Dr. Phyo Paing

https://yec.company

ပိုက်ဆံဘာလို့ရှာလဲ။
ကိုယ်လုပ်ချင်တာလုပ်ဖို့။

ကိုယ်လုပ်ချင်တာလုပ်ပြီးပိုက်ဆံမရှာဘဲလာအောင်လုပ်လို့မရဘူးလား။ တခါတလေ တစ်ခုကို အကောင်အထည်ဖော်ပြီးကျန်တာတွေလုပ်စရာမလိုတော့တာမဟာဗျူဟာပဲ။ ပြိုင်ဖက်တွေထက်သာအောင်ဘာလုပ်ရမလဲ။ဒီမေးခွန်းအစားပြိုင်စရာမလိုတော့ဘဲနိုင်အောင် ဘယ်လိုလုပ်ရမလဲ။ ဒီမေးခွန်းက လိုချင်တာလဲရမယ်။မလိုချင်တာကိုလဲ ရှောင်ရှားနိုင်မယ်။ မဟာဗျူဟာမြောက်စဉ်းစားဖို့မြင်ကွင်းကျယ်ကျယ်ထားဖို့လိုတယ်။ မေးခွန်းကောင်းမေးတတ်ဖို့လိုတယ်။ Phyo Paing @ Derek

ပိုက်ဆံဘာလို့ရှာလဲ။
ကိုယ်လုပ်ချင်တာလုပ်ဖို့။
Read More »

antifragility လို့ခေါ်တယ်။

လိုချင်တာကို လွယ်လွယ်မရတဲ့ငယ်ဘဝကို ပိုင်ဆိုင်တာ ကောင်းတဲ့အချက်ပဲ။ လိုချင်တာ လွယ်လွယ်မရတဲ့အခါလိုချင်တာ ရဖို့ “ကြံတတ်၊ ဖန်တတ်” လာတယ်။ ဒီနေ့ခေတ်ကလေးတွေကခြေမွေးမီးမလောင် လက်မွေးမီးမလောင်လိုချင်တာ အကုန်အလွယ်တကူရခြင်းကအကောင်းဆုံးပြုစုပျိုးထောင်မှုမဟုတ်ဘူးလို့ထင်တယ်။ အန္တရာယ်ရေးရာပိုင်းလေ့လာတဲ့ ဆရာကြီးNassim Nicholas Taleb နဆင်းနီကိုးလပ်တဲလက်ကဥပမာ သုံးခုနဲ့ပြတယ်။ ဖိအားရှိတဲ့အခါ ကွဲတဲ့ပစ္စည်း။ ဥပမာ ဝိုင်ခွက်ဖိအားကြောင့် ဘာမှမဖြစ်တဲ့ပစ္စည်း။ ဥပမာ ရာဘာဘောဖိအားကြောင့် ပိုကောင်းလာနိုင်တဲ့အရာ။ ဥပမာ ကြွက်သား စနစ်တွေရဲ့ ပုံစံက မတူကြဘူး။ လူဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ဖွဲ့စည်းထားတဲ့ စနစ်တစ်ခုပဲ။လုပ်ငန်းဆိုတာ မတူညီတဲ့လုပ်ငန်းဆောင်တာနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ ဒီအဖွဲ့အစည်းတွေက အခက်အခဲအပြင်ကလာတဲ့ ပြဿနာတွေကို ကောင်းမွန်စွာတုန့်ပြန်နိုင်တဲ့အခါ“ကိုယ့်ကို မသေစေတဲ့အရာတွေကပိုသန်မာလာစေတယ်တဲ့။” ဒီ အိုင်ဒီယာကို antifragility လို့ခေါ်တယ်။ Fragile ဖြစ်တယ်ဆိုတာ ကျိုးပျက်လွယ်တာ။ အခုလို အသက်အရွယ်မှာ နိုင်ငံရေး၊ စီးပွားရေး ပြဿနာပေါင်းစုံကြုံတွေ့ရခြင်းကို ကျော်လွှားနိုင်ရင်နောက်

antifragility လို့ခေါ်တယ်။ Read More »

ကိုယ့်အနာဂတ်အမြင်ကို
ယုံကြည်ဖို့လိုတယ်။

တခါတလေ ကိုယ့်ထက် ဝင်ငွေအရမ်းပိုကောင်းတဲ့သူတွေနဲ့တွေ့တဲ့အခါ ငါလုပ်နေတာ မှားများမှားနေပြီလားဒီလို စိတ်ဝင်တတ်တယ်။ အထူးသဖြင့်လုပ်ငန်းရှင်တွေ။ အမှန်တော့ ကိုယ့်ရဲ့အနာဂတ်အမြင်ကိုယုံကြည်ပြီးကိုယ်ရွေးချယ်တဲ့အလုပ်ကို ဆက်တိုက်လုပ်သွားရင်ရွေးချယ်မှုလဲမှန်ရင်နောက် ဆယ်နှစ်၊ ဆယ့်ငါးနှစ်ကိုယ်လဲ ဒီထက်မကမတိုးတက်သွားဘူးလို့ မပြောနိုင်ဘူး။ ကိုယ့်အနာဂတ်အမြင်ကိုယုံကြည်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်အနာဂတ်အမြင်ကို
ယုံကြည်ဖို့လိုတယ်။
Read More »

လူတိုင်းမှာ အရင်းအနှီးတွေရှိတယ်။

ရောင်းတာဝယ်တာ တတ်တဲ့သူကအရောင်းအဝယ်နဲ့ ငွေရှာတယ်။လူကြောနပ်လွန်းတဲ့သူကအပေါင်းအသင်းနဲ့ ငွေရှာတယ်။ ချိပ်ဆက်တတ်သူက ပွဲစားလုပ် ငွေရှာတယ်။ အသစ်တွေ ဖန်တီးတတ်သူကဖန်တီးမှုနဲ့ ငွေရှာတယ်။ လူတိုင်းမှာ အရင်းအနှီးအတွေရှိတယ်။ ငွေကြေးအရင်းအနှီး။မိတ္တဗလအရင်းအနှီး။ဥာဏ အရင်းအနှီး။ ကိုယ်က ဘယ်အရင်းအနှီးတွေသုံးနေလဲ။ သုံးနေတဲ့ အရင်းအနှီးကို ပိုကြီးအောင်လုပ်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

လူတိုင်းမှာ အရင်းအနှီးတွေရှိတယ်။ Read More »

အချိန်ကိုပဲ မစီမံနဲ့။
စိတ်ကို စီမံ။

အချိန်ကိုပဲ မစီမံနဲ့။ စိတ်ကို စီမံ။ စိတ်ညစ်နေရင် အလုပ်ကောင်းကောင်းလုပ်ဖို့အလွယ်ဘူး။ စိတ်ရှုပ်နေရင်ရှင်းရှင်းလင်းလင်းတွေးတောဖို့မစွမ်းဆောင်နိုင်ဘူး။ စိတ်လေနေရင် အလုပ်စတင်ဖို့ မလွယ်ဘူး။ စိတ်ထောင်းကိုယ်ကျေဆိုတဲ့အတိုင်းစိတ်က အခရကျတယ်။ ဗုဒ္ဓက စိတ်ဆိုတာ “အာရုံကိုသိ” ခြင်းလို့ဆိုတယ်။ စိတ်ဆိုတဲ့ အဖြူထည်လေးမှာ စေတသိက်တွေလွမ်းမိုးခြယ်လည်တယ်။ ကောင်းမွန်တဲ့ စေတသိက်တွေလွမ်းမိုးဖို့အာရုံကို ကောင်းတဲ့နေရာမှာ စိတ်ထားနိုင်ဖို့လိုတယ်။ နေ့စဥ် ပျော်စရာ၊ရင်ခုန်စရာ၊ဂုဏ်ယူစရာ၊ မဖြစ်မနေလုပ်ဆောင်မည့်အရာ၊ကိုယ်နှစ်သက်ပျော်ရွင်တဲ့အလုပ်၊ကျေးဇူးတင်တဲ့အရာ၊ ကိုယ်မေတ္တာထားချစ်ရသူတွေ၊ချစ်ရတဲ့အရာတွေပေါ်အာရုံထားမေတ္တာပွားမျှဝေရင်စိတ်က ကောင်းနေမှာ။ အချိန်ပဲ မစီမံပါနဲ့။ စိတ်ကိုလဲ စီမံပါ။ စိတ်ကို စီမံဖို့အာရုံကို စီမံပါ။ နက်နဲတဲ့အလုပ်တွေလုပ်ဖို့ သမာဓိ အာရုံစူးစိုက်မှုလိုပါတယ်။ Phyo Paing @ Derek

အချိန်ကိုပဲ မစီမံနဲ့။
စိတ်ကို စီမံ။
Read More »

ဒုက္ခနဲ့ မိတ်ဆွေဖွဲ့ကြည့်ပါ။

ဒုက္ခနဲ့ best friend ဖြစ်လာတဲ့အခါ သုခအစားဒုက္ခရဲ့အရသာကလဲမဆိုးဘူးဆိုတာ နားလည်လာမယ်။ လိုချင်ပြီးမရတာ ဒုက္ခ။ရထားပြီးမလိုချင်တာလဲ ဒုက္ခ။ ဖြစ်ချင်ပြီး မဖြစ်တာ ဒုက္ခ။မဖြစ်ချင်ပဲ ဖြစ်တာ ဒုက္ခ။ လိုချင်ပြီး မရတဲ့အခါဖြစ်လာတဲ့  ဒေါသတွေ၊ လောဘတွေ၊ မောဟတွေနဲ့စိုးရိမ်သောက ဗျာပါဒတွေများတယ်။ ဘဝရဲ့ တိုးတက်ရေးဖြစ်စဥ်မှာ ဒုက္ခနဲ့ best friend အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ဖို့လိုတယ်။ လူတိုင်းက ပိုကောင်းတဲ့အနာဂတ်ကို လိုချင်တယ်။ အနာဂတ်ဆိုတာ မဖြစ်လာသေးဘူး။မဖြစ်လာသေးတာကို လိုချင်ပြီး မရသေးတဲ့အတွက်ဒေါသတွေ ဖြစ်နေတာစိတ်အလိုမကျဖြစ်နေတာဒုက္ခကို မကိုင်တွယ်တတ်လို့။ ဒုက္ခဆိုတာ ဘဝမှာ သဘာဝပဲ။ ဒုက္ခနဲ့ နေသားကျလာရင်စိတ်ထားတတ်လာမယ်။ စိတ်ထားတတ်လာရင် ဒုက္ခကို ကိုင်တွယ်ဖို့ အကောင်းဆုံးနည်းလမ်းတွေမြင်လာမယ်။ လုပ်ချင်တာ မလုပ်ရရင်ဒုက္ခ။မလုပ်ချင်တာ လုပ်ရရင်ဒုက္ခ။သွားချင်တဲ့နေရာမသွားရရင် ဒုက္ခ။မသွားချင်တဲ့နေရာ သွားရတာလဲဒုက္ခ။ ဒီဒုက္ခတွေနဲ့ best friend ဖြစ်လာရင်သူ့ကို ကိုင်တွယ်တတ်လာမယ်။ ဒုက္ခကို

ဒုက္ခနဲ့ မိတ်ဆွေဖွဲ့ကြည့်ပါ။ Read More »

လူနှစ်မျိုးခွဲကြည့်လို့ရတယ်။

အချိန်အများစု ခံယူချက်နဲ့ အလုပ်လုပ်တဲ့သူ။နောက်တစ်မျိုးက ခံစားချက်နဲ့ပဲ အသားပေးအလုပ်လုပ်တဲ့သူ။ ရေရှည်တိုးတက်ချင်တယ်ဆို ကိုယ့်အလုပ်ကိုခံယူချက်နဲ့လုပ်ဖို့လိုတယ်။ ခံယူချက်နဲ့အလုပ်လုပ်တဲ့အခါပျင်းရိတာ၊ငြီးငွေ့တာ၊မလုပ်ချင်မကိုင်ချင်ဖြစ်တာ၊ အချိန်ဆွဲတာ၊ ပြဿနာတွေပဲထိုင်ပြောနေတာ၊ဇွဲမရှိတာ၊ မဖြစ်နိုင်တာတွေပဲထိုင်စဥ်းစားနေတာ၊တခြားသူကို အပြစ်တင်ချင်စိတ်ဖြစ်တာဒါတွေနည်းလာမယ်။ ဘဝကို အထာကျကျဖြတ်သန်းဖို့ကခံယူချက်က ခံစားချက်ထက်ကျော်လွန်ဖို့လိုတယ်။ ရတောင့်ရခဲ ခြေလက်အစုံအကြား၊ အမြင်၊ ဥာဏ်၊ငယ်ရွယ်နုပျိုမှု ရရှိထားတဲ့ လူ့ဘဝကို တန်ဖိုးထားခြင်း။အချိန်ကို တန်ဖိုးထားခြင်း။ ကိုယ့်ကိုယ်ကိုယ်လေးစားခြင်း။ ပြဿနာကို အဖြေရှာတတ်ခြင်း။အကောင်အထည်ဖော်မှုသေသပ်ခြင်း။အလုပ်ကြိုးစားခြင်း။ အမြဲမပြတ်သင်ယူမှုရှိခြင်း။ ဘဝရဲ့ ခံယူချက်က ခံစားချက်တွေရဲ့အရင်လာဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

လူနှစ်မျိုးခွဲကြည့်လို့ရတယ်။ Read More »

လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
ဗုဒ္ဓစကားနားထောင်ဖို့လိုတယ်။

ဘာအလုပ်ပဲ လုပ်လုပ်လောကီ၊ လောကုတ္တရာတိုးတက်နေမှ လိုရာခရီးရောက်နိုင်မှာ။ ဒီလိုရာခရီးရောက်ဖို့ ဗုဒ္ဓက မဂ္ဂင်ရှစ်ပါးကို ဟောကြားခဲ့တယ်။ ဒီနေ့ခေတ် စိတ်ပညာ သုတေသနလုပ်ထားတဲ့သိပ္ပံတွေ့ရှိမှုတွေနဲ့လဲ ကွက်တိကိုက်ညီမှုရှိတာကို တွေ့ရပါလိမ့်မယ်။ ၁။ သမ္မာဒိဋ္ဌိမှန်သော အယူအမြင်စတန်းဖို့ပရော်ဖက်ဆာ Stanford Professor ကာရိုးဒရတ် Carol Dweck က စိတ်နေသဘောထား အယူအမြင်သည်အရေးကြီးတယ်။ တိုးတက်နိုင်တယ်လို့ ယုံကြည်တဲ့ Growth Mindset အယူအမြင်သည်ဘဝတိုးတက်အောင်မြင်ရေးနဲ့ဆက်စပ်နေတယ်လို့ လေ့လာတွေ့ရှိခဲ့တယ်။ ၂။ သမ္မာသင်္ကပ္ပ မှန်သော အကြံဘယ်အလုပ်ပဲ လုပ်လုပ် ရည်ရွယ်ချက် why ရှိဖို့လိုတယ်။ဒါက အဓိပ္ပာယ်တစ်ခုပေးတယ်။နာဇီအကျဥ်းစခန်းကလွတ်မြောက်လာတဲ့ကမ္ဘာကျော်စိတ်ပညာရှင်ဖြစ်တဲ့ logotherapy ကို တီထွင်ခဲ့တဲ့Dr. Viktor Frankl ကလဲ ဘဝအဓိပ္ပာယ်ရှာဖို့ သမ္မာသင်္ကပ္ပ အရေးကြီးတယ်လို့ဆိုတယ်။ ၃။ သမ္မာဝါစာ မှန်သော စကားစကားနောက်တရားပါတယ်။ဂါထာလို ကောင်းတဲ့အရာကိုထပ်ခါထပ်ခါ ရွက်ဆိုမှုaffirmation လုပ်ခြင်းက

လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲဖို့
ဗုဒ္ဓစကားနားထောင်ဖို့လိုတယ်။
Read More »

ဒီနေ့ကို အာရုံပြုပါ။

အနာဂတ်ကို ဘယ်လောက်ပဲ စီမံကိန်းချချကိုယ်အစိုးရတာ “ဒီနေ့”ပဲ။ ဒီ “၂၄ နာရီ” က လူတစ်ယောက်ရဲ့အသက်ဆိုလဲ မမှားဘူး။ ဒီနေ့ကို ဘယ်လို အကောင်းဆုံးအသုံးချမလဲ။ ဒီမေးခွန်းက အရေးကြီးတယ်။ ဘာလိုလိုနဲ့ နောက်လေးလဆို ၂၀၂၄ က ကုန်ပြန်ပြီ။ ခေတ်ကာလအပြောင်းအလဲနဲ့အမီလိုက်နိုင်ပြီး ကိုယ်လုပ်တဲ့ နယ်ပယ်မှာ ရှေ့ကပြေးနေဖို့ စဥ်ဆက်မပြတ်လေ့လာမှုလုပ်နေဖို့လိုတယ်။ ကိုယ်စိတ်နဲ့ ခန္ဓာအတွက်ဂရုစိုက်ဖို့လိုသလို ဘဝက ပေးလိုက်တဲ့ သင်ခန်းစာတွေကိုသင်ယူပြီး တွေ့ရှိချက်အသစ်အသိပညာအသစ်တွေနဲ့နေ့စဥ် ရှေ့ဆက်နေရမှာပဲ။ မဖြစ်သေးတဲ့အနာဂတ်ကို စဥ်းစားပြီး နှိုင်းယှဥ်တဲ့အခါရင်မောမယ်။ တခြားသူတွေပြီးလုနီးပါးဖြစ်တဲ့ပန်းချီကားနဲ့ ကိုယ်ခြယ်သနေတဲ့ ပန်းချီကားနဲ့နှိုင်းယှဥ်ရင်ရင်မောမယ်။ အရေးကြီးတာ “ဒီနေ့”ဟာကိုယ်ဂုဏ်ယူတဲ့အရာတွေလုပ်လိုက်တဲ့နေ့။ ကိုယ့်ဒီနေ့နဲ့ အနာဂတ်အတွက်အကောင်းဆုံးအသုံးချလိုက်တဲ့နေ့တစ်နေ့ဖြစ်ဖို့လိုနိုင်တယ်။ ဒီနေ့ကို အာရုံပြုပါ။ Phyo Paing @ Derek

ဒီနေ့ကို အာရုံပြုပါ။ Read More »

မလိုတာ မတိုင်းနဲ့။

အသက် ၂၅ နှစ်ရှိပြီဘာမှ ဖြစ်မလာသေးဘူး။ ဘာကားစီးတယ်။ ဝန်ထမ်းဘယ်နှစ်ယောက်ရှိတယ်။ တိုင်းတာမှ စီမံခန့်ခွဲလို့ရမယ်ဆိုတဲ့What gets measured, gets managed လို့ပီတာဒရက်ကားက ဆိုခဲ့တဲ့အတွက်လုပ်ငန်းတိုင်းက တိုင်းမယ်ဆိုတာကိုလုပ်ကြတယ်။KPI တွေ ချကြတယ်။ ဘဝမှာ တိုင်းရင်းနဲ့ လိုတာတွေ တိုင်းရင် fine ပေမယ့်မလိုတာတွေ တိုင်းရင် ကြာလေမှိုင်းလေ။ ထိုင်းမှိုင်းလာမယ်။စက်ရုပ်လိုဖြစ်ပြီး ဘဝအဓိပ္ပာယ်ပျောက်လာမယ်။ လိုတာတိုင်းတယ်။ နေ့စဥ် ၁၂ နာရီတစ်ခါ၊ည ၈ နာရီတစ်ခါ အရောင်း အခြေအနေ ပို့ခိုင်းတယ်။ တစ်နှစ်ကို ထုတ်ကုန်ဘယ်လောက်ထွက်လဲတိုင်းတယ်။ အောင်မြင်မှုဆိုတာကိုယ့်အတွက် အရေးပါတာတွေကိုဘဝထဲရောက်အောင်လုပ်ပြီးပြီးပြည့်စုံမှုကို ရနိုင်တာပဲ။ မလိုတာ မတိုင်းနဲ့။ Akyanpay ကိုယ်မပါဘဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

မလိုတာ မတိုင်းနဲ့။ Read More »