Dr. Phyo Paing

https://yec.company

အန္တရာယ်တွေ အကြီးဆုံးမှာ
နားမလည်လိုက်တာ။

Risk အန္တရာယ်ကို မြင်တဲ့ကျွန်တော့်အမြင်လေး နည်းနည်းပြောကြည့်မယ်။ လုပ်သင့်တဲ့အချိန် လုပ်သင့်တဲ့အရာမလုပ်လိုက်မိတာက အန္တရာယ်ပဲ။ မလုပ်သင့်တဲ့အချိန် မလုပ်သင့်တဲ့အရာကို လုပ်လိုက်မိတာကလဲ အန္တရာယ်။ မထင်မှတ်ထားတဲ့အရာက မထင်မှတ်ထားတဲ့နေရာကမထင်မှတ်ထားသလို ဖြစ်လာတာကလဲအန္တရာယ်။ အန္တရာယ်ဆိုတာ ကိုယ်သတိမထားမိမပြင်ဆင်လိုက်လို့ ကြိုတင် မလုပ်ဆောင်မိလို့ဖြစ်လာတဲ့အရာ။ လူမှုကွန်ယက် social media ခေတ်မှာသူ့ကို လုပ်ငန်းအတွက် သုံးလိုက်တာကမသုံးလိုက်တာထက် အန္တရာယ်ပိုနည်းတယ်။ အလားတူပဲ အနာဂတ်မှာအန္တရာယ်တွေ အများကြီးရှိတယ်။ပထမတစ်ခုက ငွေကြေး၊ ဒုတိယတစ်ခုက နည်းပညာ။ ငွေကြေးအနေနဲ့ကြည့်မယ်ဆို ငွေကြေးဖောင်းပွမှုနှုန်းဆိုတာ နိုင်ငံသားတိုင်းအတွက် အခွန်တစ်ခုပဲ။ သွယ်ဝိုက်ပြီးပေးနေရတဲ့ အခွန်။ နိုင်ငံကြီးတွေအတွက် ငွေကြေးဆိုတာ ထုတ်ကုန်၊ ပို့ကုန်တစ်ခုဖြစ်လာနေတယ်။ ကမ္ဘာကြီးက အမေရိကန်ဦးဆောင်တဲ့နောက်လိုက်ရတယ်။ခုနောက်ပိုင်း တရုတ်ကနည်းနည်းနေရာရလာတော့ဒေါက်ဖြုတ်တဲ့အချိန်။ အမေရိကန်ရဲ့အကြွေးက $38 trillion ရှိတယ်။တစ်ပတ်ကို $50 billion ချေးနေရတယ်လို့ဆိုတယ်။ အမေရိကန်အစိုးရက တစ်နှစ်အသုံးစရိတ် ဒီနှစ် ၂၀၂၅ […]

အန္တရာယ်တွေ အကြီးဆုံးမှာ
နားမလည်လိုက်တာ။
Read More »

တတ်တိုင်းလဲမတော်ဘူး။

ပညာရှိက စိတ်ချမ်းသာတယ်။ လူတော်က သူလိုချင်တာရအောင်ယူနိုင်တယ်။ လူကောင်းက သူတပါးထိခိုက်တာမလုပ်ဘူး။ လူတတ်က ပညာရပ်တစ်ခုကို ကျွမ်းကျင်တယ်။ ပညာတတ်ဆိုတာ ပညာတစ်ခုကို တတ်ကျွမ်းတာ။ပညာတတ်တိုင်း မချမ်းသာဘူး။ လူကောင်းတိုင်းလဲ လိုချင်တာမရဘူး။ လူတော်တိုင်း လိုချင်တာရလဲ မပျော်ဘူး။ ပညာရှိဖို့က ဥာဏ်ပညာလိုတယ်။ Graphic design လုပ်တတ်တာ၊ Video editing လုပ်တတ်တာ၊ Ads run တတ်တာ၊ Content ရေးတတ်တာဒါက လူတတ်။ တတ်တိုင်းလဲမတော်ဘူး။ လုပ်တတ်တိုင်း လိုချင်တာရအောင်တော်ချင်မှ တော်တာ။ တော်တဲ့သူတိုင်းကလဲ သမ္မာအာဇီဝကျကျလုပ်ဆောင်တဲ့လူကောင်းဖြစ်ချင်မှဖြစ်မှာ။ လူကောင်းဖြစ်ရင်လဲ ဂိမ်းရဲ့သဘောတရားအကုန်လုံးကို မြင်နိုင်တဲ့ ဥာဏ်ပညာရှိချင်မှရှိမှာ။ Phyo Paing @ Derek

တတ်တိုင်းလဲမတော်ဘူး။ Read More »

ပိုပေးဖို့ ကြိုးစားကြည့်ပါ။

Relationship တစ်ခု အဆင်ပြေချင်ရင်ကိုယ့်ဖက်က ပိုပေး။ အမြဲပိုယူချင်တဲ့အခါဘယ် relationship မှရေရှည်အဆင်မပြေနိုင်ဘူး။ သမီးရည်းစားဖြစ်ဖြစ်၊ မိသားစု၊ အလုပ်ရှင်နဲ့ ဝန်ထမ်း၊ လုပ်ငန်းနဲ့ ဖောက်သည်၊ စီးပွါးရေး ပါတနာအချင်းချင်း။ ပိုပေးဖို့ ကြိုးစားကြည့်ပါ။ ပိုပေးလို့ အဆင်မပြေရင်ပြောင်းနိုင်ရင်ပြောင်း၊ မပြောင်းနိုင်ရင် သည်းခံပေါင်း။ Phyo Paing @ Derek

ပိုပေးဖို့ ကြိုးစားကြည့်ပါ။ Read More »

ဒီအချက်ကို နားလည်သွားတဲ့နေ့ကစလို့
ဘဝအကြီးအကျယ်အပြောင်းအလဲဖြစ်လာတယ်။

အောက်ကြေးပဲ နှိုက်တတ်သူကလဲအောက်ကြေးထုတ်ကုန်ပဲရောင်းရတတ်တယ်။တန်ဖိုးမြင့် စျေးကြီးထုတ်ကုန်ကိုလူကုံထံတွေကို ဘယ်လိုရောင်းရမလဲနားလည်သဘောပေါက်ဖို့ ခက်တတ်တယ်။ အလကားပဲရချင်သူကအဲ့လိုလူတွေနဲ့ ပြန်ပြန်ကြုံဆုံရတတ်တယ်။ ဘဝမှာ တန်ရာတန်ကြေးပေးတတ်ဖို့လိုတယ်။ အချောင်လိုစိတ် ဖျောက်တတ်ဖို့လိုတယ်။ ဒီအချက်ကို နားလည်သွားတဲ့နေ့ကစလို့ဘဝအကြီးအကျယ်အပြောင်းအလဲဖြစ်လာတယ်။ လူတစ်ယောက်က ဥာဏ်အရမ်းကောင်းလို့ရတယ်။ဥာဏ်မြင့်ပြီး စိတ်ဓာတ်မမြင့်ရင်လဲ အမြင့်မရောက်ဘူး။ Phyo Paing @ Derek

ဒီအချက်ကို နားလည်သွားတဲ့နေ့ကစလို့
ဘဝအကြီးအကျယ်အပြောင်းအလဲဖြစ်လာတယ်။
Read More »

စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတယ်ဆိုတာ
ဗုဒ္ဓဘာသာကို ကိုးကွယ်လို့မဟုတ်ဘူး။

မဆင်းရဲချင်ရင် ဗုဒ္ဓစကားကို သေချာနားလည်အောင်လုပ်။ ဘဝရဲ့ အရည်အသွေးက ကိုယ့် စိတ်နဲ့ ခန္ဓာရဲ့အရည်အသွေးပဲ။ ကိုယ့်စိတ်ရဲ့ အရည်အသွေးက ကိုယ့်စိတ်အပေါ်လွမ်းမိုးနေတဲ့စေတသိတ် တွေရဲ့ အရည်အသွေးပဲ။ စိတ်က ရေသန့်ဆိုရင်စေတသိတ်က ဆား၊ သကြား၊ ဆီဒီလို အတူယှဥ်တွဲတဲ့အရာ။ စေတသိတ်ရဲ့ အရည်အသွေးက နှလုံးသွင်းမှု မနသိကာရ ရဲ့အရည်အသွေးပဲ။ ဥပမာ သူတို့က ငါတို့ထက် ပိုတော်နေလို့ အောင်မြင်တာပဲ။ ငါတို့က ရှုံးပြီ။ ဒါဟာ ငါ့ရဲ့ ကျရှုံးမှု ကို ပြသနေတာပဲ။ဣဿာ (မနာလိုမှု)၊ မာန၊ ဒေါသ ဖြစ်ပြီး ရလဒ် အနေနဲ့စိတ်ဓာတ်ကျ၊ ဖိစီးမှုများ၊ အလုပ်ကို အကောင်းဆုံး မလုပ်နိုင်ပြိုင်ဘက်ကို အနိုင်ယူရေး ကိုပဲ အဓိကထားပူလောင်နေမယ်။ဒါက အယောနိသော မနသိကာရ ကောင်းစွာ နှလုံးမသွင်းနိုင်လို့။ ဒါမှမဟုတ် ဒီအောင်မြင်မှုဟာ

စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတယ်ဆိုတာ
ဗုဒ္ဓဘာသာကို ကိုးကွယ်လို့မဟုတ်ဘူး။
Read More »

အောင်မြင်တဲ့သူတွေရဲ့စကားပဲ
နားမထောင်ပါနဲ့။

မအောင်မြင်တဲ့သူတွေရဲ့စကားနားထောင်ပါ။ ဘာကြောင့်လဲဆို သူတို့ရဲ့ တွေးပုံခေါ်ပုံကိုသင်ခန်းစာယူရှောင်လို့ရတယ်။ သူတို့ရဲ့လုပ်ပုံကိုင်ပုံကိုကြည့်သင်ခန်းစာယူရှောင်လို့ရတယ်။ အောင်မြင်တဲ့သူတွေရဲ့စကားပဲနားမထောင်ပါနဲ့။မအောင်မြင်တဲ့သူတွေရဲ့စကားလဲနားထောင်ပါ။ သူတို့ဆီက တန်ဖိုးမဖြတ်နိုင်တဲ့ရှောင်လို့ရတဲ့ သင်ခန်းစာတွေရတယ်။ ငွေကြေးအမြဲတိုင်ပတ်သူတွေမှာငွေကြေးနဲ့ပတ်သက်လို့ မှားယွင်းနေတဲ့ ယုံကြည်မှု၊အတွေးအခေါ်၊ လုပ်ဆောင်မှုတွေရှိတတ်တယ်။ လူမှုရေးတိုင်ပတ်သူတွေမှာလူမှုရေးနဲ့ ပတ်သက်လို့မှားယွင်းနေတဲ့ ယုံကြည်မှု၊အတွေးအခေါ်၊လုပ်ဆောင်မှုတွေရှိတတ်တယ်။ ကြိုးစားတိုင်းမအောင်မြင်ကံနည်း၊ ဥာဏ်နည်းနေတဲ့သူတွေမှာမှားယွင်းနေတဲ့ ယုံကြည်မှု၊အတွေးအခေါ်၊လုပ်ဆောင်မှုတွေရှိတတ်တယ်။ ဒါကြောင့် မအောင်မြင်တဲ့သူတွေအမြဲကျရှုံးတတ်တဲ့သူတွေထာဝရတိုင်ပတ်တတ်သူတွေစကားနားထောင်ပါ။ဒါမှ ရှောင်လို့ရမယ်။ Phyo Paing @ Derek

အောင်မြင်တဲ့သူတွေရဲ့စကားပဲ
နားမထောင်ပါနဲ့။
Read More »

လူနှစ်မျိုးကိုကြည့်။

နံပတ်တစ် တစ်မျိုးကကိုယ်လိုချင်တဲ့ရလဒ်ကို ရထားတဲ့သူတွေ။ နံပတ်နှစ် တစ်မျိုးကကိုယ်လိုချင်တဲ့ရလဒ်ကိုရချင်ပြီး မရထားတဲ့သူတွေ။ နံပတ်တစ်မှာ တူညီတဲ့အတွေး၊ အကြံ၊ အလုပ် ဘာတွေရှိလဲကြည့်။နံပတ်နှစ်မှာ တူညီတဲ့အတွေး၊ အကြံ၊ အလုပ် ဘာတွေရှိလဲကြည့်။ နံပတ်တစ်က လူတွေဆီကအတုယူ။ နံပတ်နှစ်က လူတွေ တွေး၊ ကြံ၊ လုပ်တဲ့ပုံစံကိုရှောင်။ နောက်ဆုံးအလုပ်မဖြစ်တာကိုဖယ်၊အလုပ်ဖြစ်တာကိုဆက်လုပ်။ Phyo Paing @ Derek

လူနှစ်မျိုးကိုကြည့်။ Read More »

လူတစ်ယောက်ရဲ့ဘဝကို
အဆုံးအဖြတ်ပေးတဲ့အရာ သုံးခုရှိတယ်။

၁။ လူ၂။ နေရာ၃။ အိုင်ဒီယာ ၉ တန်းတုန်းက ဟန်မြင့်မောင်အဆောင်ရောက်တယ်။ဆရာဂျွန်ဆိုတဲ့ ဆရာနဲ့တွေ့တယ်။ သင်ယူခြင်းနဲ့ အင်္ဂလိပ်စာကို စချစ်ခဲ့တယ်။ ဘဝကို အပြောင်းအလဲကြီးဖြစ်စေခဲ့တယ်။ ဆေးကျောင်းရောက်သွားတယ်။ လူတော်တွေနဲ့တွေ့တယ်။ပြဿနာအဖြေရှာတဲ့အခါ သက်သေသာဓကနဲ့ဆုံးဖြတ်ရမယ့်အိုင်ဒီယာရခဲ့တယ်။ ၂၀၀၇ မှာ Active Media ခွေဆိုင်မှာTony Robbins ရဲ့ Personal Power II နဲ့How to Think like Leonardo Da Vin Ci Audiobook ဝယ်လာတယ်။ ဟာ လောကကြီးကို အဲ့လိုစဥ်းစားတာမိုက်လှချည်လား စနားလည်လာတယ်။ ကျောင်းပြီး Apex Business School ရောက်တယ်။ဆရာကျော်ဇောလင်းနဲ့တွေ့တယ်။ စီးပွားရေးစီမံခန့်ခွဲမှုကို သေချာနားလည်ခဲ့သလို ၂၀၁၃ မှာ ပြန်လည်သင်ကြားခွင့်ရခဲ့တယ်။ ကမ္ဘာ့ထိပ်တန်းဆေးကုမ္ပဏီရောက်တယ်။အရမ်းတော်တဲ့ trainer တွေ၊ coach တွေ၊

လူတစ်ယောက်ရဲ့ဘဝကို
အဆုံးအဖြတ်ပေးတဲ့အရာ သုံးခုရှိတယ်။
Read More »

တိုက်ရိုက်ပြိုင်စရာမလိုဘူး။
မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။

တစ်ယောက်နဲ့တစ်ယောက်မနှိုင်းယှဥ်နဲ့။ဘဝရဲ့ပေးထားတဲ့ ကြမ္မာလဲမတူဘူး။အတွေး၊ အကြံ၊ အလုပ် ကံလဲမတူဘူး။ ကိုယ့်ရဲ့ winning formula ကိုယ်သိဖို့လိုတယ်။ တချို့က အိုင်ဒီယာသစ်တွေအကျိုးပေးတယ်။ တချို့က လူတွေအကျိုးပေးတယ်။တချို့က နေရာအကျိုးပေးတယ်။ တချို့က နည်းနည်းစီ။ အကျိုးပေးတဲ့ပုံစံမတူဘူး။ ဒါကို သိရင် ဘဝကို စီမံရတာလွယ်ကူသွားလိမ့်မယ်။ တိုက်ရိုက်ပြိုင်စရာမလိုဘူး။မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။ Phyo Paing @ Derek

တိုက်ရိုက်ပြိုင်စရာမလိုဘူး။
မပြိုင်ဘဲနိုင်အောင်လုပ်လို့ရတယ်။
Read More »

ရွေးချယ်မှုမှန်ဖို့

ရွေးချယ်မှုက ကြိုးစားမှုထက်ပိုအရေးကြီးတယ်။ လူရွေးမှန်ဖို့က လူကိုပြင်ပေးဖို့ထက်ပိုအရေးကြီးတယ်။ ကိုယ်ရွေးချယ်တဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကအလုပ်မှာ ကြိုးစားတာထက်ပိုအရေးကြီးတယ်။ လမ်းမှားပြီး ပြေးနေလဲ ခရီးကရောက်မှာမဟုတ်ဘူး။ ရွေးချယ်မှုမှန်ဖို့၁။ ကိုယ်ဘာလိုချင်သလဲ သေချာသိရမယ်။၂။ ဘာတွေရွေးလို့ရသလဲ သေချာသိရမယ်။၃။ ပြတ်သားတဲ့ရွေးချယ်မှုကို သေချာလုပ်နိုင်ရမယ်။ Phyo Paing @ Derek

ရွေးချယ်မှုမှန်ဖို့ Read More »