ဘဝကို ရင်ခုန်စွာနဲ့ဖြတ်သန်းချင်ရင်
ဒီအမူအကျင့်လိုတယ်။
ဘဝကို ရင်ခုန်စွာနဲ့ဖြတ်သန်းချင်ရင်ဒီအမူအကျင့်လိုတယ်။ ငယ်တုန်းမှာ ဒီအကျင့်ရှိပေမယ့်အသက်ကြီးလာတဲ့အခါတဖြည်းဖြည်းနည်းလာတတ်ကြတယ်။ ဒီအမူအကျင့်က တက်ကြွမှုမော်တီဗေးရှင်းကိုဖြစ်နေတယ်။အသစ်သင်ယူမှုကိုလဲဖြစ်စေတယ်။ရင်ခုန်မှုကိုလဲဖြစ်စေတယ်။မှတ်ဥာဏ်တွေကိုလဲ ပိုကောင်းစေတယ်။ဘူဓာတ်တွေကိုလဲ ကျဆင်းစေတယ်။တွေ့ရှိမှုအသစ်တွေ၊နားလည်မှုအသစ်တွေဖြစ်တိုင်းဘဝကို ပိုစိတ်ကျေနပ်စေတယ်။ ဘာကြောင့်လဲဆိုဒီအမူအကျင့်ကိုလုပ်တိုင်းဒါလေးတွေပိုထုတ်လွတ်တယ်။Dopamine – “ရှာဖွေမှု”Norepinephrine (Noradrenaline) – “အာရုံစူးစိုက်မှု”Acetylcholine – “သင်ယူမှု”Serotonin – “စိတ်ခံစားမှု”GABA နှင့် Glutamate – “ဟန်ချက်ညီမှု”Endorphins နှင့် Enkephalins – သဘာဝ “ကောင်းမွန်သော ခံစားမှု”ဒီ ဦးနှောက်ဆဲလ်လေးတွေအချင်းချင်းဆက်သွယ်မှုမှာအသုံးပြုတဲ့မော်လီကျူးလေးတွေထွက်တယ်။ဒါကို neurotransmitters နူရိုထရမ်မစ်တာလို့ခေါ်တယ်။ ဒီအမူအကျင့်ကို သိပ္ပံပညာရှင်တွေမှာလဲတွေ့ရတယ်။အောင်မြင်တဲ့ စီးပွားရေးသမားတွေမှာလဲတွေ့ရတယ်။သူ့နယ်ပယ်မှာ ထိပ်ဆုံးရောက်နေတဲ့သူတွေမှာလဲတွေ့ရတယ်။လီယိုနာဒို ဒါဗင်ချီရဲ့ ပထမဆုံးလက်ကိုင်ထားတဲ့အချက်လဲဖြစ်တယ်။ ဒါကတော့ စူးစမ်းလေ့လာမှုCuriosity ပဲဖြစ်ပါတယ်။ စူးစမ်းလေ့လာဖို့မေးခွန်းကောင်းတွေမေးကြည့်ပါ။စမ်းသပ်ကြည့်ပါ။အမြဲမပြတ်သင်ယူပါ။မတူညီတဲ့နေရာတွေသွားကြည့်ပါ။မတူညီတဲ့ အိုင်ဒီယာတွေနဲ့ထိတွေ့ပါ။တစ်ခုခုဆိုဘာကြောင့်လဲဆိုတဲ့မေးခွန်းကိုမေးကြည့်ပါ။ငါသိ၊ ငါတတ်ပြီးသား မလုပ်ပါနဲ့။စိတ်တံခါးတွေကို မပိတ်ထားပါနဲ့။ကိုယ့်ဘဝမှာ သိချင်ပြီးမသိသေးတဲ့မေးခွန်းတွေကိုချရေးထားပါ။ သိဒ္ဓတ္ထမင်းသားဘဝကနိမိတ်ကြီးလေးပါးဖြစ်တဲ့လူအို၊ လူနာ၊ လူသေ၊ ရဟန်းကိုမြင်တွေ့ပြီးပထမသုံးခုဖြစ်တဲ့ လူသားတို့ရဲ့ဒုက္ခဆင်းရဲဖြစ်တဲ့ အမှန်တရားကိုရှာဖွေဖို့၂၉ နှစ်မှာ တောထွက်ရဟန်းကျင့်ခဲ့တယ်။ဒီစူးစမ်းအဖြေရှာစိတ်နဲ့ […]
ဘဝကို ရင်ခုန်စွာနဲ့ဖြတ်သန်းချင်ရင်
ဒီအမူအကျင့်လိုတယ်။ Read More »
