Dr. Phyo Paing

https://yec.company

တန်ဖိုးရှိတဲ့သူဖြစ်အောင်လုပ်။

တန်ဖိုးရှိတဲ့သူဖြစ်အောင်လုပ်။တန်ဖိုးရှိရင် အသုံးဝင်တယ်။အသုံးဝင်တဲ့သူဖြစ်ဖို့လောက အကျိုးပြုဖို့လိုတယ်။ ကိုယ့်အနေနဲ့ လောကအကျိုးဘယ်လိုပြုမလဲ။ Phyo Paing @ Derek

တန်ဖိုးရှိတဲ့သူဖြစ်အောင်လုပ်။ Read More »

လောကီပြဿနာရဲ့အဖြေက
သိပ္ပံပညာမှာရှိတယ်။

သိပ္ပံအသုံးပြုမှုများတဲ့နိုင်ငံကလောကီမှာ တိုးတက်တယ်။ သိပ္ပံအသုံးပြုမှုနည်း နတ်ပူး၊ နဂါးပူးကလောကီမှာ နောက်ကျကျန်တယ်။ မိုးရွာဖို့ သိပ္ပံပညာမသိခင်ကလွန်ဆွဲမိုးခေါ်ကြတယ်။ သိပ္ပံပညာနားလည်တဲ့နိုင်ငံကကြိုက်တဲ့အချိန် cloud seeding နည်းပညာအသုံးပြုပြီးမိုးရွာအောင် လုပ်တယ်။ လောကုတ္တရာအဖြေနဲ့လောကီမေးခွန်းကိုဖြေတဲ့အခါတိုင်ပတ်သွားနိုင်တယ်။ လောကီပြဿနာအဖြေရှာဖို့ဗုဒ္ဓအဆုံးအမကိုလိုက်နာပြီးသိပ္ပံပညာလေ့လာဖို့လိုတယ်။ ဒါကြောင့် ကျောင်းတွေမှာရုပ်ဝတ္ထုတွေအကြောင်း နားလည်ဖို့ ရူပဗဒေ။ဒြပ်ဝတ္ထုတွေအကြောင်း နားလည်ဖို့ဓာတုဗဒေ။သက်ရှိတွေအကြောင်း နားလည်ဖို့ဇီဝဗဒေ။ လက်တွေ့ပြဿနာ တိတိကျကျအဖြေရှာနိုင်ဖို့ သင်္ချာ။ဆက်သွယ်နိုင်ဖို့ ဘာသာစကားကိုသင်ကြားခဲ့ကြတာဖြစ်တယ်။ ဒီနေ့ခေတ်မှာ လူတွေ လုပ်ငန်းတွေ အဖွဲ့အစည်းတွေကိုအုပ်ချုပ်ဖို့ management science အုပ်ချုပ်မှုသိပ္ပံ။နိုင်ငံရေးမှာ political science နိုင်ငံရေးသိပ္ပံ။ အစရှိတာတွေပါ်လာပြီ။ သိပ္ပံဆိုတာ ဥုံဖွပညာမဟုတ်ဘူး။ထပ်ခါထပ်ခါ သက်သေပြလို့ရတယ်။ ဥုံဖွလုပ်ပြီး မိုးပေါ်ပျံလို့မရဘူး။သိပ္ပံပညာသုံးရင် လူတွေကို မိုးပေါ်ပျံခိုင်းပြီးတစ်နေရာက တစ်နေရာပို့လို့ရတယ်။ လောကီပြဿနာရဲ့အဖြေကသိပ္ပံပညာမှာရှိတယ်။ Phyo Paing @ Derek

လောကီပြဿနာရဲ့အဖြေက
သိပ္ပံပညာမှာရှိတယ်။
Read More »

Life-long learning အရေးကြီးတယ်။

သင်ယူမှုဆိုတာ တမင်တကာ လေ့ကျင့်ရတယ်။ အမြင်သာဆုံးက ထိုင်းမှာနေလဲ အလိုအလျောက်ထိုင်းစကားမတတ်သွားဘူး။ ဘာကြောင့်လဲဆိုတော့ သင်ယူမှုပြုလုပ်တဲ့အခါဦးနှောက်က စနစ် ၂System II ကို အသုံးပြုတယ်။ ဒါက Thinking Fast and Slow ကိုရေးသားခဲ့တဲ့ Daniel Kahneman ရဲ့သီအိုရီနဲ့ ကြည့်တာ။ လူတွေမှာ အလိုအလျောက်စဥ်းစားတဲ့ System I ဆိုတာရှိတယ်။ဆရာကြီးဥပမာပေးတာကတင်းနစ်ရိုက်တဲ့ Bat ဘတ်တံ နဲ့ Ball ဘောလုံးနှစ်ခုပေါင်းရင် $1.1 ကျတယ်။Bat ဘတ်တံက Ball ဘောလုံး ထက်$1 ပိုများတယ်။ ဒါဆို Ball လုံးတစ်လုံးဘယ်လောက်ကျမလဲ။ ပုံမှန်အားဖြင့် အလိုအလျာက် System I နဲ့သွားရင်Bat ဘတ်တံက Ball ဘောလုံးထက် $1 များမှတော့Ball ဘောလုံးက $0.1

Life-long learning အရေးကြီးတယ်။ Read More »

မနောကံ၊ ဝဇီကံ၊ ကာယကံ
ဂရုစိုက်ဖို့ အရေးကြီးတယ်။

ကိုယ့်ဘဝ ကိုယ်ကြုံတွေ့နေရတဲ့ပြဿနာတိုင်းဟာကိုယ်ဖန်တီးထားတာ။ဒါကတော့ ဗုဒ္ဓဆိုဆုံးမခဲ့တဲ့တရားတော်ပဲ။ ကံသဘောတရားကို သီးသန့်ပြောရရင်“ခုဒ္ဒကနိကာယ်” ထဲက “ဓမ္မပဒ” မှာလည်းရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ ဥပမာ ဓမ္မပဒ ပထမဂါထာမှာ “မနောပုဗ္ဗင်္ဂမာ ဓမ္မာ မနောသေဋ္ဌာ မနောမယာ။မနသာ စေ ပဒုဋ္ဌေန ဘာသတိ ဝါ ကရောတိ ဝါ။တတော နံ ဒုက္ခမန္ဝေတိ စက္ကံဝ ဝဟတော ပဒံ။” ဆိုလိုတာက“စိတ်သည် တရားအလုံးစုံတို့၏ရှေ့သွားဖြစ်၏။စိတ်သည် အမြတ်ဆုံးဖြစ်၏။တရားအလုံးစုံတို့သည် စိတ်ဖြင့်ဖန်ဆင်းအပ်ကုန်၏။ညစ်ညူးသော စိတ်ဖြင့်ပြောဆိုပြုမူလျှင်ဝန်များကို သယ်ဆောင်သောနွားကို ဘီးသည် လိုက်သကဲ့သို့ဆင်းရဲသည်ထိုသူနောက်သို့ လိုက်လတ္တံ့။” အတွေးနောက် စကားပါ။စကားနောက် လုပ်ရပ်ပါ။လုပ်ရပ်နောက် ရလဒ်ပါ။ မနောကံ၊ ဝဇီကံ၊ ကာယကံဂရုစိုက်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek drphyopaing

မနောကံ၊ ဝဇီကံ၊ ကာယကံ
ဂရုစိုက်ဖို့ အရေးကြီးတယ်။
Read More »

လောကမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း
မဖြစ်လာတဲ့အခါမှာ

ဒီနှစ်ပိုင်းမှာ ကံကောင်းတဲ့သူတွေကိုလေ့လာကြည့်တယ်။ ဘာကြောင့်လဲဆို ကျွန်တော့်ဘဝမှာ လိုချင်တာမှန်သမျှကကြံရဖန်ရ တော်တော်လုပ်ယူရတယ်။ လိုချင်တာတော့ ဖြစ်လာပါရဲ့တော်တော် ရုန်းကန်ရတယ်။ နောက်ရှာထားတာလဲကိုယ့်အတွက် မဖြစ်တာများတယ်။ ဒီတော့ငါတစ်ခုခုတော့လွဲနေပြီစဥ်းစားမိတယ်။ ကံကောင်းတဲ့သူတချို့ကြည့်တဲ့အခါကားလိုချင်လဲ ကား၊ အိမ်လိုချင်လဲ အိမ်၊ငွေလိုချင်လဲ ငွေ။ရုန်းကန်နေစရာမလိုဘူး။ ဥာဏ်ကောင်းလွန်းလို့လားဆိုလဲမဟုတ်ဘူး။ ဒီတော့ သူတို့ကို အသေးစိတ်လေ့လာကြည့်တယ်။ အဲ့ဒီလူတွေမှာ အပူမများဘူး။အပူဘာကြောင့်မများလဲလေ့လာကြည့်တော့သူတပါးကို အပြစ်တင်စိတ်နည်းတယ်။ ဘယ်လိုသိလဲဆို သူတို့စကားပြောတဲ့လေယူလေသိမ်း၊အဖြစ်အပျက်တွေတုန့်ပြန်ပုံကနေသိတယ်။ ကိုယ်ကအမြဲအလိုမကျတတ်တဲ့သူဆိုတော့အမြဲ အပြစ်တင်တတ်တယ်။ကိုယ့်ဝန်ထမ်း၊ ကိုယ့်မိသားစု၊ကိုယ့်ကိုကိုယ်။ ဒီတော့ ဘဝမှာ တော်တော်လေးကြီးတဲ့အပြုအမူအပြောင်းအလဲတစ်ခုစလုပ်ဖြစ်တယ်။ ဒါကတော့ အကုသိုလ်ကံဖြစ်တဲ့အပြစ်တင်စိတ်ကိုဖျောက်တာပဲ။ အပြစ်တင်တယ်ဆိုတာ အကုသိုလ်တစ်ခုပဲ။ အထူးသဖြင့် ကိုယ့်စိတ်ကိုညစ်ညမ်းစေတယ်။ အကုသိုလ်ဆိုတာ မောဟ၊ လောဘ၊ ဒေါသကလာတယ်။ မောဟဆိုတာ အမှန်ကိုမမြင်တာ။ အရာရာ “ငါ” ဆိုတဲ့အရာပေါ်မူတည်ပြီးဖြစ်နေတာ။ ငါ့သား၊ ငါ့သမီး၊ ငါ့ဥစ်စာ။ငါ့ကိုထိတယ်။ ကိလေသာလိုတာထက်များတာ။ကိုယ်နဲ့ထိုက်တန်တာထက်ပိုရချင်တာလောဘ။ ကိုယ်ဖြစ်စေချင်သလို မဖြစ်တဲ့အခါထွက်တဲ့ ဒေါသ။ ဒါတွေက

လောကမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်း
မဖြစ်လာတဲ့အခါမှာ
Read More »

ဘဝဆိုတာ ကြိုးတန်းပေါ်
လမ်းလျှောက်နေသလိုပါပဲ။

ဘဝမှာက ဒုက္ခတွေသိပ်များတယ်။ဒုက္ခတွေနဲ့ ဘဝကိုနေတတ်အောင်တော်တော်လေ့ကျင့်ယူရတယ်။ သူတပါးအလုပ်လုပ်လဲ ဒုက္ခ။ကိုယ်တိုင်အလုပ်လုပ်လဲ ဒုက္ခ။ လောကမှာ လူဖြစ်နေသမျှဒုက္ခတွေရှိနေမှာပဲ။ အိုမယ်၊ နာမယ်၊ သေမယ်။ဖြစ်မယ်၊ ပျက်မယ်။ ပျက်ပြီးရင် ပြန်ဖြစ်မယ်။ သုခဖြစ်လိုက်၊ ဒုက္ခဖြစ်လိုက်မှာဖြစ်ချင်တဲ့ ဆန္ဒတွေများပြီးဖြစ်မလာတဲ့အခါ ဒုက္ခတွေသိပ်များတယ်။ ဒါကြောင့် တခါတလေဖြစ်ချင်တာနဲ့ ဖြစ်နိုင်တာနဲ့နှစ်ခုကို ချိန်ငြိရတယ်။ ဖြစ်ချင်တာတွေများပြီးဖြစ်နိုင်တာနည်းရင် ဒုက္ခရောက်တယ်။ ဖြစ်နိုင်တာများပြီးမဖြစ်ချင်ရင်လဲ အစွမ်းအစအကုန်မထွက်ပြန်ဘူး။ ဘဝဆိုတာ ကြိုးတန်းပေါ်လမ်းလျှောက်နေသလိုပါပဲ။ သုခနဲ့ပဲ ချစ်ကျွမ်းဝင်လို့မရဘူး။ဒုက္ခတွေနဲ့လဲ မိတ်ဆွေဖွဲ့ဖို့လိုတယ်။ ဘဝရဲ့သရုပ်လက္ခဏာကဒုက်ခပဲ။ စိတ်တော်တော်ထားတတ်ဖို့လိုတယ်။ ကိုယ်လိုချင်တာမရရင်ပိုကောင်းတာရလိမ့်မယ်လို့ပဲနှလုံးသွင်းလိုက်တယ်။ အရာရာပိုကောင်းဖို့ဖြစ်လာတာပါလို့ပဲအကျွမ်းမဲ့ယုံကြည်ထားလိုက်တယ်။ Phyo Paing @ Derek

ဘဝဆိုတာ ကြိုးတန်းပေါ်
လမ်းလျှောက်နေသလိုပါပဲ။
Read More »

Life-long learning လိုတယ်။

တန်ဖိုးရှိတဲ့သူဖြစ်ဖို့ပညာတတ်ဖို့လိုတယ်။ ကောင်းရုံနဲ့မရဘူး။တော်ဖို့လိုတယ်။ စိတ်ရင်းစေတနာကောင်းတာကူညီတတ်တာ လူကောင်း။ လိုချင်တာရအောင်ယူနိုင်တာလူတော်။ လိုချင်တာကို မတရားနည်းနဲ့ယူတာကလူယုတ်မာ။ ဘဝဆိုတာ ဒုက္ခဖြစ်တဲ့အတွက်အသက်ရှင်နေသမျှ ဒုက္ခဆိုတာရှိမှာပဲ။အလင်းရှိသလို အမှောင်ရှိတယ်။အကောင်းရှိသလို အဆိုးရှိတယ်။သုခရှိသလို ဒုက္ခရှိတယ်။ လိုချင်တာမရတာက ဒုက္ခ။ရထားတာမလိုချင်တာလဲ ဒုက္ခ။မလိုချင်ဘဲရတာကလဲ ဒုက္ခ။ လောကုတ္တရာကိုသွားရင်“ချင်တာ” ဆန္ဒတွေကိုဖျောက်လို့ရတယ်။လောကီမှာက အသက်ရှင်ရအုံးမှာ။ နေဖို့၊ စားဖို့၊ သွားဖို့၊ လာဖို့၊ သုံးဖို့“ချင်တာ” တွေရှိနေအုံးမှာ။ လိုချင်တာရဖို့ တော်ဖို့လိုတယ်။တော်ဖို့ ပညာတတ်ဖို့လိုတယ်။ အဖျားသက်သာချင်တယ်။ဆေးပညာတတ်က ကုပေးဖို့လိုတယ်။လောကပြဿနာတွေအဖြေရှာချင်တယ်။ဒီပြဿနာတွေ အဖြေရှာဖို့လူသားအဆင့်ဆင့်လက်ဆင့်ကမ်းလာတဲ့ပညာဆိုတာရှိတယ်။ ဒီပညာတတ်ဖို့ ကျောင်းတတ်ဘွဲ့ရရုံနဲ့မပြီးသွားဘူး။ အမြဲသင်ယူသွားဖို့လိုတယ်။ Life-long learning လိုတယ်။ခေတ်ပြောင်း၊ စနစ်ပြောင်းကြားမှာစကေးအဟောင်းနဲ့ဆို ကြာလေဝေးလေဖြစ်လာမယ်။ နေ့စဥ်လေ့လာဖို့ တစ်ရက်ကို ဆယ့်ငါးမိနစ်လောက်တော့အချိန်ပေးဖို့လိုနိုင်တယ်။ Phyo Paing @ Derek

Life-long learning လိုတယ်။ Read More »

“အပြင်မတင်နဲ့ အဖြေရှာ။”
“ပြိုင်မငြင်းနဲ့ မေး။”

လိုချင်တာရအောင်လုပ်ဆောင်နိုင်စွမ်းမရှိတဲ့အခါအငုံ့စိတ်ဆိုတာ ဖြစ်လာတယ်။ အငုံ့စိတ်ဖြစ်လာတဲ့အခါအဖြေရှာဖို့ထက်အပြစ်တင်ဖို့ကို လုပ်ဆောင်တတ်တယ်။ ဒါကို စိတ်ပညာရှင်Alfred Adler ကInferiority Complex လို့ခေါ်တယ်။ငယ်ဘဝမှာ လိုချင်တာကို ပြည့်ပြည့်စုံစုံရခဲ့တာနဲ့ မရခဲ့တာကွာတယ်။ တချို့သူတွေဆို သူတို့ကိုနှိမ်လို့နှိမ်နေမှန်းမသိဘူး။တခြားသူတွေကိုလဲမနှိမ်တတ်ဘူး။ အဲ့လိုလူတွေအများကြီးတွေ့ဖူးတယ်။ တချို့သူတွေက တစ်ခုခုဆို comment မှာwall မှာ တခြားသူတွေကို အပြစ်ပြောတာ နှိမ်နေတာကိုတွေ့လိမ့်မယ်။ ဒါက အငုံ့စိတ်ရဲ့ တုန့်ပြန်မှုပဲ။ ကျွန်တော်လဲ အဲ့လို inferiority complex တော်တော်ဖြစ်ခဲ့ဖူးတယ်။အထူးသဖြင့် ၂၀၁၀ ထိပဲ။ လုပ်ချင်တာမလုပ်ရတဲ့ဘဝ။ကိုယ့်မှာအစွမ်းအစရှိတယ်လို့ယုံကြည်ပြီးတခြားသူတွေ ဖြစ်မြောက်တာတွေ့တော့ဒေါသထွက်။လောကကို အပြစ်တင်မိတာ။သတင်းတွေရဲ့ comment မှာဆိုကိုယ့်ကို အရင်ဆုံးတွေ့လိမ့်မယ်။ နောက်ပိုင်းကျတော့ဒါကို ကောင်းတဲ့အပိုင်းအသုံးချဖို့နည်းလမ်းရှာဖြစ်တယ်။ ဒီ inferiority complex ကို ကောင်းတဲ့ဖက်မှာသုံးဖို့ ဖြစ်ချင်တာဖြစ်ဖို့လောကအမြင်ကို update လုပ်ဖို့စဥ်းစားကြည့်တယ်။ နောက်ပိုင်းမှာ ဒီဥပဒေသနှစ်ခုသုံးတယ်။“အပြင်မတင်နဲ့ အဖြေရှာ။”“ပြိုင်မငြင်းနဲ့ မေး။” Phyo

“အပြင်မတင်နဲ့ အဖြေရှာ။”
“ပြိုင်မငြင်းနဲ့ မေး။”
Read More »

ဥာဏ်နည်းလေ
အဖြေရှာဖို့ထက်
အပြစ်တင်တတ်လေပဲ။

မွဲတယ်ဆိုတာအတိတ်ဘဝ ကံနည်းတာ ပါရင်လဲပါမယ်။အဓိက မွဲစေတာကဥာဏ်နည်းတာ။ ဥာဏ်နည်းရင် ပြလဲမမြင်ဘူး။ဥာဏ်နည်းအောင်စာမဖတ်ခိုင်းနဲ့။ပညာမတတ်တာကို ဘွဲ့ပေး။ဘွဲ့ရပညာမတတ်ကဘွဲ့မရတာထက် ပိုဆိုးတယ်။ အလကားဘွဲ့ပေးလိုက်တာကိုပညာတတ်တယ်လို့ ထင်သွားတာ။ ပညာမတတ်ရင်မတွေးတတ်ဘူး။မတွေးရင် မမြင်ဘူး။ဒါကြောင့် အတွေးအမြင်လို့ခေါ်တာ။ မတွေးမမြင်တော့ဦးနှောက်နဲ့မဆုံးဖြတ်တတ်ဘူး။မျက်စိနဲ့မြင်တာကိုခံစားပြီးခံစားချက်နဲ့ပဲ ဆုံးဖြတ်တတ်မယ်။ ခံစားချက်နဲ့ဆုံးဖြတ်တော့အဖြေမရှာတတ်ဘူး။ခံစားချက်များလေ ဥာဏ်နည်းလေ။ ဒါကြောင့် ဥာဏ်နည်းလေအဖြေရှာဖို့ထက်အပြစ်တင်တတ်လေပဲ။ ကိုယ့်ကိုကိုယ်ဆုံးမရင်းရေးမိတာ။ Phyo Paing @ Derek

ဥာဏ်နည်းလေ
အဖြေရှာဖို့ထက်
အပြစ်တင်တတ်လေပဲ။
Read More »