ဒီဂျစ်တယ် ငန်းမွေးပါ။
ရွှေဥဥပေးနိုင်တဲ့ဒီဂျစ်တယ် ငန်းမွေးပါ။ Phyo Paing @ Derek
ဆရာအတင်မှားရင်ဘဝပျက်သွားနိုင်တယ်။Aṅgulimāla (အင်္ဂုလိမာလ) ကိုပဲကြည့်။ ဒါကြောင့် တစ်ခုခုလေ့လာတော့မယ်ဆိုမလေ့လာခင် selection သေချာလုပ်တယ်။ မားကတ်တင်း၊ မဟာဗျူဟာပိုင်း၊စွမ်းဆောင်ရည်တိုးတက်မှုအပိုင်း၊ဖလော်ဆော်ဖီအပိုင်း၊စွန့်ဦးတီထွင်မှုအပိုင်း၊စီမံခန့်ခွဲမှုအပိုင်း၊ဘဝနေထိုင်ရေးအပိုင်း၊ဘာသာရေးအပိုင်း။ ဆရာအတင်မှားရင်ဘဝ၊ လုပ်ငန်း၊ နိုင်ငံပါပျက်သွားနိုင်တယ်လို့ထင်မိတယ်။ Phyo Paing @ Derek
ဒါက ဘယ်နေရာသွားသွားအသက်မွေးဝမ်းကြောင်းပြုလို့ရတယ်။ အရမ်း ရိုးရှင်းပေမယ့် ထိရောက်ပါတယ်။ Laptop တစ်လုံးရှိရင်ဒီဇိုင်း၊ ဗီဒီယိုတီးဖြတ်၊ ကွန်ပြူတာ ပရိုဂရမ်ကစလို့၊ဒီဂျစ်တယ်မားကတ်တင်း၊ အသက်မွေးဝမ်းကြောင်းပြုလို့ရတဲ့အရာအများကြီးပဲ။ အရေးကြီးတာ ကိုယ်အသုံးပြုတဲ့tool proficiency နဲ့၊ ကိုယ့်ရဲ့ ကျွမ်းကျင်မှုက စျေးကွက် ပြဿနာကိုဖြေရှင်းပေးဖို့လိုတယ်။ Laptop Lifestyle ဆိုတာ အဝတ်တစ်ထည်၊ အိမ်တစ်လုံးနဲ့ ကြိုက်တဲ့နေရာနေ အလုပ်လုပ်လို့ရတဲ့ဘဝမျိုး။ Digital Nomads တွေကCovid-19 နောက်ပိုင်းမှာ remote work တွေ Nomads lifestyle တွေပိုခေတ်စားလာတယ်။ အသုံးလုံးဖြစ်တဲ့ အင်္ဂလိပ်၊ အိုင်တီနဲ့ အခုဆို အေအိုင်အသုံးပြုနိုင်ဖို့ အရေးကြီးသထက်အရေးကြီးလာတယ်။ ရိုးရှင်း၊ အခြေခံကျပြီး အလုပ်ဖြစ်တာကိုစဥ်းစားကြည့်ပါ။ Phyo Paing @ Derek
ကြိုးစားရုံနဲ့ မအောင်မြင်ဘူး။ အချိန်ကောင်းနဲ့ ကြုံမှ။ ဒီအချိန်ကောင်းနဲ့ကြုံအောင်ကြိုတင်ကြိုးစားထားကြတာ။ ကိုယ်ကြိုတင်ကြိုးစားပြီးစောင့်နေတဲ့ အချိန်ကောင်းကဘာများဖြစ်မလဲ။ Phyo Paing @ Derek
ကြိုးစားရုံနဲ့ မအောင်မြင်ဘူး။
အချိန်ကောင်းနဲ့ ကြုံမှ။ Read More »
ကျွန်တော် နောင်တတွေရဖူးတယ်။ လူတွေက အမှားတွေ ထပ်ခါ ထပ်ခါ ထပ်လုပ်တတ်ကြတယ်။ အမှားတွေက သင်ခန်းစာယူဖို့ ကိုယ်လုပ်ခဲ့တဲ့အမှားတွေကို ပြန်လည်သုံးသပ်ဖို့လိုတယ်။ တချို့က လုပ်ခဲ့တဲ့ လုပ်ရပ်၊ ဒါမှမဟုတ် မလုပ်ခဲ့တဲ့ လုပ်ရပ်ကြောင့် နောင်တ တွေ ရတတ်ကြတယ်။ ဘဝနဲ့ သက်ဆိုင်တဲ့ ဆိုင်တဲ့ ကိုယ်ရှောင်ရှားချင်တဲ့ စိတ်ခံစားမှုတွေထဲမှာ နောင်တ regret ပါရင် ကိုယ့်ကို နောင်တရစေတဲ့ အချက်တွေကို ချရေးကြည့်ပါ။ အလုပ်သေချာ မလုပ်ခဲ့တဲ့ အချိန်တိုင်း နောင်တရတတ်တယ်။ အာရုံထွေပြားဝေဝါးပြီး မရာမထင်တဲ့အလုပ်တွေ လုပ်နေမိရင်နောင်တရတတ်တယ်။ ဒီနေ့အတွက် အနာဂတ်အတွက် ဝင်ငွေ မရမည့်အလုပ်တွေ လုပ်မိရင် နောင်တရတတ်တယ်။ ဒီနေ့လုပ်နေတဲ့ အလုပ်က အနာဂတ်မှာ ရွေးချယ်စရာတွေကို ပိုမများစေခဲ့ရင် နောင်တရစေတတ်တယ်။ လူတစ်ယောက်အပေါ် မျှော်လင့်ချက်တွေထားပြီး မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ
ဘာသာရေးကို နားလည်ဖို့ ဘာသာရေးရှုထောင့်က ကြည့်သလို၊ စီးပွားရေးကို နားလည်ဖို့ စီးပွားရေးရှုထောင့်ကကြည့်တယ်။သိပ္ပံပညာကို နားလည်ဖို့သိပ္ပံပညာရှုထောင့်က ကြည့်တယ်။ မားကတ်တင်းသမားကမားကတ်တင်းရှုထောင့်။ လုပ်ငန်းရှင်က လုပ်ငန်းရှင်ရှုထောင့်။ အငြင်းသန်နေတယ်ဆိုတာရှုထောင့်ပြောင်း မစဥ်းစားတတ်တဲ့သဘော အများကြီးပါနိုင်တယ်။ ကိုယ်နဲ့ ကိုက်တဲ့ ကိုယ့်ရှုထောင့်နဲ့ကမ္ဘာကြီးကို အဓိပ္ပာယ်ဖွင့်ပုံဖော်ကြတယ်။ တချို့ရှုထောင့်တွေက ကြေကွဲစေတယ်။တချို့ရှုထောင့်တွေကဝေခွဲမရဖြစ်စေတယ်။တချို့ရှုထောင့်တွေကအားရှိစေတယ်။ တချို့ရှုထောင့်တွေကအဖျားပါ မိသွားစေနိုင်တယ်။ ဒီရှုထောင့်တွေကမ္ဘာကြီးကို ကြည့်တဲ့ဖက်ခြမ်း၊အဓိပ္ပာယ်ဖော်တဲ့ ပုံစံကိုယ်နဲ့မကိုက်ရင်၊ကိုယ်လိုချင်တဲ့ ပုံမဟုတ်ရင်လူတိုင်းပြောင်းလို့ရနိုင်တယ်။ ကျွန်တော်တို့မှာ ဒီ ပါဝါရှိတယ်။ ကိုယ့်စိတ်ကိုပြောင်းနိုင်ရင် ကိုယ့်ဘဝကြီးကို ပြောင်းနိုင်တယ်တဲ့။ဒါကတော့ စိတ်ပညာဖခင်ကြီးဖြစ်တဲ့ ဝီလီယံဂျိမ်းက ဆိုခဲ့တာ။ “If you can change your mind, you can change your life.”― William James ကိုယ့်စိတ်ကိုပြောင်းနိုင်အောင်ကျွန်တော်တို့ အတူကြိုးစားရအောင်။ Phyo Paing @ Derek
ဘဝမှာ နေပျော်ဖို့ အချက်သုံးချက်လိုတယ်။ ၁။ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့အသက်မွေးဝမ်းကျောင်းပညာရပ် (Mastery) ၂။ သူစိမ်းကိုအသိ၊ အသိကိုဖောက်သည်၊ဖောက်သည်ကို အမာခံပရိသတ်၊အမာခံပရိသတ်ကို အတွင်းလူအပြောင်းအလဲလုပ်ပေးနိုင်တဲ့ မားကတ်တင်းပညာရပ် (Marketing) ၃။ လူတွေနဲ့ စနစ်တွေပေါင်းပြီးရည်မှန်းချက်ပန်းတိုင်ရောက်အောင်စီမံခန့်ခွဲနိုင်စွမ်း (Management) ဘဝအပြောင်းအလဲ လုပ်ချင်ရင်ဒီ M သုံးလုံးကို ကျွမ်းကျင်အောင်လုပ်။ တစ်ဖက်ကမ်းခပ်ကျွမ်းကျင်တဲ့ပညာရှိရင်လမ်းမပျောက်တော့ဘူး။ ဘယ်နေရာရောက်ရောက် ထမင်းမငတ်ဘူး။ မားကတ်တင်းပညာရပ်သိရင်ငွေကို များများနဲ့ မြန်မြန်ရှာတတ်လာမယ်။ စီမံခန့်ခွဲမှု ပညာတတ်ရင်ကိုယ်တစ်ယောက်တည်းလုပ်နေစရာမလိုတော့ပဲတခြားလူတွေရဲ့ အချိန်၊တခြားသူတွေရဲ့ ကျွမ်းကျင်မှုနဲ့ ရေရှည်ငွေကို ငွေရှာပေးနေတဲ့လုပ်ငန်းတွေတည်ဆောက်နိုင်မယ်။ M သုံးလုံးဆောင်ဖို့လိုတယ်အားတီ၊ အားမေတို့။ Phyo Paing @ Derek
ဘယ်နိုင်ငံ၊ ဘယ်နေရာမှာ၊ဘာအလုပ် လုပ်နေနေအင်တာနက်နဲ့ ဖုန်းတစ်လုံးရှိနေသမျှဘဝကို အပြောင်းအလဲဖြစ်အောင်လုပ်ပိုင်ခွင့် အများကြီးရှိသေးတယ်။ ဘာကြောင့်လဲဆိုတော့၁။ အဆက်အသွယ်၂။ ဘာသာစကား၃။ ကျွမ်းကျင်မှု၄။ အားပေးသူနဲ့ အောင်မြင်မှုဒီလေးခုစလုံး ဖန်တီးနိုင်စွမ်းရှိနေသေးလို့။ Phyo Paing @ Derek
ကိုယ်က ပြဿနာကို အရင်ရှာမှာလား၊ပြဿနာက ကိုယ့်ကိုအရင်လာရှာမှာလား။Contingency Plan ဆိုတာ အဲ့ဒါပဲလို့ပြောလို့ရတယ်။ ပြဿနာကိုယ့်ကို လာရှာမှဖြေရှင်းတဲ့အခါ ပိုကြာနိုင်တယ်။ကိုယ်က ဖြစ်နိုင်တဲ့ပြဿနာကို ကြိုရှာထားတဲ့အခါရလဒ်ပိုင်းမှာ ပိုသာနိုင်တယ်။ ဒါကတော့ “ကိုယ့်နိုင်ငံက ကိုယ့်အတွက်ဘာလုပ်ပေးနိုင်လဲ မကြည့်နဲ့။ကိုယ်က ကိုယ့်နိုင်ငံအတွက် ဘာလုပ်ပေးနိုင်လဲကြည့်။”ဆိုတဲ့ John F Kennedy သုံးခဲ့တဲ့Rhetoric နည်းလမ်းတွေထဲကchiasmas နည်းလမ်းဖြစ်ပါတယ်။ ငါတို့က အသုံးစရိတ်တွေကို ထိန်းချုပ်မလား၊အသုံးစရိတ်တွေ ငါတို့ကို ထိန်းချုပ်တာခံမလား။ဒါက နောက်ဥပမာတစ်ခု။ Are we going to seek out the problem first, or will the problem find us first? That’s essentially what Contingency Planning is all about.
အိမ်က ငွေကြေးမတတ်နိုင်တဲ့လူငယ်တွေအတွက်ကWork + Study ဒီနှစ်ခုကိုစဥ်းစားရမှာဖြစ်ပြီးကျောင်းပြီးတာနဲ့အလုပ်ရှာလို့လွယ်ပြီးအမြဲတမ်းနေထိုင်ခွင့်ရနိုင်တဲ့နေရာမျိုးကို စဥ်းစားရမှာဆိုပိုမှန်လိမ့်မယ်။ ဒီလိုလုပ်ဖို့ ကျွန်တော်ရောက်ဖူးတဲ့နေရာတွေကို ကြည့်မယ်ဆိုရင်အများစုက ဂျပန်၊ ကနေဒါ၊အမေရိကား၊ နယူးဇီလန် နိုင်ငံကြီးရှိမယ်။တခြားနိုင်ငံတွေထဲမှာထိုင်ဝမ်ဆို လူသိမများပဲအလုပ်ဝင်ငွေ အများကြီးမဟုတ်ပေမယ့်မဆိုးတဲ့နိုင်ငံတစ်ခုဖြစ်တယ်။ထိုင်းမှာကတော့ ကျောင်းပြီးအလုပ်ဝင်မယ်ဆိုရင်တော့ထိုင်းစကားပါသင်ထားမှ အဆင်ပြေနိုင်မယ်။ မလေးက ပညာရေးစျေးမကြီးပဲ ကွာလတီကောင်းတဲ့ ပညာရေးတော့ရတယ်။ ကျောင်းပြီး အလုပ်ရှာတဲ့အခါတော့ နည်းနည်း challenging ဖြစ်နိုင်တယ်။ သူကလဲ ထည့်စဥ်းစားထားလို့ရတယ်။ နေထိုင်မှု ကုန်ကျစရိတ်က သိပ်မများဘူး။ ထိုင်းထက်တောင်နည်းသေးတယ်။ ဒီလိုကျောင်းသွားတက်ဖို့အတွက် အချိန်တစ်ခုတော့ပေးရတတ်တယ်။ ၃ – ၆ လ လောက်တော့ အနည်းဆုံးပြင်ဆင်သင့်တယ်လို့မြင်တယ်။