Akyanpay

အရင်းအနှီးအများကြီးမလိုပဲ ဘယ်လို လုပ်ငန်းစတင်မလဲ?

အရင်းအနှီးအများကြီးမလိုပဲ ဘယ်လို လုပ်ငန်းစတင်မလဲ? အရင်းအနှီးမလိုသလောက်နဲ့ စတင်လို့ရတဲ့လုပ်ငန်းတွေကို customer-funded business လို့ခေါ်တယ်။ ပုံမှန် ပြည်တွင်းမှာဆို ကိုယ့်အိတ်ကိုယ်စိုက်ပြီးရင်းနှီးမြုပ်နှံတာ၊ ရှယ်ယာရှင်တွေခေါ်တာ၊ နိုင်ငံခြားမှာဆို angel investing တို့၊ VC တို့နဲ့ သွားကြတယ်။ ဒီနေ့လဲ John Mullins ရေးတဲ့ Customer-funded Business ဖတ်ရင်း 2015 ကိုတောင်ပြန်သတိရတယ်။ သင်တန်းကျောင်းစဖို့ တစ်လအတွက် ၂ သိန်းခွဲနဲ့ အခန်းငှား၊ projector ပါပြီးသားဆိုတော့ နောက် ငါးသောင်းကို မားကတ်တင်းစရိတ်အဖြစ်အသုံးပြုပြီး သင်တန်းကျောင်းစခဲ့တာ ရင်ခုန်စရာစမ်းသပ်မှုတစ်ခုပဲ။ 1. Matchmaker model နှစ်ဖက်ချိပ်ပေးတဲ့ မော်ဒယ်တစ်ခုပဲ။ Expedia တို့လို ခရီးသွားချိပ်ဆက်တဲ့ လုပ်ငန်းတွေမှာ ဖောက်သည်ဆီက ငွေကြိုယူပြီး၊ ၆ ပတ်နေမှ ဟော်တယ်တွေကို ငွေပြန်ပေးတဲ့ […]

အရင်းအနှီးအများကြီးမလိုပဲ ဘယ်လို လုပ်ငန်းစတင်မလဲ? Read More »

ကိုယ်မပါပဲ လည်ပတ်တဲ့ လုပ်ငန်းတည်ဆောက်ပါ။

ကိုယ်မပါပဲ လည်ပတ်တဲ့ လုပ်ငန်းတည်ဆောက်ပါ။ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့ ၁။ အိုင်ဒီယာဖော်ထုတ်တဲ့အဆင့်၂။ ဇကာစစ်တဲ့အဆင့်၃။ စီးပွါးရေးမော်ဒယ်တည်ဆောက်တဲ့အဆင့်၄။ စျေးကွက်စမ်းသပ်မှုအဆင့်၅။ လိုအပ်တဲ့အပြောင်းအလဲမှုများပြုလုပ်တဲ့အဆင့်၆။ လုပ်ငန်းအနေတဲ့စတင်တဲ့အဆင့်၇။ လူနှင့်စနစ်ချပြီး လည်ပတ်စေတဲ့အဆင့် (သို့) ဆက်လက်ချဲ့တဲ့အဆင့် ၁။ အိုင်ဒီယာဖော်ထုတ်တဲ့အဆင့် အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ကိုယ့်ပြဿနာကိုယ်ဖြေရှင်းဖို့ သို့ ကိုယ်တိုင်သုံးဖို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုထုတ်ခြင်း။ သို့မဟုတ် ကိုယ်အသုံးပြုခဲ့ဖူးတဲ့ လုပ်ငန်းတစ်ခု၊ ဝန်ဆောင်မှုတစ်ခုကို အရမ်းသဘောကျတဲ့အတွက် ပြည်တွင်းစျေးကွက်မှာ ပြန်လည်အသုံးပြုဖို့ သို့ ပိုကောင်းအောင်ပြုလုပ်ပြီး ဖြန့်ချီဖို့ အိုင်ဒီယာရရှိနိုင်သည်။ သို့မဟုတ် ကိုယ့်အသိ၊ မိတ်ဆွေ၊ ဖောက်သည်ရဲ့ ပြဿနာကိုဖြေရှင်းပေးရင်း အိုင်ဒီယာကောင်းရလာနိုင်သည်။ ၂။ ဇကာစစ်တဲ့အဆင့် အိုင်ဒီယာတွေအများကြီးရှိနေတဲ့အချိန် ကြည့်သင့်သည့်အချက်ကတော့ အချိန်ကောင်း timing ဖြစ်ပါတယ်။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကောင်းပြီး စျေးကွက်မိတ်ဆက်တဲ့အချိန်မှားယွင်းပါက အောင်မြင်ဖို့ မလွယ်ကူနိုင်ပါ။ ၃။ စီးပွါးရေး

ကိုယ်မပါပဲ လည်ပတ်တဲ့ လုပ်ငန်းတည်ဆောက်ပါ။ Read More »

လုပ်ငန်းတိုင်းမှာ အထာရှိတယ်။

လုပ်ငန်းတိုင်းမှာ အထာရှိတယ်။LV ဆိုင်ဝင်ပြီး ဘယ်သူမှ စျေးသွားမဆစ်ဘူး။High-end စားသောက်ဆိုင်သွားပြီးရေသန့်တစ်ဗူး ၁၀၀၀ ယူတဲ့အတွက်တကယ့်ဖောက်သည်စစ်စစ်ဘယ်သူမှ ဓာတ်ပုံရိုက် Social media မှာ မတင်ဘူး။ဘာလို့လဲဆိုရင် ဒါက အထာဖြစ်တယ်။ လုပ်ငန်းတိုင်းမှာ အထာလေးတွေရှိတယ်။Luxury brand တွေ marketing လုပ်တဲ့အခါရောင်းတဲ့အခါ စုံစမ်းမေးမြန်းတဲ့သူကအထာမသိဘူးဆိုရင် ဒါကPotential customers မဟုတ်ဘူးဆိုတာတန်းသိတယ်။ Xiaomi ရဲ့အထာက price-to-performance.Apple ရဲ့အထာက perfection.ကိုယ့်လုပ်ငန်းရဲ့အထာက ဘာများဖြစ်မလဲ? Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

လုပ်ငန်းတိုင်းမှာ အထာရှိတယ်။ Read More »

People + System = Result

၂၀၁၄ ဒီဇင်ဘာလမှာဖုန်းဆိုင်မှာ ထိုင်နေရင်းစဥ်းစားမိတယ်။ငါဒီဆိုင်ကြီးကို ကိုယ်မပါပဲဘယ်လို လည်ပတ်အောင်လုပ်လို့ရမလဲ။ Oredoo ဆင်းကဒ်တွေတုန်းကလဲ ဆိုင်အရင်းတွေက သုံးလေးပြန်ကြေပြီးပြီ။ ပိတ်လိုက်ပြန်ရင်လဲ မဟုတ်သေးပြန်ဘူး။ ဒီတော့ နည်းလမ်းစဥ်းစားရတယ်။ ကြားထဲမှာ နည်းလမ်းမျိုးစုံစဥ်းစားရင်းJune ၂၀၁၅ မှာ မန်နေဂျာညီလေးနဲ့သဘောတူညီမှုတစ်ခုယူတယ်။ တစ်လကို အသားတင် သိန်း ၄၀ နှစ်နှစ်တိတိရှာပေးရင် နှစ်နှစ်ပြည့်တဲ့အခါ ပိုင်ဆိုင်မှု၃၀% ပေးမယ်။ ဒါပေမယ့် ၃၀% ကို ထုတ်သွားလို့မရဘူး။နောက်သုံးနှစ်ပြန်လုပ်ပြီးမှ ထုတ်လို့ရမယ်။ ပုံမှန် သိန်း ၃၀၀ ကျော်နဲ့စခဲ့တဲ့ ဆိုင်သေးသေးလေးတစ်ခုအတွက် အမြတ် (Return On Investment) ကမဆိုးဘူးပြောရမယ်။ ကတိပေးခဲ့တဲ့အတိုင်း တစ်လမှ၄၀ အောက်မလျော့ခဲ့ဘူး။ နှစ်နှစ်နေတော့ ၃၀% ပေးတယ်။ နောက်သုံးနှစ်ထပ်လုပ်တယ်။ ဒါပေမယ့် ပိုင်ဆိုင်မှု ၃၀% ကိုထုတ်မသွားခဲ့ဘူး။ March 2014 ကနေ

People + System = Result Read More »

ဒီတော့ HR Management က
လွယ်သွားရော။ 😂

သာကောကတော့ ဝန်ထမ်းတွေကိုအမြဲပြောတယ်။မင်းကို ငါ အလုပ်ခန့်တာကွာပိုက်ဆံလဲ ကုန်သေးတယ်။မင်းကြောင့်လဲ ငါစိတ်ညစ်ရသေးတယ်ဆိုတန်သလား မင်းစဥ်းစားကြည့်။ ဒီတော့ မင်းတာဝန်က တစ်ခုခုလုပ်တော့မယ်ဆိုငါ့ဆရာ ပျော်မလား၊ မပျော်ဘူးလားစဥ်းစား။ပျော်တာပဲလုပ်။ ဟုတ်။ ဒီတော့ HR Management က လွယ်သွားရော။ 😂 Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ဒီတော့ HR Management က
လွယ်သွားရော။ 😂
Read More »

နေ့စဉ်ဘဝမှာ ပျော်ရဖို့မလွယ်ဘူး။

ကိုယ်လုပ်တဲ့စီးပွါးရေးကို သေချာ design မလုပ်ထားရင်နေ့စဉ်ဘဝမှာ ပျော်ရဖို့မလွယ်ဘူး။ လုပ်ငန်းဆိုတာ ကိုယ်လိုချင်တဲ့ပန်တိုင်ရောက်အောက် ကူညီပေးတဲ့ယာဉ်တစ်စီးပဲဖြစ်ရမယ်။ကိုယ်က ဒီကားကို မောင်းရမှာ။တွန်းနေရမှာ မဟုတ်ဘူး။ ကြိုးစားမှုအရေးကြီးသလိုရွေးချယ်မှုကလဲ အရေးကြီးတယ်။ စီးပွါးဘယ်လိုရှာမှာလဲဘယ်လိုလူတွေကို ဝန်ဆောင်မှုပေးမှာလဲဘယ်လို ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေရောင်းမှာလဲ။ အထာကျကျ စနစ်ချထားမှဘဝကို အထာကျကျနေလို့ရမှာ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

နေ့စဉ်ဘဝမှာ ပျော်ရဖို့မလွယ်ဘူး။ Read More »

ဒူပေဒါပေခံဖို့ စနစ်အခြေပြု
စဥ်းစားမှု လိုတယ်လို့ထင်တယ်

လူအများစုက ရည်မှန်းချက်ပန်းတိုင်တွေကို ပဲအာရုံစိုက်ကြတယ်။ဒါကို goal-oriented mindset လို့ခေါ်တယ်။ ဒီအစား နေ့စဥ် တစ်နေ့တစ်လှမ်ဖြေးဖြေးချင်း တိုးတက်သွားတဲ့စနစ်ကို အာရုံစိုက်တဲ့ စဥ်းစားပုံနဲ့အစားထိုးခြင်းအားဖြင့်ရည်မှန်းချက်ပန်းတိုင်နဲ့နီးအောင်ပိုလုပ်လို့ရတယ်။ဒါကို system-oriented mindset လို့ခေါ်တယ်။ မနက်ထထချင်းမှာ ဘာလုပ်မလဲ၊ဘာတွေ လေ့လာမလဲ၊ကိုယ်မကျွမ်းတဲ့ နယ်ပယ်ဆိုနည်းပြ coach တွေများလိုမလား။ဒီလို စဥ်းစားပြီး ကြီးမားတဲ့ရလဒ်အတွက်ဖြေးဖြေး မှန်မှန်တည်ဆောက်သွားတာဖြစ်တယ်။ လိုချင်တာရဖို့ဆိုတာသစ်ပင်ကို ပုဆိန်နဲ့ ခုတ်သလိုပဲအားပြင်းပြင်းတစ်ချက်တည်နဲ့မရနိုင်ဘူး။ဖြေးဖြေးမှန်မှန် တစ်ချက်ချင်းထိထိ မိမိခုတ်သွားဖို့လိုတယ်။ Toe Tet Essentials ထဲပါတဲ့course 21 ခုလုပ်တုန်းကလဲအလားတူပဲ။2016 ကတည်းက သင်တန်းတွေကိုsmall group လေးတွေနဲ့ တစ်ခုပြီးတစ်ခုtest လုပ်တယ်။သုံးနှစ်ခွဲကျော်ကြာတော့ ဒီ program တွေကိုvideo course အနေနဲ့ ပြန်ပြောင်းတယ်။ Toe Tet Insider’s Note ဆိုလဲအလားတူပဲငါ စာအုပ်ပေါင်း ၄၀၀+ video

ဒူပေဒါပေခံဖို့ စနစ်အခြေပြု
စဥ်းစားမှု လိုတယ်လို့ထင်တယ်
Read More »

Limited Liability Company (LLC)

နိုင်ငံတကာမှာတော့ Limited Liability Company (LLC)S-corporation C-corporation ဆိုပြီးရှိတယ်။ C-corporation ကတော့ shares အများပါပြီး double taxation ဖြစ်တယ်။အမြတ်ရတော့လဲ အခွန်ပေးရသလိုအမြတ်ကိုခွဲဝေတော့လဲ အခွန်ပေးရတယ်။ Share တွေကို လိုသလို ရောင်းဝယ်လို့ရတယ်။ LLC ကတော့ တခါပဲ tax ပေးရုံပဲဖြစ်ပြီးsmall business လေးတွေအတွက်ဖြစ်တယ်။Owner တစ်ယောက်တည်းဆိုတော့သူကတော့ သီးသန့် tax return မလိုဘူး။ နောက် S-corporation ကတော့ shareholder တွေလစာယူလို့ရတယ်။ကိုယ့်ဝင်ငွေထဲက tax ဆောင်ပြီးအမြတ်ငွေထဲက tax ဆောင်ရသလို လိုအပ်ရင် Bonus အနေနဲ့ပေးပြီးအခွန်ကို အနည်းဆုံးဖြစ်အောင်လုပ်ကြတယ်။ ဥပမာ $100,000 ဝင်ရင်LLC က SE rate 15.3% ဆိုပါတော့ $15300 ဆောင်ရပြီး၊

Limited Liability Company (LLC) Read More »

ကိုယ်ဖန်တီးတဲ့ content က ရယ်ဖို့ကောင်းရင်

Endorphin ထွက်တယ်။ချစ်ခြင်းတရားနဲ့ ခံစားမှုကောင်းနားလည်စာနာတယ်လို့ ခံစားရရင်Oxytocin ထွက်တယ်။ ကိုယ်တခါမှ မသိသေးတဲ့အကြောင်းစိတ်ဝင်စားမှုကိုဖြစ်စေရင် Dopamine ထွက်တယ်။ စိုးရိမ်စိတ်ဖြစ်ပေါ်စေတဲ့ content ဆိုadrenaline ထွက်တယ်။ Content marketer ဆိုပြီးGoogle ကဟာ translate လုပ်တဲ့အဆင့်တက်ဖို့ emotional hot button ကိုမိဖို့ဖန်တီးတတ်ဖို့လိုလာတယ်။ PHYO Paing @ Derek

ကိုယ်ဖန်တီးတဲ့ content က ရယ်ဖို့ကောင်းရင် Read More »

Akyanpay Business Club (ABC)

Akyanpay Business Club (ABC) ကိုCommunity Builder လဲ ရှိပြီဆိုတော့Networking Event ကိုသုံးလတစ်ခါလောက် ရန်ကုန်၊ မန္တလေးမှာလုပ်ဖို့ရှိပြီး ဘယ်မြို့မှာစရင်ကောင်းမလဲ? Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

Akyanpay Business Club (ABC) Read More »