ကိုယ့်ရဲ့ နေ့စဉ် အတွေး၊ အကြံ၊ အလုပ်ကို
ဂရုပြုပါ။
လူတွေရဲ့ဘဝ ကွာခြားတာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်။ အဲ့ထဲက အကြောင်းတစ်ခုကဦးနှောက်တည်ဆောက်ပုံ Brain structure မတူလို့။ ဥပမာ Prefrontal lobe (PFC) အားကောင်းတဲ့သူက ရေရှည်ကို စီမံကိန်းချနိုင်တယ်။ကိုယ့်ရဲ့တဒင်္ဂခံစားချက်တွေကိုထိန်းနိုင်တယ်။ဆုံးဖြတ်ချက်ပြတ်သားတယ်။ Hippocampus အားကောင်းရင် သင်ယူရမြန်တယ်၊ သင်ယူနိုင်တယ်၊ အခြေအနေကို သဘောပေါက်နိုင်စွမ်းအားကောင်းတယ်။အရိပ်အကဲကိုသိတယ်။ မှန်ဥာဏ်အားကောင်းတယ်။ Amygdala က ပုံမှန်ထိန်းနိုင်ရင်ကိုယ့်စိတ်ခံစားမှုတွေ သတိပြုနိုင်မှုအားကောင်းတယ်။လိုတာထက်ပို အလုပ်လုပ်ရင်စိုးရိမ်စိတ်တွေများတတ်တယ်။ Basal Ganglia အားကောင်းရင်အမူအကျင့်တည်ဆောက်ရလွယ်တာ၊စည်းကမ်းရှိတာလွယ်ကူတယ်။ Neurotransmitters စနစ်မှာဒိုပါမင်း Dopamine အလုပ်လုပ်အားကောင်းတဲ့သူက ရည်ရွယ်ချက်ကြီးတယ်၊တပြိုင်တည်းမှာ စွဲလမ်းတတ်မှုလဲများတယ်။Serotonin အလုပ်လုပ်အားကောင်းရင် တည်ငြိမ်တယ်၊ ကြံ့ကြံ့ခံတယ်။Norepinephrine က အာရုံစိုက်နိုင်စွမ်း၊နိုးကြားတက်ကြွမှုနဲ့ဆိုင်တယ်။ မွေးကတည်းက လူတွေရဲ့ brain structure မတူသလို၊ပြင်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ အတွေး၊ အကြံ၊ အလုပ်ကိုပြင်ရင်လဲဦးနှောက်ဖွဲ့စည်းပုံ၊ အလုပ်လုပ်ပုံကိုပြင်လို့ရတယ်။ဒါကို Neuroplasticity လို့ခေါ်တယ်။ ဥပမာ တရားထိုင်တဲ့သူတွေမှာHippocampus ကြီးလာတာတွေ့ရသလိုမျိုး။ […]
ကိုယ့်ရဲ့ နေ့စဉ် အတွေး၊ အကြံ၊ အလုပ်ကို
ဂရုပြုပါ။ Read More »
