တစ်ခုကိုပဲလုပ်။
တစ်ခုကိုပဲလုပ်။ အဲ့တစ်ခုအောင်မြင်ရင်ကိုယ့်ပြိုင်ဖက်တွေကို နောက်ဆယ်နှစ်နေရင်ချန်ထားခဲ့လို့ရမယ်ဆို အဲ့တစ်ခုက ဘာဖြစ်မလဲ။ ကိုယ်ကမပြိုင်ချင်ပေမယ့်ကိုယ့်ကိုလာပြိုင်တဲ့ပြိုင်ဖက်တွေရှိတတ်တယ်။ ကျောင်းမှာ၊အလုပ်မှာ၊ စီးပွားရေးမှာ။ အဲ့လိုအချိန်တိုင်းမှာကိုယ့်ကိုကိုယ်မေးတဲ့မေးခွန်းက“ငါတစ်ခုပဲလုပ်မယ်။အဲ့တစ်ခုအောင်မြင်ရင်သူတို့မလိုက်နိုင်အောင်ချန်ထားခဲ့နိုင်မည့်တစ်ခုကဘာများဖြစ်မလဲ။” ဒီမေးခွန်းအမြဲမေးတယ်။ ဒီတစ်ခုက ဆယ်နှစ်ကြာရင်ကြာမယ်။နှစ်နှစ်ဆယ်ကြာရင်ကြာမယ်။ ကျောင်းတုန်းမှ ထူးချွန်ထက်မြတ်ပြိုင်တဲ့သူတွေချန်ခဲ့အောင်။အလုပ်ခွင်မှာ ကိုယ့်ကိုပြိုင်တဲ့သူတွေကိုအဝေးမှာချန်ခဲ့အောင်။ စီးပွားရေးမျာ စျေးအမြဲလာမေးကိုယ့်ကို အာရုံနောက်အောင်လာလုပ်တဲ့ သူတွေချန်ခဲ့အောင်တိုက်ရိုက်မပြိုင်နဲ့။ သေချာတာတစ်ခုက တိုက်ရိုက်ဘယ်တော့မှမပြိုင်နဲ့။ မဟာဗျူဟာကောင်းတဲ့သူတိုင်းကဘယ်တော့မှ တိုက်ရိုက်မပြိုင်ဘူး။ မပြိုင်ဘဲ နိုင်အောင်ဘဲလုပ်သွားတယ်။ Phyo Paing @ Derek
