Dr. Phyo Paing

https://yec.company

ဘဝရဲ့ ပန်းတိုင်ကတော့ရှင်းတယ်။

အသက်ရှင်တုန်းကိုယ့်ရဲ့ အစွမ်းအစဘယ်လောက်ရှိလဲသေချာ သိသွားချင်တယ်။ ဘဝရဲ့ ပန်းတိုင်ကဒါပဲ။ အစွမ်းအစ ထွက်လာမထွက်လာက“လူတွေ မမှတ်မိလောက်အောင်တိုးတက် မတိုးတက်နဲ့ ကြည့်တယ်။” အင်္ဂလိပ်လို မပြောတတ်ရာကမွတ်နေအောင်။ခန္ဓာကိုယ်ပုံပျက်နေရာကကျန်းမာသန်စွမ်းနေအောင်။ချွတ်ခြုံကျနေရာမှငွေကြေး တိုးတက်နေအောင်။တိုင်ပတ်တဲ့ အချစ်ရေးမှပျော်ရွင်တဲ့ စိတ်အေးချမ်းမှု။ ဒါတွေအားလုံးလုပ်ဖို့ တိုးတက်ရေးအရေးကြီးတယ်။ လူတိုင်းကို အပြောင်းအလဲလုပ်နိုင်ဖို့မလွယ်ဘူး။ ကိုယ့်မိဘ၊ မောင်နှမ၊ သားသမီးတောင်ပြင်ဖို့ သိပ်မလွယ်တာလူတိုင်းပြင်ဖို့ဆိုတာ မလွယ်ဘူး။ဒီတော့ ပြင်ချင်တဲ့သူကိုပဲ ကူညီဖို့ဆုံးဖြတ်တယ်။ တခြားသူတွေက ကိုယ့်ထိန်းချုပ်မှုအောက်မရှိဘူး။ ကိုယ့်ဘဝဘဲ ကိုယ့်ထိန်းချုပ်မှုအောက်ရှိတယ်။ဒါကိုဘဲ အာရုံစိုက်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ဘဝရဲ့ ပန်းတိုင်ကတော့ရှင်းတယ်။ Read More »

ကိုယ့်ကိုကိုယ် နှလုံးသွင်းတယ်။

ပိုက်ဆံများများရှာချင်ရင်မွဲနေတဲ့သူကို ပိုက်ဆံရှာနည်းဆရာတင်လို့မရဘူး။ ခန္ဓာကိုယ်အချိုးအစားကျချင်ရင်ပုံပျက်နေတဲ့သူရဲ့အကြံကို ယူလို့ မရဘူး။ အချစ်ရေးတိုင်ပတ်နေတဲ့သူဆီကအချစ်ရေးအကြံယူလို့အကောင်းဆုံးအကြံရမှာမဟုတ်ဘူး။ ဘဝမှာ ဘယ်အချိန်ဘယ်သူ့ဆီကသတင်းအချက်အလက်အတွေးအခေါ်ရယူရမယ်ဆိုတာ အရေးကြီးတယ်လို့ ကိုယ့်ကိုကိုယ် နှလုံးသွင်းတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် နှလုံးသွင်းတယ်။ Read More »

ဖြစ်ချင်တာထက်
ဖြစ်လာတာပိုအရေးကြီးတယ်။

ဖြစ်ချင်တာထက် ဖြစ်လာတာပိုအရေးကြီးတယ်။ လူတိုင်းက ဘာဖြစ်ချင်တယ်။ဘာရချင်တယ်။ဆန္ဒတွေ ရှိကြမယ်။ ဆန္ဒရှိတိုင်းဖြစ်လာမယ်ဆိုရင်လူတိုင်း ကြိုးစားကြံဆစရာတောင်လိုမှာ မဟုတ်ဘူး။ ဖြစ်ချင်တာတွေကို ၁၀% အချိန်ပေးပြီးရင်ဖြစ်လာတာတွေကို ၉၀% အချိန်ပေးဖို့လိုနိုင်တယ်။ နေ့တိုင်းက အသစ်တွေဖြစ်လာနေတယ်။ကောင်းတာရှိတယ်။ သိပ်မကောင်းတာရှိတယ်။ အရေးကြီးတာ ဖြစ်ချင်တာဖြစ်လာဖို့ဖြစ်ချင်တာထက်နေ့စဥ်ဖြစ်လာတာတွေကို ပိုအာရုံစိုက်ပါ။ ဒီနှစ်ခုကို ချိန်ငြိပါ။ အသေးစိတ်ထပ်ရှင်းပြပါရစေ။ အိပ်မက်နဲ့ လက်တွေ့ကျွန်တော်တို့ လူတိုင်းမှာ အိပ်မက်တွေရှိကြပါတယ်။ “ကားလှလှလေး တစ်စီးလိုချင်တယ်”“အိမ်ကြီးကြီးလေး ပိုင်ချင်တယ်”“စီးပွားရေးလုပ်ငန်းကြီး ထူထောင်ချင်တယ်”ဒါပေမယ့် အိပ်မက်ချည်းပဲ မက်နေလို့ မရပါဘူး။ လက်တွေ့မှာ နေ့တိုင်း ဘာတွေဖြစ်နေလဲ၊ ဘယ်လိုကိုင်တွယ်နေလဲက ပိုအရေးကြီးပါတယ်။ ဥပမာ –မနက်အိပ်ယာထ အလုပ်သွား၊ လုပ်ငန်းခွင်မှာ ကြိုးစား၊ ညနေအိမ်ပြန်၊ မိသားစုနဲ့အတူနေ။ဒါတွေက ပုံမှန်ဖြစ်နေတဲ့ အရာတွေပါ။တချို့ရက်တွေ ကောင်းမယ်။ တချို့ရက်တွေ မကောင်းဘူး။ဒါပေမယ့် ဒါတွေကို ကောင်းကောင်းကိုင်တွယ်နိုင်မှ ရည်မှန်းချက်တွေ တဖြည်းဖြည်း ဖြစ်လာမှာပါ။

ဖြစ်ချင်တာထက်
ဖြစ်လာတာပိုအရေးကြီးတယ်။
Read More »

မော်တီဗေးရှင်းက လူပျော့တွေအတွက်။

မော်တီဗေးရှင်းက လူပျော့တွေအတွက်။စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကလူမာတွေအတွက်။ စိတ်ဓာတ် = Mindset စည်းကမ်း = Discipline ပညာ = Knowledge & Wisdom Phyo Paing @ Derek

မော်တီဗေးရှင်းက လူပျော့တွေအတွက်။ Read More »

ဘဝမှာ ရှုံးသွားရင်တောင်
နိုင်နေမည့်အရာတွေ
ရွေးချယ်ဖို့လိုတယ်။

နိုင်သွားရင်တောင် ရှုံးတဲ့အရာနဲ့ ရှုံးသွားရင်တောင် နိုင်တဲ့အရာ။ ဥပမာ အရက်ပြိုင်သောက်တယ်။ နောက်တစ်ခုက စာပြိုင်တယ်။ ၁။ အရက်သောက်ပြိုင်တာ – အရက်သောက်ပြိုင်ပွဲမှာ နိုင်သွားရင်တောင် ကိုယ့်ကျန်းမာရေးကို ထိခိုက်စေတဲ့အတွက် တကယ်တမ်း ရှုံးနေတာပါပဲ။ ၂။ စာပြိုင်တာ – စာပြိုင်ပွဲမှာ ရှုံးသွားရင်တောင် ကိုယ်က ဗဟုသုတ၊ အသိပညာတွေ တိုးလာတဲ့အတွက် တကယ်တမ်း နိုင်နေတာပါပဲ။ ဘဝမှာ ရှုံးသွားရင်တောင်နိုင်နေမည့်အရာတွေရွေးချယ်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ ရှုံးသွားရင်တောင်
နိုင်နေမည့်အရာတွေ
ရွေးချယ်ဖို့လိုတယ်။
Read More »

“ကိုယ်မပျော်တဲ့ ဂိမ်းကို
ရေရှည်မကစားနဲ့။

ဘဝရဲ့ ပေးထားချက်တွေကြားမှာကိုယ်ကြိုက်တဲ့ မေးထားချက်ကို ရွေးချယ်ဖြေလို့ရတယ်။ ကိုယ်ဘယ်ကို ဖြေမလဲဘယ်လိုဖြေမလဲ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။” တစ်ခါတစ်လေ ဘဝကို ဂိမ်းတစ်ခုလို မြင်ကြည့်ကြရအောင်။ဂိမ်းတစ်ခုကို ငယ်ငယ်တုန်းက ကျွန်တော်တို့ ကစားဖူးကြမှာပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းဆိုရင် တစ်ညလုံး အိပ်ရေးပျက်ပြီး ဆော့ချင်တယ်။ မနက်စာ စားဖို့တောင် မေ့နေတက်ကြတယ်မဟုတ်လား။ ဒါပေမယ့် မကြိုက်တဲ့ဂိမ်းဆို ၅မိနစ်တောင် မဆော့ချင်ဘူး။ ပျင်းစရာကြီးလို့ ပြောပြီး ဖယ်ထားလိုက်မယ်။ အဲ့လိုပါပဲ – လူ့ဘဝမှာလည်း ကိုယ်မပျော်တဲ့ အလုပ်တွေ၊ ပတ်ဝန်းကျင်တွေ၊ ဆက်ဆံရေးတွေကို အချိန်ကြာကြာ လုပ်နေမယ်၊ နေနေမယ်ဆိုရင် ကိုယ့်ဘဝ တစ်ခုလုံး ပျော်ရွှင်မှု ကင်းမဲ့သွားနိုင်တယ်။ ဥပမာ – စိတ်မပါတဲ့ အလုပ်ကို နှစ်နဲ့ချီပြီး လုပ်နေတာမျိုး၊ မတည့်တဲ့သူတွေနဲ့ နေ့တိုင်းတွေ့နေရတာမျိုး၊ မကြိုက်တဲ့နေရာမှာ နှစ်အတော်ကြာ နေနေရတာမျိုးပေါ့။

“ကိုယ်မပျော်တဲ့ ဂိမ်းကို
ရေရှည်မကစားနဲ့။
Read More »

ကိုယ်အာရုံစိုက်တဲ့အရာတွေကို
ဂရုပြုပါ။

ကိုယ့်အတွေးကို ပြောင်းရင်ကိုယ့်ခန္ဓာကိုယ် ပုံပန်းသဏ္ဌာန်ကိုလဲပြောင်းလို့ရတယ်။ ပတ်ဝန်းကျင်ကိုလဲပြောင်းလို့ရတယ်။အနာဂတ်ကိုလဲ ပြောင်းလဲလို့ရတယ်။ ဒါကြောင့် ဗုဒ္ဓက ‘စိတ်ဟာ အရာရာရဲ့ ရှေ့ဆောင်ဖြစ်တယ်’ လို့ မိန့်ဆိုခဲ့ပါတယ်။ ဘယ်မှာဆိုမိန့်ခဲ့လဲဆို ဓမ္မပဒရဲ့ ပထမဂါထာကို ပါဠိလိုဆို “မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။တတော နံ ဒုက္ခမန္ဝေတိ၊ စက္ကံဝ ဝဟတော ပဒံ။” မြန်မာလို အဓိပ္ပာယ်က –“စိတ်သည် အရာခပ်သိမ်းတို့၏ ရှေ့သွားဖြစ်၏။စိတ်သည် အရာခပ်သိမ်းတို့၏ အကြီးအမှူးဖြစ်၏။စိတ်ဖြင့်သာ ပြုပြင်အပ်ကုန်၏။ညစ်ညမ်းသော စိတ်ဖြင့် ပြောဆိုလျှင်လည်းကောင်း၊ပြုလုပ်လျှင်လည်းကောင်း၊ထိုသူ၏နောက်သို့ ဆင်းရဲသည် အစဉ်လိုက်၏။နွားလှည်းဘီးသည် နွားခြေခုတ်ရာသို့ လိုက်သကဲ့သို့တည်း။” ဒါကြောင့် ကိုယ့်စိတ်ကိုယ်လွမ်းမိုးတဲ့အတွေးကို သတိပြုပါ။အတွေးကောင်းဖို့ ကိုယ်အာရုံစိုက်တဲ့အရာတွေကိုဂရုပြုပါ။ Phyo Paing @ Derek

ကိုယ်အာရုံစိုက်တဲ့အရာတွေကို
ဂရုပြုပါ။
Read More »

လုပ်ရပ်မမှန်ရင် ရလဒ်မမှန်ဘူး။

ပညာသင်ဖို့သွားပြီးစာတွေပဲ တတ်မလာဖို့လိုတယ်။ပါတာကို ပြန်ဖတ်တတ်တာ စာတတ်တာ။တတ်သိနားလည်သဘောပေါက် အသုံးချတတ်တာပညာတတ်တာ။ အတွေးမှန်ဖို့ ပညာသင်တယ်။ပညာမမှန်ရင် အမြင်မမှန်ဘူး။အမြင်မမှန်ရင် အမှန်မမြင်ဘူး။ အမှန်မမြင်ရင် အမှန်ကိုမတွေးနိုင်ဘူး။အမှန်မတွေးနိုင်ရင် မှန်ကန်သော အကြံအစည်မလုပ်နိုင်ဘူး။မှန်ကန်တဲ့အကြံအစည်မလုပ်နိုင်ရင်လုပ်ရပ်တွေမှန်ဖို့လဲ မလွယ်ဘူး။လုပ်ရပ်မမှန်ရင် ရလဒ်မမှန်ဘူး။ Phyo Paing @ Derek

လုပ်ရပ်မမှန်ရင် ရလဒ်မမှန်ဘူး။ Read More »

မျက်စိမှိတ်လိုက်။

ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းအကောင်းဆုံးအခြေအနေမှာ ရှိနေမည့် အရာတွေကို စိတ်ကူးပုံဖော်ကြည့်။ ကျန်းမာကြံ့ခိုင်မှု၊အသိပညာ၊ အတတ်ပညာ၊ အချစ်ရေးနဲ့ မိသားစုပုံစံ၊ ငွေကြေးကြွယ်ဝမှုနဲ့ လွတ်လပ်မှု၊အတွေ့အကြုံ၊အသိုင်းအဝိုင်း၊ ရှင်သန်ချင်တဲ့ ဘဝနေထိုင်မှုပုံစံကိုယ်လိုချင်တဲ့ ပုံစံမျိုးဆို ဘယ်လိုဖြစ်နေမလဲ။ ဒီလို တဖြည်းဖြည်းဖြစ်လာဖို့ဘာတွေ ပြင်ဆင်နေပြီလဲ။ ဒီနေ့ကို ငြိမ်းချမ်းပျော်ရွှင်စွာအထာကျကျဖြတ်သန်းရင်းအနာဂတ်ကို ရင်ခုန်နေတဲ့ဘဝဖြစ်တာ ကောင်းတဲ့အချက်ပဲ။ Phyo Paing @ Derek

မျက်စိမှိတ်လိုက်။ Read More »