ဘဝထဲမှာ ဘာရလဒ်တွေရသွားချင်လဲ။ဒီပေါ်မူတည်ပြီး ရွေးချယ်မှုတွေပြုလုပ်ရတယ်။ ဘာရလဒ်ရချင်လဲဆိုတာ ပညာနဲ့ဆိုင်ပြီး၊ ဘယ်လိုရွေးချယ်မှုတွေပြုလုပ်ရမလဲဆိုတာဥာဏ်နဲ့ဆိုင်တယ်။ ကျွန်တော်ကတော့ ဒီဘဝမှာ အချုပ်အနှောင်ကင်းကင်းနဲ့ ဘဝမှာ လေ့လာချင်တာကိုလေ့လာပြီး၊ကမ္ဘာကြီးရဲ့ ကိုယ်ကြိုက်တဲ့ဘယ်နေရာမှာမဆို အခြေချနိုင်တဲ့သူဖြစ်ချင်တယ်။ ဘဝရဲ့ဖြတ်သန်းမှုတွေကို မှတ်တမ်းတစ်ခုတင်ခဲ့ချင်တယ်။ စွန့်ဦးတီထွင်တစ်ယောက်၊စွန်းဆောင်ရည်မြင့်၊ ဥာဏ်ရည်မြင့်တဲ့ကိုယ်လုပ်တဲ့အလုပ်မှာ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့သူတစ်ယောက်နှစ်အလိုက် မတူညီတဲ့အတွေ့အကြုံတွေကို စုစည်းသူတစ်ယောက်အဖြစ်ဘဝကြီးကို အသက်မွေးချင်တယ်။ သမာအာဇီဝနဲ့ မတူညီတဲ့နည်းလမ်းတွေနဲ့ဝင်ငွေတွေအများကြီးရှာချင်တယ်။ နောက် သဘာဝတရားရဲ့ဖြစ်တည်မှုကိုသိပြီးသံသရာက လွတ်မြောက်ချင်တယ်။ ဘဝရဲ့ရွေးချယ်မှုအနေနဲ့အရင်းနှီးဆုံးသူ၊ နေတဲ့နေရာ၊ လုပ်တဲ့အလုပ်၊ ပေါင်းသင်းတဲ့အပေါင်းအသင်း၊ကျင်လည်မည့်စျေးကွက်၊ နေ့စဥ်ဘဝဖြတ်သန်းမည့်ပုံစံ၊ နှစ်အလိုက်ဖြတ်သန်းမည့်ပုံစံ၊ဆယ်စုနှစ်တစ်ခုအလိုက်ဖြတ်သန်းမည့်အကြမ်းပုံစံကိုစဥ်းစားကြံဆရပြန်တယ်။ ဘဝဆိုတာ လိုချင်တဲ့ရလဒ်အတွက်နေ့စဥ်၊ အပတ်စဥ်၊ လစဥ်၊ နှစ်စဥ်ရွေးချယ်မှုကောင်းတွေကို ပြုလုပ်ရတဲ့နေရာတစ်ခုလို့စဥ်းစားမိတယ်။ အထူးသဖြင့် နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေသွားချင်ရင်ပေါ့။ Phyo Paing @ Derek