Dr. Phyo Paing

https://yec.company

နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေဖို့လိုတယ်လို့ထင်တယ်။

ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။ငါဘာကြောင့် စီးပွားရေးလုပ်သလဲ။ပိုက်ဆံရချင်လို့။ ပိုက်ဆံဘာကြောင့်ရချင်သလဲ။ကိုယ်လိုချင်တာကိုလွတ်လွတ်လပ်လပ်ဝယ်နိုင်ဖို့။သွားချင်တဲ့နေရာကိုလွတ်လွတ်လပ်လပ်သွားနိုင်ဖို့။ကိုယ်လုပ်ချင်တဲ့အလုပ်တွေကိုလွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့။ ဒီတော့ ငါလိုချင်တာဘာလဲ။ငါသွားချင်တဲ့နေရာကဘာလဲ။ငါလုပ်ချင်တဲ့အလုပ်ကဘာလဲ။ လိုချင်တာကကိုယ့်ရဲ့အကောင်းဆုံးပုံစံBest version ကိုတည်ဆောက်ဖို့။တစ်နည်းအားဖြင့်လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့။ ကိုယ်နေချင်တဲ့နေရာကတစ်နေရာထဲမှာ အမြဲနေနေရတာမဟုတ်ပဲသွားချင်တဲ့နေရာကိုသွားချင်တဲ့အချိန် ထသွားနိုင်ဖို့။ ကိုယ်လုပ်ချင်တဲ့အလုပ်ကဘာလဲ။ဒီမေးခွန်းအတွက်လူတွေအကြောင်းလေ့လာချင်တယ်။အတွေးအခေါ်အိုင်ဒီယာအသစ်တွေလေ့လာချင်တယ်။နည်းပညာတွေအကြောင်းလေ့လာချင်တယ်။စီးပွားရေးအကြောင်းလေ့လာချင်တယ်။စမ်းသပ်မှုတွေလုပ်ချင်တယ်။ဒါတွေကို တခြားသူတွေကိုပြန်လည်မျှဝေပေးချင်တယ်။ ဒါဆိုရင် စီးပွားရေးလုပ်ရင်းပိုက်ဆံလဲရမယ်၊ကိုယ်လိုချင်တာတွေလဲရမယ်။တစ်ချက်ခုတ် သုံးလေးငါးချက်လောက်ပြတ်မည့်အလုပ်ဘာဖြစ်မလဲစဥ်းစားကြည့်တယ်။​ နေ့စဥ်တိုးတက်နေမည့်အလုပ်။ဘယ်နေရာမှာနေနေ လုပ်လို့ရမည့်အလုပ်။ကိုယ်မစဥ်းစားပဲ မနေနိုင်တဲ့အလုပ်တွေလုပ်နေရမည့်အလုပ်။ ဒါနဲ့ ပတ်သက်တဲ့အလုပ်တွေကိုအသက်မွေးမှုအနေနဲ့ ဖန်တီးလိုက်တယ်။ ဘဝမှာ ဒီဇိုင်း design လုပ်တာကပေးတာယူ ကျွေးတာစားထားရာနေ ဒီဖော့ default ထက်ပိုအရေးကြီးပါတယ်။ နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေဖို့လိုတယ်လို့ထင်တယ်။ ကိုယ့်ဘဝ ကိုယ်ဒီဇိုင်းလုပ်။ကိုယ့်လမ်းကိုယ်ဖောက်နိုင်ဖို့လိုနိုင်တယ်လို့ထင်တယ်။ Phyo Paing @ Derek

နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေဖို့လိုတယ်လို့ထင်တယ်။ Read More »

ကိုယ့်လမ်းကိုယ်ရှာ။

ကိုယ့်လမ်းကိုယ်ရှာ။ လူတိုင်းမှာဘဝမေးထားချက်နဲ့မေးထားချက် ပုစ္ဆာတွေမတူဘူး။ ဖြစ်နေတဲ့ဘဝနဲ့ဖြစ်ချင်တဲ့ဘဝတွေမတူဘူး။ လောကကိုမြင်တဲ့အမြင်မတူသလိုရောက်နေကြတဲ့အမြင့်လဲမတူဘူး။ တက္ကသိုလ်ကျောင်းသားအတွက်အလုပ်ဖြစ်တာကမူလတန်းကျောင်းသားအတွက်အလုပ်ဖြစ်တာတွေရှိသလိုမဖြစ်တာတွေလဲအများကြီးရှိနိုင်တယ်။ ဒါကြောင့်အများသူငါသွားနေတဲ့လမ်း။တခြားသူတွေသွားတဲ့ သူ့လမ်း။ကိုယ့်လျှောက်မည့် ကိုယ့်လမ်း။တူချင်လဲတူမယ်။တူချင်မှလဲ တူလိမ့်မယ်။​ သေချာတာကတော့တစ်ပုံစံတည်းဖြစ်နေမှာမဟုတ်ဘူး။ လိုချင်တာရဖို့ တစ်လမ်းထဲရှိတောတော့လဲ မဟုတ်ဘူး။အများလမ်း။သူ့လမ်း။ကိုယ့်လမ်း။ ကိုယ့်လမ်းကိုယ်ရှာ။ကိုယ့်လမ်းကိုယ်ဖောက်။ကိုယ့်လမ်းကိုယ်လျှောက်ဖို့ပဲ။ Phyo Paing @ Derek

ကိုယ့်လမ်းကိုယ်ရှာ။ Read More »

ရေရှည်သွားမည့် ခရီးလမ်းမှာသက်လုံကောင်းဖို့လိုတယ်။ခြေကုန်လက်ပန်းမကျဖို့လိုတယ်။

တိုးတက်ဖို့အတွက်ရုန်းကန်နေစရာမလိုဘူး။Comfort Zone ထဲကခုန်ထွက်မှ မဟုတ်ဘူး။ ဘဝကို အထာကျကျနဲ့နေ့စဥ်စိန်ခေါ်မှုတွေကိုတဖြေးဖြေးတိုးသွားလို့ရတယ်။Comfort Zone ကိုတဖြေးဖြေးချဲ့သွားလို့ရတယ်။ တချို့တွေကျတော့Comfort Zone ထဲကထွက်ဆိုပြီးလူရှေ့စကားထွက်ပြောဖို့ကုတ်အင်္ကျီကြီးဝတ်ခဏတစ်ဖြုတ်ထွက်တယ်။လူမှုကွန်ယက်မှုတင်မယ်ဆိုပြီးဗီဒီယို၊ စာ၊ ဓာတ်ပုံ ခဏတင်တယ်။ပြီးတော့ ချက်ချင်းအရာမထင်တာ့Comfort Zone ထဲပြန်ဝင်တယ်။ ရေရှည်သွားမည့် ခရီးလမ်းမှာသက်လုံကောင်းဖို့လိုတယ်။ခြေကုန်လက်ပန်းမကျဖို့လိုတယ်။ ဒါကြောင့် Flow လို့ခေါ်တဲ့အထာကျကျနဲ့အရာရာစီးဆင်းတဲ့ဘဝဖြစ်ဖို့Comfort Zone ကိုနေ့စဥ် ချဲ့သွားခြင်းသည်ရေရှည်တိုးတက်ခြင်းအတွက်ပိုပြီးအထောက်အကူပြုတယ်လို့ထင်တယ်။ Phyo Paing @ Derek

ရေရှည်သွားမည့် ခရီးလမ်းမှာသက်လုံကောင်းဖို့လိုတယ်။ခြေကုန်လက်ပန်းမကျဖို့လိုတယ်။ Read More »

တစ်ခုခုဆိုငါဒါကို ဘာကြောင့်လုပ်ရသလဲအမြဲပြန်မေးကြည့်မိတယ်။

ပညာရေးရဲ့ရန်သူကကျောင်းတွေဖြစ်လာတတ်ပြီးလှုံခြုံရေးရဲ့ ရန်သူကကာကွယ်ရေးအဖွဲ့အစည်းတွေဖြစ်လာတတ်တယ်။ တရားဥပဒေစိုးမိုးရေးရဲ့ရန်သူက အစိုးရဖြစ်လာတတ်ပြီးကျန်းမာရေးရဲ့ရန်သူကဆေးဝါးကုမ္ပဏီတွေဖြစ်လာတတ်တယ်။ ချစ်ခင်စုံမက်ပေါင်းသင်းနိုင်ဖို့ရန်သူက အိမ်ထောင်ရေးဖြစ်နေတတ်ပြီးတရားရဖို့ရန်သူကတရားဟောဆရာဖြစ်နေတတ်တယ်။ တစ်ကမ္ဘာလုံးက အဖြစ်အပျက်တွေပါ။ ပထမမူအခြေပြုစဥ်းစားခြင်းFirst Principle Thinking ကိုမကျင့်သုံးနိုင်ရင်ရည်ရွယ်ချက်နဲ့ ဖြစ်နေတာနဲ့လွတ်လွတ်သွားနိုင်တယ်။ ဒါကြောင့် တစ်ခုခုဆိုငါဒါကို ဘာကြောင့်လုပ်ရသလဲအမြဲပြန်မေးကြည့်မိတယ်။ Phyo Paing @ Derek

တစ်ခုခုဆိုငါဒါကို ဘာကြောင့်လုပ်ရသလဲအမြဲပြန်မေးကြည့်မိတယ်။ Read More »

စိတ်ဒဏ်ရာတွေရေတိုပျောက်ချင်ရင်Timeline Therapy ဆိုတာရှိတယ်။

စိတ်ဒဏ်ရာတွေရေတိုပျောက်ချင်ရင်Timeline Therapy ဆိုတာရှိတယ်။ဒါကတော့ ခဏတာချက်ချင်းသိသာတတ်တယ်။ သူ့ထက်မြန်ချင်ရင်David Synder ရဲ့General negativity နဲ့Specific negativityဖျောက်တဲ့ self-healing နည်းရှိတယ်။ ရေရှည်ဆိုရင်တော့အဘိဓမ္မာကိုသေချာအသုံးချနိုင်ရင်အမြစ်ပျောက်တယ်လို့ထင်တယ်။ Phyo Paing @ Derek

စိတ်ဒဏ်ရာတွေရေတိုပျောက်ချင်ရင်Timeline Therapy ဆိုတာရှိတယ်။ Read More »

လူတွေကို ခွင့်မလွတ်နိုင်တာလူတွေကို အပြည့်အဝနားမလည်သေးလို့။

လူတွေကို ခွင့်မလွတ်နိုင်တာလူတွေကို အပြည့်အဝနားမလည်သေးလို့။ လူတစ်ယောက်အခြေအနေတစ်ရပ်ကိုသေချာနားမလည်တဲ့အခါ“သူဘာကြောင့် ဒီလိုလုပ်သလဲ”ဒီအဖြေကို ရှင်းရှင်းလင်းလင်းမရနိုင်ဘူး။ နားမလည်တဲ့အခါခွင့်မလွတ်နိုင်ဘူး။ ခွင့်မလွတ်နိုင်တဲ့အခါဒေါသတွေဖြစ်တယ်။နာကျင်မှုတွေဖြစ်တယ်။ဝမ်းနည်းမှုတွေဖြစ်တယ်။ပူဆွေးမှုတွေဖြစ်တယ်။ယူကျုံးမရဖြစ်တယ်။စိုးရိမ်သောကဗျာပါဒတွေများတယ်။ ဒီကနေ ဒဏ်ရာ Trauma တွေဖြစ်တယ်။ဒီ ဒဏ်ရာတွေကအနာကျက်သလိုလိုနဲ့ရံဖန်ရံခါဓားထက်ထက်နဲ့အရှင်လတ်လတ်လှီးထားသလိုအသားဖတ်ဗလပ်ဗလပ်နဲ့ပြန်ပြန်စပ်တယ်။ပြန်ပြန်နာတယ်။ တချို့ဒဏ်ရာတွေကိုမသိချင်ယောင်ဆောင်ရင်အကျဥ်းတန်ပုံစံနဲ့မျက်နှာဖုံးချွပ်လိုက်ရင်ပြန်ပြန်ပေါ်လာတတ်တယ်။ ဒီဒဏ်ရာတွေကို ကုစားဖို့လူတွေက therapy လုပ်တယ်။ဘုရားကိုရင်ဖွင့်တယ်။ဆေးဝါးတွေသောက်တယ်။ ဒီ ဒဏ်ရာ trauma တွေများလေလေဘဝရဲ့ ဒရာမာ drama တွေများလေလေ။ ဒီ ဘဝမှာ မလိုအပ်ပဲခံစားချက်အရှိန်တက်ဒရာမာတွေနည်းဖို့ကထရာမာ Trauma တွေ နည်းသွားဖို့လိုတယ်။ ဒီလိုလုပ်ဖို့ နားလည်ဖို့လိုတယ်။လူတွေ၊ အဖြစ်အပျက်တွေ၊သဘာဝတရားနဲ့ကိုယ့်ကိုကိုယ် သေချာနားလည်ဖို့လိုတယ်။ ဒီလို နားလည်ဖို့ ဥာဏ်လိုတယ်။ဆင်ခြင်နိုင်တဲ့ ပညာလိုတယ်။ဒီလို ဥာဏ်ပညာရှိပြီးနက်နဲစွာထိုးထွင်းသိမြင်အောင်လေ့ကျင့်တာကိုဝိပဿနာလို့ခေါ်တယ်။ နက်နဲစွာထိုးထွင်းသိမြင်သွားရင်ဒရာမာ drama တွေနဲ့ဒဏ်ရာ trauma တွေကြောင့်သံသရာဘယ်လိုဆက်နေလဲကွက်ကွက်ကွင်းကွင်းမြင်လာမယ်။ လူ့သဘော လူ့မနောသေချာသိလာမယ်။လူတွေ၊ အဖြစ်အပျက်တွေ၊သဘာဝတရားတွေကို နားလည်လာမယ်။ သမရိုးကျက သွေဖယ်တာကိုဖောက်ပြန်တယ်လို့ခေါ်တယ်။လောကသဘာဝအရပြောပြတာနဲ့မရနှလုံးသွင်းဖို့လိုတာအရာရာက သမရိုးကျကလွဲပြီးဖောက်ပြန်တတ်တယ်။မတည်မြဲဘူး။မတည်မြဲခြင်းကိုအနိစ္စလို့ခေါ်တယ်။ ကိုယ်သိထားတဲ့ ငါ၊ငါ့သား၊ ငါ့သမီး၊

လူတွေကို ခွင့်မလွတ်နိုင်တာလူတွေကို အပြည့်အဝနားမလည်သေးလို့။ Read More »

ရွေးချယ်မှုကောင်းတွေလိုတယ်။

ရွေးချယ်မှုကကြိုးစားမှုထက်ပိုအရေးကြီးတယ်။​ ဒါကြောင့်လဲရွေးချယ်မှုကကြိုးစားမှုမတိုင်ခင်အရင်လာတယ်။ ရွေးချယ်မှုမှားရင်ကြိုးစားမှုကလဲအချည်းနှိးပဲ။ အရှေ့အရပ်ကိုသွားမယ်ဆိုပြီးအနောက်အရပ်ကိုပြေးနေရင်ပြေးလေးဝေးလေပဲ။ ဒါကြောင့် နေ့တိုင်းကရွေးချယ်မှုကောင်းတွေပြုလုပ်ဖို့လိုတယ်။​ နေ့စဥ်၁။ အချိန်ကို ဘယ်လိုအသုံးပြုမလဲ၂။ ဘာကို အာရုံစိုက်မလဲ၃။ ဘယ်အရာတွေကို ခေါင်းထဲထည့်မလဲ၄။ အဖြစ်အပျက်တွေကိုဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။၅။ ဘာအလုပ်တွေလုပ်မလဲ၆။ ဘယ်လိုလူတွေနဲ့တွေ့မလဲ၇။ ဘယ်လိုအသက်မွေးမှုပြုမလဲ ရွေးချယ်မှုကောင်းတွေလိုတယ်။ Phyo Paing @ Derek

ရွေးချယ်မှုကောင်းတွေလိုတယ်။ Read More »

ဒါလေးက တော်တော်ကောင်းတယ်။

ကိုယ့်ကို မလေးမစားဆက်ဆံရင်ဘယ်လိုတုန့်ပြန််မလဲတဲ့။ Tik Tok က တွေ့လိုက်တဲ့ဗီဒီယိုလေးတစ်ခု။ Jefferson က How to handle difficult people မှာရေးထားတာကို ပြောထားတာလေး။ အဲ့လိုကြုံရင် ၁။ ၁၀ စက္ကန့်စောင့်တဲ့။(ဒီလိုလုပ်ခြင်းက ကိုယ့်ကို တစ်ဖက်လူနဲ့ စည်းခြားလိုက်သလိုရှိတယ်တဲ့။နောက် ပြောတဲ့သူမှာလဲ ဟာတာတာနဲ့ ဖြစ်နေမယ်တဲ့။) ၂။ ပြီးရင် ဒါက ငါတုန့်ပြန်ရမည့်စံနှုန်းထက် အများကြီးနိမ့်ကျနေတယ်။That’s below my standard for response တဲ့။ ဒါလေးက တော်တော်ကောင်းတယ်။ Phyo Paing @ Derek

ဒါလေးက တော်တော်ကောင်းတယ်။ Read More »

မရှောင်နိုင်ရင်တောင် သတိနဲ့
ကန့်သတ်။

အကုသိုလ်များတဲ့သူတွေကိုရှောင်။အကုသိုလ်များတဲ့အလုပ်ကိုရှောင်။အကုသိုလ်များတဲ့နေရာကိုရှောင်။ မရှောင်နိုင်ရင်တောင် သတိနဲ့ကန့်သတ်။ အကုသိုလ်ဆိုတာလောဘ (ကိုယ်နဲ့မထိုက်တန်တာကို ရယူလိုတာ။)ဒေါသ (စိတ်ဆိုး၊ အမြတ်ထွက်လွယ်တာ)မောဟ (မသိမမြင် ငါ ငါ ငါ၊ ငါ့သား၊ သမီး၊မကောင်းတာကို မမြင် အမှောင်ဖုံးတာ)။ Phyo Paing @ Derek

မရှောင်နိုင်ရင်တောင် သတိနဲ့
ကန့်သတ်။
Read More »

ဒါန၊ သီလ၊ ဘာဝနာ ဒီသုံးခုလိုတယ်။

တချို့သူတွေရဲ့ဘဝမှာကအကုသိုလ်ကံတွေအရမ်းများနေတတ်တယ်။အပြစ်တင်စိတ်၊အပြစ်မြင်စိတ်တွေအရမ်းများတတ်တယ်။လောကကြီးကို စိတ်တိုင်းမကျ။ စိတ်ပူပန်မှုတွေနဲ့။ စိုးရိမ်သောက ဗျာပါဒတွေနဲ့။ လုပ်တိုင်းလဲမဖြစ်။တခြားသူတွေလွယ်လွယ်ရတာကိုအရမ်းအားထုတ်ရတယ်။ထုတ်သော်လဲမရတာမျိုးဖြစ်တတ်တယ်။ ကိုယ်ရှာသော်လဲကိုယ့်အတွက်မဖြစ်လိုက်တာမျိုးဖြစ်တတ်တယ်။ သူတို့နားနေတဲ့သူတွေက အနားကပ်ရင်ကို ပူလောင်တဲ့ဓာတ်ကိုခံစားရတတ်ကြတယ်။စကားပြောလိုက်ရင်ကိုစိတ်ရှုပ်ထွေး၊ စိတ်ညစ်၊ စိတ်ကသိကအောင့်ဖြစ်သွားတတ်ကြတယ်။ ဒါပေမယ့် ကိုယ့်ကြောင့်ဆိုတာမြင်နိုင်တဲ့ ဥာဏ်ကလဲ အကုသိုလ်ဖုံးနေတတ်တယ်။ မျက်နှာကြည့်လိုက်ရင်စိုးရိမ်ပူပန်မှုအပြည့်။ဘဝကို စိတ်တိုင်းမကျမှုအပြည့်။ စိတ်မှာလဲ မကောင်းတဲ့စေတသိတ်တွေအမြဲခြယ်လှယ်ပြီး ညစ်ညူးနေတတ်တယ်။ ဘုရားစာထိုင်ရွက်တိုင်းလဲဒီအကုသိုလ်ကံက ပျောက်မသွားတတ်ဘူး။ ဒါကို ကျော်လွှားဖို့ကအကုသိုလ်ကံကိုလျော့ဖို့လိုတယ်။ ဒီလိုလုပ်ဖို့ ဒါန၊ သီလ၊ ဘာဝနာ ဒီသုံးခုလိုတယ်။ ကိုယ့်မှာရှိတာလေးကို တကယ်လိုနေသူတွေကို စွန့်ကြဲပေးကမ်းတာမျိုး။ ပညာရှိရင်ပညာ၊ ဥစ္စာရှိရင် ဥစ္စာ။ တခြားသူတွေကို မပြစ်တင်တာ၊အပြစ်မြင်တာကိုလျော့ပြီးမေတ္တာဘာဝနာပွားများဖို့လိုတယ်။ကိုယ့်ကိုကိုယ် နက်နက်နဲနဲထိုးထွင်းသိမြင်ဖို့ဝိပဿနာဘာဝနာကျင့်ဖို့လိုတယ်။ ကိုယ်နဲ့တွေ့တဲ့သူတွေကို မနောကံ စိတ်ဖြင့်အပြစ်တင်ခြင်းဝဇီကံ နှုတ်ဖြင့်အပြင်တစ်ခြင်းကာယကံ ကိုယ်ထိလက်ရောက်စိတ်ညစ်အောင်လုပ်ခြင်းဒါတွေကို လျော့ဖို့၊ ရှောင်ရှားဖို့လိုတတ်တယ်။ Phyo Paing @ Derek

ဒါန၊ သီလ၊ ဘာဝနာ ဒီသုံးခုလိုတယ်။ Read More »