September 2025

တရားရတယ်ဆိုတာကတော့
နားလည်မှုတဆင့်မြင့်သွားတာပဲ။

တရားရတယ်ဆိုတာအမှန်တရားကို တဆင့်မြင့်နားလည်သွားတဲ့အခါ သုံးကြတယ်။ လူတွေနဲ့ပတ်သက်လို့ တရားရတယ်။လောကသဘာဝအရ တရားရတယ်။ တရားဆိုတာအမှန်တရား၊တရားမျှတမှု၊သဘောတရား၊တရားရေးရာ၊တရားဓမ္မဒီလိုမျိုးအသုံးပြုကြတယ်။ တရားရတယ်ဆိုတာကတော့နားလည်မှုတဆင့်မြင့်သွားတာပဲ။ သိတာနဲ့ နားလည်သဘောပေါက်နှလုံးသွင်းနိုင်တာတူမလိုနဲ့ မတူပါဘူး။ လောကဓံရှစ်ပါးနဲ့ဥပက္ခာတရားကိုလူတိုင်းနီးပါးသိကြတယ်။လူတိုင်းနီးပါးနှလုံးမသွင်းနိုင်ကြဘူး။ လူတွေက၁။ ငွေ၂။ စိတ်ခံစားချက်၃။ ဂုဏ်၄။ တရားဒီလေးခုနောက်လိုက်တတ်ကြတယ်။ နောက်ဆုံးမှာ တရားနဲ့ဆုံးတတ်ကြတယ်။ Phyo Paing @ Derek

တရားရတယ်ဆိုတာကတော့
နားလည်မှုတဆင့်မြင့်သွားတာပဲ။
Read More »

သူလိုချင်တာကိုပေး၊
မလိုချင်တာကို မပေးနဲ့။

ရည်ရွယ်ချက်မရှိပဲစကားတွေအများကြီးပြောရင်တချိန်မှာ မလိုအပ်တဲ့ပြဿနာအများကြီးဖြစ်တတ်တယ်။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှုပြုတိုင်းပုံမှန် မေးဖြစ်တဲ့မေးခွန်းလေးခုရှိတယ်။​ ၁။ ငါ သူ့ဆီက ဘာရချင်သလဲ၂။ သူ ငါ့ဆီက ဘာရချင်သလဲ၃။ သူ့ဆီက မလိုချင်ဘဲရမည့်အရာက ဘာလဲ၄။ ကိုယ့်ဆီက သူမလိုချင်ဘဲရမည့်အရာက ဘာလဲ ဒီမေးခွန်းလေးခုမေးလိုက်ရင်အဖြေကရှင်းသွားမယ်။ ပေါင်းသင်းဆက်ဆံရေးတိုင်းမှာရည်ရွယ်ချက်တစ်ခုရှိတယ်။ သူလိုချင်တာကိုပေး၊မလိုချင်တာကို မပေးနဲ့။ Phyo Paing @ Derek

သူလိုချင်တာကိုပေး၊
မလိုချင်တာကို မပေးနဲ့။
Read More »

လူတွေက မျက်နှာဖုံးတွေအုပ်ထားတယ်။

မှန်ကန်တဲ့ဆုံးဖြတ်ချက်ချချင်ရင်မြေပြင်နဲ့အနီးစပ်ဆုံးမြင်ဖို့လိုတယ်။ လူတွေက မျက်နှာဖုံးတွေအုပ်ထားတယ်။အရာရာပြထားတာ အမှန်မဟုတ်ဘူး။တစ်လွှာချင်းကြည့်ပြီး သိဖို့လိုတယ်။ Phyo Paing @ Derek

လူတွေက မျက်နှာဖုံးတွေအုပ်ထားတယ်။ Read More »

ဘဝနေပျော်ဖို့

ကိုယ်ဘာလိုချင်သလဲသေချာရှင်းရှင်းလင်းလင်းသိဖို့နဲ့ ကိုယ်လိုချင်တာကို ရအောင်ယူနိုင်စွမ်းရှိဖို့လိုတယ်။ ဒါမှမဟုတ် မယူနိုင်ရင်လဲ စိတ်လျော့ပြီးရောင့်ရဲတတ်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝနေပျော်ဖို့ Read More »

အထောက်အပံ့မရှိရင်
ကိုယ်ရောင်တောက်ပဖို့မလွယ်ဘူး။

ကိုယ်ကအရမ်းတော်လို့အောင်မြင်ကြတာထက်ပတ်ဝန်းကျင်နဲ့ လူတွေနဲ့သဟဇာတဖြစ်လို့အောင်မြင်ကြတာမျိုး။အထောက်အပံ့မရှိရင်ကိုယ်ရောင်တောက်ပဖို့မလွယ်ဘူး။ ကိုယ့်ရဲ့အားထုတ်မှုအပြင်ဖြည့်ခဲ့တဲ့ပါရမီ၊ ပတ်ဝန်းကျင်၊လူတွေနဲ့သဟဇာတဖြစ်မှု အရေးပါတယ်။ဘူမိနက်သံဖြစ်ဖို့လဲလိုတယ်။အရာရာ အမှီသဟဲပဲ။ Phyo Paing @ Derek

အထောက်အပံ့မရှိရင်
ကိုယ်ရောင်တောက်ပဖို့မလွယ်ဘူး။
Read More »

လုပ်ရပ်လုပ်တိုင်း ရလဒ်မရဘူး။

လူတစ်ယောက်နဲ့အလုပ်လုပ်မယ်ဆိုဒီလူရဲ့ “အကောင်အထည်ဖော် သေသပ်မှု”Execution Intelligenceဘယ်လောက်ရှိလဲကြည့်တယ်။ ဒါက ဘွဲ့တွေဘယ်နှစ်ခုရထားတာနဲ့မဆိုင်ဘူး။ လိုချင်တာရအောင် ဘယ်လိုလုပ်သွားလဲဒီအချက်ပဲ။ ကျွန်တော်အလုပ်တွေလုပ်နေတာပဲ။ဒါတွေ သိပ်စိတ်မဝင်စားဘူး။လိုချင်တာရသလားဒါကိုအဓိကစိတ်ဝင်စားတယ်။ လုပ်ရပ်နဲ့ ရလဒ်မတူဘူး။ လုပ်ရပ်လုပ်တိုင်း ရလဒ်မရဘူး။ Phyo Paing @ Derek

လုပ်ရပ်လုပ်တိုင်း ရလဒ်မရဘူး။ Read More »

လက်တွေ့ဘဝမှာ အသုံးချလို့ရတဲ့
ဗုဒ္ဓအဆုံးအမ ၇ ခု

လက်တွေ့ဘဝမှာ အသုံးချလို့ရတဲ့ဗုဒ္ဓအဆုံးအမ ၇ ခု ၁။ အနိစ္စ အခြေအနေ၊ အောင်မြင်မှု၊ နာကျင်မှုအကုန်လုံးကို ဖက်တွယ်မထားနဲ့။အရာရာက ခဏပါပဲ။ဒုက္ခကြုံရင် ဒူပေဒါပေခံ။သုခတွေကြုံရင် အရမ်းတုန်လှုပ်ပြီးမာန်မတက်လိုက်နဲ့။ခဏတာကို တစ်ဘဝစာလို မမြင်လိုက်နဲ့။ ၂။ အနတ္တ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က “ကိုယ်”နဲ့အခုနဲ့ မတူတော့ဘူး။နောက် ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှာလဲမတူတော့ဘူး။ငါ့သား၊ ငါ့သမီး၊ ငါ့ဝန်ထမ်း၊ ငါ့ဆရာ၊ ငါ့ပရိသတ်၊ငါ့ဖောက်သည်။​ငါငါငါဆိုတာ အချိန်နဲ့အမျှပြောင်းနေတယ်။မနေ့က ကိုယ့်ကိုချစ်နေတဲ့သူတွေမနက်ဖြန် ချစ်ချင်မှချစ်တော့မယ်။မုန်းတဲ့သူလဲ ဖြစ်သွားနိုင်တယ်။အနတ္တရဲ့ သဘောတရားကိုလက်ခံပြီးဘဝကို စီးဆင်းသွားဖို့လိုတယ်။ ၃။ ဒုက္ခ အကြောင်းနဲ့ အကျိုး၊အကောင်းနဲ့ အဆိုးကြားမှာဘဝမှာ ဒုက္ခတွေရှိမှာပဲ။လောကဓံရှစ်ပါးလေ။ချမ်းသာကြွယ်ဝခြင်းရှိသလိုဆင်းရဲမွဲတေခြင်းရှိမယ်။အခြံအရံရှိသလိုအခြံအရံမရှိတာလဲရှိမယ်။လူတွေချီးမွမ်းအသိအမှတ်ပြုခံရတာရှိသလိုကဲ့ရဲ့တာလဲ ရှိမယ်။စိတ်ချမ်းသာကိုယ်ချမ်းသာရှိသလိုစိတ်ဆင်းရဲကိုယ်ဆင်းရဲလဲရှိနိုင်တယ်။လောကဓံရှစ်ပါးကိုမတုန်မလှုပ် သွေးမပျက်ပဲရှေ့ဆက်ဖို့ဥပက္ခာတရားလက်ကိုင်ထားဖို့လိုတယ်။ ၄။ ပဋိစ္စသမုပ္ပါဒ် အရာရာ သူ့အလိုလိုဖြစ်မလာဘူး။အကြောင်းကြောင့်အကျိုးဖြစ်လာတယ်။ငွေကြေးအကြောင်းနားမလည်ရင်ငွေကြေးကြောင့် ဒုက္ခရောက်မယ်။​လူတွေအကြောင်းနားမလည်ရင်လူတွေကြောင့်ဒုက္ခရောက်မယ်။စီးပွားရေးအကြောင်းနားမလည်စီးပွားရေးကြောင့်ဒုက္ခရောက်မယ်။မားကက်တင်းနားမလည်မားကက်တင်းကြောင့် ဒုက္ခရောက်မယ်။ကိုယ့်ကိုကိုယ် နားမလည်ကိုယ့်ကိုကိုယ်ကြောင့် ဒုက္ခရောက်မယ်။နားမလည်ရင် မှားမယ်။မသိနားမလည်တာကိုအဝိဇ္ဇာ (မသိမှု)လို့ခေါ်တယ်။ သိလို့လုပ်လုပ်၊ မသိလို့လုပ်လုပ်ကံဆိုတာ ဖြစ်တယ်။ဒါကို သင်္ခါရ

လက်တွေ့ဘဝမှာ အသုံးချလို့ရတဲ့
ဗုဒ္ဓအဆုံးအမ ၇ ခု
Read More »

ဘဝမှာအရေးအကြီးဆုံးက
ကိုယ့်ဘဝကိုယ်ကျေနပ်ဖို့။

ဘဝမှာအရေးအကြီးဆုံးကကိုယ့်ဘဝကိုယ်ကျေနပ်ဖို့။ ဒီနေ့ခေတ်လူတွေကစိတ််မထားတတ်ရင်ကျေနပ်တာတွေနည်းလာမယ်။ အဘိုး၊ အဖေခေတ်ကလူမှုကွန်ယက်မရှိတော့ကိုယ်နဲ့အနီးတစ်ဝိုက်ကလူတွေအကြောင်းပဲသိတယ်။ ဒီနေ့ခေတ် လူမှုကွန်ယက်ခေတ်မှာနေရာစုံကလူတွေအကြောင်းသိတယ်။ လူတွေရဲ့ဦးနှောက်ရဲ့အလိုအလျောက်လုပ်ဆောင်မှုမရ နှိုင်းယှဥ်တတ်ကြတယ်။​ တချို့က နှိုင်းယှဥ်ကြည့်ပြီးငါဘာတွေ ထပ်လုပ်လို့ရသေးလဲသိလာတယ်။တက်ကြွလာတယ်။ တချို့က နှိုင်းယှဥ်ကြည့်ပြီးငါ့ဘဝက ဘာမှလဲစိတ်ဝင်စားစရာမကောင်းဘူး။အမြဲနောက်ကျနေတယ်လို့ခံစားရတယ်။စိတ်ဓာတ်ကျလာတယ်။​ အဓိကအချက်ကတော့အခြေအနေတစ်ခုကိုကိုယ်ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုသလဲ၊ဘယ်လိုအသုံးချသလဲကဘဝအတွက် အင်မတန်အရေးကြီးတယ်။ Phyo Paing @ Derek

ဘဝမှာအရေးအကြီးဆုံးက
ကိုယ့်ဘဝကိုယ်ကျေနပ်ဖို့။
Read More »

သမာဓိဆိုတာ တည်ငြိမ်ပြီး
တစ်ခုတည်းကို အာရုံစိုက်နိုင်ခြင်းပါ။

စွမ်းဆောင်ရည်မြင့်ချင်ရင်သမာဓိလိုတယ်။စိတ်အေးချမ်းချင်ရင်သမာဓိလိုတယ်။ သမာဓိဆိုတာ တည်ငြိမ်ပြီးတစ်ခုတည်းကို အာရုံစိုက်နိုင်ခြင်းပါ။ ဒီနေ့ခေတ် ပြောနေကြတဲ့deep work ဆိုတာလုပ်ဖို့အဖြေက သမာဓိပါပဲ။ အလုပ်တစ်ခုကိုနှစ်နာရီ၊ သုံးနာရီလောက်အာရုံမစူးစိုက်နိုင်ပဲစွမ်းဆောင်ရည်မြင့်ဖို့ခက်ပါတယ်။​ ကိုယ့်လုပ်ငန်း၊ကိုယ့်ဘဝအတွက်အာရုံစူးစိုက်မှု သမာဓိမရှိရင်လေတိုက်ရာလွင့်နေမိမှာပဲ။ သမာဓိ (concentration) ကောင်းဖို့သတိ (mindfulness) နဲ့စတင်တယ်။ဒီလိုလုပ်ဖို့ အားထုတ်မှု (effort) လိုတယ်။​ဒါကို ဗုဒ္ဓကသမ္မာဝါယာမ (မှန်ကန်တဲ့အားထုတ်မှု)သမ္မာသတိ (မှန်ကန်တဲ့သတိ)သမ္မာသမာဓိ (မှန်ကန်တဲ့သမာဓိ) လို့ဟောကြားခဲ့တယ်။ ဒီလို သမာဓိရှိဖို့ကိုယ့်အတွက်အကျိုးမရှိတဲ့ဟိုလူ့အပြစ်တင် ဒီလူ့အပြစ်တင်လုပ်နေခြင်းက အတားအဆီးတစ်ခုပဲ။သူတပါးအသက်သတ်၊ ခိုးဝှက်၊မကောင်းမှုလုပ်နေတဲ့သူကလဲသမ္မာဓိရှိဖို့မလွယ်ဘူး။အလားတူပဲ လူတွေကိုဒုက္ခပေးတဲ့အလုပ်နဲ့အသက်မွေးမှုပြုနေရင်လဲသမာဓိရှိဖို့မလွယ်ဘူး။ဘဝကိုသမ္မာဝါစာ (မှန်ကန်သောစကား)သမ္မာကမ္မန္တ (မှန်ကန်သောအလုပ်)သမ္မာအာဇီဝ (မှန်ကန်သောအသက်မွေးမှု)နဲ့တည်ဆောက်ဖို့ဗုဒ္ဓက ဟောကြားခဲ့ပါတယ်။ သမာဓိရှိမှအမှန်အမှားကို ကွက်ကွက်ကွင်းကွင်းမြင်လာမယ်။မှန်ကန်တဲ့ အတွေးအခေါ်၊အကြံအစည်ကို လုပ်ဆောင်နိုင်မယ်။ ဒါကိုသမ္မာဒိဋ္ဌိ (မှန်ကန်သောအယူအမြင်)သမ္မာသင်္ကပ္ပ (မှန်ကန်သောကြံစည်မှု) လို့ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာ ဟောကြားခဲ့တယ်။ Phyo Paing @ Derek

သမာဓိဆိုတာ တည်ငြိမ်ပြီး
တစ်ခုတည်းကို အာရုံစိုက်နိုင်ခြင်းပါ။
Read More »