Dr. Phyo Paing

https://yec.company

လူနဲ့ တိရိစ္ဆာန်ကွာခြားစေတာ “ဥာဏ်”။

နိဗ္ဗာန်ရောက်ဖို့ “ဥာဏ်”လိုတယ်။ စာမေးပွဲအောင်ဖို့လဲ “ဥာဏ်”လိုတယ်။ဘဝပြဿနာအဖြေရှာဖို့လဲ “ဥာဏ်”လိုတယ်။ လူတိုင်းမှာ “ဥာဏ်”တော့ရှိပြီဒီ “ဥာဏ်” ကောင်းဖို့ပွားဖို့လိုတယ်။တရားမှာတော့ “ဘာဝနာ” ဆိုတာ ပွားများတာ။ ဒီလို ပွားများနိုင်ဖို့ “ကမ္မဋ္ဌာန်း” လိုတယ်။ကမ္မဋ္ဌာန်းဆိုတာ စိတ်အာရုံစူးစိုက်နိုင်တာ။ အာရုံစူးစိုက်နိုင်ဖို့ သမထ လို့ခေါ်တဲ့ငြိမ်သက်ခြင်းလိုတယ်။ ဒါတွေရှိပြီး ဖြစ်ပျက်မှုသဘောတရားကိုပညာမျက်စိနဲ့ အထူးသိမြင်တာကိုဝိပဿနာ လို့ခေါ်တယ်။ ဘဝမှာ “ဥာဏ်” ကောင်းဖို့တည်ငြိမ်ဖို့လိုတယ်။စိတ်အာရုံစူးစိတ်နိုင်ဖို့လိုတယ်။ဥာဏ်ပိုကောင်းအောင် နေ့စဥ်ပွားများဖို့လိုတယ်။ကိုယ့်အထင်အမြင်နဲ့ဘဲမဟုတ်ပညာမျက်စိနဲ့ သိမြင်နိုင်ဖို့လိုတယ်။ နေ့စဥ်ဘဝမှာလဲ ပညာမျက်စိနဲ့မသိတဲ့အခါ“အတွေးအခေါ်တွေ ဘေးချော်တတ်တယ်။”အတွေးအခေါ်ဘေးချော်ရင်အရေးပေါ်ပြင်ဖို့လိုတယ်။ ကျွန်တော်စဥ်းစားမိတဲ့ဘဝနေထိုင်ရေး အတွေးအခေါ်တချို့ကတော့၁။ နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေနဲ့။၂။ အရေးမပါတာကို အရာမပေးနဲ့။၃။ နေ့စဥ် တော်၊ ပျော်၊ ပွား၊ ပေးပါ။ ၄။ မပြိုင်ဘဲနိုင်အောင်လုပ်ပါ။၅။ မရှာဘဲ လာအောင်လုပ်ပါ။ Phyo Paing @ Derek

လူနဲ့ တိရိစ္ဆာန်ကွာခြားစေတာ “ဥာဏ်”။ Read More »

ကိုယ့်ကိုကိုယ် သိသွားရင်
ကျန်တာ စီမံရလွယ်သွားပြီ။

ဘဝမှာ ငါလုပ်ချင်တာလုပ်ဖို့ သုံးနှစ်လိုသေးတယ်။ ၂၀၀၉ မတ်လတုန်းက သိန်းနီကို ဆေးကျောင်းကလွတ်တဲ့ trip သွားရင်းစဥ်းစားမိတယ်။ စပြီးတဲ့အလုပ် အဆုံးသတ်ဖို့တော့လိုတယ်။ ဘဝမှာ “စိတ်ရှည်မှု”မှာ တန်ဖိုးဖြတ်မရတဲ့ကောင်းကျိုးတွေ အများကြီးရှိတယ်။ ဆေးကျောင်းတက်နေရင်းနဲ့CAT accounting လဲတက်ရင်းတခွား ဘာဝါသနာပါလဲကိုယ့်ကိုကိုယ် ရှာဖွေရင်းကိုယ့်ကိုကိုယ် သိဖို့ဆိုတာ လွယ်မလိုနဲ့ ခက်တယ်။ ကိုယ့်ကိုကိုယ် သိသွားရင်ကျန်တာ စီမံရလွယ်သွားပြီ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် သိသွားရင်
ကျန်တာ စီမံရလွယ်သွားပြီ။
Read More »

မိုးရွာတိုင်းရေခံလို့မရဘူး။

မိုးရွာတုန်းရေခံဖို့ ခံစရာ ပုံးနဲ့ အလားတူပစ္စည်းလိုတယ်။ အခွင့်အလမ်းလာတိုင်းလဲလူတိုင်းက အခွင့်အလမ်းကိုအသုံးချနိုင်တာမဟုတ်ဘူး။ ကြိုတင်ပြင်ဆင်မှုမရှိရင်ထိုင်ကြည့်နေရတဲ့အဖြစ်မျိုးနဲ့ဘဲကြုံနေနိုင်တယ်။ Phyo Paing @ Derek

မိုးရွာတိုင်းရေခံလို့မရဘူး။ Read More »

မရှာဘဲ လာအောင်လုပ်ပါ။

လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့ကဘဝရဲ့ ရည်မှန်းချက်။ မပြိုင်ဘဲ ကိုယ့်အထာနဲ့ကိုယ်နိုင်အောင်လုပ်ဖို့က ဘဝရဲ့ မဟာဗျူဟာ။ ကိုယ်မပါဘဲလည်ပတ်တဲ့လုပ်ငန်းတွေတည်ဆောက်ချင်တာဘဝရဲ့ ဝါသနာ။ အိပ်နေလဲငွေဝင်တဲ့လုပ်ငန်းတည်ဆောက်တာကဒီနေ့ခေတ်ရဲ့ နည်းပညာအရလုပ်ကိုလုပ်သင့်တဲ့ အခွင့်အလမ်း။ ရေရှည်တည်တံ့ဖို့ မရှာဘဲ လာအောင်လုပ်တဲ့အမှတ်တံဆိပ်တည်ဆောက်ခြင်းဆိုတာနေ့စဉ် ရင်းနှီးမြုပ်နှံမှု။ ပထမတစ်ခုအတွက်ကိုယ့်ကိုကိုယ် တိုးတက်ရေးPersonal Development လိုတယ်။ ဒုတိယတစ်ခုအတွက်အသက်မွေးပညာ ကျွမ်းကျင်မှုစဉ်းစားနိုင်စွမ်းProfessional ခံယူချက်လိုတယ်။ တတိယတစ်ခုအတွက်လုပ်ငန်းစီမံနိုင်တဲ့Business Development လိုတယ်။ ခေတ်အခါအရ နည်းပညာအသုံးချနိုင်ဖို့လိုတယ်။Creator တွေ၊ နည်းပညာ tech လိုတယ်။ လိပ်ပြာတွေ ဖမ်းတာထက်လိပ်ပြာတွေလာစေချင်ရင်ဥယျာဉ်ကြီးဖန်တီးတာကပိုယုတ္တိကျတယ်။ဒီလိုလုပ်ဖို့ မရှာဘဲ လာအောင်လုပ်ပါ။ Phyo Paing @ Derek

မရှာဘဲ လာအောင်လုပ်ပါ။ Read More »

ကိုယ့်အတွက် တန်ဖိုးမရှိရင်
ဘဝထဲက ထုတ်ဖို့ ဝန်မလေးပါနဲ့။

တစ်ရက်တစ်ရက် ကိုယ့်ရဲ့ ၂၄ နာရီမှာအာရုံ၊ အင်နာဂျီ၊ အတွေး၊ အကြံ၊ အလုပ်ဒီ “အ” ငါးလုံးကို ဘယ်မှာစုစည်းရမလဲတော်တော် အရေးကြီးတယ်။ အရေးမပါတာကို အရာပေးရင်အရေးမပါတဲ့သူ ဖြစ်လာမယ်။ အရေးပါတာကို အရာပေးမှအရေးပါအရာရောက်တဲ့သူဖြစ်လာမယ်။ ဒါကြောင့် အရေးမပါတာအရာမပေးမိဖို့လိုတယ်။ ကိုယ့်အတွက် တန်ဖိုးမရှိရင်ဘဝထဲက ထုတ်ဖို့ ဝန်မလေးပါနဲ့။ Phyo Paing @ Derek

ကိုယ့်အတွက် တန်ဖိုးမရှိရင်
ဘဝထဲက ထုတ်ဖို့ ဝန်မလေးပါနဲ့။
Read More »

ဒါဟာ ဘဝပါလို့တခါတခါ
ကိုယ့်ကိုကိုယ် တိုးတိုးလေးပြောကြည့်။

ပစ္စုပ္ပန်နဲ့ အဆင်ပြေမှဘဝက နေသာထိုင်သာရှိတာ။ခန္ဓာက ကျန်းမာနေကောင်းကျန်းမာနေမယ်။စိတ်မထားတတ်ရင်ပစ္စုပ္ပန်နဲ့ သဟဇာတမဖြစ်တတ်ဘူး။ စိတ်ကို အတိတ်ကိုသွားအပြစ်တင်နေတာဖြစ်ရင်ဖြစ်မယ်။အနာဂတ်ကိုစဉ်းစားစိုးရိမ်နေတာဖြစ်ရင်ဖြစ်မယ်။ပစ္စုပ္ပန်နဲ့ သဟဇာတဖြစ်ဖို့အသက်ရှူတဲ့နှာသီးဖျားကိုစိတ်လေးပြန်လာသတိလေးနဲ့ အသက်ရှင်နေတာအသိလေးဝင်လာရင်အဆင်ပြေလာလိမ့်မယ်။ သဘာဝအတိုင်း ဖြစ်လာပျက်လာတဲ့ကိုယ့်ထိန်းချုပ်မှုအောက်မရှိတဲ့အရာတွေကိုအလိုမကျ မဖြစ်ပါနဲ့။ဒါဟာ ဘဝပါလို့တခါတခါကိုယ့်ကိုကိုယ် တိုးတိုးလေးပြောကြည့်။ Phyo Paing @ Derek

ဒါဟာ ဘဝပါလို့တခါတခါ
ကိုယ့်ကိုကိုယ် တိုးတိုးလေးပြောကြည့်။
Read More »

ရွေးချယ်မှုတွေမှန်ဖို့လိုတယ်

ရွေးချယ်မှုက ကြိုးစားမှုထက်အရေးပိုကြီးတယ်။အရှေ့အရပ်သွားချင်ပြီးအနောက်အရပ်ကိုပြေးနေရင်ခရီးတွင်မှာ မဟုတ်ဘူး။ နေတဲ့နေရာ၊လုပ်တဲ့အလုပ်၊အပေါင်းအသင်း၊ခေါင်းထဲထည့်တဲ့အတွေး၊ အကြံ၊နေ့စဉ်လုပ်တဲ့အလုပ်ရွေးချယ်မှုတွေမှန်ဖို့လိုတယ်။ Phyo Paing @ Derek

ရွေးချယ်မှုတွေမှန်ဖို့လိုတယ် Read More »

လိုချင်တာရဖို့
ကိုယ်တိုင် ဖန်တီးယူဖို့လိုတာပဲ။

ကိုယ်ဘာတွေလိုချင်တာလဲ။ဘာကြောင့် ဒါတွေကိုလိုချင်သလဲ။လိုချင်တာရဖို့ ဘာတွေလုပ်ရမလဲ။ဘာတွေလုပ်နေတာရပ်ရမလဲ။ဘယ်အရာတွေက အတားအဆီးတွေလဲ။ဒါတွေကို ဘယ်လိုကျော်ဖြတ်မလဲ။ လိုချင်တာရဖို့ ကိုယ်တိုင် ဖန်တီးယူဖို့လိုတာပဲ။ Phyo Paing @ Derek

လိုချင်တာရဖို့
ကိုယ်တိုင် ဖန်တီးယူဖို့လိုတာပဲ။
Read More »

လူတိုင်းမှာရှိတဲ့ အကြီးကျယ်ဆုံး
အင်အားကတော့ “အချိန်” ပဲ။

တစ်နာရီကုန်သွားတိုင်းတစ်နာရီထက် ပိုတာပြန်ရမလား။ လူတိုင်းမှာရှိတဲ့ အကြီးကျယ်ဆုံးအင်အားကတော့ “အချိန်” ပဲ။ ဒီအချိန်ကို ကာယ၊ ဥာဏနဲ့ပေါင်းပြီးဘယ်လိုအသုံးချမလဲဆိုတာ အရေးအကြီးဆုံးပဲ။ အချိန်တစ်နာရီကို အကျိုးမရှိတဲ့အရာတွေနဲ့ အချိန်ကုန်လို့ရတယ်။အချိန် တစ်နာရီကို ကိုယ့်အနာဂတ်အတွက် အသုံးပြုလို့ရမယ်။ဒီတစ်နာရီ ဒီဘဝအတွက်ဖြစ်ရင်ဖြစ်မယ်။ဒီဘဝအတွက်ဆို လောကီ။ သံသရာအတွက်ဖြစ်ရင်ဖြစ်မယ်။ဒါက လောကုတ္တရာ။ ဘယ်လိုပဲဖြစ်ဖြစ် သံသရာမှာလူတွေပိုင်ဆိုင်တာ “အချိန်”။ တချို့ အချိန်ကို မပိုင်ဘူး။ထမင်းစားဖို့။ မိသားစုအရေး။ဒီအချိန်နဲ့ ငွေနဲ့လဲနေရတယ်။ ဒါကိုပြောင်းပြန်လှန်ဖို့ အချိန်ကို အကောင်းဆုံးသုံးနိုင်ဖို့လိုတယ်။ ဒီနေ့အသုံးပြုလိုက်တဲ့အချိန်တိုင်းကအနာဂတ် အချိန်တွေကို ခြွေတာပေးနိုင်ရမယ်။ ဒါကတော့ ကျွန်တော်ခံယူထားတဲ့အချိန်စီမံခန့်ခွဲမှု ဥပဒေသတစ်ခုပဲ။ ဒီနေ့ ကျန်းမာရေးအတွက်အချိန်ပေးတယ်။အိပ်စက်လို့ပိုကောင်းပြီးကျန်းမာအသက်ရှည်တဲ့အတွက် အနာဂတ်အချိန်ပိုထွက်လာမယ်။ နည်းပညာအသစ်တွေကို အသုံးပြုနိုင်တော့အနာဂတ်အချိန်ခြွေတာနိုင်မယ်။ လူတိုင်းက ဘယ်လောက်ချမ်းသာချမ်းသာကိုယ့်အချိန်ကိုယ်မပိုင်ရင်ချမ်းသာမှုအစစ်လို့ သတ်မှတ်လို့မရနိုင်ဘူး။ တစ်နာရီ၊ တစ်ရက်၊ တစ်ပတ်၊ တစ်လ၊ တစ်နှစ်၊ တစ်သက်သာကိုကောင်းကောင်းအသုံးချနိုင်ဖို့လိုတယ်။ နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုနေလို့မရဘူး။အလိုလိုပေါက်တာ မြက်ပင်တွေပိုများတယ်။ပန်းကောင်းပန်းမံအတွက် သေချာစိုက်ပျိုးဖို့လိုတတ်တယ်။ Phyo

လူတိုင်းမှာရှိတဲ့ အကြီးကျယ်ဆုံး
အင်အားကတော့ “အချိန်” ပဲ။
Read More »