Dr. Phyo Paing

https://yec.company

နေ့တစ်နေ့ကို စတင်ဖို့အရေးကြီးတဲ့ Morning Rituals 7 ခု

မနက်မှာ လုပ်ဆောင်လေ့ရှိတဲ့ ထုံးတမ်းစဉ်လာဟာ တစ်နေ့လုံးကို လွှမ်းမိုးမှုရှိပါတယ်။ တစ်နေ့တာကို အကောင်းဆုံးဖြစ်ဖို့ 1. မနက်ထထချင်း အိပ်ရာသိမ်းပါ။ 2. ကျေးဇူးတင်သင့်သည် သုံးခုကို စဉ်းစားပါ။ ထထချင်း ဆယ့်ငါးမိနစ်အတွင်း facebook ကို မသုံးပါနဲ့။ (priming your brain) 3. ဘုရားဝတ်ပြုပါ။ 4. တစ်နေ့တာ အကောင်းဆုံးပုံရိပ်ကို ပုံဖော်ပါ။ (visualization) 5. လေ့ကျင့်ခန်းအနည်းဆုံး ငါးမိနစ်လုပ်ပါ။ ရေများများသောက်ပြီး ဝင်လေ ၂ စက္ကန်. နဲ. ထွက်လေ ၄ စက္ကန့် Timing နှင့်အသက်ရှူပါ။ အဘယ်ကြောင့်ဆိုသော် Oxygen သွေးနီဥထဲရောက်ဖို့ ၄ စက္ကန့်အချိန်ယူရပါတယ်။ ( ref. biochemistry) 6. ထမင်းလို ကာဗိုဟိုက်ဒရိတ်တွေထက် ကြက်ဥလို ပရိုတင်းများများစားပါ။ […]

နေ့တစ်နေ့ကို စတင်ဖို့အရေးကြီးတဲ့ Morning Rituals 7 ခု Read More »

ကျွန်တော်တို့ တကယ်တွေးကြရဲ့လား ?

အများစုက ငါသေချာ စဉ်းစားပြီးပြီလို့ပြောကြတယ်။ တကယ်ဆုံးဖြတ်ချက်ချတော့ အထင်အမြင်ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်ချကြတယ်။ ဒီမှာ အလွယ်ကူဆုံး စဉ်းစားနည်းတစ်ခုကတော့ PMI – Plus, Minus and Interesting. ဥပမာ စီးပွားရေး လုပ်ငန်းအသစ်တစ်ခု စတော့မယ်ဆိုပါတော့-ကောင်းတဲ့အချက်တွေက ဘာတွေ ရှိလည်း Plus-မကောင်းတဲ့ အချက်တွေ ဘာတွေ ရှိနိုင်လည်း MInus-ဘာဖြစ်မယ်မှန်းမသိ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေက ဘာတွေလည်း Interesting (ဒီ သုံးခု ပေါ်မှာရလာတဲ့ အဖြေကို ကြည့်ပြီးမှ ဆုံးဖြတ်ချက်တစ်ခု ချသင့်ပါတယ်။ PEST တို့ SWOT တို့နဲ့လည်း ရောသုံးလို့ရပါတယ်။ Edward Debono ရဲ. Lateral thinking ထဲက Tool တစ်ခုပါ။) Phyo Paing @ Derek

ကျွန်တော်တို့ တကယ်တွေးကြရဲ့လား ? Read More »

ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်ဟာ သင့်ကံကြမ္မာပြောင်းလဲဖို့အချိန်ဘဲဖြစ်ပါတယ်။

တိုနီရိုဘင် (ကမ္ဘာ့အတော်ဆုံး အောင်မြင်ရေးနည်းပြ) It is in your moments of decision that your destiny is shaped.Tony Robbins သင့်ဘဝကို ပြောင်းလဲမယ်လို့ နောက်ဆုံးဘယ်တုန်းက စဉ်းစားခဲ့ပါသလည်း? နှစ်သစ်ကူးမတိုင်ခင်ညက ဖြစ်ကောင်းဖြစ်လိမ့်မယ်။တိုးတက်အောင်လုပ်ဖို့၊ ဝင်ငွေတိုးတက်အောင်လုပ်ဖို့အပြောင်းအလည်းစလုပ်တော့မယ်လို့ စဉ်းစားခဲ့ကောင်းစဉ်းစားခဲ့လိမ့်မယ်။ ဝိတ်ချဖို့ အစားအသောက်လျော့စားမယ်လို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်နိုင်တယ်။ သင် တကယ်ရော အပြောင်းအလည်း လုပ်မိခဲ့ရဲ့လား။ တကယ်မလုပ်မိခဲ့ဘူး ဆိုရင် ……..သေချာတယ် သင်ဟာ “ငါ ကျန်းမာသန်စွမ်းတဲ့ကိုယ်ခန္ဓာတစ်ခုရအောင် ကြိုးစားမယ်ဆိုတာထက် ငါအစားလျော့စားရမယ်ဆိုတာကို စဉ်းစားနေလို့ဖြစ်တယ်။” အကြောင်းကတော့ လူတွေက ကိုယ်ဖြစ်ချင်တာတွေထက် ကိုယ်မဖြစ်ချင်တာတွေကို အာရုံစိုက်နေလို့ဖြစ်တယ်လို့ ဆရာကြီးအန်တိုနီရိုဘင်က ပြောတယ်။ အပြောင်းလည်းလုပ်ဖို့အတွက် စကားလုံးတစ်လုံးတည်းပြောပါဆိုပါက ကိုယ်လိုချင်တဲ့ဘဝတစ်ခု ဖန်တီးဖို့ ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခု ချဖို့ဘဲဖြစ်ပါတယ်။ Phyo Paing

ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်ဟာ သင့်ကံကြမ္မာပြောင်းလဲဖို့အချိန်ဘဲဖြစ်ပါတယ်။ Read More »

အတိတ်သည် အနာဂတ်ကို ကိုယ်စားမပြု။

Jack Ma အနေနဲ. KFC မှာ အလုပ်သွားလျှောက်တယ်မရဘူး။ ရဲ အလုပ်လျှောက်တယ်မရခဲ့ဘူး။ China yellowpage ကို လုပ်တယ်။ ဆုံးရှုံးသွားတယ်။ ဒါဆုံးရှုံးမှုတွေကြောင့် Alibaba လုပ်တဲ့အခါ ပိုသတိထားတတ်လာတယ်။ အစိုးရနဲ့လုပ်တဲ့ GuanXi (关系) Relationship တွေကို အရမ်းအားမထားဘဲလုပ်လာတယ်။ 2014 September မှာ New York Stock Exchange မှာ IPO လုပ်တော့ US history မှာ အကြီးဆုံး IPO ဖြစ်ခဲ့တယ်။ မလေးရှားရဲ့ အချမ်းသာဆုံးထဲက သူ‌ဌေးတစ်ယောက်ဖြစ်တဲ့ Robert Kuok အနေနဲ့လည်း အမျိုးအိမ်မှာ အကူလုပ်ပြီး စခဲ့တာဘဲ။ ဒီလိုဘဲ Li Ka Shing လည်း ကွမ်းကျိုးရဲ. မြို.လေးတစ်မြို.မှာမွေးတယ်။

အတိတ်သည် အနာဂတ်ကို ကိုယ်စားမပြု။ Read More »

ရွေးချယ်လို့ရခြင်းဟာ Motivation တစ်မျိုး

စာမေးပွဲရှိလို့ စာဖတ်ရတယ်ဆိုတာထက် ငါစာမဖတ်လည်းရတယ်။ ဖတ်ချင်လို့ဖတ်တာ။ ဒီလို ရွေးချယ်လို့ရလေလေ အလုပ်တစ်ခုလုပ်ဖို့ပို တက်ကြွလေလေလို့ (The Power of Habit နဲ့ Smarter Faster Better) စာရေးဆရာ Charles Duhigg ကဆိုတယ်။ တနည်းအားဖြင့် အရာတစ်ခုကို လွမ်းမိုးနိုင်တဲ့အစွမ်းရှိလေလေ အလုပ်တစ်ခုလုပ်ဖို့ စိတ်ဓာတ်ပိုတက်ကြွလေလေ၊ ရွေးချယ်နိုင်စွမ်းရှိလေလေ အလုပ်လုပ်တဲ့နေရာမှာ ပိုစိတ်ပါဝင်စားမှုရှိလေလေ။ Phyo Paing @ Derek

ရွေးချယ်လို့ရခြင်းဟာ Motivation တစ်မျိုး Read More »

အောင်မြင်တဲ့သူတွေ နဲ့ Massive Action

အောင်မြင်တဲ့သူတွေဟာ ကျွန်တော်တို့ထက် ပိုတော်ရင်လည်း တော်လိမ့်မယ်။ ဒါမှ မဟုတ် ကျွန်တော်တို့လောက် တော်ချင်မှလည်းတော်လိမ့်မယ်။ ဒါပေမယ့် ဒီလူတွေမှာ Massive Action ပြင်းထန်တဲ့ လှုပ်ရှားမှုတွေရှိတယ်။ Strategic Framework ကို အတိုကောက် MOST လို့မှတ်တယ်။ Mission, Objective, Strategy and Tactics. Objective နဲ့ Strategy ကြားမှာ ရှိတဲအရာကို စီးပွားရေး ပုံနှိပ်စာအုပ်တွေထဲမှာ မရေးထားဘူး။ ဒါကို State လို့ NLP မှာရေးတယ်။ ဒေါသထွက်တဲ့ State/ မိမိကိုယ်ကို အရမ်းယုံကြည်တဲ့ State/ အားငယ်တဲ့ State…..ဒီ State တွေကို လွမ်းမိုးထားတဲ့ထဲမှာ ယုံကြည်မှုတွေပါတယ်။ ဒါကို Anthony Robbins က အောင်မြင်ချင်ရင် ယုံကြည်ရမယ့်

အောင်မြင်တဲ့သူတွေ နဲ့ Massive Action Read More »

အရောင်းသမားတိုင်းဟာ

ကိုယ်ရောင်းတဲ့ product တစ်ခုကို 100% သက်ဝင်ယုံကြည်မှု ရှိဖို့လိုတယ်။ ကိုယ့် product ကို သူတပါးကို မမိတ်ဆက်ရဲဘူးဆို ဒီ product ကိုမရောင်းသင့်ဘူး။ 100% Commitment လိုမယ်။ အရောင်းသမားတစ်ယောက်အတွက် မရှိမဖြစ်က မိမိကိုယ်ကို 100% ယုံကြည်မှုနဲ့ အလုပ်အပေါ်ရူးသွပ်မှု။ နောက်တစ်ခုက rejection ကိုခံနိုင်မှု။ Phyo Paing @ Derek

အရောင်းသမားတိုင်းဟာ Read More »

Marketing နဲ့ sales

Marketing နဲ့ sales နဲ့ ဘာကွာလည်း။ စကားလုံးကွာတော့ မတူတာသိတယ်။ ဘယ်လိုမတူတာလည်းဆိုတော့ sales ဆိုတာ မားကတ်တင်းရဲ့ အစိတ်အပိုင်း လေးတစ်ခုပါ။ Marketing ကို အကြမ်းဖျင်း နှစ်ခုခွဲနိုင်တယ်။ စားသုံးသူ consumer နဲ့ ရောင်းချသူရဲ့ကုန်ပစ္စည်း Product or Service. စားသုံးသူကို STP နဲ့ခွဲပြီး၊ product or service ကို 7P နဲ့ခွဲပါတယ်။ 7P ထဲက P တစ်လုံးက Promotion ဖြစ်ပြီး သူ့ကို အကြမ်းဖျင်းငါးခု ပြန်ခွဲပါတယ်။ Advertising, sales promotion, direct selling, personal selling နဲ့ Public Relations တို့ဖြစ်ပါတယ်။ Sales ကတော့

Marketing နဲ့ sales Read More »

Entrepreneur နဲ့ 3 P

လူတွေကြုံတွေ့နေတဲ့ ပြဿနာတွေကူညီဖြေရှင်းပေးပြီး ငွေရှာနေတဲ့သူကို စွန့်ဦးတီထွင်လုပ်ငန်းရှင် (Entrepreneur) လို့ ခေါ်ကြတယ်။ လူနဲ့ ပြဿနာနဲ့ ခွဲမရတာကြောင့် လူရှိနေသမျှ ပြဿနာသစ်တွေကတော့ အနည်းနဲ့အများ ရှိနေအုံးမည်။ 1. Problemစွန့်ဦးတီထွင်လုပ်မည့်သူတစ်ယောက်အနေနဲ့ ပထမဆုံး စဉ်းစားရမှာ ကိုယ်က ဘယ်ပြဿနာကို solve လုပ်ပေးမှာလည်း။ တခါတလေ ကိုယ်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းရင်းက million dollar business တစ်ခု ဖြစ်လာနိုင်ပါတယ်။ 2. Passionကိုယ်တိုင်ကလည်း ဒီပြဿနာကို ဖြေရှင်းပေးဖို့ စိတ်ဝင်စားသဘောကျရပါမည်။ Passion ရဲ. အဓိပ္ပာယ်ကတော့ ကိုယ်လုပ်တဲ့အလုပ်ကို နှစ်သက်ခြင်းဖြစ်ပါတယ်။ ဒီအချက်က အရမ်းအရေးကြီးပါတယ်။ ငွေရမည့်လုပ်ငန်းအများစုဟာ ရုပ်ရှင်တည်းကလို မလွယ်ကူပါဘူး။ အခက်ခဲတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် ငွေမျက်နှာ တစ်ခုတည်းကြည့်ပြီး အလုပ်ကို တကယ် တမ်းတမ်းတတ

Entrepreneur နဲ့ 3 P Read More »

ဘဝဆိုတာ တိုတိုလေးပါ။

ကိုယ့်ကိုဝေဖန်မည့်သူကို မကြောက်ပါနဲ့။ လူတိုင်းလူတိုင်း လွတ်လပ်စွာဝေဖန်ပိုင်ခွင့်ရှိသလို လူတိုင်းမှာလည်း ဝေဖန်မှုကို လျစ်လျူရှုမှာလား စိတ်ညစ်နေမှာလား လွပ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ အကောင်းနဲ့ အကြံပေးတဲ့ Constructive Feedback တွေကို လက်ခံပါ။ ဒါပေမယ့် အနှုတ်သဘောဆောင်တဲ့ ဝေဖန်မှုတွေကို မေ့လိုက်ပါ။ ဘဝဆိုတာ တိုတိုလေးပါ။ Phyo Paing @ Derek

ဘဝဆိုတာ တိုတိုလေးပါ။ Read More »