Dr Phyo Paing

Work + Study = Solution

အိမ်က ငွေကြေးမတတ်နိုင်တဲ့လူငယ်တွေအတွက်ကWork + Study ဒီနှစ်ခုကိုစဥ်းစားရမှာဖြစ်ပြီးကျောင်းပြီးတာနဲ့အလုပ်ရှာလို့လွယ်ပြီးအမြဲတမ်းနေထိုင်ခွင့်ရနိုင်တဲ့နေရာမျိုးကို စဥ်းစားရမှာဆိုပိုမှန်လိမ့်မယ်။ ဒီလိုလုပ်ဖို့ ကျွန်တော်ရောက်ဖူးတဲ့နေရာတွေကို ကြည့်မယ်ဆိုရင်အများစုက ဂျပန်၊ ကနေဒါ၊အမေရိကား၊ နယူးဇီလန် နိုင်ငံကြီးရှိမယ်။တခြားနိုင်ငံတွေထဲမှာထိုင်ဝမ်ဆို လူသိမများပဲအလုပ်ဝင်ငွေ အများကြီးမဟုတ်ပေမယ့်မဆိုးတဲ့နိုင်ငံတစ်ခုဖြစ်တယ်။ထိုင်းမှာကတော့ ကျောင်းပြီးအလုပ်ဝင်မယ်ဆိုရင်တော့ထိုင်းစကားပါသင်ထားမှ အဆင်ပြေနိုင်မယ်။ မလေးက ပညာရေးစျေးမကြီးပဲ ကွာလတီကောင်းတဲ့ ပညာရေးတော့ရတယ်။ ကျောင်းပြီး အလုပ်ရှာတဲ့အခါတော့ နည်းနည်း challenging ဖြစ်နိုင်တယ်။  သူကလဲ ထည့်စဥ်းစားထားလို့ရတယ်။  နေထိုင်မှု ကုန်ကျစရိတ်က သိပ်မများဘူး။ ထိုင်းထက်တောင်နည်းသေးတယ်။  ဒီလိုကျောင်းသွားတက်ဖို့အတွက် အချိန်တစ်ခုတော့ပေးရတတ်တယ်။  ၃ – ၆ လ လောက်တော့ အနည်းဆုံးပြင်ဆင်သင့်တယ်လို့မြင်တယ်။

Work + Study = Solution Read More »

Reactive Vs Proactive

ပြဿနာပေါ်မှ ထရှင်းတာ Reactive. ပြဿနာမပေါ်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားတာ Proactive. “ကိုယ့်ဘဝမှာ ဘယ်နေရာရောက်ရောက် သုညက ပြန်စရင်တောင် ရှိရင်းစွဲ အခြေအနေကိုပြန်ရောက်အောင် လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်ထားတာ Proactive.” တိုးတက်ရေးကို ဘာကြောင့်လုပ်ကြသလဲ။ ဒီ Proactive အနေနဲ့လုပ်ကြတယ်။ Addressing problems after they arise is reactive. Preparing in advance, even before problems occur, to ensure you can return to a stable state is proactive. No matter where you are in life, even if you

Reactive Vs Proactive Read More »

ပြင်ဆင်မှု ၁၂ ခု

ဘယ်နေရာရောက်ရောက် ကိုယ့်ကို ကူညီပေးနိုင်မည့် ကျွမ်းကျင်မှု တွေလိုပါတယ်။  အနာဂတ်အတွက် ပြင်ဆင်လို့ရတဲ့ အချက် ၁၂ ချက်ကို လူငယ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။  ၁။ အင်္ဂလိပ် ကမ္ဘာပေါ်မှာ လူသုံးအများဆုံးဘာသာစကားဖြစ်ပြီး ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်၊ နားလည်ဖို့ အရေးကြီးပါတယ်။  ဒါမှ ကိုယ်လိုချင်တဲ့ သတင်းအချက်ကို အလွယ်တကူရှာဖွေလေ့လာနိုင်မှာဖြစ်ပါတယ်။  ၂။ အခြေခံ အိုင်တီ ဒီနေ့ခေတ် GenZ တွေအတွက် အင်တာနက်နဲ့ ကွန်ပြူတာက မစိမ်းတော့တဲ့ ခေတ်ဖြစ်ပါတယ်။  ဒီမစိမ်းတော့တဲ့ခေတ်မှာ ကိုယ့်အလုပ်အတွက် အခြေခံလိုအပ်တဲ့ Tool တွေနဲ့ ရင်းနှီးထားဖို့လိုပါတယ်။  ဥပမာ အခြေခံအကျဆုံး Email ပို့တာ၊ CV တစ်စောင်ဖန်တီးတာ၊ Canva တို့လို လိုချင်တဲ့ ဒီဇိုင်းဖန်တီးနိုင်တဲ့ software အသုံးပြုတာ၊  အခြေခံ Office

ပြင်ဆင်မှု ၁၂ ခု Read More »

မသေချာ မရေရာတဲ့ အနာဂတ်

လူငယ်တွေအနေနဲ့ ဒီနေ့လို အခြေနေမျိုးမှာ ဘယ်လိုခံစားနေရမလဲ နားလည်ပါတယ်။  အတိတ်အခြေအနေ  ၁။ Covid-19 နဲ့ Coup ကြောင့် ပညာရေးရပ်တံ့ခဲ့ရတဲ့အချိန်တွေ ၂။ အစိုးရကျောင်းတွေ တက်မရ၊ မတက်ချင်တော့တာကြောင့် ကျောင်းပြောင်းရ၊ ရွေ့ရကြောင့် ပညာရေး ကွင်းဆက်ပြတ်မှုတွေ ၃။ အလုပ်အကိုင်အခွင့်အလမ်းမသေချာမှုတွေကြောင့်  အနာဂတ်က မသေချာမရေရာဖြစ်နေရတာ နားလည်ပါတယ်။ ဘယ်လို ခံစားရမလဲဆိုတာလဲ ကောင်းကောင်းကြီးနားလည်တယ်။  လက်ရှိအခြေအနေ တချို့တွေကျတော့လဲ ထိုင်းဖက်ကိုပြောင်းလာဖို့စဥ်းစားနေကြတယ်။ တချို့ကလဲ အရင်ကတည်းက ဂျပန်မှာကျောင်းသွားတက်ဖို့ပြင်ဆင်နေကြတယ်။ တချို့ကလဲ ဒူဘိုင်းသွားရင်ကောင်းမလား၊ တခြားနိုင်ငံကိုလဲ migrate လုပ်ချင်တယ်။  လုပ်ဖို့ရန်အဆင်ပြေတဲ့သူတွေရှိသလို၊  ငွေကြေးကြောင့် အခက်အခဲဖြစ်နေတဲ့သူတွေလဲ အများကြီးရှိတယ်။  စစ်မှုထမ်းဥပဒေကြောင့် တော်ပြီ ဒီနိုင်ငံမှာ တစ်သက်လုံးမနေတော့ဘူး ခါးခါးသီးသီးခံစားရပြီး ဘဝကို အသစ်ပြန်စချင်တဲ့ လူငယ်တွေရှိတာ နားလည်ပါတယ်။  အနာဂတ်အတွက် ပြင်ဆင်ဖို့အတွက် ၁။

မသေချာ မရေရာတဲ့ အနာဂတ် Read More »

အခွင့်အလမ်းတစ်ခုပဲ။

လုပ်ငန်းရှင်တိုင်းအတွက်အခက်အခဲဆိုတာ နောက်တစ်ဆင့်တက်ဖို့ အခွင့်အလမ်းတစ်ခုပဲ။ ပြဿနာကို အဖြေရှာနိုင်တဲ့သူနဲ့၊ပြဿနာကို အဖြေမရှာနိုင်တဲ့သူအနာဂတ်လမ်းကြောင်းတွေကွဲပြားစေမည့် အချိန်ပဲ။ For every business owner, challenges are merely opportunities to progress to the next level. The future paths of those who can find solutions to problems, and those who cannot, will inevitably diverge. Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

အခွင့်အလမ်းတစ်ခုပဲ။ Read More »

စီးပွါးပညာ သင်ယူပါ

ရွေးချယ်ပိုင်ခွင့်ဆိုတာ ပိုက်ဆံပေါ်မူတည်တယ်။ ပိုက်ဆံများများရှိလေ များများစားစား၊ ကောင်းကောင်း ရွေးချယ်လို့ရလေလေ။ ပိုက်ဆံဆိုတာ အရင်းအမြစ်တစ်ခုပဲ။ ဗုဒ္ဓအဆုံးအမတိုင်း သမာအာဇီဝကျကျ ရှာဖို့တော့လိုတာပေါ့။ ပိုက်ဆံများများရှာဖို့က စီးပွါးရေးလုပ်တတ်ဖို့လိုလာတယ်။ စီးပွါးရေးလုပ်ဖို့က လူကြောနပ်ဖို့လိုတယ်။ လူတွေ ဘယ်အချိန်မှာ ဘာလိုချင်လဲ သိဖို့လိုတယ်။ ဘယ်လိုရောင်းမလဲ၊ ဘယ်လိုပိုရောင်းမလဲ၊ များများ၊ မြန်မြန်ကို ခဏခဏ ဘယ်လိုရောင်းမလဲ သိဖို့လိုတယ်။ လူတွေကို အလုပ်ခန့်ထား စီမံတတ်ဖို့လိုတယ်။ ဒီလို တခြားသူတွေရဲ့ အချိန်၊ တခြားသူတွေရဲ့ ကျွမ်းကျင်မှု၊ တခြားသူတွေရဲ့ ငွေ (ရင်းနှီးမြုပ်နှံသူ သို့ ဘဏ်ချေးငွေ) အသုံးပြုပြီး အမြတ်ငွေများများရအောင် လုပ်နိုင်စွမ်းကို leverage လို့ခေါ်တယ်။ ပိုက်ဆံများများရှာဖို့ စီးပွါးလုပ်တတ်ဖို့လိုတယ်။ Having the choice depends on money. With more money,

စီးပွါးပညာ သင်ယူပါ Read More »

ပြဿနာ အဖြေရှာတဲ့ စနစ်ကို AI နဲ့ ပေါင်းစပ်ထားတဲ့အဖြေ

In a situation where you’re a student or young person in Myanmar, under 35, facing a military coup with mandatory conscription by a brutal regime, and considering leaving the country for Thailand with only a 14-day visa-free option, it’s crucial to follow a structured problem-solving framework. Let’s break it down: Problems to SolveMandatory military service

ပြဿနာ အဖြေရှာတဲ့ စနစ်ကို AI နဲ့ ပေါင်းစပ်ထားတဲ့အဖြေ Read More »

ပြဿနာ အဖြေရှာတဲ့အခါ

ပြဿနာတစ်ခု ဖြစ်တိုင်း ဖြေရှင်းလို့ရအောင်နည်းစနစ်တစ်ခု ထုတ်ထားတယ်။ ဖြေရှင်းရမည့်ပြဿနာProblems to Solve ရှိထားတဲ့ သတင်းအချက်အလက်Available Information ဆုံးဖြတ်ချက်ချဖို့ ထပ်လိုတဲ့သတင်းအချက်အလက်What Additional Information Do You Need to Make Optimal Decisions to Reach Your Goals? ကိုယ်လိုချင်တဲ့ အကောင်းဆုံးရလဒ်What is Your Desired Ideal Outcome? ခုလက်ရှိ ရှိထားတဲ့အခွင့်အလမ်း။Is There Any Opportunity Available Right Now? အနာဂတ်အတွက် ရှိထားတဲ့ အခွင့်အလမ်း။What Opportunities Will Be Available in the Future? လက်ရှိမှာ ရှိထားတဲ့ခြိမ်းခြောက်မှု။Are There Any Current

ပြဿနာ အဖြေရှာတဲ့အခါ Read More »

ရှာဖွေတွေ့ရှိမှုအသစ် Discovery

ဘဝကို ရင်ခုန်စေတာရှာဖွေတွေ့ရှိမှု အသစ်တွေပဲ။ဒီ အသစ်တွေ့ရှိမှု discovery တွေဟာစူးစမ်းလေ့လာမှု၊ စွန့်စားမှု၊စမ်းသပ်မှု၊ ဆန်းစစ်မှုတွေကလာတယ်။ ဘဝဆိုတာ မေးခွန်းတွေမေးပြီးအဖြေရှာတဲ့ နေရာပဲ။ဝေဒနာတွေကို အဖြေရှာဖို့ဒေတာတွေလိုတယ်။ Life is all about the thrills of new discoveries.These discoveries stem from research, adventures, experimentation, and scrutiny. Life is not about asking questions but about seeking answers.We need data to find solutions to problems.

ရှာဖွေတွေ့ရှိမှုအသစ် Discovery Read More »

ယုံကြည်မှု ၇ ခုရှိတယ်။

ပိုရယူ သိလူကစား ဖြစ်အောင်လုပ် လို့ အတိုကောက်မှတ်လို့ရတယ်။ ၁။ အရာရာ ပိုကောင်းဖို့ဖြစ်လာတာပါ။ (ပို) ၂။ အရှုံးဆိုတာမရှိဘူး။ ရလဒ်တွေပဲရှိတယ်။ လုပ်ရပ်ပြောင်းရင် ရလဒ်ပြောင်းတယ်။(ရ) ၃။ ဘာပဲဖြစ်ဖြစ် တာဝန်ယူပါ။ (ယူ) ၄။ တစ်ခုခုအသုံးချဖို့အတွက် အကုန်သိနေစရာမလိုဘူး။ (သိ) ၅။ လူကြောဆိုတာ ရွှေကြော။ (လူ) ကိုယ့်ကိုအောင်မြင်အောင်ကူညီပေးနိုင်တာ လူတွေပဲ။ ၆။ အလုပ်ဆိုတာ ကစားတာ။ (ကစား) Game တစ်ခုလို စွဲစွဲလမ်းလမ်းလုပ်။ ၇။ လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်။ (ဖြစ်အောင်လုပ်)

ယုံကြည်မှု ၇ ခုရှိတယ်။ Read More »