Dr. Phyo Paing

https://yec.company

expired date တွေရှိတယ်။

လောကကြီးကပေးထားတဲ့လက်ဆောင်တွေမှာ expired date တွေရှိတယ်။ ကံကောင်းတာဖြစ်ဖြစ်၊ ကံဆိုးတာဖြစ်ဖြစ်ရထားတဲ့လက်ဆောင်ကို အကောင်းဆုံးအသုံးချမနက်ဖြန်ဆက်ရန်လက်ကျန်တွေရှိနေဖို့ ဘဝက ခက်ခဲမနေမှာ။ Phyo Paing @ Derek

expired date တွေရှိတယ်။ Read More »

ကျွန်တော့်အတွက်
အောင်မြင်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်က

ဘဝမှာ အောင်မြင်ချင်တယ်။စိတ်လည်း ချမ်းသာချင်တယ်။ ဒါဆို အသစ်တစ်ခု ထပ်ရှာဖို့ မလိုပါဘူး။ရှိပြီးသား အမှား ငါးခုကို ရှောင်လိုက်ရုံပါ။ ၁။ ဦးတည်ချက်မရှိဘဲ အလုပ်များနေခြင်း အလုပ်များတာနဲ့ တိုးတက်တာ မတူပါဘူး။ဦးတည်ရာ မသိဘဲ မြန်မြန်ပြေးရင်မြန်မြန် ပင်ပန်းတာပဲ ကျန်ခဲ့မယ်။ လမ်းမှန်ပေါ်ရောက်မှ အရှိန်က အဓိပ္ပါယ်ရှိတယ်။Clarity is Power. ၂။ ကိုယ့်ဘဝကို သူများဘဝနဲ့ နှိုင်းခြင်း ကိုယ့်ရဲ့ Day 1 ကိုသူများရဲ့ Year 10 နဲ့ မတိုင်းပါနဲ့။ ပြိုင်ရမယ့်သူက သူများ မဟုတ်ဘူး။မနေ့က ကိုယ့်ကိုယ်ကိုယ်ပါ။ ချမ်းသာချင်ရင် နှိုင်းတာ ရပ်လိုက်ပါ။ကိုယ့်လမ်းကြောင်းပေါ် ပြန်တက်လိုက်ပါ။ ၃။ အပြစ်တင်တဲ့စိတ် (Victim Mentality) “စီးပွားရေး မကောင်းလို့…”“ကံ မကောင်းလို့…”“သူတို့ကြောင့်…” ဒီစကားတွေက စိတ်ကို ခဏ

ကျွန်တော့်အတွက်
အောင်မြင်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်က
Read More »

တန်ဖိုးတစ်ခုရှိဖို့
အသုံးဝင်ရမယ်။

တစ်ခုတည်းက တခြားသူတွေလိုက်မမှီအောင်အကောင်းဆုံးလုပ်။ အဲ့တစ်ခုကကိုယ့်ကိုတန်ဖိုးတစ်ခုရှိစေရမယ်။ တန်ဖိုးတစ်ခုရှိဖို့အသုံးဝင်ရမယ်။ လူတွေ ပြဿနာဖြေရှင်းပေးနိုင်ရင်၊ လူတွေကို ပျော်စေရင်ဒါက အသုံးဝင်တာပဲ။ Phyo Paing @ Derek

တန်ဖိုးတစ်ခုရှိဖို့
အသုံးဝင်ရမယ်။
Read More »

ဗုဒ္ဓဟောကြားခဲ့သလို
မှန်ကန်တဲ့အမြင်ကို မြင်နိုင်ဖို့လိုတယ်။

အရာရာရှားပါးတယ်လို့ထင်တတ်တဲ့ Scarcity mindset ဆိုတာရှိတယ်။ တကယ်တမ်းလောကမှာ ငွေလဲမရှားဘူး။ အခွင့်အလမ်းလဲမရှားဘူး။ မရှာလို့မတွေ့တာ။ ဒါနဲ့ပြောင်းပြန်က Abundance Mindsetကြွယ်ဝမှုရှိတဲ့စိတ်။ ကိုယ့်အနေနဲ့ Scarcity Mindset နဲ့ကြီးလာတယ်။ နောက်မှသိလာတာက ဥာဏ်ကောင်းရုံနဲ့ ငွေကြေးနဲ့အခွင့်အလမ်းရမလာဘူး။ အရာရာရှားပါး ဒုက္ခများတဲ့ Scarcity Mindset ကနေကြွယ်ဝမှုဆိုတာရှိတယ်၊ ငါနဲ့ထိုက်တန်တယ်ဆိုတဲ့Abundance Mindset က အရာရာကို အပြောင်းအလဲဖြစ်စေတာပဲ။ ဥာဏ်ပဲကောင်းလို့မရဘူး။ ကံကောင်းဖို့ အတွေးအခေါ်ကလဲဗုဒ္ဓဟောကြားခဲ့သလို မှန်ကန်တဲ့အမြင်ကို မြင်နိုင်ဖို့လိုတယ်။ Phyo Paing @ Derek

ဗုဒ္ဓဟောကြားခဲ့သလို
မှန်ကန်တဲ့အမြင်ကို မြင်နိုင်ဖို့လိုတယ်။
Read More »

ဒီလိုဖြစ်ဖို့ ချွေတာရင်ချွေတာ
ငွေပိုရှာရင်ရှာ။

ကိုယ်လစဉ်သုံးတာထက်၁၀ ဆ လောက်ပိုဝင်မှဘဝက အဆင်ပြေနိုင်မှာ။ ၁၀ ဆ လောက်မဟုတ်တောင်၅ ဆ ပေါ့။ မဟုတ်ရင် ဝင်ငွေနဲ့အိမ်ဝယ်မရ၊ ကားဝယ်မရ၊ မြေဝယ်မရ။ ဖျားနာရင်မလွယ်၊စုဖို့မလွယ်၊ လှူဖို့မလွယ်။ ဒီလိုဖြစ်ဖို့ ချွေတာရင်ချွေတာငွေပိုရှာရင်ရှာ။ မဟုတ်ရင် တစ်ခေါက်လောက်ဖျားတာ၊ အမှုတစ်ခုဖြစ်တာနဲ့အခက်အခဲတွေဖြစ်သွားမယ်။  ကျွန်တော်ကတော့ စေတနာလဲထားသလိုခေါင်းထဲမှာလဲအရာရာကို ငွေကြေးနဲ့တိုင်းတာတယ်။ မတန်တာမလုပ်ဘူး။ ကိုယ့်အတွက် အကျိုးမရှိတာ၊ အသုံးမဝင်တာ မလုပ်ဘူး။ ကိုယ်မရှိရင် မလွယ်ဘူး။ အသနားခံရတဲ့အလုပ်မကြိုက်သူကတော့ကိုယ့်ဘဝကိုယ် စီမံရမှာပဲ။ ကိုယ်မရှိရင် ဒီခေတ်ကြီးထဲမဖြစ်ဘူး။ မဖြစ်ခင်ကြိုပြင်ဆင်ထားကာမှတော်ကာကျတာ။ Phyo Paing @ Derek

ဒီလိုဖြစ်ဖို့ ချွေတာရင်ချွေတာ
ငွေပိုရှာရင်ရှာ။
Read More »

ဘဝဆိုတာ ခဏပါ။

ဘဝမှာ အင်ဘာယာမတည်ဆောက်ချင်ဘူး။ လွတ်လပ်တဲ့ စူပါပါဝါရှိတဲ့ ကိုယ်ကြိုက်ရာကိုယ်လုပ်တဲ့သူပဲဖြစ်ချင်မိတယ်။ ဘဝမှာ လူကောင်းတစ်ယောက်အဖြစ်ဘယ်လိုနေမလဲ။ ကောင်းမွန်တဲ့ဘဝတစ်ခုဘယ်လိုဖြစ်သန်းမလဲ။ သေခြင်းတရားကို တည်တည်ငြိမ်ငြိမ်ဘယ်လိုရင်ဆိုင်မလဲ။ အရာရာကို အိန္ဒြေရရ ဘယ်လိုထားခဲ့မလဲ။ ဒီမေးခွန်းတွေအတွက် ကိုယ်ပိုင်အဖြေတွေနဲ့ဘဝကို လွတ်လွတ်လပ်လပ် အေးအေးချမ်းချမ်းနဲ့ကြိုက်ရာလုပ် လူတွေအတွက်အသုံးဝင်ဝင်နဲ့ပဲဖြတ်သန်းချင်တယ်။ ဘဝဆိုတာ ခဏပါ။ Phyo Paing @ Derek

ဘဝဆိုတာ ခဏပါ။ Read More »

လစာတစ်ခုတည်းကိုပဲ အားကိုးနေတာဟာ အခန်းတစ်ခန်းလုံးကို မီးအိမ်တစ်လုံးတည်းနဲ့ လင်းအောင်ထားသလိုပါပဲ။

မီးသီးကျွမ်းသွားတာနဲ့ အခန်းတစ်ခုလုံး မှောင်မိုက်သွားသလို၊ အလုပ်ပြုတ်သွားတာ ဒါမှမဟုတ် လုပ်ငန်းရပ်သွားတဲ့အခါ ဝင်ငွေတစ်ခုတည်းရှိသူတွေအတွက် အန္တရာယ်အရမ်းများပါတယ်။ အခုခေတ်မှာ ဝင်ငွေလမ်းကြောင်းများများ တည်ဆောက်တာဟာ ချမ်းသာဖို့သက်သက် မဟုတ်တော့ဘဲ ဘဝလုံခြုံမှုအတွက် ဖြစ်လာပါပြီ။ သန်းကြွယ်သူဌေးတွေကို လေ့လာကြည့်ရင်တောင် သူတို့မှာ ပျမ်းမျှအားဖြင့် ဝင်ငွေလမ်းကြောင်း (၇) ခုလောက် ရှိတတ်ကြပါတယ်။ ဒီဗီဒီယိုလေးမှာတော့ အရင်းအနှီးသိပ်မလိုဘဲ Skill နဲ့ အချိန်လေးပေးရုံနဲ့ အခုချက်ချင်း စတင်လို့ရမယ့် ဝင်ငွေလမ်းကြောင်း (၁၂) သွယ် ကို အသေးစိတ် မျှဝေပေးထားပါတယ်။ ✅ Freelancing စာရေးခြင်း၊ ဗီဒီယိုတည်းဖြတ်ခြင်း၊ ဘာသာပြန်ခြင်း စသည့် Skill များကို Upwork, Fiverr စသည်တို့တွင် ရောင်းချခြင်း။ ✅ Content Creation YouTube ကဲ့သို့သော Channel များမှတစ်ဆင့်

လစာတစ်ခုတည်းကိုပဲ အားကိုးနေတာဟာ အခန်းတစ်ခန်းလုံးကို မီးအိမ်တစ်လုံးတည်းနဲ့ လင်းအောင်ထားသလိုပါပဲ။ Read More »

ဘယ်လိုတွေးရင် ကိုယ့်အတွက်အကောင်းဆုံးလဲ
သိဖို့လိုတယ်။

ကိုယ့်အတွေးအခေါ်လောက်ကိုယ့်ကို ဒုက္ခပေးတဲ့အရာမရှိဘူး။ အတွေးတွေကို စီမံနိုင်ရင်အကြံအစီတွေကို စီမံနိုင်တယ်။အကြံအစီကို စီမံနိုင်ရင်အလုပ်အကိုင်ကို စီမံနိုင်တယ်။ အလုပ်အကိုင်ကို စီမံနိုင်ရင်ရလဒ်တွေကို စီမံနိုင်တယ်။ အတွေးတွေကို စီမံဖို့ ကိုယ်ဘယ်လိုတွေးလဲသိဖို့လိုသလိုဘယ်လိုတွေးရင် ကိုယ့်အတွက်အကောင်းဆုံးလဲသိဖို့လိုတယ်။ Phyo Paing @ Derek

ဘယ်လိုတွေးရင် ကိုယ့်အတွက်အကောင်းဆုံးလဲ
သိဖို့လိုတယ်။
Read More »

အနာဂတ်အတွက် အရေးကြီးတာပြန်လုပ်နိုင်မယ်။

အရေးမကြီးသေးတဲ့အချိန်အရေးကြီးတာတွေလုပ်ထားမှအရေးကြီးတဲ့အချိန်အနာဂတ်အတွက် အရေးကြီးတာပြန်လုပ်နိုင်မယ်။ Phyo Paing @ Derek

အနာဂတ်အတွက် အရေးကြီးတာပြန်လုပ်နိုင်မယ်။ Read More »

တချို့အချိန်တွေကျရင်
အဟောင်းတွေကိုမေ့ဖို့လဲလိုတယ်။
လွယ်တော့ တော်တော်မလွယ်လှဘူး။

မရှုံးချင်ဘူး။ ဘာကြောင့်ဆို ရှုံးသွားရင်ပြန်ကုန်းကောက်စရာမရှိခဲ့လို့။ ဒါကြောင့် တစ်ခုခုဆို ရှုံးသွားခဲ့ရင်တောင် ပြန်ကစားလို့ရအောင်ငွေဆိုလဲ သုံးဆင့်၊ အလုပ်ဆိုလဲ သုံးဆင့်လောက်ထားတယ်။ ငယ်ငယ်တည်းက စားစရာဆို ကုန်သွားရင် ထပ်ရှိနေအောင်သီးသန့် တခြားသူမသိပဲသိမ်းထားတာမျိုးလုပ်တယ်။ ဒါကတော့ ငယ်ဘဝကို အားကိုးရာမရှိဖြတ်သန်းခဲ့တဲ့သူအများစုမှာတွေ့ရတတ်တယ်လို့ထင်တယ်။ အလုပ်တစ်ခုလုပ်ရင်လဲ ဒီအလုပ်အဆင်မပြေရင်နောက်တစ်ခုလုပ်လို့ရအောင်အဆင်သင့်ရှိပြီးသား။ ဒီလိုလူတွေရဲ့အားနည်ချက်ကမရှုံးအောင် ကစားမိတာ။ တစ်ခုခုဆို ဝုန်းမယ်။စျေးကွက်ကို အုပ်စိုးမယ်ဆိုတာထက်ကိုယ့်အတွက်အမြဲ ပြေးပေါက်ကိုကြိုစဉ်းစားထားတတ်တာ။ ဘဝမှာ စျေးကွက်ကို အုပ်စိုးဖို့ ရည်မှန်းချက်ထက်ပြဿနာတွေပေါ်လာတဲ့အခါရှောင်နိုင်ဖို့ကိုအဓိကထားပြီးဘဝကို အထာကျကျဖြတ်သန်းဖို့စီမံပြီးဖြတ်သန်းဖြစ်တာ လူတွေရဲ့ inspiration မတူကြတာငယ်ဘဝဖြတ်သန်းမှုက သင်ယူခဲ့တဲ့အရာတွေကြောင့်။ တချို့အချိန်တွေကျရင်အဟောင်းတွေကိုမေ့ဖို့လဲလိုတယ်။လွယ်တော့ တော်တော်မလွယ်လှဘူး။ Phyo Paing @ Derek

တချို့အချိန်တွေကျရင်
အဟောင်းတွေကိုမေ့ဖို့လဲလိုတယ်။
လွယ်တော့ တော်တော်မလွယ်လှဘူး။
Read More »