လူတိုင်းမှာ မွေးကတည်းကပေးထားချက်လေးတွေနဲ့မွေးလာတယ်။
ဒါကို တချို့က ကုသိုလ်လို့ခေါ်တယ်။ စေ့စေ့တွေး ရေးရေးပေါ်ဆိုသလိုလူတိုင်းရဲ့ ဘဝပေးကုသိုလ်ကံမတူဘူး။ပိုအရေးကြီးတာ ဒီဘဝပေးကုသိုလ်ကံအလုပ်လုပ်ပုံကိုနားလည်ဖို့ပဲ။ ဘဝမှာ ဖြစ်ချင်တာမဖြစ်တဲ့သူတွေအများကြီးတွေ့ဖူးလိမ့်မယ်။တချို့ဖြစ်ချင်တာဖြစ်တယ်။ခဏနေရင်မတည်မြဲဘူး အကုန်ပြန်ကုန်တယ်။တချို့က ဖြစ်ချင်တာကို ခက်ခက်ခဲခဲကြိုးစားရတယ်။တချို့က ဖြစ်ချင်တာဖြစ်ဖို့အမြဲအထောက်အပံ့ကောင်းတွေရှိတယ်။တချို့က ဖြစ်ချင်ရင် အလွယ်တကူဖြစ်လာတာမျိုး။တချို့က ဖြစ်ချင်စရာကိုမလိုတာဘဝက အရံသင့်ဖြစ်နေတာမျိုး။ လူတွေရဲ့ ကုသိုလ်ကံအကျိုးပေးမတူဘူး။ ဖြစ်ချင်တာ မဖြစ်လို့ကံဆိုးနေတာတော့လဲ မဟုတ်ဘူး။ကံကောင်းတာလဲဖြစ်နိုင်တယ်။စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်းကိုသေချာနှလုံးသွင်းနိုင်ရင်တရားစောစောရနိုင်တယ်။ ဒါပေမယ့် ဒါကိုပြောင်းပြန်လုပ်ဆောင်နေရင်တော့တစ်မျိုးတစ်ဖုံဖြစ်သွားလိမ့်မယ်။ ကိုယ့်ဘဝရဲ့ ပေးထားချက်ကအဖြေရှာလို့ရတယ်။ Phyo Paing @ Derek
လူတိုင်းမှာ မွေးကတည်းကပေးထားချက်လေးတွေနဲ့မွေးလာတယ်။ Read More »
