Dr. Phyo Paing

https://yec.company

မိမိကိုယ်ကို တိုးတက်ဖို့
ဒီတစ်ချက်လိုတယ်။

ဆုံးဖြတ်ချက်တွေမှန်ဖို့၊စစ်မှန်တဲ့ relationship တည်ဆောက်ဖို့၊လောကဓံကြံ့ကြံ့ခံဖို့၊မိမိကိုယ်ကို တိုးတက်ဖို့ဒီတစ်ချက်လိုတယ်။ ဒါကို self-awarenessမိမိကိုယ်ကို သိရှိခြင်းလို့ခေါ်တယ်။ Self-awareness ဆိုတာကိုယ့်ရဲ့အတွေး၊ ခံစားချက်၊အပြုအမူကိုသိတာ။ဒါကို private self-awareness လို့ခေါ်ပြီးကိုယ့်အပြုအမူ၊ စကားပြောဆိုမှုလေယူလေသိမ်းကတခြားသူတွေဘယ်လိုထင်မြင်လဲသတိပြုမိတာ၊ကိုယ့်ရဲ့လူမှုနေထိုင်မှု ငါဘယ်သူလဲ၊ကိုယ့်ရဲ့သိစေချင်တဲံပုံစံကိုစီမံခန့်ခွဲတာကို public self-awareness လို့ခေါ်တယ်။ ဒီ self-awareness ရှိအောင်နေ့စဥ် ဘာတွေဖြစ်သွားတယ်။​ဘယ်တွေတွေးမိ၊ ခံစား၊ လုပ်ဆောင်မိတယ်ဒါကို journaling ပြန်ရေးလို့ရတယ်။ ကိုယ့်ကိုကိုယ် မေးခွန်းတွေပြန်ထုတ်ဆန်းစစ်လို့ရတယ်။​ငါဘာတွေကို ယုံကြည်သလဲ၊ဘယ်လိုဆုံးဖြတ်လေ့ရှိသလဲ၊ဘာတွေကို တန်ဖိုးထားသလဲအစရှိသည်။​ တရားထိုင်ပြီး ကိုယ့်ရဲ့အတွေးတွေ၊ခံစားချက်တွေ၊ တုန့်ပြန်မှုတွေ၊ဇောတွေကို နက်နဲစွာထိုးထွင်းသိမြင်နိုင်တယ်။ ကိုယ်ယုံကြည်ရတဲ့ coach နည်းပြ၊ဒါမှမဟုတ် သူငယ်ချင်း၊ချစ်သူရည်းစားလင်မယား ယုံကြည်ရရင်သူ့တို့ရဲ့ feedback ပြန်တောင်းလို့ရတယ်။ ကိုယ်ရည်ကိုယ်သွေးစစ်တဲ့ နည်းလမ်းတွေနဲ့ကိုယ့်ရဲ့ကိုယ်ရည်ကိုသွေးကိုရှာဖွေပြီးကိုယ်စဥ်းစား၊ ခံစား၊ တုန့်ပြန်တဲ့ပုံစံ၊အားသာချက်၊ အားမသာချက်တွေကိုသိအောင်လုပ်ဆောင်နိုင်တယ်။ ကိုယ့်ကိုကိုယ်ပြောထားတဲ့ video တွေ၊ကိုယ့်ရဲ့ social media post တွေ၊ဒါတွေကို ပြန်လည်ဆန်းစစ်ပြီးစကားပြောတဲ့ပုံစံ၊လေသံ၊ အပြောင်းအလဲတွေကိုပြန်လည်ဆန်းစစ်လို့ရတယ်။​ […]

မိမိကိုယ်ကို တိုးတက်ဖို့
ဒီတစ်ချက်လိုတယ်။
Read More »

ပျော်ရွင်မှုရဲ့လမ်းတစ်လမ်းပဲ။

ကိုယ်ဂုဏ်ယူတဲ့အလုပ်ကိုလုပ်ပြီးအသက်မွေးမှု ကောင်းကောင်းလုပ်နိုင်ခြင်းကပျော်ရွင်မှုရဲ့လမ်းတစ်လမ်းပဲ။ Phyo Paing @ Derek

ပျော်ရွင်မှုရဲ့လမ်းတစ်လမ်းပဲ။ Read More »

လူတွေကြားထဲ ရှင်သန်မှုဖြစ်စဉ်မှာ
သရုပ်ဆောင်ခြင်းအနုပညာကလဲ
လူတွေနဲ့ အဆင်ပြေစေတယ်။

ပေါင်းသင်းဆက်ဆံရေးကောင်းချင်ရင်နည်းလမ်းတွေအများကြီးထဲကသရုပ်ဆောင်တဲ့နည်းလမ်းတစ်ခုရှိတယ်။ စင်ပေါ်မှာ ဟောပြောတာအောင်မြင်ချင်ရင်သရုပ်ဆောင်တဲ့နည်းကလဲ အောင်မြင်နိုင်ပြန်တယ်။ လူတိုင်းက ကိုယ့်အတွေး၊ကိုယ့်ပုံပြင်နဲ့ ကိုယ်နေနေကြတာ။ သူတို့ရဲ့ပုံပြင်နဲ့ တစ်သားတည်းကျရင်ကိုယ့်ကို သဘောကျမယ်။ ကိုယ့်ပုံပြင်နဲ့ သူ့ပုံပြင်နဲ့မတူရင်သဘောထားကွဲလွဲမယ်။ တချို့ သရုပ်မဆောင်ချင်သူတွေကအပေါင်းအသင်းတော်တော်နည်းတယ်။တချို့ကျတော့ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့သရုပ်ဆောင်တယ်။ လူတွေကြားထဲ ရှင်သန်မှုဖြစ်စဉ်မှာသရုပ်ဆောင်ခြင်းအနုပညာကလဲလူတွေနဲ့ အဆင်ပြေစေတယ်။ Phyo Paing @ Derek

လူတွေကြားထဲ ရှင်သန်မှုဖြစ်စဉ်မှာ
သရုပ်ဆောင်ခြင်းအနုပညာကလဲ
လူတွေနဲ့ အဆင်ပြေစေတယ်။
Read More »

ပေးထားချက်ပေါ်မှာ
ရွေးချယ်မှုတွေပြုလုပ်ရတယ်။

တချို့လူတွေက ကံကိုကောင်းတယ်။တောင့်တစရာကို မလိုဘူး။လိုချင်တာတွေ အလိုလိုရောက်လာတတ်တယ်။ တချို့လူတွေက စိုက်ပျိုးပြီးမရိတ်သိမ်းလိုက်ရဘူး။ တချို့ကျတော့ လိုချင်တာရဖို့ကြံရဖန်ရ တတ်ပြန်တယ်။ တချို့ကျတော့ လမ်းဖောက်ပေးထားတဲ့သူအမြဲရှိတတ်တယ်။သူ့အလုပ်က လုပ်ရုံပဲ။ တချို့ကျတော့ အလုပ်တွေလုပ်တယ်။လုပ်သလောက်ပြန်မရဘူး။လုပ်မောကြီးဖြစ်နေတတ်တယ်။ အဲ့လို pattern ပုံစံတွေတွေ့ရတတ်တယ်။ ကံကြမ္မာဆိုတဲ့အရာကို ဗုဒ္ဓဘာသာအနေနဲ့စဉ်းစားတဲ့အခါအတိတ်ပေးထားတဲ့ကံကြမ္မာနဲ့ပစ္စုပ္ပာန်ရွေးချယ်မှုဒီနှစ်ခုကြားက middle way အလယ်လမ်း။ Conditional Choice လို့ခေါ်တယ်။ ပေးထားချက်ပေါ်မှာ ရွေးချယ်မှုတွေပြုလုပ်ရတယ်။ ကိုယ့်ရဲ့ပေးထားချက်တွေသိရင်ရွေးချယ်မှုတွေကို မှန်ကန်အောင်လုပ်လို့လွယ်သွားနိုင်တယ်။ Phyo Paing @ Derek

ပေးထားချက်ပေါ်မှာ
ရွေးချယ်မှုတွေပြုလုပ်ရတယ်။
Read More »

လူတွေရဲ့ ကြီးပြင်းလာတဲ့ပုံစံမတူတဲ့အခါ
ဘဝကိုမြင်တဲ့ အဓိပ္ပာယ်ဖွင့်ပုံစံတွေ
မတူကြဘူး။

ငယ်ငယ်တည်းက အားပေးမှုနဲ့မကြီးပြင်းခဲ့တဲ့သူတွေရှိတယ်။ အမေက အပြစ်တင်၊အဖေက အပြစ်တင်၊ အဒေါ် အပြစ်တင်၊ ဦးလေး အပြစ်တင်၊ဆရာ၊ ဆရာမက အပြစ်တင်။ အားပေးမှုနဲ့ မကြီးအပြစ်တင်မှုနဲ့ ကြီးလာတဲ့သူတွေရှိတတ်တယ်။ ဒီထဲမှာ ဒီအပြစ်တင်မှုကိုအပြုံးလေးနဲ့ ချွဲပြီးအားလုံးနဲ့အဆင်ပြေအောင်ပေါင်းသင်းကြီးပြင်းလာသူတွေရှိတယ်။ ဒီအပြစ်တင်မှုတွေကြားအားတင်းပြီး ရှင်သန်မှုခဲ့သူတွေရှိတယ်။ အားတင်းရှင်သန်ခဲ့သူတွေမှာကိုယ့်ကိုကိုယ် အကြီးအကျယ်ဝေဖန်တတ်တဲ့အကျင့်တစ်ခု အမြဲရှိတတ်တယ်။ ဘဝရဲ့ တချို့အစိတ်အပိုင်းတွေမှာကိုယ့်ကိုအမြဲဝေဖန်သူနဲ့ ချစ်ကျွမ်းဝင်တဲ့အခါဘဝက သံကြိုးနဲ့ရှေ့ဆက်ရသလိုဖြစ်တတ်တယ်။ ကိုယ့်ကိုကိုယ်မြင်တာထက်ပိုကောင်းအောင်မြင်တဲ့သမီးရည်စားနဲ့တွေ့လာတဲ့အခါဘဝက ထင်မှတ်မထားလောက်အောင်ပိုကောင်းလာတတ်တယ်။ လူတွေရဲ့ ကြီးပြင်းလာတဲ့ပုံစံမတူတဲ့အခါဘဝကိုမြင်တဲ့ အဓိပ္ပာယ်ဖွင့်ပုံစံတွေမတူကြဘူး။ Phyo Paing @ Derek

လူတွေရဲ့ ကြီးပြင်းလာတဲ့ပုံစံမတူတဲ့အခါ
ဘဝကိုမြင်တဲ့ အဓိပ္ပာယ်ဖွင့်ပုံစံတွေ
မတူကြဘူး။
Read More »

မဟာဗျူဟာဆိုတာ
ကိုယ့်အားသာချက်ပေါ်မူတည်ပြီး
ဖန်တီးယူရတာပဲ။

ဘယ်သူနဲ့မှ မနှိုင်းယှဉ်နဲ့။ဘာကြောင့်လဲဆိုတော့လူတိုင်းက သူ့စူပါပါဝါနဲ့သူ။Personalized approach ကအကောင်းဆုံးပဲ။ မဟာဗျူဟာဆိုတာကိုယ့်အားသာချက်ပေါ်မူတည်ပြီးဖန်တီးယူရတာပဲ။ Phyo Paing @ Derek

မဟာဗျူဟာဆိုတာ
ကိုယ့်အားသာချက်ပေါ်မူတည်ပြီး
ဖန်တီးယူရတာပဲ။
Read More »

ဘဝမှာ စိတ်တိုင်းမကျတဲ့ရက်တွေ
ရှိတတ်တယ်။

ဘဝမှာ စိတ်တိုင်းမကျတဲ့ရက်တွေရှိတတ်တယ်။အထူးသဖြင့် ကိုယ့် Flow ထဲကိုယ်ဝင်ဖို့ ပြန်ကြိုးစားရတဲ့ကာလတွေပေါ့။ အစားအသောက်၊လုပ်နေကျ routine ပုံစံ၊အမူအကျင့်၊ကိုယ့်ရဲ့မူလပုံစံနဲ့ သွေဖယ်သွားတဲ့အချိန်တွေ။ ဒီစိတ်တိုင်းမကျမှုကfeedback တစ်ခုပဲ။ဒါကိုအသုံးပြု ပိုကောင်းအောင်ပြန်လည်တည်ဆောက်သွားလို့ရပါတယ်။​ Phyo Paing @ Derek

ဘဝမှာ စိတ်တိုင်းမကျတဲ့ရက်တွေ
ရှိတတ်တယ်။
Read More »

အသက်ရှင်ပြီး အသက်ဝင်ဖို့

အသက်ရှင်ပြီး အသက်ဝင်ဖို့၁။ ပိုက်ဆံအရင်ဝင်ဖို့လိုတယ်။၂။ အဓိပ္ပာယ်ရှိတဲ့အလုပ်နေ့တိုင်းလုပ်နေဖို့လိုတယ်။၃။ ကိုယ့်စိတ်နဲ့ ကိုယ် ကော်နက်ရှင်မိဖို့လိုတယ်။​ Phyo Paing @ Derek

အသက်ရှင်ပြီး အသက်ဝင်ဖို့ Read More »

ရေရှည်အတွက် အကျိုးရှိရင်
မချစ်တာကို ချစ်အောင်လုပ်နိုင်ဖို့လဲလိုတတ်တယ်။

ကိုယ့်အတွက် အကျိုးရှိမယ်ဆိုရင်ကိုယ်မုန်းတဲ့အရာတွေကိုချစ်အောင်ကြိုးစားကြည့်။ အလေးမရတာ မကြိုက်ဘူး။ရေရှည်အတွက် အကျိုးရှိရင်ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။ နည်းပညာသစ်တွေအသုံးမပြုချင်ဘူး။ရေရှည်အတွက် အကျိုးရှိရင်ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။ တချို့လူတွေကို အဆက်အဆံမပြုချင်ဘူး။ရေရှည်အတွက် အကျိုးရှိရင်ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။ စာတွေ၊ ဗီဒီယိုတွေလုပ်ငန်းအတွက်တင်ရမှာ မကြိုက်ဘူး။ရေရှည်အတွက် အကျိုးရှိရင်မကြိုက်လဲ ကြိုက်အောင်ကြိုးစားကြည့်ရမှာပဲ။ ဘဝမှာ တချို့အတွေးအခေါ်တွေကိုလက်မခံချင်ဘူး။ရေရှည်အတွက် အကျိုးရှိရင်လက်ခံနိုင်အောင် ကြိုးစားကြည့်ရမှာပဲ။ ကိုယ်က ဘာကောင်မှလဲမဟုတ်ဘူး။ကိုယ့်အတွက်၊ မိသားစုအတွက်၊ကိုယ့်လုပ်ငန်းအတွက်၊ ကိုယ့်ရပ်ရွာ၊ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ လူတွေအတွက်တစ်ဆင့်ချင်းလာတယ်။ရေရှည်အတွက် အကျိုးရှိရင်မချစ်တာကို ချစ်အောင်လုပ်နိုင်ဖို့လဲလိုတတ်တယ်။ Phyo Paing @ Derek

ရေရှည်အတွက် အကျိုးရှိရင်
မချစ်တာကို ချစ်အောင်လုပ်နိုင်ဖို့လဲလိုတတ်တယ်။
Read More »

အသက်ကြီးလာတော့ ကိုယ့်အတွက်အကျိုးရှိတာ၊ မရှိတာပဲရှိတော့တယ်။

အသက်ကြီးလာတော့ကိုယ်ချစ်တာ၊ မချစ်တာတွေမသိတော့ဘူး။ ကိုယ့်အတွက် အကျိုးရှိတာ၊မရှိတာပဲရှိတော့တယ်။ ထာဝရချစ်သူ၊ထာဝရ ရန်သူလဲမရှိတော့ဘူး။အကျိုးရှိလား၊အကျိုးမရှိဘူးလားပဲစဉ်းစားတော့တယ်။ ဘဝမှာ သစ္စာ၊ မေတ္တာ၊ အနစ်နာနဲ့နေကြည့်ပြီးပြီ။ဘဝရဲ့ အခြေခံလည်ပတ်မှုကအဲ့လိုလည်ပတ်နေတာမဟုတ်ဘူးဆိုတာတဖြည်းဖြည်း သိလာတယ်။ ဒါကြောင့် ဘဝကိုအကျိုးစီးပွါး အခြေပြုပဲစဉ်းစားကြည့်တော့တယ်။ ကိုယ်တိုင်ကလဲ တခြားသူတွေရဲ့အကျိုးစီးပွါးအတွက် အသုံးဝင်ရမယ်။အဲ့လို အသုံးဝင်တဲ့အရာတွေကိုမျှဝေပေးလေလေအသုံးဝင်သွားတဲ့သူတွေက ကျေးဇူးတင်လေလေ။ကိုယ့်အကျိုးစီးပွါးကို ပြန်လည်ဖြည့်ဆည်းပေးတတ်လေလေ။ လောကကြီးတစ်ခုလုံးကအကျိုးစီးပွါးအခြေပြု လည်ပတ်နေတယ်လို့ထင်တာပဲ။ ဒါကလဲ လက်ရှိလောကကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့ ပုံစံတစ်ခုဖြစ်ပါတယ်။ Phyo Paing @ Derek

အသက်ကြီးလာတော့ ကိုယ့်အတွက်အကျိုးရှိတာ၊ မရှိတာပဲရှိတော့တယ်။ Read More »