January 2026

“သံသရာ လည်ပတ်ပုံ”

လူတစ်ယောက်ကိုချစ်တာမဟုတ်ဘူး။လူတစ်ယောက်ပေးတဲ့အတွေ့အကြုံကိုချစ်တာ။ ဗုဒ္ဓဘာသာ စိတ်ပညာ (Abhidhamma) နဲ့ပဋိစ္စသမုပ္ပါဒ် သဘောတရားအရ“သံသရာ လည်ပတ်ပုံ” ကတော့ ၁။ Sense Contact (ဖဿ – ထိတွေ့မှု)ဒါဟာ အစပျိုးခြင်း ဖြစ်ပါတယ်။ မျက်စိနဲ့ မြင်လိုက်တာ၊နားနဲ့ အသံကြားလိုက်တာ၊ဒါမှမဟုတ် စိတ်ထဲကနေသူ့အကြောင်းကို တွေးလိုက်တာဟာထိတွေ့မှု (Contact) ပါပဲ။ဒီအဆင့်မှာ ဘာမှ မဖြစ်သေးပါဘူး၊အာရုံနဲ့ ဒွါရ ဆုံရုံသက်သက်ပဲ ရှိပါသေးတယ်။ ၂။ Feeling (ဝေဒနာ – ခံစားချက်) ထိတွေ့မှု ဖြစ်ပြီးတာနဲ့ချက်ချင်းဆိုသလို ဝေဒနာ ပေါ်လာပါတယ်။သူ့ကို မြင်ရလို့ စိတ်ချမ်းသာတာ (Pleasant feeling)။သူ့ကြောင့် စိတ်ညစ်ရတာ (Unpleasant feeling)။ဒီအဆင့်မှာ “ငါ” ဆိုတဲ့ အတ္တ မပါသေးဘဲခန္ဓာကိုယ်နဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ရုပ်နာမ် ဖြစ်စဉ်သက်သက်သာ ဖြစ်ပါတယ်။ ၃။ Perception (သညာ […]

“သံသရာ လည်ပတ်ပုံ” Read More Âť

လူဖြစ်မရှုံးချင်ဘူး။

တိုးတက်မှုမရှိတဲ့ဘဝကလူဖြစ်ရှုံးတဲ့ဘဝပဲ။စိတ်ပိုင်းဆိုင်ရာ၊ကိုယ်ပိုင်းဆိုင်ရာ၊ဥာဏပိုင်းဆိုင်ရာ၊ပညာပိုင်းဆိုင်ရာတိုးတက်မှုမရှိနေတာလူဖြစ်ရှုံးတာပဲ။ နေသလိုဖြစ်တဲ့ဘဝကိုဖြစ်သလိုနေပြီးရေစုန်မျှောရေမျှောကမ်းတင်ဖြတ်သန်းတာလူဖြစ်ရှုံးတာပဲ။ လောကနဲ့ လူတွေဆီကပဲယူပြီးပြန်မပေးတာ လူဖြစ်ရှုံးတာပဲ။ ကိုယ့်ရဲ့အစွမ်းအစဘယ်လောက်ရှိလဲမကြိုးစားကြည့်တာလူဖြစ်ရှုံးတာပဲ။ ကိုယ်နဲ့ မထိုက်တန်တဲ့လူ၊ နေရာ၊ အိုင်ဒီယာနဲ့ပေတေတွယ်ကပ်ပြီးနေတာလူဖြစ်ရှုံးတာပဲ။ ကိုယ့်အတွက် အကျိုးမရှိတဲ့ကစားပွဲကိုမစဥ်းစားမိဘဲဖန်တီးထားသူရဲ့လှည့်ကွက်ထဲသတိမရှိဘဲ ကစားနေတာလူဖြစ်ရှုံးတာပဲ။ လူဖြစ်မရှုံးဖို့လိုတယ်။ Phyo Paing @ Derek

လူဖြစ်မရှုံးချင်ဘူး။ Read More »

အောင်မြင်အောင်လုပ်

ကိုယ့်ကိုကြည့်မရတဲ့သူတွေစိတ်ညစ်စေချင်ရင်အောင်မြင်အောင်လုပ်။ Phyo Paing @ Derek

အောင်မြင်အောင်လုပ် Read More »

ကိုယ်နဲ့တွေ့တဲ့လူတွေကိုဂရုစိုက်ပြီးခံစားကြည့်ပါ။

တချို့လူတွေနဲ့တွေ့ရင်လောဘကြီးလာတယ်။တချို့နဲ့တွေ့ရင်ဒေါသကြီးလာတယ်။တချို့နဲ့ကရည်မှန်းချက်ကြီးလာတယ်။တချို့နဲ့ကဥာဏ်တွေပွင့်လာတယ်။ Phyo Paing @ Derek

ကိုယ်နဲ့တွေ့တဲ့လူတွေကိုဂရုစိုက်ပြီးခံစားကြည့်ပါ။ Read More »

ကိုယ်နဲ့မတန်တာတွေနဲ့ ဘဝကိုဖြစ်သလို
မဖြတ်သန်းပါနဲ့။

ကိုယ့်ကိုကိုယ် အကောင်းဆုံးတွေနဲ့ထိုက်တန်တယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ပါ။အကောင်းဆုံးသင်၊အကောင်းဆုံးလက်တွဲဖော်၊အကောင်းဆုံးစီးပွါးရေးပါတနာ၊အကောင်းဆုံးသူတွေနဲ့အကောင်းဆုံးဘဝ။ကိုယ်နဲ့မတန်တာတွေနဲ့ ဘဝကိုဖြစ်သလိုမဖြတ်သန်းပါနဲ့။ Phyo Paing @ Derek

ကိုယ်နဲ့မတန်တာတွေနဲ့ ဘဝကိုဖြစ်သလို
မဖြတ်သန်းပါနဲ့။
Read More Âť

အလုပ်ကြိုးစားခြင်းသည်အဖြေမဟုတ်။​

အလုပ်လုပ်ဖို့ လူတိုင်းမှာအကန့်အသတ်ရှိတယ်။ကာယအား၊ ဥာဏအား၊အချိန် အကန့်အသတ်ရှိတယ်။ မှန်ကန်တဲ့အမြင်နဲ့မှန်ကန်တဲ့အချိန်၊မှန်ကန်တဲ့အလုပ်ကိုမှန်ကန်တဲ့နည်းနဲ့ထိထိရောက်ရောက်လုပ်ဆောင်ခြင်းသည်အဖြေ။ Phyo Paing @ Derek

အလုပ်ကြိုးစားခြင်းသည်အဖြေမဟုတ်။​ Read More »

ဘဝမှာ checklist လိုတယ်

၁။ နေ့စဥ် စာဖတ်ပြီး မှတ်တမ်းတင်တယ်။Read and Record ၂။ စဥ်းစား၊ ချိပ်ဆက်၊ ရေးချတယ်။Think, Link, Ink ၃။ လမ်းလျောက်ပြီး အေအိုင်နဲ့ အင်္ဂလိပ်အမေးအဖြေလုပ်တယ်။Walk and Talk ၄။ စမ်းသပ်တယ်၊ ပြန်မျှဝေတယ်။Experiment and Express ၅။ နေ့စဥ်နီးပါး အကြံပေးတယ်၊ စနစ်ကိုပိုကောင်းအောင်လုပ်တယ်။Consult and Convert the knowledge into system ၆။ ပြန်စဉ်းစားတယ်၊ လမ်းကြောင်းညှိတယ် (ဂျာနယ်ရေးတယ်)Reflect and Recalibrate ၇။ လေ့ကျင့်ခန်းလုပ်တယ်၊ ၁၅ မိနစ်တရားထိုင်တယ်။Activate, Then Align ဘယ်လောက်ပဲချမ်းသာအောင်မြင်ပါစေ၂၄ နာရီပဲရမှာပဲ။ကိုယ်ဖြတ်သန်းချင်တဲ့ ၂၄ နာရီကအိပ်ချိန်နဲ့ ဒီ ၇ ချက်ပဲ။နေ့စဥ်လဲ ဖြတ်သန်းနေတယ်။ Phyo Paing

ဘဝမှာ checklist လိုတယ် Read More »

လူတွေမျက်စိထဲမှာ အားကျနေမှအောင်မြင်တာမဟုတ်ဘူး။

အောင်မြင်မှုဆိုတာဘာလဲ။လုပ်ချင်တာလုပ်ပြီးဖြစ်ချင်တဲ့အရာတွေဖြစ်လာဖို့။ ကိုယ်လုပ်ချင်တာလုပ်နေရလား။​ဖြစ်ချင်တာဖြစ်လာနေလား။ လုပ်ချင်တာလုပ်ပြီးဖြစ်ချင်တာဖြစ်လာနေရင်အောင်မြင်တာပဲ။ Phyo Paing @ Derek

လူတွေမျက်စိထဲမှာ အားကျနေမှအောင်မြင်တာမဟုတ်ဘူး။ Read More »

နေ့စဉ်

၁။ စာဖတ်၂။ လေ့ကျင့်ခန်းလုပ်၃။ အစားအသောက်အောင် သင့်တင့်အောင်စား၄။ ခေတ်ပညာအသစ်တစ်ခုစမ်းသပ်လေ့လာ၅။ ကိုယ်လုပ်နေတဲ့အလုပ်ကို ပိုကောင်းအောင်နည်းလမ်းရှာ၆။ ဝင်ငွေပိုတိုးပွါးအောင်နည်းလမ်းရှာ၇။ ကိုယ့်ရဲ့တစ်ရက်တာဖြတ်သန်းမှုကိုမှတ်တမ်းတင်ပြီး ကိုယ့်ကိုကိုယ်လေ့လာ၊ ဖြည့်ဆည်း Phyo Paing @ Derek

နေ့စဉ် Read More »

စွန့်လွတ်ရဲတာ သတ္တိ။

စွန့်လွတ်ရဲတာ သတ္တိ။ တခါတခါ ခြောက်နှစ်လောက်အချိန်ပေးလေ့လာခဲ့တဲ့ပညာရပ်ကိုစွန့်လွတ်ပြီး နောက်နယ်ပယ်သစ်တစ်ခုကိုလေ့လာဖို့က သတ္တိလိုတယ်။ ဘယ်လောက်ပြင်ပြင်၊ဘယ်လောက်ကြိုးစားစားအရာမထင်တစ်သက်လုံးရှေ့ဆက်ရင်အဆင်မပြေနိုင်တာ သိလာတဲ့အခါတရွတ်တိုက်ဆက်သွားဖို့ထက်စွန့်လွတ်ဖို့က သတ္တိတွေလိုနိုင်တယ်။ အလုပ်မဖြစ်တဲ့ အမူအကျင့်၊အလုပ်မဖြစ်တော့တဲ့ အတွေးအခေါ်၊အလုပ်မဖြစ်တော့တဲ့ အသိုင်းအဝိုင်း၊အလုပ်မဖြစ်တော့တဲ့ နေရာဒါတွေကိုစွန့်လွတ်ရဲတဲ့ သတ္တိလိုတယ်။ မစွန့်လွတ်ရင် မလွတ်မြောက်ဘူး။ Phyo Paing @ Derek

စွန့်လွတ်ရဲတာ သတ္တိ။ Read More »