Dr. Phyo Paing

https://yec.company

ဒီနောက်ပိုင်းဘဝကို မချဲ့တော့ဘူး။
ချုံ့ဖို့ဘဲ စဥ်းစားလာမိတယ်။

ဒီနောက်ပိုင်းဘဝကို မချဲ့တော့ဘူး။ချုံ့ဖို့ဘဲ စဥ်းစားလာမိတယ်။ တစ်ရက်တစ်ရက်အလုပ်တွေ အများကြီးလုပ်တာထက်လုပ်တဲ့အလုပ် အရေအတွက်ကိုနည်းနိုင်သမျှနည်းအောင်လုပ်လာတယ်။ လူအများကြီးနဲ့တွေ့ဖို့ထက်လူနည်းနိုင်သမျှနည်းအောင်နည်းနည်းနဲ့ဘဲတွေ့နိုင်အောင်စီစဥ်မိတယ်။ ကိုယ်ပျော်တဲ့အလုပ်၊တော်တဲ့အလုပ်နဲ့ဘဝကို တန်ဖိုးထားတဲ့လူနည်းနည်းနဲ့ဒီလိုဘဲ ဘဝကို ဖြတ်သန်းရင်းဘဝရဲ့ အနှစ်သာရကိုခံစားမိလာသလိုလိုရှိလာတယ်။ အနာဂတ်မှာကလဲAgentic AI တို့၊ Physical AI တို့လာမယ်ဆိုတော့လူအများကြီးရှိဖို့လဲ လိုချင်မှလိုမယ်။ Phyo Paing @ Derek

ဒီနောက်ပိုင်းဘဝကို မချဲ့တော့ဘူး။
ချုံ့ဖို့ဘဲ စဥ်းစားလာမိတယ်။
Read More »

ကိုယ့်ဘဝ ကိုယ်တာဝန်မယူနိုင်ဘူးဆိုတာ
ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်လို့။

ကိုယ်လိုချင်တာ မရရင်ဘယ်သူ့မှ အပြစ်တင်မနေဘူး။ကိုယ်အသုံးမကျသေးလို့ပဲတိုးတက်ဖို့လိုနေသေးလို့ပဲခံယူတယ်။ ဒါကတော့ ဗုဒ္ဓအဆုံးအမကြောင့်လို့ပြောရင်လဲ မမှားဘူး။ အခြေခံအကျဆုံးဖြစ်တဲ့ အရွယ်ရောက်ပြီးကိုယ့်ဘဝ ကိုယ်တာဝန်မယူနိုင်ဘူးဆိုတာကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်လို့။ ကိုယ်လိုချင်တာမရတာ ကိုယ်အရည်အချင်း မပြည့်မှီသေးလို့။ Phyo Paing @ Derek

ကိုယ့်ဘဝ ကိုယ်တာဝန်မယူနိုင်ဘူးဆိုတာ
ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်လို့။
Read More »

အောက်ကျနောက်ကျမဖြစ်
တိုးတက်နေအောင်လုပ်ဖြစ်တယ်။

ဘဝမှာ အရှက်ဆုံးကအောက်ကျနောက်ကျဖြစ်ရတဲ့ခံစားချက်။ဒါကြောင့် ကိုယ်ထိန်းချုပ်နိုင်တဲ့အရာတွေကိုအောက်ကျနောက်ကျမဖြစ်တိုးတက်နေအောင်လုပ်ဖြစ်တယ်။ကိုယ့်အနီးဆုံးလူတွေပြင်လို့မရရင်တော့ရင်ထားခဲ့ရတာ သဘာဝဖြစ်တတ်တာပဲ။ Phyo Paing @ Derek

အောက်ကျနောက်ကျမဖြစ်
တိုးတက်နေအောင်လုပ်ဖြစ်တယ်။
Read More »

နေ့စဥ် “တော်၊ ပျော်၊ ပွား၊ ပေး”။

တစ်နှစ်ကို ဝင်ငွေ ဒေါ်လာ ၁ သိန်းဒီအထိက ဝင်ငွေတိုးတက်လာလေ ပျော်လေလို့သုတေသနအများစုက တွေ့ရှိထားကြတယ်။ ဒီထက်ကျော်သွားတဲ့အခါများများတိုးတက်သလောက်များများပျော်တာနည်းသွားတယ်။ဒါကို diminishing return လို့ခေါ်တယ်။ ဒါက ဝင်ငွေများတဲ့ high income economy တွေမှာ။ တချို့ social democracy ကျင့်သုံးတဲ့Finland (ဖင်လန်), Denmark (ဒိန်းမတ်), Norway (နော်ဝေ) နှင့် Sweden (ဆွီဒင်) Scandinavian နိုင်ငံတွေကလူနေမှုအဆင့်အတန်း အမြင့်မားဆုံးထဲပါပြီးပျော်ကြတယ်။ မြန်မာနိုင်ငံအတွက်ဆိုရင် အခြေခံစားဝတ်နေရေးအတွက် $250 အလယ်အလတ်ဆို $500 – $1000ပေါပေါများများနေဖို့ဆို $2500တစ်နှစ် $20000 – $30000 လောက်လိုတယ်။ ပျော်ရွင်မှုကို အထူးခံစားဖို့ အမှတ်တွေကမြန်မာအတွက် $30,000ထိုင်းအတွက်ဆို တစ်နှစ်$60,000 USD မလေးအတွက်ဆို $70,000ဂျပန်အတွက်ဆို $100,000 စလုံးအတွက်ဆို

နေ့စဥ် “တော်၊ ပျော်၊ ပွား၊ ပေး”။ Read More »

ဘဝမှာ အရေးအကြီးဆုံးကတော့
စိတ်ချမ်းသာဖို့ပဲ။

ဘဝမှာ အရေးအကြီးဆုံးကစိတ်ချမ်းသာဖို့။ တိုးတက်နေရင် စိတ်ချမ်းသာတယ်။စိတ်ငြိမ်းချမ်းနေရင် စိတ်ချမ်းသာတယ်။ အသစ်တွေ လေ့လာနေရရင်တိုးတက်နေတယ်။သေချာလေ့ကျင့်နေရင်တိုးတက်နေတယ်။စည်းကမ်းရှိရှိနဲ့အတွေး၊ အကြံ၊ အလုပ်အပြုအမူတွေကိုသတိနဲ့ ပြုမူရင် တိုးတက်နေတယ်။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလို မနေနေရင် တိုးတက်နေတယ်။မှန်ကန်တဲ့အချိန်မှန်ကန်တဲ့နေရာမှာမှန်ကန်တဲ့အလုပ်လုပ်နေရင် တိုးတက်တယ်။ ကိုယ့်ကိုကိုယ် နားလည်ရင်စိတ်ချမ်းသာတယ်။လူတွေကို နားလည်ရင်လဲစိတ်ချမ်းသာတယ်။စိတ်ထားတတ်ရင်လဲစိတ်ချမ်းသာတယ်။ ဘဝမှာ အရေးအကြီးဆုံးကတော့စိတ်ချမ်းသာဖို့ပဲ။ Phyo Paing @ Derek

ဘဝမှာ အရေးအကြီးဆုံးကတော့
စိတ်ချမ်းသာဖို့ပဲ။
Read More »

ဘဝကြီးကို မကျေနပ်တာ
အဖြစ်အပျက်တွေကို
လက်မခံနိုင်လို့။

ဘဝကြီးကို မကျေနပ်တာအဖြစ်အပျက်တွေကိုလက်မခံနိုင်လို့။ Spirituality ကဖြစ်ပျက်သမျှကိုလက်ခံနိုင်အောင် acceptance ကိုဖြစ်ပေါ်စေတယ်။ လူတစ်ယောက်ရဲ့လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖြစ်ဖို့အဆင့်တစ်ဆင့်လဲဖြစ်တယ်။ တိုးတက်မှုရဲ့ ပထမအဆင့်ကကိုယ့်ကိုကိုယ်သတိပြုမိဖို့Awareness ကိုသွားတယ်။နောက်တစ်ဆင့်ဖြည်းဖြည်းပြုပြင်ပြောင်းလဲမှုAction လာတယ်။နောက်တစ်ဆင့်ဆိုဆွတ်ခူးမှုတွေ ရဖို့Achievement ကိုသွားတယ်။​ အောင်မြင်မှုဆိုတာ ရလေအိုတစ္ဆေပဲ။ပါဝါအရသာတွေ့တဲ့သူကအာသာမပြေ ပိုရချင်တယ်။ချမ်းသာတဲ့သူက ပိုချမ်းသာချင်တယ်။ ဘဝမှာ လူလာဖြစ်ပြီးလူဖြစ်တဲ့အတွေ့အကြုံအစစ်ကိုမရလိုက်တဲ့သူတွေအများကြီး။ ဘဝမှာ ကိုယ့်ကိုလုပ်တာမကြိုက်တာကိုသူများကို မလုပ်နဲ့။သမ္မာအာဇီဝကျကျ အသက်မွေး။နောက် လောကမှာဖြစ်ချင်တာတွေ မဖြစ်လာတဲ့အခါပိုကောင်းတာရလိမ့်မယ်။ဒီစိတ်ထားလေးထားကြည့်။​သံသရာတစ်ကွေ့ ဒီတစ်နေ့ကိုလက်ခံလာနိုင်လိမ့်မယ်။​ ဘဝမှာ နေရထိုင်ရတာလဲပိုပိုကောင်းလာလိမ့်မယ်။​ Phyo Paing @ Derek

ဘဝကြီးကို မကျေနပ်တာ
အဖြစ်အပျက်တွေကို
လက်မခံနိုင်လို့။
Read More »

ဘဝဆိုတာ DIY ပဲ။

ဗုဒ္ဓအဆုံးအမကို တဖြည်းဖြည်းနဲ့ အကုန်လိုက်နာနိုင်အောင်ကြိုးစားနေတဲ့ လူတစ်ယောက်ဆိုတော့ဘဝမှာ ကိုယ့်ကို ကယ်တင်တဲ့ကယ်တင်ရှင် ရှာလို့မရဘူးလို့ ယူဆထားတယ်။ ဒါကြောင့် အရာရာကို Do-it-yourself ကိုယ်ထူကိုယ်ထဒီဘဝလို့ကြည့်လိုက်တယ်။ ကျန်းမာကြံ့ခိုင်ချင်တယ်။ ထိုင်ဆုတောင်းနေလို့ ဗလတွေ ထွက်မလာဘူး။ အလုပ်၊ စီးပွား၊ ငွေကြေးအတွက်အလုပ်မလုပ်ဘဲထိုင်တွေး manifest လုပ်တိုင်း ချမ်းသာမယ်ဆို လူတိုင်းချမ်းသာပြီးကမ္ဘာဖလားရချင်တဲ့ အသင်းတိုင်းကမ္ဘာ့ဖလားရသွားကြလိမ့်မယ်။ အချစ်ရေး၊ တိုးတက်ရေးအကုန်အလားတူပဲ။ ဘဝဆိုတာ ကိုယ်ထူကိုယ်ထDIY ပဲ။ အရင်ဗုဒ္ဓခေတ်က ပညာတတ်တွေကသက္ကတ(Sanskrit) ဘာသာကိုသုံးတယ်။သာမန်လူအများစုပညာမတတ်သူတွေအပါပါဠိ ကိုသုံးတယ်။ ဒါကြောင့် ဗုဒ္ဓက ပါဠိလို“အတ္တာဟိ အတ္တနော နာထော” ဆိုခဲ့တယ်။“မိမိကိုယ်သာ မိမိကိုးကွယ်ရာ”တဲ့။ မိမိရဲ့ကျင့်ကြံအားထုတ်မှုကသာ မိမိအတွက် အစစ်အမှန် အထောက်အကူဖြစ်စေတယ်။ကိုယ့်ဘဝတိုးတက်ရေးအတွက် သူတစ်ပါးကိုပဲ အားကိုးမနေဘဲ ကိုယ်တိုင်ကြိုးစားရမယ်။မိမိကိုယ်ကို မိမိယုံကြည်မှုရှိရမယ်၊ တာဝန်ယူတတ်ရမယ်လို့ဆိုခဲ့တယ်။ ဘဝဆိုတာ DIY လို့ခံယူထားတယ်။ Phyo Paing @

ဘဝဆိုတာ DIY ပဲ။ Read More »

ကိုယ့်ဘဝကိုယ် ပုံဖော်ဖို့လိုတယ်။

တချို့လူတွေအတွက် အကြီးမားဆုံးရုန်းထွက်ခဲ့ရတာကတော့ကိုယ်ကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်၊မိဘ၊ မောင်နှမနဲ့ မိသားစုဖြစ်နိုင်တယ်။ ပြင်ပေးလို့လဲမရ။ကိုယ်နဲ့ပြောနေတဲ့ပုံပြင်တွေလဲမတူ။ဒီယုံကြည်မှုနဲ့ လောကအမြင်နဲ့အထက်ကိုလဲ တက််လို့ရမှာမဟုတ်။ ကိုယ်လိုချင်တဲ့ဘဝပြန်ဖန်တီးဖို့လိုအပ်တာတတ်နိုင်သလောက်လုပ်ပေးခဲ့ပေးပြီးကိုယ့်ဘဝကိုယ် ပုံဖော်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ဘဝကိုယ် ပုံဖော်ဖို့လိုတယ်။ Read More »

ဘဝကို ချစ်ရင်
အချိန်ကို နှမြောတတ်ဖို့လိုနိုင်တယ်။

အချိန်ကို ကပ်စေးနည်းပါ။အချိန်က သံသရာဖြတ်သန်းမှုအတွက်လောင်စာပဲ။ အချိန်က ကုသိုလ်လဲဟုတ်တယ်။အချိန်က ပညာလဲဟုတ်တယ်။အချိန်က ဥစ္စာလဲဟုတ်တယ်။ အချိန်ကို အဖိုးတန်စေတာအသိ၊ သတိ နဲ့ သမာဓိ။ဒီသုံးခုကို နိုးကြားစူးရှစေတာစိတ်ဓာတ်၊ စည်းကမ်း၊ ပညာ။ တချို့က အချိန်ရှိတယ်။အချိန်ရဲ့တန်ဖိုးကိုနားလည်တဲ့အသိမရှိဘူး။တချို့က အချိန်ရှိတယ်။စိတ်နဲ့ကိုယ်မကပ် သတိမရှိဘူး။တချို့က အချိန်ရှိတယ်။အကြောင်းအရာတစ်ခုကိုအချိန်အကြာကြီး စူးစိုက်မှု မပြုနိုင်ဘူး။ အချိန်က ဘဝလဲဟုတ်တယ်။အချိန်က ရထားလဲဟုတ်တယ်။အချိန်က အရင်းအမြစ်လဲဟုတ်တယ်။အချိန်က အရာရာပဲ။ ဘဝကို ချစ်ရင်အချိန်ကို နှမြောတတ်ဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ဘဝကို ချစ်ရင်
အချိန်ကို နှမြောတတ်ဖို့လိုနိုင်တယ်။
Read More »