ပညာရှိ ၊ လူတော် ၊ လူကောင်း ၊ လူယုတ်မာ
ကိုယ်ဘာတကယ်လိုချင်လဲရှင်းရှင်းသိတာ ပညာရှိ။ကိုယ်လိုချင်တာရအောင်ဖန်တီးနိုင်တာလူတော်။ကိုယ့်ကြောင့်သူတပါးကို မနစ်နာစေပဲအကျိုးပြုတာ လူကောင်း။ကိုယ်ချင်တာကို သူတပါးကိုဒုက္ခပေးပြီးရအောင်ယူတာ လူယုတ်မာ။ Phyo Paing @ Derek
ကိုယ်ဘာတကယ်လိုချင်လဲရှင်းရှင်းသိတာ ပညာရှိ။ကိုယ်လိုချင်တာရအောင်ဖန်တီးနိုင်တာလူတော်။ကိုယ့်ကြောင့်သူတပါးကို မနစ်နာစေပဲအကျိုးပြုတာ လူကောင်း။ကိုယ်ချင်တာကို သူတပါးကိုဒုက္ခပေးပြီးရအောင်ယူတာ လူယုတ်မာ။ Phyo Paing @ Derek
အလုပ်ပိုကြိုးစားဖို့လိုတာမဟုတ်ဘူး။ဥာဏ်ရှိရှိနဲ့ လိုချင်တာရဖို့စနစ်တစ်ခုဖန်တီးဖို့လိုတာ။ Phyo Paing @ Derek
ဥာဏ်ရှိရှိနဲ့ လိုချင်တာရဖို့
စနစ်တစ်ခုဖန်တီးဖို့လိုတာ Read More »
စိတ်ကသိကအောင့်ဖြစ်စရာဒဏ်ရာတွေအတွက်ဖြေဆေးတစ်ခုကကျေးဇူးတင်စိတ်နဲ့လွတ်ချတတ်တဲ့စိတ်ပဲ။ Phyo Paing @ Derek
ပျက်နေရင်ပြင်။ဒရွတ်တိုက်မသွားနဲ့။ ကိုယ်တစ်ယောက်တည်းမဟုတ်တဲ့အခါပြင်လို့မရတဲ့အရာတွေရှိတယ်။ အမြင်သာဆုံးကတော့အချစ်ရေးမှာ relationshipစီးပွားရေးမှာ partnership သွားနေတဲ့လမ်းကြောင်းကကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရေရှည်မရောက်စေနိုင်လောက်ဘူးဆိုရင်၁။ တစ်ဖက်လူကိုပြင်၂။ ပြင်လို့မရရင်ပြောင်း၃။ ပြောင်းလိုမရတော့ရင် ကိုယ့်အတွေးကိုယ်ပြင်၄။ ဒီသုံးခုမဟုတ်ဘဲ ဒရွတ်တိုက်သွားတာကအကောင်းဆုံးရလဒ်ကိုရဖို့ခက်နိုင်တယ်။ Phyo Paing @ Derek
လိုချင်တာရအောင်ယူဖို့ဆာလောင်မှုပြင်းပြဖို့လိုတယ်။ရထားတာလိုချင်ဖို့ စိတ်ထားတတ်ဖို့လိုတယ်။ Phyo Paing @ Derek
ပိုက်ဆံရှာနည်းကို နားလည်လာတဲ့အခါ၊ လုပ်ငန်းလုပ်နည်းကို နားလည်လာတဲ့အခါ၊ လူတွေအကြောင်း နားလည်လာတဲ့အခါ၊ ကိုယ့်အကြောင်းကိုယ် နားလည်လာတဲ့အခါ၊ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေရဲ့အလုပ်လုပ်ပုံကို နားလည်လာတဲ့အခါအတွေးတွေ ရှင်းလာတယ်။ အတွေးရှင်းရင် စိတ်ကြည်လင်တယ်။ အတွေးရှုပ်ရင် စိတ်ရှုပ်တယ်။ နားလည်ရင် အတွေးရှင်းတယ်။ နားလည်အောင် စူးစမ်းလေ့လာအဖြေရှာဖို့လိုတယ်။ နားလည်မှုက ပျော်ရွင်မှုပဲ။ Phyo Paing @ Derek
ကိုယ်အလိုရှိတဲ့သူတွေ ကိုယ့်အနားမှာရှိနေဖို့သူတို့လိုချင်တာတွေကိုယ့်မှာရှိနေဖို့လိုတယ်။ Phyo Paing @ Derek
စိတ်ထောင်း ကိုယ်ကြေကြားဖူးပါလိမ့်မယ်။ လူတွေကို ပင်ပန်းစေတာအလုပ်မဟုတ်ဘူး။ အတွေး။ အတွေးဆိုတာ စိတ်အလုပ်။ အာရုံကို သိသော သဘောကိုစိတ်လို့ခေါ်တယ်။ ဗုဒ္ဓစိတ်ပညာကို အဘိဓမ္မာလို့ခေါ်ပြီးစိတ်၊ စေတသိက်၊ ရုပ်နှင့် နိဗ္ဗာန် ကိုလေ့လာတယ်။ အဘိဆိုတာ အထူး၊ဓမ္မာဆိုတာ သဘောဝ။ အသေးစိတ်ကျိုးကြောင်းခွဲခြားထားတယ်။ စိတ်သည် အရာအားလုံး၏ ရှေ့ဆောင်ဖြစ်သည်မနောပုဗ္ဗင်္ဂမာ ဓမ္မာ ဆိုပြီးဗုဒ္ဓက ဟောကြားခဲ့ပါတယ်။ အဓိပ္ပာယ်က မနော: “စိတ်”ပုဗ္ဗင်္ဂမာ: “ရှေ့မှသွားသည်” or “ဦးဆောင်သည်”ဓမ္မာ: “အရာအားလုံး” or “သဘောတရားများ”လို့အဓိပ္ပာယ်ရပါတယ်။ “ဓမ္မာ” ဆိုတာနာမ်ခန္ဓာလေးပါးဖြစ်တဲ့ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ကိုဆိုလိုတာဖြစ်ပြီး ဝေဒနာ (Feeling) – ခံစားမှု၊ (ကောင်းသော၊ ဆိုးသော၊ သာမန်) ခံစားမှု။သညာ (Perception) – မှတ်သားမှု၊ အမှတ်အသားပြုမှု။သင်္ခါရ (Mental Formations)
စနစ်တစ်ခုဘယ်လိုအလုပ်လုပ်လဲနားမလည်ဘဲစိတ်အထင်နဲ့ ရှိသမျှအားကုန်ထည့်ရင်ပင်ပန်းပြီး အရာမထင်တာပဲ အဖတ်တင်မယ်။ စာအကြိုးစားဆုံးသူကစာအတော်ဆုံးသူဖြစ်ချင်မှ ဖြစ်မယ်။အလုပ်အကြိုးစားဆုံးသူကအလုပ်အပြီးဆုံးသူဖြစ်ချင်မှ ဖြစ်မယ်။ နားလည်မှုက ပညာပဲ။ဒါကြောင့် ကျွမ်းကျင်တဲ့သူ၊ နေရာဆီကလေ့လာနိုင်မှုက စူပါပါဝါတစ်ခုပဲ။ Phyo Paing @ Derek
အပျော်ရွင်ဆုံးအရာတစ်ခုက ပြဿနာတွေ ဖြေရှင်းတာ။ အထူးသဖြင့်စဥ်းစားသုံးသပ်ပြီးပြဿနာဖြေရှင်းရတဲ့အရသာက ဘာနဲ့မှ လဲလို့မရဘူး။ ပြဿနာဖြေရှင်းဖို့ စဥ်းစားတတ်ဖို့လိုတယ်။ စဥ်းစားနည်းတွေအများကြီးရှိတယ်။ ၁။ ပေါင်းစုတွေးခေါ်မှု (Convergent Thinking) ဥပမာ: သင်္ချာဆရာက သင့်ကို “2+2” ကို တွက်ခိုင်းတဲ့အခါ အဖြေမှန်တစ်ခုတည်းက “4” ဆိုတာ သင်သိပါတယ်။ တခြားအဖြေမှန် မရှိနိုင်ပါဘူး။ ၂။ ကွဲပြားတွေးခေါ်မှု (Divergent Thinking) ဥပမာ: ဒီဇိုင်နာတစ်ယောက်က ခုံအမျိုးအစားအသစ်တစ်ခုကို ဖန်တီးချင်တဲ့အခါ၊ သူတို့က ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ခုံ၊ မျက်နှာကျက်ကနေ ဆွဲထားတဲ့ခုံ၊ ဒါမှမဟုတ် စပီကာပါတဲ့ခုံ စသဖြင့် စိတ်ကူးအမျိုးမျိုးကို ထုတ်နိုင်ပါတယ်။ ၃။ ဝေဖန်ပိုင်းခြားတွေးခေါ်မှု (Critical Thinking) ဥပမာ: သတင်းဆောင်းပါးတစ်ခုမှာ အစားအသောက်အသစ်တစ်ခုက တစ်ပတ်အတွင်း ပေါင် ၁၀ ပေါင်ကျစေတယ်လို့
ဘဝမှာ ပြဿနာတွေအဖြေရှာဖို့
စဥ်းစားနည်းသိဖို့လိုတယ်။ Read More »