Akyanpay

စိတ်မညစ်လိုက်နဲ့။

တပါးသူလုပ်ငန်း အထွဌ်အထိပ်ရောက်နေချိန်နဲ့ကိုယ့်လုပ်ငန်း ပြန်လည်နှိုးထဖို့ပြင်ဆင်နေတာ နှိုင်းယှဉ်ပြီးစိတ်မညစ်လိုက်နဲ့။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

စိတ်မညစ်လိုက်နဲ့။ Read More »

ကိုယ့်ဘဝ ကိုယ်ပဲ
Design လုပ်ရမှာ။

လုပ်ငန်းမစခင်မှာဒီလုပ်ငန်းလုပ်လိုက်တဲ့အခါကိုယ်နေချင်တဲ့ ဘဝပုံစံနေလို့ရအုံးမလားပြန်မေးကြည့်ဖို့လိုတယ်။ကိုယ့်ဘဝ ကိုယ်ပဲDesign လုပ်ရမှာ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #Akyanpay

ကိုယ့်ဘဝ ကိုယ်ပဲ
Design လုပ်ရမှာ။
Read More »

သေချာ မလေ့လာရာကစတယ်။

စီးပွါးရေးလုပ် စီမံခန့်ခွဲမှုလုပ်ပြီးဒါနဲ့သက်ဆိုင်တဲ့ စာအုပ်ဘယ်နှစ်အုပ်ဖတ်ဖူးလဲ? ပြဿနာက ကိုယ်လုပ်တဲ့အလုပ်ကိုသေချာ မလေ့လာရာကစတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

သေချာ မလေ့လာရာကစတယ်။ Read More »

Marketing အကြံပေးတယ်ဆိုတာ

Marketing အကြံပေးတယ်ဆိုတာA အလုံး ၁၀၀ T အလုံး၂၀၀ P အလုံး ၃၀၀ အင်တာနက်ကရှာပြီးအကြံပေးလို့ရရင် လူတိုင်းအကြံပေးတွေ အတိုင်ပင်ခံတွေဖြစ်ကုန်မှာပေါ့။ Blue Ocean လေးဖတ်ပြီးအကြံပေးရင် ဒါအကြံပေးလို့မခေါ်ဘူး။ပါတာဖတ်လို့ ခေါ်တယ်။ပါတာပဲ ပြန်ဖတ်ပြဖို့။ Marketing အကြံပေးမယ်ဆိုလူတွေသိတဲ့ အမှတ်တံဆိပ်ဘယ်နှစ်ခုလောက် တည်ဆောက်ဖူးလဲ။ကိုယ့်ရဲ့ လုပ်ငန်းကိုကော လူသိပြီလား။Marketing campaign ပေါင်းဘယ်နှစ်ခုလောက် လုပ်ဖူးပြီးပြီလဲ။လုပ်ငန်းပေါင်း ဘယ်နှစ်ခုအောင်မြင်အောင် ကူညီပေးဖူးလဲ။ဒီထဲက ရလဒ်တွေ ကိုယ်ပိုင် framework တွေဘယ်နှစ်ခုတည်ဆောက်ပြီးပြီလဲ။ဒါတွေလိုမယ်လို့ စဉ်းစားမိတယ်။ မြန်မာပြည်မှာက အဟိတ်အဟန်နဲ့သိပ်လုပ်စားလို့ကောင်းတာ။ ဘာရယ်ညာရယ် မဟုတ်လူရှိန်တာပေါ့။ ဒါကြောင့်လဲ ပါတာဖတ်တဲ့ အတိုင်ပင်ခံတို့အကြံပေးတို့ မဖြစ်အောင် ကိုယ်တိုင် စမ်းသပ်မှုတွေ လုပ်ရမယ်ဆိုတဲ့စိတ်နဲ့ နေ့စဥ် စမ်းသပ်မှုတွေလုပ်ဖို့တွန်းအားတွေရနေတယ်။ ဘယ်သူ့မှ မရည်ရွယ်ပါဘူး။ကိုယ့်ကိုကိုယ် သတိပေးတာ။အဲ့လို မဖြစ်အောင်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

Marketing အကြံပေးတယ်ဆိုတာ Read More »

စဉ်းစားကြည့်ကြည့်

စဉ်းစားကြည့်ကြည့် ဒီနေ့ ကိုယ့်ကိုကိုယ် တိုးတက်အောင် ဘာလုပ်ဖြစ်လဲ။ ကိုယ့်လုပ်ငန်းဟာကိုယ်တိုးတက်သလောက်ပဲတိုးတက်တာ သတိပြုပါ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

စဉ်းစားကြည့်ကြည့် Read More »

“Trend မှီပြီးရင်
Brand တည်ပါ။” လို့အကြံပြုချင်ပါတယ်။

လုပ်ငန်းစတင်တဲ့အခါ စျေးကွက်တိုးတက်မှုနဲ့ကြုံတဲ့အခါတိုးတက်မှုမြန်နှုန်းမြင့်မယ်။ဒါကို Xiaomi ရဲ့ CEO လေဂျင်းကလေလာရင် ဝက်တောင်ပျံနိုင်တယ်။风来了猪多会飞 လို့ဆိုခဲ့တယ်။ ဒါပေမယ့် အချိန်တစ်ခု ပြန်ရောက်လာတဲ့အခါမြန်နှုန်းမြင့်တာ နှေးလာမယ်။စျေးကွက်တည်ငြိမ်လာမယ်။ဒါကို Jack Ma က 风过去了,摔死的都是猪လေမုန်တိုင်ပြီးသွားတဲ့အခါကျသေတာလဲ ဝက်တွေပဲများတယ်တဲ့။ ဒါကြောင့် လုပ်ငန်းစတဲ့အခါစျေးကွက်အခြေအနေကြည့်ပြီး Trend မှီဖို့လိုသလို၊စျေးကွက်လေမုန်တိုင်းပြီးသွားတဲ့အခါဝက်ကျ မကျဖို့ Brand တည်ဖို့လိုတယ်။ ဒါကြောင့် Akyanpay အနေနဲ့အမျိုးတွေကို “Trend မှီပြီးရင်Brand တည်ပါ။” လို့အကြံပြုချင်ပါတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

“Trend မှီပြီးရင်
Brand တည်ပါ။” လို့အကြံပြုချင်ပါတယ်။
Read More »

ခံယူချက်နဲ့ အလုပ်လုပ်နိုင်ဖို့က
ငွေကြေး စိုးရိမ်ပယောဂတွေကင်းမှရမယ်။

ခံယူချက်နဲ့ အလုပ်လုပ်နိုင်ဖို့က ငွေကြေး စိုးရိမ်ပယောဂတွေကင်းမှရမယ်။မဟုတ်ရင် operating expense ကာမိအောင် ရုန်းရင်းကန်ရင်းနဲ့ပဲခံယူချက်တွေ ပျောက်သွားတတ်တယ်။ ဆိုင်တစ်ဆိုင်ပဲကြည့်ကြည့်၊လူတစ်ယောက်ပဲကြည့်ကြည့်ကုမ္ပဏီတစ်ခုကိုပဲ ကြည့်ကြည့်ခံယူချက် ရှိတယ် မရှိတယ်ခံစားလို့ရတယ်။ ငွေတစ်ခုတည်းအတွက်ပဲ သည်းကြီးမဲကြီးလုပ်နေတာလား၊ ဒါမှမဟုတ် ကိုယ်အပြောင်းအလဲလုပ်ချင်တဲ့ခံယူချက်တစ်ခုအတွက် အလုပ်လုပ်နေတာလား ကွာတယ်။ ခံစားလို့ရတယ်။ Starbucks က နွေးထွေးပျော်ရွင်မှုရှိတဲ့ပတ်ဝန်းကျင်ဖန်တီးချင်တယ်။ First home က အိမ်၊ Second home က အလုပ်third home က Starbucks ဖြစ်စေဆိုတဲ့ ခံယူချက်နဲ့။ Xiaomi ဆိုလဲ Innovation for everyone ဆိုပြီး တီထွင်ဆန်းသစ်တဲ့ပစ္စည်းတွေကိုစျေးသက်သက်သာသာနဲ့ သုံးလို့ရအောင်။ တခြားဆီက အတုခိုးတာတွေလဲအများကြီးရှိမယ်။ဒါပေမယ့် သူ့မှာ ခံယူချက်ရှိတဲ့အတွက်ပုရိသတ်များတယ်။ ခံယူချက်က ခံစားလို့ရတယ်။ အဿပြာကတော့ ကိုယ့်လုပ်ရပ်ကြောင့်ရလာတဲ့ ဆုလဒ်ပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့

ခံယူချက်နဲ့ အလုပ်လုပ်နိုင်ဖို့က
ငွေကြေး စိုးရိမ်ပယောဂတွေကင်းမှရမယ်။
Read More »

အချိန်တစ်ခု ရောက်လာမယ်။

အချိန်တစ်ခုရောက်တဲ့အခါကိုယ်တိုးတက်မှုမရှိတဲ့အခါကိုယ့်လုပ်ငန်းလဲ တိုးတက်မှုမရှိတဲ့အချိန်တစ်ခု ရောက်လာမယ်။ လုပ်ငန်းရှင်တစ်ယောက်ကအပြင်ပိုင်းဖြစ်တဲ့ ဖောက်သည်၊supplier နဲ့ partner တွေအပြင်အတွင်းပိုင်း ဝန်ထမ်းရေးရာ၊ ငွေကြေးနဲ့ စနစ်ရေးရာကို ကောင်းကောင်းလည်ပတ်အောင်စီမံခန့်ခွဲနိုင်ဖို့ ကိုယ်တိုင်ကလဲတိုးတက်နေဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

အချိန်တစ်ခု ရောက်လာမယ်။ Read More »

တခါတလေ formula ရှာတဲ့အချိန်က
ပိုကြာတတ်တယ်။
ရှာမတွေ့သေးလို့ စိတ်မညစ်သွားနဲ့။

ဝိတ်ချဖို့ ကိုယ်နဲ့ ကိုက်တဲ့ formula ရှာဖို့ တစ်နှစ်လောက်စမ်းသပ်ရတယ်။ တကယ်လုပ်ဖို့ကျ နှစ်လလောက်ပဲကြာတယ်။ အလုပ်ဖြစ်တဲ့ marketing formulaရှာဖွေဖို့က သုံး၊ လေးနှစ်ကြာတယ်။တကယ်လုပ်ဖို့က မိနစ်ပိုင်းပဲ။ Speed-reading လုပ်နိုင်ဖို့ ကိုယ်နဲ့ကိုက်တဲ့ formula ရှာတာ၁၀ နှစ်လောက်ကြာတယ်။ တကယ်လုပ်ဖို့က မိနစ် ၆၀ အောက်ပဲ။ Digital Product တည်ဆောက်ရေးအတွက်သုံးလေးနှစ်အချိန်ပေး formula ရှာရတယ်။တကယ်လုပ်ဖို့ကျတော့ တစ်ရက်နဲ့ပြီးတယ်။ တခါတလေ formula ရှာတဲ့အချိန်ကပိုကြာတတ်တယ်။ ရှာမတွေ့သေးလို့ စိတ်မညစ်သွားနဲ့။ ရှာတွေ့လို့ကတော့ ဆပွားပြီသာမှတ်။ Phyo Paing @ Derek

တခါတလေ formula ရှာတဲ့အချိန်က
ပိုကြာတတ်တယ်။
ရှာမတွေ့သေးလို့ စိတ်မညစ်သွားနဲ့။
Read More »

စနစ်တကျ စဉ်းစားတတ်ဖို့
စီးပွါးရေး စဉ်းစားနည်းစနစ်တွေ
လေ့လာထားဖို့လိုတယ်။

Social media အသုံးပြုပြီးလူတစ်ယောက်ရဲ့ ရှာငွေက တချို့လုပ်ငန်းတွေထက် အမြတ်ငွေပိုများတာမျိုးမြင်ရကြားရနိုင်တယ်။ ဒီနေ့ခေတ်က လူတော်တစ်ယောက်ဟာနည်းပညာအသုံးပြုပြီးသာမာန်အစားထိုးလို့ရတဲ့လူတွေအများကြီးရှိတဲ့ လုပ်ငန်းရဲ့ဝင်ငွေထက် သာလွန်သွားနိုင်တယ်။ ဒီနေ့ခေတ်က စဉ်းစားဥာဏ်နဲ့ဦးနှောက်ပြိုင်တဲ့ခေတ်ဖြစ်သွားပြီ။ အရင်လို သတင်းအချက်အလက်ဖွပ်ထားတဲ့ ခေတ်မဟုတ်တော့ဘူး။ လူသိများအောင် လုပ်နိုင်တဲ့လုပ်ငန်း၊စဉ်းစားနိုင်တဲ့လုပ်ငန်းရှင်သူတို့ရဲ့ခေတ်ဖြစ်တယ်။ စနစ်တကျ စဉ်းစားတတ်ဖို့ စီးပွါးရေး စဉ်းစားနည်းစနစ်တွေလေ့လာထားဖို့လိုတယ်။ Blue Ocean Framework တို့Value Proposition တို့၊Business Model Canvas တို့၊One Page Busienss Plan တို့၊ Lean Branding Framework တို့ဆိုတာစီးပွါးရေးစဉ်းစားနည်း ပုံစံတချို့ပဲဖြစ်တယ်။လျှောက်ပြီး တောင်စဉ်းစားမြောက်စဉ်းစားနေတာထက်စာရင်မဟာဗျူဟာကျကျ စဉ်းစားတာပိုထိရောက်နိုင်တယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

စနစ်တကျ စဉ်းစားတတ်ဖို့
စီးပွါးရေး စဉ်းစားနည်းစနစ်တွေ
လေ့လာထားဖို့လိုတယ်။
Read More »