါ်မှာ လမ်းလျှောက်နေနိုင်တာလဲအံ့ဖွယ်တစ်ခုပဲလို့ဆရာတော် သစ်နော့ဟန်ကဆိုခဲ့တယ်။ လေယာဥ်ပျံစီးတာများတော့ကောင်းကင်ပေါ်ပျံတာက အဆန်းလို့ မခံစားရတော့ဘူး။ သောက်သုံးရေပုံမှန်ရှိနေတော့သောက်သုံးရေရှိတာ အဆန်းလို့မခံစားရတော့ဘူး။ ရှူစရာလေကောင်းလေသန့်ရှိနေတာပုံမှန်ဆိုတော့အဆန်းလို့ မခံစားရတော့ဘူး။ တခြားသူတစ်ယောက်ရဲ့ဘဝကကိုယ့်ရဲ့အိမ်မက်ဖြစ်နေနိုင်သလိုကိုယ့်ဘဝကလဲ တခြားသူတစ်ယောက်ရဲ့အိမ်မက်ဖြစ်နေနိုင်တယ်။ ဘဝမှာ ကိုယ့်ဘဝကိုယ်စိတ်တိုင်းကျချင်ရင်ကျေးဇူးတင်စိတ်လေးနဲ့စကြည့်ကြည့်ပါ။ ကိုယ့်မိဘ၊ ဆွေမျိုး၊ သားသမီး၊ သမီးရည်းစားလင်မယား၊ အပေါင်းအသင်း၊ စားနေရတဲ့ဆန်စပါးစိုက်ပျိုးပေးတဲ့တောင်သူကြီးများအစရှိသည်ပေါ့။ Phyo Paing @ Derek
လူတိုင်းက တစ်နေ့သေမှာပဲ။ သိပြီးသေမှာနဲ့၊ မသိဘဲသေသွားမှာပဲရှိတာ။ သေတဲ့အခါ အသက် ၈၂ နှစ်လောက်များနေခဲ့ရမယ်ဆို ရက်ပေါင်း ၃ သောင်းပတ်ခြာလည်ဒီဘဝမှာ ငါလူဖြစ်ရကျိုးနပ်ခဲ့လား။ ဒီမေးခွန်းအတွက် အဖြေကအရေးကြီးတယ်လို့ထင်တယ်။ ကိုယ်သွားချင်တဲ့ ကမ္ဘာ့ရဲ့နေရာတွေသွားကြည့်ခဲ့မယ်။ကိုယ်သိချင်တဲ့အရာတွေကို လေ့လာခဲ့မယ်။ ကိုယ်တွေ့ကြုံချင်တဲ့ အတွေ့အကြုံတွေကို ရယူခဲ့မယ်။ကိုယ်မျှဝေချင်တဲ့အရာတွေကိုပြန်လည်မျှဝေပေးခဲ့မယ်။ ဘဝကို လက်ဗလာနဲ့အားလုံးနှုတ်ဆက်ကြတဲ့အခါလူဖြစ်ရကျိုးနပ်ဖို့လိုတယ်။ Phyo Paing @ Derek
အရှေ့အရပ်ကို သွားမယ်ဆိုပြီးတခြားအရပ်ကိုပြေးနေလို့မရဘူး။ ကိုယ်နေ့စဉ်လုပ်နေတဲ့ “လုပ်ရပ်” ကကိုယ်ရေရှည်ရချင်တဲ့ “ရလဒ်” ကိုရဖို့နေ့စဉ် အထောက်အပံ့ပြုနေဖို့လိုတယ်။ ဒီချိတ်ဆက်မှုကို ရှာဖွေတာက ပညာပဲ။ ပုံမှန်မပျက်လုပ်ဆောင်တာ ဝိရိယပဲ။ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်။ ကိုယ်နောက် ငါးနှစ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေရောက်ဖို့ ဒီနေ့လုပ်နေတဲ့အလုပ်ရဲ့ရာခိုင်နှုန်းဘယ်လောက်က အထောက်အကူပြုမလဲ။ အထောက်အကူပြုမည့် ရာခိုင်နှုန်းနည်းတယ်ဆို ဘယ်နေရာတွေသွားလေ့လာဖို့လိုမလဲ။ဘာအိုင်ဒီယာတွေ သွားလေ့လာဖို့လိုမလဲ။ဘယ်သူတွေနဲ့တွေ့ဖို့လိုမလဲ။ ဘာအသစ်တွေထပ်လုပ်ဖို့လိုမလဲ။ ဒီမေးခွန်းတွေက အဖြေရနိုင်တယ်။ ကိုယ့်လုပ်ရပ်တိုင်းက ကိုယ်လိုချင်တဲ့ရလဒ်ရဖို့အထောက်အပံ့ပြုဖို့ အရေးကြီးတယ်။ Phyo Paing @ Derek
အလုပ်စည်းကမ်း မရှိရင်ဘဝမှာ ဗရမ်းဗတာဖြစ်နေမှာ။ကိုယ့်ထမင်းကျွေးတဲ့အလုပ်တောင်ဖြစ်သလိုလုပ်ရင်ကျန်တာဆိုရင် မပြောနဲ့တော့။ဒါကြောင့် အလုပ်စည်းကမ်းအရေးကြီးတယ်။ Phyo Paing @ Derek
အလုပ်မဖြစ်ခင်မှာနယ်ပယ်တစ်ခုရဲ့လည်ပတ်ပုံကိုနားလည်အောင် လေ့လာခဲ့ရတဲ့အချိန်တွေမနည်းဘူး။ နားလည်သွားရင် အလုပ်ဖြစ်အောင်လုပ်ရတာမခက်တော့ဘူး။ ဒီနားလည်အောင်လေ့လာတဲ့အချိန်တစ်ခုအမြဲပေးရတတ်တယ်။ ဘဝမှာ လုပ်ငန်းတစ်ခုကိုအောင်အောင်မြင်မြင်ဘယ်လိုစတင်မလဲ။အမှတ်တံဆိပ်တစ်ခုဘယ်လိုဖောက်မလဲ။ဝန်ထမ်းတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ။အင်တာနက်အခြေပြုလုပ်ငန်းဘယ်လိုလုပ်မလဲ။ ဒီလိုအချက်တွေကို နားလည်အောင်အကောင်အထည်ဖော်တတ်အောင်လေ့လာခဲ့ဖို့ အချိန်တစ်ခုပေးရတတ်တယ်။ စိတ်ရှည်ဖို့လိုတယ်။လေ့လာနေဖို့လိုတယ်။စမ်းသပ်ဖို့လိုတယ်။ Phyo Paing @ Derek
အလုပ်မဖြစ်ခင်မှာ
နယ်ပယ်တစ်ခုရဲ့လည်ပတ်ပုံကို
နားလည်အောင် လေ့လာခဲ့ရတဲ့အချိန်တွေ
မနည်းဘူး။ Read More »
ဘဝရဲ့သုံးပုံစံတစ်ပုံကမိဘရဲ့နောက်ခံနဲ့ အထောက်အပံ့ကြောင့်။သုံးပုံတစ်ပုံကကံတရားရဲ့ပုံသွင်းမှုကြောင့်။သုံးပုံတစ်ပုံကကိုယ်ရဲ့ရွေးချယ်လုပ်ဆောင်မှုကြောင့်။ ဘဝမှာ ဖြစ်နိုင်စွမ်းတွေကိုကြည့်တဲ့အခါဒီအတွေးအခေါ်တစ်ခုနဲ့ တခါတလေကြည့်ကြည့်မိတယ်။ ပထမနှစ်ခုရွေးချယ်လို့မရဘူး။တတိယတစ်ခုက ကိုယ်နဲ့တိုက်ရိုက်ဆိုင်တယ်။ Phyo Paing @ Derek
ဘဝရဲ့အိမ်မက်မှတ်တမ်း dream list တွေထဲကတစ်နှစ်ကို တစ်ခု အာရုံစိုက်ခပ်ကြမ်းကြမ်း အကောင်အထည်ဖော်ပြီးပြီးမြောက်သွားတာလောက်အရသာရှိတာ မရှိဘူး။တချို့ ရည်မှန်းချက်တွေအတွက်ကသုံး၊ လေး၊ ငါးနှစ်ကြာတတ်တယ်။ ဘဝမှာ သွားချင်တဲ့နေရာတော်တော်များများရောက်ဖူးပြီ။ဟိုးငယ်ငယ်က တွေ့ကြုံချင်တဲ့အတွေ့အကြုံတော်တော်များများလဲတွေ့ကြုံပြီးပြီ။ ထပ်ပြီးစမ်းသပ်ချင်တဲ့အရာလုပ်ဆောင်ချင်တဲ့ရည်ရွယ်ချက်တွေအတွက်အာရုံကို အာဏာကုန်စိုက်ပြီးဖြစ်အောင်လုပ်ရတဲ့ခံစားချက်ကတော်တော်လေး ကောင်းတယ်။ Phyo Paing @ Derek