ဘဝဆိုတာ DIY ပဲ။
ဗုဒ္ဓအဆုံးအမကို တဖြည်းဖြည်းနဲ့ အကုန်လိုက်နာနိုင်အောင်ကြိုးစားနေတဲ့ လူတစ်ယောက်ဆိုတော့ဘဝမှာ ကိုယ့်ကို ကယ်တင်တဲ့ကယ်တင်ရှင် ရှာလို့မရဘူးလို့ ယူဆထားတယ်။ ဒါကြောင့် အရာရာကို Do-it-yourself ကိုယ်ထူကိုယ်ထဒီဘဝလို့ကြည့်လိုက်တယ်။ ကျန်းမာကြံ့ခိုင်ချင်တယ်။ ထိုင်ဆုတောင်းနေလို့ ဗလတွေ ထွက်မလာဘူး။ အလုပ်၊ စီးပွား၊ ငွေကြေးအတွက်အလုပ်မလုပ်ဘဲထိုင်တွေး manifest လုပ်တိုင်း ချမ်းသာမယ်ဆို လူတိုင်းချမ်းသာပြီးကမ္ဘာဖလားရချင်တဲ့ အသင်းတိုင်းကမ္ဘာ့ဖလားရသွားကြလိမ့်မယ်။ အချစ်ရေး၊ တိုးတက်ရေးအကုန်အလားတူပဲ။ ဘဝဆိုတာ ကိုယ်ထူကိုယ်ထDIY ပဲ။ အရင်ဗုဒ္ဓခေတ်က ပညာတတ်တွေကသက္ကတ(Sanskrit) ဘာသာကိုသုံးတယ်။သာမန်လူအများစုပညာမတတ်သူတွေအပါပါဠိ ကိုသုံးတယ်။ ဒါကြောင့် ဗုဒ္ဓက ပါဠိလို“အတ္တာဟိ အတ္တနော နာထော” ဆိုခဲ့တယ်။“မိမိကိုယ်သာ မိမိကိုးကွယ်ရာ”တဲ့။ မိမိရဲ့ကျင့်ကြံအားထုတ်မှုကသာ မိမိအတွက် အစစ်အမှန် အထောက်အကူဖြစ်စေတယ်။ကိုယ့်ဘဝတိုးတက်ရေးအတွက် သူတစ်ပါးကိုပဲ အားကိုးမနေဘဲ ကိုယ်တိုင်ကြိုးစားရမယ်။မိမိကိုယ်ကို မိမိယုံကြည်မှုရှိရမယ်၊ တာဝန်ယူတတ်ရမယ်လို့ဆိုခဲ့တယ်။ ဘဝဆိုတာ DIY လို့ခံယူထားတယ်။ Phyo Paing @ […]
