January 2026

နေ့ရက်တိုင်းက သံသရာအတွက်
ပါရမီဖြည့်လို့ရတဲ့ အခွင့်အလမ်းပဲ။

အချိန်တွေ ဘယ်လောက်ကုန်မြန်လဲဆိုကြည့်။ အခုပဲ ၂၃ ရက်ရှိသွားပြီ။ မကြာမီ Jan ကုန်၊ Feb ကုန်။ နောက် ၂၀၂၆ ကုန်မယ်။ နေ့ရက်တိုင်းက သံသရာအတွက်ပါရမီဖြည့်လို့ရတဲ့ အခွင့်အလမ်းပဲ။ ပါရမီဆိုတာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့မြတ်သောအသိဉာဏ် (မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်) ရရှိဖို့ကျင့်ကြံအားထုတ်ရသော မြင့်မြတ်သောအကျင့်တွေဖြစ်တယ်။ ပါရမီပါရင် ဘုရားရှင်ဆီ တရားတစ်ခွန်းပဲနာပြီး ရဟန္တာဖြစ်သွားတဲ့ ဥပမာတွေအများကြီးကြားဖူးသိဖူးလိမ့်မယ်။ သံသရာအတွက် ရိက္ခာအနေနဲ့စုဖို့ပါရမီဖြည့်။ကိလေသာမီးငြိမ်းပြီးဉာဏ်အလင်းရစေတယ်။ ပါရမီဆယ်ပါးက ဘဝကို ဖြတ်သန်းဖို့ လမ်းပြမြေပုံလိုပဲ။ဒါကို ဘယ်လိုဖြည့်ဆည်းကြမလဲ။ ၁။ ဒါနပါရမီ (Generosity)ပေးကမ်းလှူဒါန်းခြင်း။ကိုယ်မှာရှိတာ ပေးလိုက်ပါ။ ပစ္စည်းဖြစ်ဖြစ်၊ အချိန်ဖြစ်ဖြစ်၊ အသိပညာဖြစ်ဖြစ်။စေတနာသန့်ရင် တန်ဖိုးရှိတယ်။ ၂။ သီလပါရမီ (Morality)ကိုယ်ကျင့်တရားစောင့်ထိန်းခြင်း။ငါးပါးသီလ မြဲမြံအောင်ထိန်းပါ။ကိုယ်၊ နှုတ်၊ စိတ် သုံးခုလုံးကို ထိန်းနိုင်မှ တကယ့်သီလပဲ။ ၃။ နိက္ခမ္မပါရမီ (Renunciation)ကာမဂုဏ်တို့မှ […]

နေ့ရက်တိုင်းက သံသရာအတွက်
ပါရမီဖြည့်လို့ရတဲ့ အခွင့်အလမ်းပဲ။
Read More »

ဂိမ်းသီအိုရီမှာ အကျော်ကြားဆုံး ဂိမ်းတစ်ခု။

ဘဝမှာ၊ စီးပွားရေးမှာ၊ နိုင်ငံရေးမှာ အမြဲတွေ့ရတယ်။ Chicken Game ဆိုတာကားနှစ်စီး မျက်နှာချင်းဆိုင် အရှိန်ပြင်းပြင်းနဲ့ မောင်းလာတယ်။တိုက်မိမယ့် အခြေအနေ။ဘယ်သူ အရင်ရှောင်မလဲ။အရင်ရှောင်တဲ့သူက “Chicken” – ကြက်ကြောက်။မရှောင်တဲ့သူက “Brave” – ရဲရင့်သူ။ဒါပေမယ့် နှစ်ယောက်လုံး မရှောင်ရင် –နှစ်ယောက်လုံး သေတယ်။ အကောင်းဆုံး ရလဒ်က –သူ ရှောင်၊ ငါ မရှောင်။ငါ နိုင်တယ်။အဆိုးဆုံး ရလဒ်က –နှစ်ယောက်လုံး မရှောင်ဘူး။နှစ်ယောက်လုံး သေတယ်။ Prisoner’s Dilemma နဲ့ ဘာကွာလဲPrisoner’s Dilemmaအကောင်းဆုံးက နှစ်ယောက်လုံး ပူးပေါင်းတာ။ဒါပေမယ့် တစ်ယောက်ချင်းစီက သစ္စာဖောက်ချင်တယ်။Chicken Gameအကောင်းဆုံးက တစ်ယောက် ရှောင်တာ။ဒါပေမယ့် ဘယ်သူမှ မရှောင်ချင်ဘူး။နှစ်ယောက်လုံး မရှောင်ရင် နှစ်ယောက်လုံး အဆိုးဆုံး။ တကယ့် ဘဝမှာ Chicken Game ၁။

ဂိမ်းသီအိုရီမှာ အကျော်ကြားဆုံး ဂိမ်းတစ်ခု။ Read More »

ကုသပေးတဲ့ မာစတာကီးပဲ။

ကျေးဇူးတင်တတ်တဲ့စိတ်ကစိတ်ပြဿနာအများစုကိုကုသပေးတဲ့ မာစတာကီးပဲ။ ဘာလို့လဲဆိုတော့ Gratitudeကျေးဇူးတင်ခြင်းဟာစိတ်အာရုံကို‘မပြည့်စုံမှု’ (Scarcity) ဆီကနေ‘ပြည့်စုံမှု’ (Abundance) ဆီကိုချက်ချင်း လှည့်ပြောင်းပေးနိုင်တဲ့စွမ်းအားရှိလို့ ဖြစ်ပါတယ်။ ၁။ အတိတ်ရဲ့ ဒဏ်ရာတွေကနေ လွတ်မြောက်စေခြင်း တစ်ခါတလေ အတိတ်က နာကျင်မှုတွေ၊ဆုံးရှုံးမှုတွေကိုပဲ ထပ်ခါတလဲလဲစဥ်းစားပြီး စိတ်ညစ်နေတတ်ကြပါတယ်။Gratitude က အဲ့ဒီနာကျင်မှုတွေကြားထဲက‘ရလိုက်တဲ့ သင်ခန်းစာ’ နဲ့‘ကျန်ရှိနေသေးတဲ့ အခွင့်အရေး’ ကိုမြင်အောင် ကြည့်ခိုင်းပါတယ်။“ဒီလိုဖြစ်သွားလို့ ငါ ဒါကို သိလိုက်ရတာပဲ” ဆိုတဲ့ကျေးဇူးတင်စိတ်က နာကျည်းမှုကိုကုသပေးတဲ့ အကောင်းဆုံးဆေးဖြစ်ပါတယ်။ ၂။ ‘ငါပဲ ခံရတယ်’ ဆိုတဲ့Victim Mindset ကို ဖျက်ဆီးခြင်း စိတ်ပြဿနာတော်တော်များများက“ငါ့ကျမှ ဘာလို့ ဒီလိုဖြစ်ရတာလဲ” ဆိုတဲ့ကိုယ့်ကိုယ်ကိုယ် သနားတဲ့စိတ်ကနေမြစ်ဖျားခံပါတယ်။ကျေးဇူးတင်တတ်တဲ့စိတ် ရှိလာတဲ့အခါကိုယ့်ဆီမှာ ရှိနေတဲ့ သေးငယ်တဲ့အရာလေးတွေ(ဥပမာ- ကျန်းမာနေတာ၊ဘေးမှာ လူယုံရှိတာ၊အသက်ရှူနေရတာ) ကို တန်ဖိုးထားတတ်လာပြီးVictim (အနစ်နာခံရသူ) ဘဝကနေVictor (အောင်နိုင်သူ) ဘဝကိုစိတ်ပိုင်းဆိုင်ရာ

ကုသပေးတဲ့ မာစတာကီးပဲ။ Read More »

ကိုယ်ပျော်တာကိုယ်လုပ်။ကိုယ့်လိုလူကိုယ့်ဆီဝယ်လိမ့်မယ်။

ကျွန်တော်ကတော့ဒီအယူအဆနဲ့ပဲ ဘဝကိုဖြတ်သန်းတယ်။ ဘဝဆိုတာ အသက် ၈၂ နှစ်ကျော်လောက်နေရမှရက်ပေါင်း ၃၀၀၀၀ လောက်နေရတဲ့ရှင်သန်မှုဖြစ်စဥ်လေးပဲ။ တချို့လူတွေ ဘယ်လောက်မြင်မြင်ကျွန်တော်တို့အထင်မကြီးဘူး။အဲ့လိုပဲ ကိုယ်ဘယ်လောက်အောင်မြင်မြင်ကိုယ့်ကိုအထင်မကြီးတဲ့သူတွေအများကြီးပဲ။ အရေးကြီးတာ အသက်ရှင်တုန်းကိုယ့်ကိုကိုယ် စိတ်ကျေနပ်မှုရှိရှိ၊အဓိပ္ပာယ်ရှိရှိနဲ့ ဖြတ်သန်းသွားနိုင်ဖို့။ ဒါကြောင့် ကိုယ်ပျော်တာကိုယ်လုပ်တယ်။ကိုယ့်လိုလူကိုယ့်ဆီဝယ်လိမ့်မယ်။ အများကြီး သိပ်ခေါင်းစားမနေဘူး။အရေးမပါတာကို အရာပေးမနေဘူး။ ပြိုင်ဆိုင်မှုဆိုတာ အဆင့်နိမ့်လေပိုလုပ်ရလေပဲ။မပြိုင်ဘဲနိုင်အောင် လုပ်နိုင်ဖို့ကိုယ့်အထာနဲ့ကိုယ်၊ကိုယ့်မဟာဗျူဟာနဲ့ကိုယ်၊ကိုယ့်အတွေးအခေါ်နဲ့ကိုယ်လိုတယ်။ Phyo Paing @ Derek

ကိုယ်ပျော်တာကိုယ်လုပ်။ကိုယ့်လိုလူကိုယ့်ဆီဝယ်လိမ့်မယ်။ Read More »

စေတနာနောက်မှတာဝန်ကျေဖို့ အဓိက။

စေတနာနောက်မှတာဝန်ကျေဖို့ အဓိက။ တခါတလေ စေတနာနဲ့တာဝန်ကိုရောနေတတ်တယ်။ အလုပ်လုပ်တဲ့အခါပထမအဆင့်ကကိုယ်ယူထားတဲ့ငွေအတွက်တာဝန်ကျေဖို့။ဒုတိယ အဆင့်ကမှစေတနာလိုက်တယ်။ အလုပ်တစ်ခုကိုကိုယ့်အတွက် မကိုက်ရင်မလုပ်နဲ့။ ပိုကောင်းတဲ့နေရာရှိရင်ရှာ။ပိုကောင်းတဲ့နေရာမရှိသေးရင်ကိုယ့်ကိုကိုယ် ပြုပြင်။ ကျွန်တော်ကတော့အဲ့ဒီပုံစံပဲ စဉ်းစားဘဝဖြတ်သန်းတယ်။ ယုတ္တိကျဖို့ ပထမ၊ခံစားချက်က ဒုတိယ။ Phyo Paing @ Derek

စေတနာနောက်မှတာဝန်ကျေဖို့ အဓိက။ Read More »

သင်ခန်းစာပြန်ယူ

ပြဿနာမဖြေရှင်းနိုင်တဲ့သူကမတိုးတက်ဘူး။ပြဿနာ မဖြေရှင်းနိုင်တဲ့အဖွဲ့အစည်းမမတိုးတက်ဘူး။ပြဿနာ အဖြေမရှာနိုင်တဲ့ဒေသမတိုးတက်ဘူး။ ပြသနာ အဖြေရှာနိုင်ဖို့ကိုယ်စဥ်းစားတာကို အမှန်လို့ပဲမထင်နဲ့။ကိုယ်လိုချင်တာကို စဥ်းစား။အဖြေရှာလို့ရတဲ့ နည်းလမ်းတွေကိုကြည့်။အကောင်းဆုံးကိုရွေးချယ်။သင်ခန်းစာပြန်ယူ။ Phyo Paing @ Derek

သင်ခန်းစာပြန်ယူ Read More »

Attention အာရုံက ပါဝါပဲ။

အရေးမပါတာတွေကို အရာမပေးတာ၊မဆိုင်တာတွေ ခေါင်းထဲမထည့်ချင်တာ၊ကိုယ့်အတွက် အကျိုးမရှိတဲ့အကြောင်းမဆွေးနွေးချင်တာ၊​သင်ခန်းစာမရ၊ ပညာမရ၊ တိုးတက်မှုမရှိ၊မတော်၊ မပျော်၊ မပွားစေတဲ့အရာစိတ်ဝင်စားမှုမရှိတာ၊ကိုယ့်အာရုံနဲ့မတန်တဲ့အလုပ်အပေါ်အချိန်မပေးမိတာဒါက ပြုစုပျိုးထောင်ရတဲ့စည်းကမ်းပါပဲ။ Phyo Paing @ Derek

Attention အာရုံက ပါဝါပဲ။ Read More »

ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်။

လူတွေကို လိုအပ်တာထက်ပိုဂရုစိုက်နေလို့ကိုယ်ရှေ့မရောက်တာ။ ကိုယ်ကသာ ကိုယ့်ကိုဘယ်လိုထင်မနေလဲစဥ်းစားနေတာသူတို့ ၂၄ နာရီမှာကိုယ့်ကို ၁ နာရီမပြောနဲ့၁ မိနစ်တောင် စဥ်းစားမိချင်မှ စဥ်းစားမိမှာ။ Main Character လုပ်မနေနဲ့။လူတိုင်းတစ်နေ့ အကုန်သေမှာပဲ။သေသွားရင် တစ်ရက်လောက်စိတ်မကောင်းဖြစ်ပြီးကမ္ဘာကြီးက လည်ပတ်နေမှာပဲ။ ကိုယ်ရှိရှိမရှိရှိ သိပ်အရေးပါတာမဟုတ်ဘူး။ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်။ Phyo Paing @ Derek

ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်။ Read More »

ဘူမိနက်သန်။

လူ၊ နေရာ၊ အိုင်ဒီယာဒီသုံးခုရဲ့ဆုံမှတ်ကအောင်မြင်မှုပဲ။ အရမ်းတော်တဲ့သူတွေနေရာမှားနေလဲအောင်မြင်သင့်သလောက်မအောင်မြင်ဘူး။ တွေ့တဲ့သူတွေမှားနေလဲအမြင့်ရောက်သင့်သလောက်မရောက်ဘူး။ ခေါင်းထဲထည့်တဲ့အိုင်ဒီယာမမှန်ရင်လဲ ခရီးမတွင်ဘူး။ လူ၊ နေရာ၊ အိုင်ဒီယာကဆုံမှတ်ပဲ။ Phyo Paing @ Derek

ဘူမိနက်သန်။ Read More »