Dr. Phyo Paing

https://yec.company

သင်ယူမှု မာရသွန်ကို
မရပ်လိုက်ပါနဲ့။

သင်ယူမှု မာရသွန်သမားများ။ဒီသူများအတွက်တတ်သိပညာများဖြစ်တဲ့Personal, Professional နဲ့ Business တိုးတက်ရေးများအစဉ်တစိုက်မျှဝေပေးနေတာဖြစ်ပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေပါတယ်။စီးပွါးရေးသမားတွေပါတယ်။မန်နေဂျာတွေပါတယ်။အသက်မွေးမှုနယ်ပယ်မှာ ကျွမ်းကျင်သူတွေပါတယ်။တိုးတက်လိုသူတွေပါတယ်။ သင်ယူမှုလုပ်မနေရင် မတိုးတက်ဘူး။မတိုးတက်ရင် ဆုပ်ယုတ်နေပြီ။ဒါကြောင့် If you stop growing, you start dying ဆိုတာကြားဖူးပါလိမ့်မယ်။ ဘယ်အခြေအနေဖြစ်ဖြစ်ဘယ်နေရာရောက်ရောက်သင်ယူလေ့လာနေမှပြဿနာတွေပိုဖြေရှင်းနိုင်မယ်။ပြဿနာကို အပြစ်တင်နေတာမဟုတ်အဖြေရှာနိုင်မှ တန်ဖိုးရှိသူဖြစ်မယ်။ သင်ယူမှု မာရသွန်ကိုမရပ်လိုက်ပါနဲ့။ Phyo Paing @ Derek

သင်ယူမှု မာရသွန်ကို
မရပ်လိုက်ပါနဲ့။
Read More »

Work hard နဲ့ Work Hard ပြီးရင်
ပညာရှိဖြစ်ဖို့လိုပြီ။

လုပ်စရာမလိုတဲ့အလုပ်ကို အစကတည်းက မလုပ်တာ“ပညာရှိ”။ Work hard နဲ့ Work Hard ပြီးရင်ပညာရှိဖြစ်ဖို့လိုပြီ။ မလိုတာမလုပ်တဲ့ Work Wisely ဖြစ်ဖြစ်နဲ့မလိုတာကို မလုပ်နဲ့။ Phyo Paing @ Derek

Work hard နဲ့ Work Hard ပြီးရင်
ပညာရှိဖြစ်ဖို့လိုပြီ။
Read More »

အတွေး၊ အကြံအစီ၊ အလုပ်
အထူးအရေးကြီးတယ်။

လူတိုင်းကကိုယ်နဲ့ တန်ရာတန်ရာပဲရတတ်ကြတယ်။ကိုယ်နဲ့ကောင်းတာနဲ့ထိုက်တန်ဖို့ကာယကံ၊ ဝဇီကံ၊ မနောကံအတွေး၊ အကြံအစီ၊ အလုပ်အထူးအရေးကြီးတယ်။ Phyo Paing @ Derek

အတွေး၊ အကြံအစီ၊ အလုပ်
အထူးအရေးကြီးတယ်။
Read More »

လုပ်ချင်တာနဲ့ လုပ်နိုင်တာမျှနေဖို့
ကိုယ့်ဘဝကိုယ်
နေ့စဉ်ပြုစုပျိုးထောင်နေမှ။

၂၀၂၅ နှစ်ကုန်ရင်လဲကိုယ်လုပ်နိုင်တဲ့ထဲကအကောင်ဆုံး လုပ်စရာရှိတာလုပ်နိုင်တာ တိုးတက်အောင်အကောင်းဆုံးလုပ်ခဲ့ဖို့အရေးကြီးတယ်။ ဘဝမှာ လုပ်ချင်တာနဲ့ လုပ်နိုင်တာ ကွက်တိကျနေရင်အထာကျ နေတာပဲ။ လုပ်ချင်တာတွေများပြီးမလုပ်နိုင်ရင် စိတ်ဖိဆီးမှုများတယ်။ လုပ်ချင်တာနဲ့ လုပ်နိုင်တာမျှနေဖို့ကိုယ့်ဘဝကိုယ်နေ့စဉ်ပြုစုပျိုးထောင်နေမှ။ Phyo Paing @ Derek

လုပ်ချင်တာနဲ့ လုပ်နိုင်တာမျှနေဖို့
ကိုယ့်ဘဝကိုယ်
နေ့စဉ်ပြုစုပျိုးထောင်နေမှ။
Read More »

တန်ဖိုးရှိတဲ့သူဖြစ်အောင်လုပ်။

တန်ဖိုးရှိတဲ့သူဖြစ်အောင်လုပ်။တန်ဖိုးရှိရင် အသုံးဝင်တယ်။အသုံးဝင်တဲ့သူဖြစ်ဖို့လောက အကျိုးပြုဖို့လိုတယ်။ ကိုယ့်အနေနဲ့ လောကအကျိုးဘယ်လိုပြုမလဲ။ Phyo Paing @ Derek

တန်ဖိုးရှိတဲ့သူဖြစ်အောင်လုပ်။ Read More »

လောကီပြဿနာရဲ့အဖြေက
သိပ္ပံပညာမှာရှိတယ်။

သိပ္ပံအသုံးပြုမှုများတဲ့နိုင်ငံကလောကီမှာ တိုးတက်တယ်။ သိပ္ပံအသုံးပြုမှုနည်း နတ်ပူး၊ နဂါးပူးကလောကီမှာ နောက်ကျကျန်တယ်။ မိုးရွာဖို့ သိပ္ပံပညာမသိခင်ကလွန်ဆွဲမိုးခေါ်ကြတယ်။ သိပ္ပံပညာနားလည်တဲ့နိုင်ငံကကြိုက်တဲ့အချိန် cloud seeding နည်းပညာအသုံးပြုပြီးမိုးရွာအောင် လုပ်တယ်။ လောကုတ္တရာအဖြေနဲ့လောကီမေးခွန်းကိုဖြေတဲ့အခါတိုင်ပတ်သွားနိုင်တယ်။ လောကီပြဿနာအဖြေရှာဖို့ဗုဒ္ဓအဆုံးအမကိုလိုက်နာပြီးသိပ္ပံပညာလေ့လာဖို့လိုတယ်။ ဒါကြောင့် ကျောင်းတွေမှာရုပ်ဝတ္ထုတွေအကြောင်း နားလည်ဖို့ ရူပဗဒေ။ဒြပ်ဝတ္ထုတွေအကြောင်း နားလည်ဖို့ဓာတုဗဒေ။သက်ရှိတွေအကြောင်း နားလည်ဖို့ဇီဝဗဒေ။ လက်တွေ့ပြဿနာ တိတိကျကျအဖြေရှာနိုင်ဖို့ သင်္ချာ။ဆက်သွယ်နိုင်ဖို့ ဘာသာစကားကိုသင်ကြားခဲ့ကြတာဖြစ်တယ်။ ဒီနေ့ခေတ်မှာ လူတွေ လုပ်ငန်းတွေ အဖွဲ့အစည်းတွေကိုအုပ်ချုပ်ဖို့ management science အုပ်ချုပ်မှုသိပ္ပံ။နိုင်ငံရေးမှာ political science နိုင်ငံရေးသိပ္ပံ။ အစရှိတာတွေပါ်လာပြီ။ သိပ္ပံဆိုတာ ဥုံဖွပညာမဟုတ်ဘူး။ထပ်ခါထပ်ခါ သက်သေပြလို့ရတယ်။ ဥုံဖွလုပ်ပြီး မိုးပေါ်ပျံလို့မရဘူး။သိပ္ပံပညာသုံးရင် လူတွေကို မိုးပေါ်ပျံခိုင်းပြီးတစ်နေရာက တစ်နေရာပို့လို့ရတယ်။ လောကီပြဿနာရဲ့အဖြေကသိပ္ပံပညာမှာရှိတယ်။ Phyo Paing @ Derek

လောကီပြဿနာရဲ့အဖြေက
သိပ္ပံပညာမှာရှိတယ်။
Read More »

Life-long learning အရေးကြီးတယ်။

သင်ယူမှုဆိုတာ တမင်တကာ လေ့ကျင့်ရတယ်။ အမြင်သာဆုံးက ထိုင်းမှာနေလဲ အလိုအလျောက်ထိုင်းစကားမတတ်သွားဘူး။ ဘာကြောင့်လဲဆိုတော့ သင်ယူမှုပြုလုပ်တဲ့အခါဦးနှောက်က စနစ် ၂System II ကို အသုံးပြုတယ်။ ဒါက Thinking Fast and Slow ကိုရေးသားခဲ့တဲ့ Daniel Kahneman ရဲ့သီအိုရီနဲ့ ကြည့်တာ။ လူတွေမှာ အလိုအလျောက်စဥ်းစားတဲ့ System I ဆိုတာရှိတယ်။ဆရာကြီးဥပမာပေးတာကတင်းနစ်ရိုက်တဲ့ Bat ဘတ်တံ နဲ့ Ball ဘောလုံးနှစ်ခုပေါင်းရင် $1.1 ကျတယ်။Bat ဘတ်တံက Ball ဘောလုံး ထက်$1 ပိုများတယ်။ ဒါဆို Ball လုံးတစ်လုံးဘယ်လောက်ကျမလဲ။ ပုံမှန်အားဖြင့် အလိုအလျာက် System I နဲ့သွားရင်Bat ဘတ်တံက Ball ဘောလုံးထက် $1 များမှတော့Ball ဘောလုံးက $0.1

Life-long learning အရေးကြီးတယ်။ Read More »

မနောကံ၊ ဝဇီကံ၊ ကာယကံ
ဂရုစိုက်ဖို့ အရေးကြီးတယ်။

ကိုယ့်ဘဝ ကိုယ်ကြုံတွေ့နေရတဲ့ပြဿနာတိုင်းဟာကိုယ်ဖန်တီးထားတာ။ဒါကတော့ ဗုဒ္ဓဆိုဆုံးမခဲ့တဲ့တရားတော်ပဲ။ ကံသဘောတရားကို သီးသန့်ပြောရရင်“ခုဒ္ဒကနိကာယ်” ထဲက “ဓမ္မပဒ” မှာလည်းရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ ဥပမာ ဓမ္မပဒ ပထမဂါထာမှာ “မနောပုဗ္ဗင်္ဂမာ ဓမ္မာ မနောသေဋ္ဌာ မနောမယာ။မနသာ စေ ပဒုဋ္ဌေန ဘာသတိ ဝါ ကရောတိ ဝါ။တတော နံ ဒုက္ခမန္ဝေတိ စက္ကံဝ ဝဟတော ပဒံ။” ဆိုလိုတာက“စိတ်သည် တရားအလုံးစုံတို့၏ရှေ့သွားဖြစ်၏။စိတ်သည် အမြတ်ဆုံးဖြစ်၏။တရားအလုံးစုံတို့သည် စိတ်ဖြင့်ဖန်ဆင်းအပ်ကုန်၏။ညစ်ညူးသော စိတ်ဖြင့်ပြောဆိုပြုမူလျှင်ဝန်များကို သယ်ဆောင်သောနွားကို ဘီးသည် လိုက်သကဲ့သို့ဆင်းရဲသည်ထိုသူနောက်သို့ လိုက်လတ္တံ့။” အတွေးနောက် စကားပါ။စကားနောက် လုပ်ရပ်ပါ။လုပ်ရပ်နောက် ရလဒ်ပါ။ မနောကံ၊ ဝဇီကံ၊ ကာယကံဂရုစိုက်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek drphyopaing

မနောကံ၊ ဝဇီကံ၊ ကာယကံ
ဂရုစိုက်ဖို့ အရေးကြီးတယ်။
Read More »

လောကမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း
မဖြစ်လာတဲ့အခါမှာ

ဒီနှစ်ပိုင်းမှာ ကံကောင်းတဲ့သူတွေကိုလေ့လာကြည့်တယ်။ ဘာကြောင့်လဲဆို ကျွန်တော့်ဘဝမှာ လိုချင်တာမှန်သမျှကကြံရဖန်ရ တော်တော်လုပ်ယူရတယ်။ လိုချင်တာတော့ ဖြစ်လာပါရဲ့တော်တော် ရုန်းကန်ရတယ်။ နောက်ရှာထားတာလဲကိုယ့်အတွက် မဖြစ်တာများတယ်။ ဒီတော့ငါတစ်ခုခုတော့လွဲနေပြီစဥ်းစားမိတယ်။ ကံကောင်းတဲ့သူတချို့ကြည့်တဲ့အခါကားလိုချင်လဲ ကား၊ အိမ်လိုချင်လဲ အိမ်၊ငွေလိုချင်လဲ ငွေ။ရုန်းကန်နေစရာမလိုဘူး။ ဥာဏ်ကောင်းလွန်းလို့လားဆိုလဲမဟုတ်ဘူး။ ဒီတော့ သူတို့ကို အသေးစိတ်လေ့လာကြည့်တယ်။ အဲ့ဒီလူတွေမှာ အပူမများဘူး။အပူဘာကြောင့်မများလဲလေ့လာကြည့်တော့သူတပါးကို အပြစ်တင်စိတ်နည်းတယ်။ ဘယ်လိုသိလဲဆို သူတို့စကားပြောတဲ့လေယူလေသိမ်း၊အဖြစ်အပျက်တွေတုန့်ပြန်ပုံကနေသိတယ်။ ကိုယ်ကအမြဲအလိုမကျတတ်တဲ့သူဆိုတော့အမြဲ အပြစ်တင်တတ်တယ်။ကိုယ့်ဝန်ထမ်း၊ ကိုယ့်မိသားစု၊ကိုယ့်ကိုကိုယ်။ ဒီတော့ ဘဝမှာ တော်တော်လေးကြီးတဲ့အပြုအမူအပြောင်းအလဲတစ်ခုစလုပ်ဖြစ်တယ်။ ဒါကတော့ အကုသိုလ်ကံဖြစ်တဲ့အပြစ်တင်စိတ်ကိုဖျောက်တာပဲ။ အပြစ်တင်တယ်ဆိုတာ အကုသိုလ်တစ်ခုပဲ။ အထူးသဖြင့် ကိုယ့်စိတ်ကိုညစ်ညမ်းစေတယ်။ အကုသိုလ်ဆိုတာ မောဟ၊ လောဘ၊ ဒေါသကလာတယ်။ မောဟဆိုတာ အမှန်ကိုမမြင်တာ။ အရာရာ “ငါ” ဆိုတဲ့အရာပေါ်မူတည်ပြီးဖြစ်နေတာ။ ငါ့သား၊ ငါ့သမီး၊ ငါ့ဥစ်စာ။ငါ့ကိုထိတယ်။ ကိလေသာလိုတာထက်များတာ။ကိုယ်နဲ့ထိုက်တန်တာထက်ပိုရချင်တာလောဘ။ ကိုယ်ဖြစ်စေချင်သလို မဖြစ်တဲ့အခါထွက်တဲ့ ဒေါသ။ ဒါတွေက

လောကမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း
မဖြစ်လာတဲ့အခါမှာ
Read More »

ဘဝဆိုတာ ကြိုးတန်းပေါ်
လမ်းလျှောက်နေသလိုပါပဲ။

ဘဝမှာက ဒုက္ခတွေသိပ်များတယ်။ဒုက္ခတွေနဲ့ ဘဝကိုနေတတ်အောင်တော်တော်လေ့ကျင့်ယူရတယ်။ သူတပါးအလုပ်လုပ်လဲ ဒုက္ခ။ကိုယ်တိုင်အလုပ်လုပ်လဲ ဒုက္ခ။ လောကမှာ လူဖြစ်နေသမျှဒုက္ခတွေရှိနေမှာပဲ။ အိုမယ်၊ နာမယ်၊ သေမယ်။ဖြစ်မယ်၊ ပျက်မယ်။ ပျက်ပြီးရင် ပြန်ဖြစ်မယ်။ သုခဖြစ်လိုက်၊ ဒုက္ခဖြစ်လိုက်မှာဖြစ်ချင်တဲ့ ဆန္ဒတွေများပြီးဖြစ်မလာတဲ့အခါ ဒုက္ခတွေသိပ်များတယ်။ ဒါကြောင့် တခါတလေဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာနဲ့နှစ်ခုကို ချိန်ငြိရတယ်။ ဖြစ်ချင်တာတွေများပြီးဖြစ်နိုင်တာနည်းရင် ဒုက္ခရောက်တယ်။ ဖြစ်နိုင်တာများပြီးမဖြစ်ချင်ရင်လဲ အစွမ်းအစအကုန်မထွက်ပြန်ဘူး။ ဘဝဆိုတာ ကြိုးတန်းပေါ်လမ်းလျှောက်နေသလိုပါပဲ။ သုခနဲ့ပဲ ချစ်ကျွမ်းဝင်လို့မရဘူး။ဒုက္ခတွေနဲ့လဲ မိတ်ဆွေဖွဲ့ဖို့လိုတယ်။ ဘဝရဲ့သရုပ်လက္ခဏာကဒုက်ခပဲ။ စိတ်တော်တော်ထားတတ်ဖို့လိုတယ်။ ကိုယ်လိုချင်တာမရရင်ပိုကောင်းတာရလိမ့်မယ်လို့ပဲနှလုံးသွင်းလိုက်တယ်။ အရာရာပိုကောင်းဖို့ဖြစ်လာတာပါလို့ပဲအကျွမ်းမဲ့ယုံကြည်ထားလိုက်တယ်။ Phyo Paing @ Derek

ဘဝဆိုတာ ကြိုးတန်းပေါ်
လမ်းလျှောက်နေသလိုပါပဲ။
Read More »