Dr. Phyo Paing

https://yec.company

ကောင်းမွန်တဲ့ဘဝဖန်တီးဖို့
နှစ်ခုစလုံးလိုတယ်။

အိမ်မက်တွေပဲရှိရင်အစွမ်းအစမရှိရင်ဘဝကို အလိုမကျဖြစ်တတ်တယ်။ အစွမ်းအစရှိပြီးအိမ်မက်တွေမရှိရင်ကိုယ်နဲ့အထိုက်တန်ဆုံးအကောင်းဆုံးကိုယ် ဖန်တီးနိုင်ဖို့မလွယ်ဘူး။ ကောင်းမွန်တဲ့ဘဝဖန်တီးဖို့နှစ်ခုစလုံးလိုတယ်။ Phyo Paing @ Derek

ကောင်းမွန်တဲ့ဘဝဖန်တီးဖို့
နှစ်ခုစလုံးလိုတယ်။
Read More »

ဒီထက်ပိုကြီးတဲ့ရလဒ်ရဖို့
လောင်စာအဖြစ်သုံး။

ဥာဏ်သေချာသုံးရင်ဖန်တစ်ရာအမှားတွေက အမှန်တရားတွေသိလာမယ်။ အမှားလုပ်မိတိုင်း ကိုယ့်ကိုကိုယ်ခွင့်လွတ်။သင်ခန်းစာယူ။ဒါကို ဒီထက်ပိုကြီးတဲ့ရလဒ်ရဖို့လောင်စာအဖြစ်သုံး။ Phyo Paing @ Derek

ဒီထက်ပိုကြီးတဲ့ရလဒ်ရဖို့
လောင်စာအဖြစ်သုံး။
Read More »

ကျွမ်းကျင်မှုကို သုံးမျိုးခွဲထားတယ်။

ကိုယ်တစ်ရေးနိုးလုပ်ရင်တောင်လက်တန်းလုပ်ဆောင်နိုင်တဲ့ ကိုယ့်ကိုထမင်းကျွေးတဲ့ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှု။ ဒုတိယက ခေတ်အခါအရမဖြစ်မနေလိုအပ်လာတဲ့ ကျွမ်းကျင်မှု။ တတိယတစ်ခုက ကိုယ့်ရဲ့မူလတစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုကိုပေါင်းစပ်ပေးနိုင်မည့် နယ်ပယ်အသစ်ကျွမ်းကျင်မှု။ စွမ်းဆောင်ရည်မြင့်ဖို့ အသုံးချစိတ်ပညာ၊ စိတ်ပညာခွဲခြမ်းစိတ်ဖြာမှု psychoanalysis မားကက်တင်းနဲ့ စွန့်ဦးတီထွင်မှုစီးပွားရေးပညာ၊ စာသင်ကြား၊ အကြံပေးခြင်းပညာဒါက ပထမကျွမ်းကျင်မှု။ ခေတ်အခါအရ လူမှုကွန်ယက်အကြောင်း၊အေအိုင်၊ Crypto/ Blockchain နဲ့ Retail investing in USD. တတိယကျွမ်းကျင်မှုအရဆို SaaS ပိုင်း၊ နည်းပညာ team တစ်ခုတည်ဆောက်ဖို့၊Digital Product စီမံခန့်ခွဲဖို့၊ ဘာသာစကားကျွမ်းကျင်မှု၊မတူညီတဲ့နေရာတွေမှာနေထိုင်ကြည့်ပြီးလူတွေရဲ့ စဥ်းစားပြုမူတဲ့အမူအကျင့်လေ့လာမှု။ Phyo Paing @ Derek

ကျွမ်းကျင်မှုကို သုံးမျိုးခွဲထားတယ်။ Read More »

ကိုယ်ဖြစ်ချင်တာတွေကို
ခဏခဏ ကြိုပြောတယ်။

တချို့က ကိုယ်ဖြစ်ချင်တာတွေကိုကြိုပြောရင်မဖြစ်ဘူး။ တိတ်တိတ်လေးနေမှဖြစ်တယ်။ တချို့က ကိုယ်ဖြစ်ချင်တာတွေကိုကြိုပြီးခဏခဏပြောရင်ဖြစ်တယ်။ တချို့က ဖြစ်ချင်တာကို မဖြစ်ဘူး။ ကျွန်တော်ကတော့ ဖြစ်ချင်တာတွေခဏခဏကြိုပြောရင်ဖြစ်တယ်။ဒါကြောင့် ကိုယ့်အခင်ဆုံးသူတွေဆို ကိုယ်ဖြစ်ချင်တာတွေကို ခဏခဏ ကြိုပြောတယ်။ Phyo Paing @ Derek

ကိုယ်ဖြစ်ချင်တာတွေကို
ခဏခဏ ကြိုပြောတယ်။
Read More »

တစ်ခုခုကို ဇောက်ကျလုပ်ဖို့လိုတယ်။

လောကမှာ နေရာတစ်ခုရဖို့အများကြီးလုပ်စရာမလိုဘူး။အလုပ်ဖြစ်တာတစ်ခုသိရင်ထပ်ခါထပ်ခါ လုပ်ဖို့လိုတယ်။အလုပ်ဖြစ်တာသိဖို့က အများကြီးကို နှံနှံစပ်စပ်သိပြီးတစ်ခုခုကို ဇောက်ကျလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

တစ်ခုခုကို ဇောက်ကျလုပ်ဖို့လိုတယ်။ Read More »

လောကမှာ ကိုယ်ထင်တာကိုယ်ထင်တာပဲ။

ဘဝမှာ အခက်အခဲဆုံးက ကိုယ့်ရဲ့အထင်အမြင်၊အိုင်ဒီယာနဲ့ခံစားချက်တိုင်းကို အမှန်လို့မထင်လိုက်ဖို့ပဲ။ အချိန်နဲ့အမျှ အတွေးအခေါ်၊အိုင်ဒီယာ၊ အထင်အမြင်၊ ခံစားချက်တွေက လူကိုလွမ်းမိုးနေတယ်။ တခါတလေ ဒါကြီးကို အလုံးစုံအမှန်တရားလို့ထင်လိုက်တဲ့အခါလူက မောဟတွေများနေနိုင်တယ်။ လောကမှာ ကိုယ်ထင်တာကိုယ်ထင်တာပဲ။ရလဒ်ကပဲ ကိုယ်ထင်တာ မှန်တယ်မှားတယ်အဆုံးအဖြတ်ပေးတာ။ Phyo Paing @ Derek

လောကမှာ ကိုယ်ထင်တာကိုယ်ထင်တာပဲ။ Read More »

ဘဝကို သစ္စာလေးပါးနှလုံးသွင်း၊
မဂ္ဂင်ရှစ်ပါးနဲ့ ဘဝကို ဖြတ်သန်း။
ဘဝအေးချမ်းပါတယ်။

တရုတ်ယဉ်ကျေးမှုမှာက ပိုက်ဆံမရှိတာ ရှက်စရာလို့သတ်မှတ်တယ်။ ကျွန်တော်တို့ ယဥ်ကျေးမှုမှာငွေမက်ရင် ရှက်စရာလို့တချို့သတ်မှတ်တယ်။ ငွေမက်တာ ကောင်းတဲ့အချက်က ပိုက်ဆံအတွက်အလုပ်လုပ်တယ်။ မကောင်းတဲ့အချက်က ဘာသာတရားအဆုံးအမမရှိရင်ပိုက်ဆံရဘာမဆိုလုပ်မယ်ဆိုတဲ့ အတွေးအခေါ်ကြောင့် အကျည်းတန်တာတွေဖြစ်တယ်။ အရင်က ပိုက်ဆံရှာသမျှအမေ့ကိုကူဖို့ အကုန်ပေးတာမျိုးလုပ်တယ်။ ကိုယ်တိုင်တောင်သိပ်မသုံးဖြစ်ဘူး။ ခုနောက်ပိုင်းတော့ ပိုက်ဆံမက်အောင်တော့ကိုယ့်တန်ဖိုးထားမှုကို ပြင်ထားတယ်။ ဗုဒ္ဓအဆုံးအမနဲ့ လောကီရေးရာဖြတ်သန်းမှုအဆင်ပြေဖို့မျှလုပ်တာက စိတ်အေးချမ်းစေပါတယ်။ ဘဝကို သစ္စာလေးပါးနှလုံးသွင်း၊ မဂ္ဂင်ရှစ်ပါးနဲ့ ဘဝကို ဖြတ်သန်း။ ဘဝအေးချမ်းပါတယ်။ Phyo Paing @ Derek

ဘဝကို သစ္စာလေးပါးနှလုံးသွင်း၊
မဂ္ဂင်ရှစ်ပါးနဲ့ ဘဝကို ဖြတ်သန်း။
ဘဝအေးချမ်းပါတယ်။
Read More »

ဒါက အရေးအကြီးဆုံးပဲ။

ကျွမ်းကျင်တဲ့အရာကြီးကို ပိုက်ဆံတစ်ခုအတွက်ထပ်ခါထပ်ခါလုပ်ပြရတာအဓိပ္ပာယ်မရှိဘူးလို့ခံစားရတယ်။ ဘဝက ပိုက်ဆံတစ်ခုတည်းအတွက်ပိုတယ်။ ဘဝရဲ့ရည်ရွယ်ချက်က ကိုယ့်ရဲ့အစွမ်းအစ ဘယ်လောက်ရှိလဲဆိုတာသိချင်တယ်။ ကိုယ့်ရဲ့အစွမ်းအစသိဖို့ကို ၁။ ကျန်းမာကြံ့ခိုင်ရေး၂။ အလုပ်အကိုင်၊ စီးပွါး၃။ ငွေရေးကြေးရေး၄။ အချစ်ရေး၅။ ကျင်လည်တဲ့အသိုင်းအဝိုင်း၆။ အတွေးအခေါ်၊ စိတ်ပိုင်းဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာတိုးတက်ရေး ဒီခြောက်ခုနဲ့တိုင်းတာတယ်။ လူတိုင်းက မွေးရာပါအခွင့်အရေးနဲ့ပေးထားချက်တွေမတူဘူး။ဒါကိုတော့ ကြည့်မနေတော့ဘူး။ အရေးကြီးတာ ကိုယ်စတင်ခဲ့တဲ့မွေးဖွားခဲ့တဲ့အချိန်နဲ့သေဆုံးတဲ့အချိန် ဘာတွေကွာခြားသွားသလဲဒါက အရေးအကြီးဆုံးပဲ။ Phyo Paing @ Derek

ဒါက အရေးအကြီးဆုံးပဲ။ Read More »

အောင်မြင်မှုဆိုတာ မနက်ဖြန် မိုးလင်းတာနဲ့
ရုတ်တရက် ရောက်လာတာမျိုး မဟုတ်ပါဘူး။

အိပ်မက် မက်ရုံနဲ့ ဘာမှမဖြစ်လာဘူး၊ လက်တွေ့ကျကျ လုပ်မှ ဖြစ်မယ်။ လူတိုင်းမှာ အိပ်မက်တွေရှိကြတယ်။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ။ ဒါပေမဲ့ အိပ်မက်က လှပလေလေ၊ အဲ့ဒီလှပမှုနောက်ကွယ်မှာ ကြမ်းတမ်းတဲ့ လက်တွေ့အလုပ်တွေ အများကြီးရှိတယ်ဆိုတာကိုတော့ မေ့ထားလို့ မရဘူး။ ယနေ့ခေတ်မှာ လူမှုကွန်ရက်ပေါ်ကနေ အောင်မြင်မှုပုံရိပ်လှလှလေးတွေကို ကြည့်ပြီး “ငါလည်း ဒီလိုဖြစ်ချင်လိုက်တာ” လို့ တွေးမိကြသူတွေ အများကြီးပါပဲ။ အတုယူတာ ကောင်းပါတယ်။ ဒါပေမဲ့ အတုယူရင်းနဲ့ လက်တွေ့နဲ့ ကင်းကွာသွားတာမျိုးတော့ မဖြစ်စေချင်ဘူး။ လက်တွေ့ကျတယ်ဆိုတာ ဘာလဲ? ကျွန်တော်ရဲ့ အမြင်အရ လက်တွေ့ကျတယ်ဆိုတာဟာ ကိုယ့်ရဲ့ ရည်မှန်းချက်၊ ကိုယ်ပိုင်အစွမ်းအစ၊ ပိုင်ဆိုင်တဲ့အရင်းအမြစ်နဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို မျှတစွာ ပေါင်းစပ်ပြီး ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်ခြင်းပဲ။ အိပ်မက်တစ်ခု လူဖြစ်လာဖို့အတွက်… ၁။ အသေးစိတ်

အောင်မြင်မှုဆိုတာ မနက်ဖြန် မိုးလင်းတာနဲ့
ရုတ်တရက် ရောက်လာတာမျိုး မဟုတ်ပါဘူး။
Read More »

လူတွေကို အတားအဆီးလုပ်ထားတာ
အတွေးအခေါ်နဲ့
ကိုယ့်အပေါ်ကိုယ်ထားတဲ့အမြင်ပဲ။

10x – 100x ဖြစ်ချင်ရင်လက်ရှိရှိနေတဲ့အတွေးအခေါ်အမြင်ကို နောက်တစ်ဆင့်မြင့်ဖို့လိုနိုင်တယ်။ လူတွေကို အတားအဆီးလုပ်ထားတာအတွေးအခေါ်နဲ့ ကိုယ့်အပေါ်ကိုယ်ထားတဲ့အမြင်ပဲ။ လူတစ်ယောက်ဘယ်လောက်တော်တော်ကိုယ့်ကိုကိုယ် မျှော်လင့်ထားတဲ့မျှော်မှန်းချက်နည်းနေရင် ဘဝမှာရမှာ နည်းနိုင်မှာပဲ။ တခြားသူတွေဆီက မျှော်လင့်တာထက်ကိုယ့်ကိုကိုယ် မျှော်လင့်ပြီးအနာဂတ်ကိုတစ်ဆင့်ချင်းတည်ဆောက်တာကတော့အကောင်းဆုံးပဲ။ Phyo Paing @ Derek

လူတွေကို အတားအဆီးလုပ်ထားတာ
အတွေးအခေါ်နဲ့
ကိုယ့်အပေါ်ကိုယ်ထားတဲ့အမြင်ပဲ။
Read More »