Dr. Phyo Paing

https://yec.company

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။

နောက်ဆယ်နှစ် ဘယ်မှာမြင်သလဲ။ တကယ်လို့ ဆယ်နှစ်မစဥ်းစားနိုင်ရင်နောက်ငါးနှစ်ဆိုရင်။ ငါးနှစ်မရခဲ့ရင် နောက်သုံးနှစ်ဆိုရင်။ သုံးနှစ်လောက် မရရင်နောက် လာမည့်နှစ် ၂၀၂၅ ဆိုရင်။ နောက်နှစ်ကို စဥ်းစားလို့မရရင်နောက်လဆို ဘာလုပ်နေမလဲ။ နောက်လ မရရင်နောက်တစ်ပတ်ဆိုရင်။ နောက်တစ်ပတ်စဥ်းစားမရရင်မနက်ဖြန်ဆိုရင်။ လူတွေရဲ့ တစ်ယောက်နဲ့တစ်ယောက်အနာဂတ်ကို မြင်နိုင်စွမ်းမတူဘူး။ကြည့်နိုင်တဲ့ အကွာအဝေးမတူသလိုမြင်တဲ့အနာဂတ်ကို အကောင်အထည်ဖော်နိုင်စွမ်းလဲ မတူကြဘူး။ ပထမအဆင့်က သင်ဖို့။ဒုတိယအဆင့်က မြင်ဖို့။တတိယ အဆင့်က ပြင်ဖို့။ မသင်ရင် မမြင်ဘူး။မမြင်ရင် မပြင်နိုင်ဘူး။ ဘာကြောင့် တတ်သိပညာသင်သလဲ။ အနာဂတ်ကို မြင်နိုင်ဖို့။ ပြင်နိုင်မှ ကြိုတင်ပြင်နိုင်မယ်။ တချို့တွေက ကိုယ့်အနာဂတ်ကိုမြင်နိုင်သလိုပြင်ဆင်နိုင်တယ်။ လိုအပ်ရင် ပြန်လည်ပြုပြင်နိုင်တယ်။ တချို့က ကိုယ့်အနာဂတ်အပြင်ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံအနာဂတ်ကို မြင်နိုင်တယ်။ တချို့က မြင်နိုင်သလို ပြင်လဲ ပြင်နိုင်တယ်။ တချို့က ကိုယ့်အနာဂတ်ပြင်ကမ္ဘာ့ရေးရာအနာဂတ်ကိုပါမြင်နိုင်တယ်။ ပြင်နိုင်တယ်။ ဒီလို မြင်နိုင်၊ ပြင်နိုင်ဖို့ […]

ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။ Read More »

အရေးကြီးသင်ခန်းစာ (၃၅) ချက်

အသက်ကြီးလာတာနဲ့အမျှ ဘဝအပေါ် ပိုပြီးကျေနပ်မှု ရလာပါတယ်။ အကြောင်းကတော့ မိမိရဲ့ မျှော်လင့်ချက်တွေကို မှန်ကန်စွာ သတ်မှတ်တတ်လာလို့ပါ။ မှန်ကန်တဲ့ ရှုထောင့်အမြင်ရှိဖို့ဟာ ပျော်ရွှင်မှု၊ ကောင်းကျိုးချမ်းသာနဲ့ အောင်မြင်မှုဆီ ရောက်ရှိဖို့ ပထမဆုံး ခြေလှမ်းပဲ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အတွင်း လေ့လာမှတ်သားမိတဲ့ အရေးကြီးသင်ခန်းစာ (၃၅) ချက်ကို ဝေမျှပါရစေ။ ဒီသင်ခန်းစာတွေဟာ ဘဝကို ပိုမိုပြည့်စုံအောင်နဲ့ အဓိပ္ပာယ်ရှိအောင် နေထိုင်နိုင်ဖို့ လမ်းညွှန်ပေးမှာ ဖြစ်ပါတယ်။ ၁။ 🧠 စိတ်ဓာတ်ဟာ ကွန်ပျူတာရဲ့ Operating System လိုပါပဲ။ ကောင်းမွန်အောင် ထိန်းသိမ်းပါ။ ၂။ 💪 ခန္ဓာကိုယ်ဟာ Hardware ပါ။ ကျန်းမာကြံ့ခိုင်အောင် ထားပါ။ ၃။ 📲 မိမိစိတ်ထဲ ထည့်သွင်းတဲ့ အရာတွေဟာ Apps

အရေးကြီးသင်ခန်းစာ (၃၅) ချက် Read More »

ကိုယ့်ကိုကိုယ်ချမှတ်ထားတဲ့
ဥပဒေသ တစ်ခု

“အနည်းဆုံး ဆယ်ဆ ထပ်တိုးတက်နိုင်မည့်ပတ်ဝန်းကျင်မှာ ရှင်သန်ပါ။”ဒါကတော့ ကိုယ့်ကိုကိုယ်ချမှတ်ထားတဲ့ဥပဒေသ တစ်ခုဖြစ်တယ်။ တချို့ပတ်ဝန်းကျင် အခြေအနေတွေကမပြုတ်အောင် ထိန်းနေရတဲ့အခြေအနေဖြစ်မယ်။ သန်တုန်း၊ မြန်တုန်းမှာ အသေဝုန်းဖို့ အသက် ၅၀၊ ၆၀ မတိုင်ခင်တော့ ထိန်းခြင်း defense ထက်စွန့်စားခြင်း၊ စမ်းသပ်ခြင်း ၁၀ ဆ ထပ်ကြီးနိုင်မည့် ပတ်ဝန်းကျင်နယ်ပယ်မှာ ရှင်သန်ခြင်းကို လုပ်သွားမယ်လို့တော့ စဥ်းစားထားတယ်။ မဟုတ်လဲ တစ်နေ့ အကုန်သေမှာပဲ။ကိုယ့်ထက်အရင် လောကထဲကထွက်သွားတဲ့ သူငယ်ချင်းမိတ်ဆွေတွေတောင်မနည်းတော့ဘူး။ တချိန် ကိုယ်လဲ ဒီလမ်းသွားရမှာပဲ။ မသွားခင် ဘဝဂိမ်းမှာ ကိုယ်တန်ဖိုးထားတဲ့ အလုပ်၊မြတ်နိုးတို့အရာတွေ၊ သိချင်တဲ့ အဖြေတွေကို ထုတ်ဖို့အချိန်ကို အကောင်းဆုံးအသုံးပြုသင့်တယ်လို့ထင်တယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ်ချမှတ်ထားတဲ့
ဥပဒေသ တစ်ခု
Read More »

ဘဝက တိုတိုလေးပဲ။
အရေးပါတာကို အရာပေးဖို့လိုတယ်။

လျှို့ဝှက်ချက်တစ်ခုပြောပြမယ်။အားလုံးသိပြီးတဲ့ ၂၀/၈၀ သီအိုရီဆိုတာရှိတယ်။ အရေးကြီးတဲ့ ၂၀ ရာခိုင်နှုန်းလုပ်တာ၈၀ ရာခိုင်နှုန်းရလဒ်ရစေတယ်။ ကျွန်တော်ဘဝမှာ အသုံးချပုံကိုနည်းနည်းပြောပြပေးမယ်။ ကျွန်တော့် စွမ်းအင်တွေ ၁၀၀ ရာခိုင်နှုန်းရှိရင်၂၀ ရာခိုင်နှုန်းစီကို အလုပ် ငါးခုမှာပေးထားတယ်။ ဥပမာ -လေ့လာ၊ စမ်းသပ်၊ စာရေး၊ စာအုပ်ထုတ်၊ဗီဒီယို ဖန်တီးတာက ၂၀%-စီးပွားရေးအကြံပေးတာက ၂၀%-သင်ကြားမှုအပိုင်းက ၂၀%-နည်းပညာထုတ်ကုန်တွေဖန်တီးတာက ၂၀%-လုပ်ငန်းသစ်တွေစတာ၊ ရင်းနှီးမြုပ်နှံမှုပြုလုပ်ဒါရိုက်တာလုပ် သွားမည့်လမ်းကြောင်းပြတာ ၂၀% ဘဝမှာ ၂၀/၈၀ နည်းကို တစ်ခုတည်းမသုံးဘဲခြင်းတောင်းတစ်ခုထဲမှာ ကြက်ဥအကုန်မထားတော့ဘဲဖြန့်ကျက်မဟာဗျူဟာကို ထားထားတယ်။ ဒါကြောင့် စာရေးဆရာလား၊ဖန်တီးသူလား၊ အကြံပေးလား၊သင်ကြားရေးဆရာလား၊စွန့်ဦးတီထွင်လုပ်ငန်းရှင်လား၊ရင်းနှီးမြုပ်နှံမှုပြုလုပ်သူလား၊ဒီဂျစ်တယ်နိုမက်လားဆရာဖြိုးပိုင်က ဘာလဲ။ ဒီမေးခွန်းမေးတဲ့အခါဟုတ်တယ်။ အချိန်ရဲ့ ၂၀% ကို ပေးပြီးရလဒ်ရဲ့ ၈၀% ကိုပဲယူဖို့မှန်းထားတယ်။ ဒါတွေအားလုံးပေါင်းစပ်မှုရဲ့collective upside က တစ်ခုတည်းကို ၁၀၀% အားထည့်တာထက်ပိုနိုင်မယ်လို့ မြင်တယ်။အထူးသဖြင့် ကျွန်တော်တို့ ရှင်သန်တဲ့ပတ်ဝန်းကျင်မှာပေါ့။

ဘဝက တိုတိုလေးပဲ။
အရေးပါတာကို အရာပေးဖို့လိုတယ်။
Read More »

ကိုယ့်ဘဝ ကိုယ်နဲ့အဓိကဆိုင်တယ်။

ဒီခံယူချက်ထားမှပဲကိုယ့်ဘဝကိုယ် တာဝန်ယူနိုင်မယ်။ ကမ္ဘာပေါ်မှာ လူပေါင်းသန်း ၈ ထောင်ကျော်မှာ ကိုယ်တစ်ယောက်တည်းဒုက္ခရောက်နေတာမဟုတ်ဘူး။ ဘဝဒုက္ခတွင်းထဲက ထွက်ချင်ရင်ကယ်တင်ရှင်ရှာနေလို့မရဘူး။ ဒါကြောင့် ကိုယ့်အားကိုယ်ကိုးမှပဲရမယ်။ ဘဝမှာ ကြုံတွေ့ရတဲ့ဒုက္ခ အထူအပါးကပေးထားတဲ့ အခြေအနေကို “နားလည် သဘောပေါက်မှု”နဲ့ ဆိုင်တယ်။ ယုံကြည်မှုတစ်ခုတည်းနဲ့ လုပ်လို့မရတာမျိုးဖြစ်တတ်တယ်။ ၁၀ ထပ်တိုက်ပေါ်က ခုန်ချမယ်။ဘာမှ မဖြစ်ဘူးလို့ ယုံကြည်တယ်။ခုန်ချ သေမှာပဲ။ သဘာဝတရားကို သေချာနားလည်သဘောပေါက်ဖို့လိုတယ်။ ဒါကို ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးမှာလဲသမ္မာဒိဋ္ဌိ  မှန်သော အယူအမြင်ရှိရမယ်လို့ဟောကြားခဲ့တယ်။ လောကသဘာဝ နိယာမတွေသိအောင်ရူပဗေဒ physics ကိုသင်ကြားလေ့လာခဲ့တယ်။မတူညီတဲ့ ဒြပ်စင်တွေ ဓာတ်ပြုတာသိဖို့ဓာတုဗေဒ chemistry ကို လေ့လာတယ်။ လူသဘောမနော လူ့အကြောင်းနားလည်ဖို့စိတ်ပညာ psychology လေ့လာတယ်။ ပြဿနာပုစ္ဆာတွေ အဖြေရှာတတ်ဖို့ သင်္ချာ maths လေ့လာတယ်။ လူတိုင်းဘဝမှာ မွေးကတည်းကပေးထားချက်ရှိတယ်။ဘဝရဲ့ အခြေအနေကြောင့် ပေါ်ပေါက်လာတဲ့မေးထားချက်တွေရှိတယ်။

ကိုယ့်ဘဝ ကိုယ်နဲ့အဓိကဆိုင်တယ်။ Read More »

တိုးတက်ရေး အဆောင်
“စ ၇ လုံး”

တိုးတက်ရေး အဆောင် “စ ၇ လုံး” ၁။ စိတ်ဓာတ် (Growth Mindset ပျိုးထောင်ခြင်း) ❌ရှောင်ရန်: “ငါမလုပ်တတ်ဘူး” ဆိုတဲ့ fixed mindsetကိုယ့်ရဲ့အားနည်းချက်တွေကို ဆင်ခြေပေးခြင်းအရှုံးပေးလွယ်တဲ့ စိတ်ဓာတ် ✅လုပ်ဆောင်ရန်: “ယခုမတတ်သေးသော်လည်း လေ့လာနိုင်တယ်” ခံယူချက်စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် ရှုမြင်ခြင်းမှားယွင်းမှုများမှ သင်ခန်းစာယူခြင်းတစ်နေ့ထက်တစ်နေ့ တိုးတက်အောင် ကြိုးစားခြင်း ၂။ စဉ်းစား (ပြဿနာဖြေရှင်းခြင်းကို ဦးစားပေးသော တွေးခေါ်မှု)ရှောင်ရန်: ❌ပြဿနာတွေ့လျှင် ညည်းတွားခြင်းအပြစ်တင်ရှာဖွေခြင်းမဖြစ်နိုင်ကြောင်း အကြောင်းပြချက်ရှာခြင်း ✅လုပ်ဆောင်ရန်: ပြဿနာကို သေချာခွဲခြမ်းစိတ်ဖြာခြင်းဖြစ်နိုင်ချေရှိသော ဖြေရှင်းနည်းများ စုဆောင်းခြင်းအကောင်းဆုံးနည်းလမ်းရွေးချယ်ခြင်းလက်တွေ့စမ်းသပ်ခြင်းနှင့် ရလဒ်များကို လေ့လာခြင်း ၃။ စုစည်း (ကြိုတင်စီမံခန့်ခွဲခြင်း) ❌ရှောင်ရန်: ရောက်မှပြေးလုပ်သော အလုပ်ပုံစံစနစ်တကျ မသိမ်းဆည်းခြင်းအရေးကြီး/မကြီး မခွဲခြားခြင်း ✅လုပ်ဆောင်ရန်: ကြိုတင်အစီအစဉ်ရေးဆွဲခြင်းဦးစားပေးအဆင့်သတ်မှတ်ခြင်းအချိန်ကို စနစ်တကျ စီမံခန့်ခွဲခြင်းလုပ်ငန်းများကို ခွဲခြမ်းစိတ်ဖြာ၍ အပိုင်းလိုက်စီစဉ်ခြင်း

တိုးတက်ရေး အဆောင်
“စ ၇ လုံး”
Read More »

ကိုယ့်ကိုကိုယ်ပြင်ပေးဖို့ကြိုးစား။

တခါတလေ အရာရာကိုစိတ်ကုန်လာလို့ကိုယ့်ကိုကိုယ်ဘဲ အာရုံစိုက်ရင်းနှီးမြုပ်နှံမှုလုပ်လိုက်တယ်။ ကိုယ့်အတွေး၊ကိုယ့်အကြံ၊ကိုယ့်အလုပ်တွေပိုကောင်းမှတခြားသူတွေကိုလဲ ကူညီပေးနိုင်မယ်။ ပညာရေး၊ သင်ယူခြင်း၊ သင်ကြားခြင်း၊နည်းပညာ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊စီးပွားရေး၊ စိတ်ပညာ၊ မားကတ်တင်း၊အတွေးအခေါ်ပညာ ဒီနယ်ပယ်တွေစိတ်ဝင်စားတယ်။ နေ့စဥ်လဲ ပိုနားလည်သဘောပေါက်အောင်အချိန်ပေး စွမ်းအားတွေပေးလေ့လာနေမိတယ်။ လောကမှာ စိတ်ညစ်ချင်ရင်တခြားသူတွေကိုပြင်ပေးဖို့ ကြိုးစား။ ပိုကောင်းတဲ့ ကိုယ်ဖြစ်ချင်ရင်ကိုယ့်ကိုကိုယ်ပြင်ပေးဖို့ ကြိုးစား။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ်ပြင်ပေးဖို့ကြိုးစား။ Read More »

“နေ့စဉ် သင်ယူမှုကို မရပ်လိုက်နဲ့”။

လုံးဝမဖြစ်ချင်တဲ့အရာဆုတ်ယုတ်နေတဲ့ဘဝ။မနေချင်တဲ့ဘဝက တိုးတက်မှုမရှိတဲ့ ဒုံရင်းဒုံရင်းဘဝ။ တိုးတက်မှုမရှိနေရင်နေ့တိုင်း ဆုတ်ယုတ်နေတယ်လို့ခံစားရတယ်။ အချိန်ဆိုတာ ရပ်မနေဘူး။သိမ်းထားလို့လဲမရဘူး။ပြောင်းယူလို့ဘဲရတယ်။ဖြုန်းတီးလိုက်မလား၊တိုးတက်မှုကိုပြောင်းမလား။ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။ တိုးတက်တဲ့ဘဝက “ကိုယ်” က စတင်တယ်။အသက်ရှင်နေသ၍ကိုယ်နဲ့အတူရှိနေမည့်အရာက“ကိုယ်တိုင်” ဖြစ်တယ်။ ဒါကြောင့် လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲပြီး“အကောင်းဆုံး သင်” ဖြစ်အောင်တည်ဆောက်ဖို့ကိုယ့်မှာ တာဝန်ရှိတယ်။ ကိုယ့်ကိုကိုယ် လျော့မတွက်နဲ့။မကန့်သတ်ထားနဲ့။အတွေးအခေါ် လှောင်အိမ်ထဲမထည့်ထားနဲ့။အားလျော့စေမည့် ငြီးငြူခြင်းကိုဖြစ်နိုင်ရင် မလုပ်ဆောင်နဲ့။ ကိုယ့်ကိုကိုယ် တန်ဖိုးထား။ကိုယ့်ကိုကိုယ် ကာကွယ်။ကိုယ့်ကိုကိုယ် အားပေး။ကိုယ့်ကိုကိုယ် နေ့စဉ်တည်ဆောက်။ ဂုဏ်ယူစေမည့်အလုပ်တွေ နေ့စဉ်လုပ်။တိုးတက်စေမည့်အလုပ်တွေ နေ့စဉ်လုပ်။ နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလို မနေနဲ့။အရေးမပါတာကို အရာမပေးနဲ့။ မပြိုင်ဘဲ နိုင်အောင်လုပ်နိုင်တဲ့ကိုယ့်ရဲ့ စူပါ ပါဝါကိုသိ။ကိုယ့်အားသာချက်ကိုအသုံးချ။ ကြံနိုင်စွမ်း၊ ဖန်နိုင်စွမ်း၊အကောင်အထည်ဖော်နိုင်စွမ်းကိုမြှင့်တင်ပေးနိုင်ဖို့အတွေး၊ အကြံ၊ အလုပ်တိုးတက်ဖို့ယုတ္တိကျကျ တွေး၊ယုတ္တိကျကျ ကြံ၊ယုတ္တိကျကျ လုပ်။ လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့“နေ့စဉ် သင်ယူမှုကို မရပ်လိုက်နဲ့”။ ကိုယ်က အကောင်းဆုံးတွေနဲ့ထိုက်တန်တယ်ဆိုတာ မမေ့လိုက်နဲ့။ Phyo Paing @

“နေ့စဉ် သင်ယူမှုကို မရပ်လိုက်နဲ့”။ Read More »

ပိုတော်ဖို့ ဖြစ်လာတာဖြစ်နိုင်တယ်။

တခြားသူတွေဆီက အရမ်းမမျှော်ကိုးနဲ့ ကြေကွဲရလိမ့်မယ်။ ကိုယ့်ရဲ့ကြံနိုင်စွမ်း၊ဖန်နိုင်စွမ်းနဲ့အားထုတ်နိုင်စွမ်းအပေါ်မျှော်ကိုးတာကပိုတော်ဖို့ ဖြစ်လာတာဖြစ်နိုင်တယ်။ Phyo Paing @ Derek

ပိုတော်ဖို့ ဖြစ်လာတာဖြစ်နိုင်တယ်။ Read More »

စာအုပ်တွေက ဖြတ်လမ်းပဲ။

ငပျင်းတွေက စာဖတ်တယ်။ ငယ်ငယ်စျေးထဲကြီးတော့တချို့လုပ်နေတဲ့အရာတွေထပ်ခါထပ်ခါ လုပ်နေရတာတော်တော်လေးပင်ပန်းတယ်။ ဘဝမှာ နည်းနည်းလုပ်များများရတာကိုဘဲ ကြိုက်တယ်။ ဒီတော့ leverage အသုံးချနိုင်ဖို့လိုတယ်။ငွေကြေး၊ အသိပညာ၊ လူတွေကို ခိုင်းတတ်ဖို့ လူတိုင်းအသုံးချလို့ရတာ အသိပညာ။ စာဖတ်တော့ နည်းသိတယ်။ နည်းသိတော့ မလိုအပ်တဲ့အမှားတွေမလိုတော့ဘူး။အမြင်ကျယ်လာတော့ မလိုအပ်ရင်မငြင်းတော့ဘူး။ ကိုယ်ဖြစ်တဲ့ဘဝ နေ့စဥ်နေထိုင်နိုင်ဖို့လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာလိုတယ်။ စာအုပ်တွေက ဖြတ်လမ်းပဲ။ Phyo Paing @ Derek

စာအုပ်တွေက ဖြတ်လမ်းပဲ။ Read More »