Dr. Phyo Paing

https://yec.company

Equanimity

အရာရာက ခဏပါ။ ပျော်စရာ၊ ကြေကွဲစရာ၊ တက်ကြွစရာ၊ စိတ်ဓာတ်ကျစရာ၊ရင်ခုန်စရာ၊ ပျင်းစရာ၊ချစ်ခြင်း၊ မုန်းခြင်း၊အားပေးခြင်း၊ ရှုံ့ချခြင်းတွေကြားထဲမှာဥပက္ခာတရားက အစွန်းနှစ်ဖက်မသွားတဲ့မဇ္ဈိမပဋိပဒါလမ်းပဲ။ ဒီလမ်းသွားဖို့ စိတ်ထားတတ်ဖို့လိုတယ်။ဒါကိုတော့ အင်္ဂလိပ်လိုတော့Equanimity လို့ခေါ်တယ်။ Phyo Paing @ Derek

Equanimity Read More »

Cognitive Behavior Therapy (CBT) မှာ
Thought -> Feeling -> Action ဆိုတာရှိတယ်။
အတွေး၊ ခံစားချက်၊ အလုပ်။

ဒါမျိုးကြုံဖူးလားမသိဘူး။ တခါတလေ ငါဒါလုပ်လိုက်ရင်ကောင်းမယ်။အကြံက ကောင်းတယ်။လုပ်ကြည့်တဲ့အချိန်ကျတော့ကိုယ့်ခံစားချက်က ကောင်းမနေဘူး။ ဥပမာ တချို့လူတွေအတွက်ကိုယ့်မျက်နှာကြီးနဲ့ ဗီဒီယိုရိုက်ပြီးလုပ်ငန်းအကြောင်းသိအောင်လုပ်တာဖြစ်ရင်ဖြစ်မယ်။ တချို့အတွက်ကျတော့ နေရာအသစ်မှာ အေးဆေးလေးနေမယ်စဥ်းစားတယ်။ တကယ်တမ်းနေတော့လဲ စိတ်တိုင်းမကျနေပြန်သေးဘူး။ လေ့ကျင့်ခန်းလုပ်မယ်။ ပြီးရင် အပြောင်းအလဲဖြစ်မယ်ကောင်းတဲ့အကြံပဲ။ တကယ်သွားလုပ်တော့မောလိုက်၊ နာလိုက်နဲ့ကိုယ်နဲ့ တစ်သားတည်းမကျပြန်ဘူး။ ဒါက alignment သဟဇာတမဖြစ်တဲ့ သာဓကတစ်ခုဖြစ်ပါတယ်။ လူတစ်ချို့ကတော့ အခုပြောတာကိုဆက်စပ်ခံစားမိလိမ့်မယ်။ ဘာကြောင့် ဒီလိုဖြစ်နေသလဲဆိုရင် “ငါဘယ်သူလဲ” ဆိုတဲ့ခံယူထားတဲ့ identity ကိုတည်ဆောက်ထားတဲ့ အရာနဲ့“အတွေး”၊ “အကြံ”၊ “အလုပ်” တစ်သားတည်းမဖြစ်နေလို့ဖြစ်ပါတယ်။ ဥပမာ ငါက အားကစားသမားတစ်ယောက်လို့ခံယူထားတဲ့သူကအားကစားလုပ်တာကို တွေး၊ ကြံ၊ လုပ်တာ သူ့အတွက် သဟဇာတဖြစ်တယ်။ ငါက “အလုပ်ဖြစ်တာကို လုပ်တဲ့သူ”လို့စဥျးစားလိုကျတဲ့အခါအတွေး၊ အကြံ၊ အလုပ်ကpersonal brand တည်ဆောက်ရတာ မကြိုက်ဘူး။ဒါပေမယ့် လုပ်ငန်းအတွက်လိုလာရင်လုပ်လိုက်နိုင်တယ်။ အမြင်သာဆုံးကြည့်ရင်Elon Musk ကို

Cognitive Behavior Therapy (CBT) မှာ
Thought -> Feeling -> Action ဆိုတာရှိတယ်။
အတွေး၊ ခံစားချက်၊ အလုပ်။
Read More »

အနာဂတ်စိတ်သွားလမ်းအတွက်
ကြိုတင်စဉ်းစား။

စိတ်အမှိုက်ရှင်းဖို့တရားထိုင်။ကိုယ်အမှိုက်ရှင်းဖို့လေ့ကျင့်ခန်း။ စိတ်အားဖြည့်ဖို့စာကောင်းပေကောင်းဖတ်။ခန္ဓာကိုယ်အားဖြည့်ဖို့ကောင်ကောင်းအိပ်စက်အနားယူ။ အနာဂတ်စိတ်သွားလမ်းအတွက်ကြိုတင်စဉ်းစား။အနာဂတ်ကိုယ်အတွက်လိုအပ်တဲ့ကျွမ်းကျင်မှုတွေနေ့စဉ်ဖြည့်။ Phyo Paing @ Derek

အနာဂတ်စိတ်သွားလမ်းအတွက်
ကြိုတင်စဉ်းစား။
Read More »

အသက်က တစ်သက်လုံး
ငယ်နေမှာ မဟုတ်ဘူး။

ကိုယ်ဘာလိုချင်သလဲ။ကိုယ်လိုချင်တာရဖို့ကိုယ်နဲ့အဓိကဆိုင်တယ်။​ လိုချင်တာရဖို့နေ့စဥ် လိုချင်တာကို အဓိကအာရုံစိုက်နည်းလမ်းရှာ၊ စမ်းကြည့်၊အလုပ်ဖြစ်တဲ့လမ်းကိုရွေး။ဖြစ်အောင်လုပ်။ အသက်က တစ်သက်လုံးငယ်နေမှာ မဟုတ်ဘူး။ Phyo Paing @ Derek

အသက်က တစ်သက်လုံး
ငယ်နေမှာ မဟုတ်ဘူး။
Read More »

မိသားစု

ဖရိုဖရဲဖြစ်တဲ့ မိသားစုက၊မိစုံဖစုံရှိရင်တောင်ငယ်ဘဝမှာ စိတ်ပိုင်းဆိုင်ရာလှုံခြုံမှုမရှိတဲ့ မိသားစုကလာတဲ့လူတွေက အပြောင်းအလဲ dynamics ဖြစ်တာပိုကြိုက်တတ်ကြတယ်။ တည်ငြိမ်တဲ့မိသားစု၊စိတ်ပိုင်းဆိုင်ရာလှုံခြုံမှုရှိတဲ့မိသားစုက လာတဲ့လူအများစုကstability တည်ငြိမ်မှုကို အသားပေးတယ်။ Phyo Paing @ Derek

မိသားစု Read More »

နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေနဲ့။

နေ့တိုင်း စိတ်နဲ့ ခန္ဓာကို လေ့ကျင့်နေမှ။စိတ်အတွက် စာဖတ်၊ လေ့လာ၊တရားထိုင်၊ ပြဿနာဖြေရှင်း။ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်း။နှစ်ခုလုံးအတွက် အစားအသောက်။ နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေနဲ့။ Phyo Paing @ Derek

နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလိုမနေနဲ့။
Read More »

ဘဝမှာ အမှန်ဆုံးသုံးခု

ဘဝမှာ အမှန်ဆုံးသုံးခုရှိတယ်။၁။ တိုးတက်ရေးစိတ်ပညာလေ့လာခဲ့တာ၂။ မားကတ်တင်းပညာလေ့လာခဲ့တာ၃။ စီးပွားရေးပညာလေ့လာခဲ့တာ Phyo Paing @ Derek

ဘဝမှာ အမှန်ဆုံးသုံးခု Read More »

တခါတလေ ကိုယ့်မသိစိတ်
Intuition ရဲ့နှလုံးသားအသံကို
နားထောင်ကြည့်။

ကိုယ့်ဘဝကိုယ်သိပ်စိတ်တိုင်းမကျသေးတဲ့သူတွေကဇာတ်ကနေရတတ်တယ်။​ ဇာတ်ကားနာမည်ကမထူးဇာတ်။ ဒီအလုပ်၊ အချစ်၊ နေရာ၊ ဘဝမှာအဆင်ပြေတယ်လဲမဟုတ်၊အဆင်မပြေဘူးလားဆိုလဲအပြည့်မဟုတ်။ မထူးပါဘူးလေ။မထူးတော့ပါဘူး။ဘာတတ်နိုင်မှာလဲ။ဒီမထူးဇာတ်ကြီးနဲ့ ဘဝကိုဆက်နေရတတ်တယ်။ ကိုယ့်ရဲ့အတိတ်ကဆုံးဖြတ်ချက်တွေကြောင့်ငါ့ထိုက်နဲ့ ငါ့ကံပါပဲကိုယ့်ကိုကိုယ်ပြောတတ်တယ်။ ကိုယ့်အကောင်းဆုံးဖြစ်နိုင်တာတွေကိုလဲမြင်တယ်။လုပ်ဖို့လဲ လူ့ဘောင်ကရှိသေးတယ်။လူတွေရဲ့အထင်အမြင်ကရှိသေးတယ်။​ ဒီလို မထူးဇာတ်ကရင်းဇာတ်ပွဲပြီးသွားတဲ့အခါကိုယ်နဲ့ထိုက်တန်တဲ့ ဇာတ်မကလိုက်ရဘဲအထူးဇာတ် မင်းသား၊ မင်းသမီးအနေနဲ့ဘဝအဆုံးသတ်သွားတတ်ကြတယ်။ တခါတလေ ကိုယ့်မသိစိတ်Intuition ရဲ့နှလုံးသားအသံကိုနားထောင်ကြည့်။လုပ်သင့်ရင် လုပ်သာလုပ်ချလိုက်။ မထူးဇာတ်က မတူထူးကိုယ်ဆောက်ချင်တဲ့အိမ်မက်ကို တည်ဆောက်ဖို့ကကိုယ့်တာဝန်တစ်ခုဖြစ်တတ်တယ်။ Phyo Paing @ Derek

တခါတလေ ကိုယ့်မသိစိတ်
Intuition ရဲ့နှလုံးသားအသံကို
နားထောင်ကြည့်။
Read More »

တစ်ကမ္ဘာတည်းနေမယ့်
လူတွေရဲ့နေထိုင်နေတဲ့
အလွှာတွေ မတူကြဘူး။

တစ်ကမ္ဘာတည်းနေမယ့်လူတွေရဲ့နေထိုင်နေတဲ့အလွှာတွေ မတူကြဘူး။ တချို့က အလွှာနိမ့်မှာနေတယ်။အမြဲ ဒေါသတွေများသောကတွေပွားနေတယ်။ဘဝကို ပေတေနေပြီး၊တခြားသူတွေကို သဝန်တိုမှုတွေနဲ့အမြဲအဆိုးမြင်၊အပြစ်တင် ဘူနေတတ်တယ်။ တချို့က အလယ်လွှာမှာနေတယ်။မျှော်လင့်ချက်တွေရှိတယ်။အမြင်ကျယ်ကျယ်ထားတယ်။စူးစမ်းလေ့လာလိုရှိတယ်။ရည်မှန်းချက်ပန်းတိုင်ကြီးတွေရှိသလိုစိတ်ပူပန်မှုလေးတွေလဲရှိတယ်။ကိုယ့်ဘဝရဲ့ ဒဏ်ရာတွေကိုကုစားရင်းလေ့လာလိုက် ရှေ့ဆက်လိုက်။ တချို့က အလွှာမြင့်မှာနေတယ်။​အေးချမ်းမှု၊ ရက်ရောမှု၊မေတ္တာနဲ့ ကျေးဇူးတင်တရားတွေနဲ့ရှင်သန်တယ်။စျာန်ဝင်တဲ့ဖန်တီးမှုတွေနဲ့ဘဝကိုဖြတ်သန်းတယ်။ Phyo Paing @ Derek

တစ်ကမ္ဘာတည်းနေမယ့်
လူတွေရဲ့နေထိုင်နေတဲ့
အလွှာတွေ မတူကြဘူး။
Read More »

လူတွေက အကြိုက်မတူကြဘူး။

လူတွေက အကြိုက်မတူကြဘူး။ရောက်နေတဲ့ brain level ပေါ်မူတည်တယ်။ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့အရာတွေကအသက်ကြီးလာတဲ့အခါကြိုက်ချင်မှ ကြိုက်တော့မယ်။တချို့ကျတော့လဲ ကြီးတဲ့အထိကြိုက်နေတဲ့ စံနှုန်းမြင့်လာတဲ့သူတွေလဲရှိတယ်။ ကိုယ်ရောက်နေတဲ့ level နဲ့ကိုယ့်အတွက် အဆင်ပြေတာကြိုက်ကြတာပဲ။ တကယ်သာလုပ် ကိုယ်နဲ့တူတဲ့ကိုယ့်ကိုအားပေးတဲ့သူက ရှိမှာပဲ။ Phyo Paing @ Derek

လူတွေက အကြိုက်မတူကြဘူး။ Read More »