ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။
နောက်ဆယ်နှစ် ဘယ်မှာမြင်သလဲ။ တကယ်လို့ ဆယ်နှစ်မစဥ်းစားနိုင်ရင်နောက်ငါးနှစ်ဆိုရင်။ ငါးနှစ်မရခဲ့ရင် နောက်သုံးနှစ်ဆိုရင်။ သုံးနှစ်လောက် မရရင်နောက် လာမည့်နှစ် ၂၀၂၅ ဆိုရင်။ နောက်နှစ်ကို စဥ်းစားလို့မရရင်နောက်လဆို ဘာလုပ်နေမလဲ။ နောက်လ မရရင်နောက်တစ်ပတ်ဆိုရင်။ နောက်တစ်ပတ်စဥ်းစားမရရင်မနက်ဖြန်ဆိုရင်။ လူတွေရဲ့ တစ်ယောက်နဲ့တစ်ယောက်အနာဂတ်ကို မြင်နိုင်စွမ်းမတူဘူး။ကြည့်နိုင်တဲ့ အကွာအဝေးမတူသလိုမြင်တဲ့အနာဂတ်ကို အကောင်အထည်ဖော်နိုင်စွမ်းလဲ မတူကြဘူး။ ပထမအဆင့်က သင်ဖို့။ဒုတိယအဆင့်က မြင်ဖို့။တတိယ အဆင့်က ပြင်ဖို့။ မသင်ရင် မမြင်ဘူး။မမြင်ရင် မပြင်နိုင်ဘူး။ ဘာကြောင့် တတ်သိပညာသင်သလဲ။ အနာဂတ်ကို မြင်နိုင်ဖို့။ ပြင်နိုင်မှ ကြိုတင်ပြင်နိုင်မယ်။ တချို့တွေက ကိုယ့်အနာဂတ်ကိုမြင်နိုင်သလိုပြင်ဆင်နိုင်တယ်။ လိုအပ်ရင် ပြန်လည်ပြုပြင်နိုင်တယ်။ တချို့က ကိုယ့်အနာဂတ်အပြင်ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံအနာဂတ်ကို မြင်နိုင်တယ်။ တချို့က မြင်နိုင်သလို ပြင်လဲ ပြင်နိုင်တယ်။ တချို့က ကိုယ့်အနာဂတ်ပြင်ကမ္ဘာ့ရေးရာအနာဂတ်ကိုပါမြင်နိုင်တယ်။ ပြင်နိုင်တယ်။ ဒီလို မြင်နိုင်၊ ပြင်နိုင်ဖို့ […]
ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။ Read More »
