သမာဓိဆိုတာ တည်ငြိမ်ပြီး
တစ်ခုတည်းကို အာရုံစိုက်နိုင်ခြင်းပါ။
စွမ်းဆောင်ရည်မြင့်ချင်ရင်သမာဓိလိုတယ်။စိတ်အေးချမ်းချင်ရင်သမာဓိလိုတယ်။ သမာဓိဆိုတာ တည်ငြိမ်ပြီးတစ်ခုတည်းကို အာရုံစိုက်နိုင်ခြင်းပါ။ ဒီနေ့ခေတ် ပြောနေကြတဲ့deep work ဆိုတာလုပ်ဖို့အဖြေက သမာဓိပါပဲ။ အလုပ်တစ်ခုကိုနှစ်နာရီ၊ သုံးနာရီလောက်အာရုံမစူးစိုက်နိုင်ပဲစွမ်းဆောင်ရည်မြင့်ဖို့ခက်ပါတယ်။ ကိုယ့်လုပ်ငန်း၊ကိုယ့်ဘဝအတွက်အာရုံစူးစိုက်မှု သမာဓိမရှိရင်လေတိုက်ရာလွင့်နေမိမှာပဲ။ သမာဓိ (concentration) ကောင်းဖို့သတိ (mindfulness) နဲ့စတင်တယ်။ဒီလိုလုပ်ဖို့ အားထုတ်မှု (effort) လိုတယ်။ဒါကို ဗုဒ္ဓကသမ္မာဝါယာမ (မှန်ကန်တဲ့အားထုတ်မှု)သမ္မာသတိ (မှန်ကန်တဲ့သတိ)သမ္မာသမာဓိ (မှန်ကန်တဲ့သမာဓိ) လို့ဟောကြားခဲ့တယ်။ ဒီလို သမာဓိရှိဖို့ကိုယ့်အတွက်အကျိုးမရှိတဲ့ဟိုလူ့အပြစ်တင် ဒီလူ့အပြစ်တင်လုပ်နေခြင်းက အတားအဆီးတစ်ခုပဲ။သူတပါးအသက်သတ်၊ ခိုးဝှက်၊မကောင်းမှုလုပ်နေတဲ့သူကလဲသမ္မာဓိရှိဖို့မလွယ်ဘူး။အလားတူပဲ လူတွေကိုဒုက္ခပေးတဲ့အလုပ်နဲ့အသက်မွေးမှုပြုနေရင်လဲသမာဓိရှိဖို့မလွယ်ဘူး။ဘဝကိုသမ္မာဝါစာ (မှန်ကန်သောစကား)သမ္မာကမ္မန္တ (မှန်ကန်သောအလုပ်)သမ္မာအာဇီဝ (မှန်ကန်သောအသက်မွေးမှု)နဲ့တည်ဆောက်ဖို့ဗုဒ္ဓက ဟောကြားခဲ့ပါတယ်။ သမာဓိရှိမှအမှန်အမှားကို ကွက်ကွက်ကွင်းကွင်းမြင်လာမယ်။မှန်ကန်တဲ့ အတွေးအခေါ်၊အကြံအစည်ကို လုပ်ဆောင်နိုင်မယ်။ ဒါကိုသမ္မာဒိဋ္ဌိ (မှန်ကန်သောအယူအမြင်)သမ္မာသင်္ကပ္ပ (မှန်ကန်သောကြံစည်မှု) လို့ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာ ဟောကြားခဲ့တယ်။ Phyo Paing @ Derek
သမာဓိဆိုတာ တည်ငြိမ်ပြီး
တစ်ခုတည်းကို အာရုံစိုက်နိုင်ခြင်းပါ။ Read More »
