Dr. Phyo Paing

https://yec.company

SUCCESS

S=Specific Goalရှိပြီး Stamina သက်လုံကောင်းရမယ်။U=Urgency(အလျင်မလိုရင် စိတ်အားထက်သန်မှု တန်ဖိုးလျော့သွားတယ်။)C=Consistencyရှိပြီး အမြဲပုံမှန်လုပ်သွားရမယ်။C=Courage  သတ္တိရှိရမယ်။E=Energetic ဖြစ်ရမယ်။S=Social skillကောင်းရမယ်။S=Smart(Work Smartဖြစ်ရမယ်။)Phyo Paing @ Derek

SUCCESS Read More »

ဘယ်အရာတွေကို E.A.Tရမလဲ

Eliminate လက်ရှိလုပ်နေတဲ့အလုပ်တွေထဲက ဘယ်အရာကို ဖယ်ရှားရမလဲ?Automate ဘယ်အရာတွေကို အလိုအလျောက် လည်ပတ်သွားအောင် လုပ်လို့ရသလဲ?Transfer ဘယ်အရာတွေကို တာဝန်လွှဲပြောင်းပေးရမလဲ?Phyo Paing @ Derek

ဘယ်အရာတွေကို E.A.Tရမလဲ Read More »

Begin with the end in mind

အကုန်လိုက်လေ့လာနေရင် တစ်သက်လုံးလေ့လာလည်း ကုန်မှာမဟုတ်ဘူး။ကိုယ်ဘာဖြစ်ချင်တာလည်း သိပြီးရင်ကိုယ်တိုင်ဘယ်အပိုင်းတွေလေ့လာမလဲဘယ်အပိုင်းတွေမှာ ဘယ်ပညာရှင်တွေ အကူအညီယူမလဲ စဥ်းစားဖို့လိုလာတယ်။ဘယ်တော့မဆို Outcome Thinking ဒါမှမဟုတ်Begin with the end in mindက အင်မတန်အရေးကြီးတယ်။ဒါမှမဟုတ် ကိုယ်တစ်ယောက်တည်းအကုန်လိုက်လေ့လာနေရင်တော့ကိစ္စကပြတ်မှာ မဟုတ်ဘူး။ Phyo Paing @ Derek

Begin with the end in mind Read More »

လုပ်ငန်း မစခင်မေးရမည့် 5 S

1. Successလုပ်ငန်းကိုအောင်မြင်စေမည့်အရာကဘာလဲ?2. Survivalလုပ်ငန်းကိုဘယ်လိုရှင်သန်အောင်လုပ်မလဲ?3. Spreadကိုယ့်ရဲ့ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှု သတင်းဘယ်လိုပြန့်နှံ့အောင် လုပ်မလဲ။4. Scalabilityလုပ်ငန်းကို ဘယ်လိုနည်းနဲ့ချဲ့မလဲ။5. Sustainability ရည်ရှည်တည်မြဲအောင် ဘယ်လိုလုပ်မလဲ။ Phyo Paing @ Derek

လုပ်ငန်း မစခင်မေးရမည့် 5 S Read More »

ကိုယ့်ကို မုန်းတဲ့သူတွေရှိလို့ အားငယ်နေသလား?

လူတိုင်းလူတိုင်းမှာ လိုသူရှိသလို မလိုသူတွေရှိပါတယ်။ လူအများစုဟာ အချိန်အများစုမှာ အများအကြောင်းစဉ်းစားနေတာထက် ကိုယ့်အကြောင်းကိုယ်စဉ်းစားနေကြတာလူတိုင်းသိကြပါတယ်။ လူတွေငါ့ကို ဘယ်လိုထင်နေမလည်း? ငါလုပ်တာမှားနေလို့လား? ငါ့ကို တခြားအပေါင်းအဖော်တွေ ဘယ်လိုထင်နေမလည်း? Hey, forget about it! သူထင်ချင်သလိုထင် ကိုယ့်ဘဝကို ကိုယ်ရွက်လွင့်ဖို့ အရေးကြီးတယ်။ ဟုတ်တယ်ဟုတ်? အခြေနေပေါ်မူတည်ပြီး အကောင်းဆုံးလုပ်တယ်။ အဲ့ဒါမှန်တယ်။ အဲ့အချိန်မှာရှိတဲ့ အတွေး၊ အခြေအနေ၊ ဦးနှောက်၊ခံစားချက် နဲ့လုပ်ခဲ့တာ။ ဘာမှ ကိုယ့်ကိုကိုယ် ခွင့်မလွတ်နိုင်စရာအကြောင်းမရှိဘူး။ တစ်ခုပြောပါရစေ။ You are right! You are right! There is nothing wrong with you! HustlePhyo Paing @ Derek

ကိုယ့်ကို မုန်းတဲ့သူတွေရှိလို့ အားငယ်နေသလား? Read More »

လူရှိသ၍ အငြင်းပွားမှုတော့ရှိမှာဘဲ။

ဒီတော့ စဉ်းစားနည်းနဲ့ပတ်သက်လို့ လိုရင်းတိုရှင်း Tool နှစ်ခု Share လိုတယ်။ ၁. PMI လို့ခေါ်ပါတယ်။ ဥပမာ ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်ပေးသင့်လားဆိုတာမျိုး။ Plus, Minus, Interesting လို့ခေါ်ပါတယ်။ ကောင်းတဲ့အချက်ဆို Plus မှာချရေး။မကောင်းတဲ့အချက်ဆို Minus မှာချရေး။ သေချာမသိသေးတဲ့အချက်ဆို Interesting မှာချရေး။အားလုံးကိုပြန်ချုံကြည့်။ ဘာပိုများသလည်း? ပြီးမှဆုံးဖြတ်။ ၂. OPV (Other People’s Views) တူညီတဲ့ကြက်ကြော်တစ်ပွဲကိုဘဲ ဗိုက်ဆာနေတဲ့ကလေးငယ်၊ သားသတ်လွတ်သမားနဲ့ အသက်ရှစ်ဆယ်အဖွားအိုရဲ့အမြင်ကတူမှာမဟုတ်ပါဘူး။ တခြားသူတွေရဲ့အထင်အမြင်တွေဟာလည်း ကြည့်တဲ့ရှုထောင့်ပေါ်မူတည်ပြီးမတူပါဘူး။ လူတွေကိုဖြစ်နိုင်ရင် နားလည်ပေးလိုက်ပါ။ Phyo Paing @ Derek

လူရှိသ၍ အငြင်းပွားမှုတော့ရှိမှာဘဲ။ Read More »

အလုပ်ကို ချစ်မြတ်နိုးရုံ တစ်ခုတည်းနဲ့ လုံလောက်ပြီလား?

သူငယ်ချင်းအသိနှစ်ယောက်ရှိတယ်။ နှစ်ယောက်စလုံး နည်းပညာ နဲ့ပတ်သက်လာရင် အထူးစိတ်ဝင်စားတယ်။ passionate အရမ်းဖြစ်ကြတယ်။ လွန်ခဲ့တဲ့ ၇ နှစ်က နှစ်ယောက်စလုံး ဖုန်း service ဆိုင်ဖွင့်ကြတယ်။ တစ်ယောက်က creation အရမ်းကောင်းတယ်။ တစ်ယောက်က System ပိုင်းအရမ်းကောင်းတယ်။ ပထမတစ်ယောက်က သုံးနှစ်နေတဲ့အခါ ဆိုင်ပိတ်လိုက်ပြီး၊ ဒုတိယတစ်ယောက်က မြန်မာတစ်ပြည်လုံးမှာ Influencer အနေနဲ့ သော်လည်းကောင်း သူ့ဆိုင်က ဖုန်းလောကမှာ ဆိုင်ခွဲ အများကြီးနဲ့ ဖြစ်လာတယ်။ ပထမတစ်ယောက်က လက်ကြောမတင်းလို့လား? အလုပ်ကို ချစ်မြတ်နိုးမှု Passion မရှိတော့လို့လား? မဟုတ်ပါ။ ခုလည်း နည်းပညာအသစ်တွေ ကလိနေတုန်း။ ဘာကွာလည်းဆိုရင် Flow ကွာပါတယ်။ ပထမတစ်ယောက်ရဲ့ Flow ဟာ Creation Energy (What) မှာရှိပြီး သူ့အနေနဲ့ ဘာကို

အလုပ်ကို ချစ်မြတ်နိုးရုံ တစ်ခုတည်းနဲ့ လုံလောက်ပြီလား? Read More »

ဘဝဆိုတဲ့အရာ

မာယာတွေများလွန်းတယ်။ အရာရာကို နှလုံးသားနဲ့လက်ခံရင်မှားအုံးမယ်။ ဦးနှောက်နဲ့ဇကာစစ်နောက်တဆင့်မှ နှလုံးသားနဲ့လက်ခံ။ သင့်ကို ဝေဖန်တဲ့သူတွေက သင့်ကိုမုန်းလို့မဟုတ်သူတို့ရဲ့ အတ္တတွေအတွက်အသိအမှတ်ပြုခံရဖို့ ဆာလောင်နေလို့ဖြစ်တယ်။အရာရာကို နှလုံးသားနဲ့မခံစားပါနဲ့။ ဦးနှောက်နဲ့ ဇကာစစ်ပါ။ Phyo Paing @ Derek

ဘဝဆိုတဲ့အရာ Read More »

အရမ်းကြိုက်တဲ့စကားလေးတစ်ခုရှိတယ်။

အောင်မြင်မှုဆိုတာ ပိုင်ဆိုင်လို့မရဘူးတဲ့။ အငှားဘဲရှိတယ်။ အချိန်တန်လို့ တန်ရာတန်ကြေးမပေးရင် နေရာရွေ့ရမယ်တဲ့။ ဒီထက်ပိုကောင်းတဲ့အိမ်လိုချင်ရင်တော့ ဒီထက်ပိုကြိုးစားဖို့လိုတယ်။ လိုတိုင်းတရတဲ့ အာလာဒင်မီးခွက်ဟာ ပုံပြင်ထဲမှာဘဲရှိတယ်။ ဒီ generation နောက် generation ကိုကောင်းစားစေချင်တယ်ဆိုရင်တော့ကြိုးစားရုံမှ တပါးအခြားမရှိ။ Phyo Paing @ Derek

အရမ်းကြိုက်တဲ့စကားလေးတစ်ခုရှိတယ်။ Read More »