Akyanpay

ဖြစ်နေတတ်ကြတယ်။

တခါတလေ ယိုပေါက်တွေကိုမကြည့်မိပဲ အိတ်ပေါက်နဲ့ ဖားကောက်နေတာမျိုးဖြစ်နေတတ်ကြတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

ဖြစ်နေတတ်ကြတယ်။ Read More »

ဒါကို ဆပွား concept လို့ခေါ်တယ်။

စာအုပ်ဖတ်တယ်။ video ရိုက်ထားလိုက်တယ်။ income stream ရှာပေးတဲ့Product တစ်ခုဖြစ်လာတယ်။ Online Learning Website လုပ်တယ်။လုပ်ငန်းအတွက် app တွေလုပ်တယ်။ တခြားသူတွေကို ပြန်လည်လုပ်ပေးတယ်။Income stream တစ်ခုဖြစ်လာတယ်။ လုပ်ငန်းလုပ်တဲ့အခါတိုင်းအသုံးပြုတဲ့ထိရောက်တဲ့ မားကတ်တင်းနည်းစနစ်တွေတွေ့ရှိတယ်။ပြန်လည်သင်ကြားပေးတယ်။ဒီကတစ်ဆင့် income stream တစ်ခုဖြစ်လာတယ်။ Social media မှာ Blogging လုပ်တယ်။တခြားသူတွေလဲ အချိန်တိုအတွင်းကိုယ်ရထားတဲ့ရလဒ်ရချင်တယ်။စနစ်ထုတ်ပြီး coach လုပ်ပေးလိုက်တယ်။ဒီကတစ်ဆင့် income stream တစ်ခုဖြစ်လာတယ်။ အရင် သင်တန်းကျောင်းတွေတစ်ခုပြီးတစ်ခု လိုက်စုံစမ်းတယ်။ သင်တန်းတွေတက်တယ်။ လေ့လာတယ်။ဒီကတစ်ဆင့် income stream တစ်ခုဖြစ်လာတယ်။ မှတ်ဥာဏ်ကောင်းအောင် လေ့လာကျင့်ယူတယ်။နည်းစနစ်ကို ကလေးတွေအတွက် methodology ထုတ်ပြီး ဦးစီးနိုင်တဲ့သူကိုပေးတယ်။% တစ်ခုရတယ်။income stream တစ်ခုဖြစ်လာတယ်။ လုပ်ငန်းစလုပ်ကတည်းက ကြုံတွေ့ရတဲ့ပြဿနာတွေကို ဖြေရှင်းခဲ့ပုံနဲ့planning လုပ်တဲ့စနစ်ကို website

ဒါကို ဆပွား concept လို့ခေါ်တယ်။ Read More »

ကိုယ့်ရဲ့ ၁၀% လောက်ပဲ
မျှော်မှန်းချက်ထားပါ။

10% ဆယ်ရာခိုင်နှုန်း လုပ်ငန်းရှင်အများစုက ကိုယ့်ဝန်ထမ်းတွေကိုကိုယ့်လို မစဉ်းစားနိုင်မလုပ်နိုင် မတွေးနိုင်လို့ အားမလို အားမရဖြစ်တတ်ကြတယ်။ကိုယ့်လို တွေးနိုင်ရင် ကိုယ့်လိုလုပ်ငန်း လုပ်နေမှာပေါ့။ဒါကြောင့် ဝန်ထမ်းခန့်တဲ့အခါလုပ်ငန်းရှင်တွေကို အကြံပေးတာကိုယ့်ရဲ့ ၁၀% လောက်ပဲမျှော်မှန်းချက်ထားပါ။ မဟုတ်ရင် စိတ်ဆင်းရဲရလွန်းလို့ပါ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ကိုယ့်ရဲ့ ၁၀% လောက်ပဲ
မျှော်မှန်းချက်ထားပါ။
Read More »

လူတိုင်းရဲ့ winning strategy မတူဘူး။

ဒါကြောင့် လူတိုင်းရဲ့အကြံဥာဏ်ကို ယူလို့မရဘူး။ ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ပြီးကိုယ်လိုချင်တာက ဘာ။မလိုချင်တာက ဘာ။ကိုယ်ဘာတွေကို လုပ်ရမယ်။ဘာတွေကို ရှောင်ရမယ်။ ကိုယ်သွားရမည့်လမ်းကြောင်းက ဘာ။ ဒါတွေကို သေချာသိရင် စည်းကမ်းလိုတယ်။ မလုပ်သင့်တာကို မလုပ်မိဖို့။ အရင်လုပ်ခဲ့မိရင်တောင် ရှောင်ဖို့။ စိတ်အလိုကို မလိုက်မိဖို့လိုတယ်။ ကိုယ်သွားနေတဲ့ လမ်းကြောင်းမှန်လား။ လွဲနေလား ဒါကို သိဖို့ နေ့စဥ် ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်တိုင်းတာမှု ပြုလုပ်ဖို့လိုတယ်။ Phyo Paing @ Derek

လူတိုင်းရဲ့ winning strategy မတူဘူး။ Read More »

ကြိုတင်စုဆောင်းထားရမည့်အချိန်။

ခုချိန်က လုပ်နေကျ အလုပ်တွေထက်စျေးကွက် သတင်းအချက်အလက်အတွက်မျက်စိကိုဖွင့် နားစွင့်ထားရမည့်အချိန်။လုပ်ငန်းအတွက် မရှိမဖြစ် ပစ္စည်းတွေကိုကြိုတင်စုဆောင်းထားရမည့်အချိန်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

ကြိုတင်စုဆောင်းထားရမည့်အချိန်။ Read More »

ကိုယ့်လုပ်ငန်းကို ထုတ်ကုန်တစ်ခုလို စဥ်းစားပါ။

ကိုယ့်လုပ်ငန်းကို ထုတ်ကုန်တစ်ခုလို စဥ်းစားပါ။ ကိတ်မုန့်ဆရာက ကိတ်မုန့်ဆိုင်ဖွင့်တဲ့အခါ မုန့်ဖုတ်တဲ့အပိုင်းကိုပဲ ဝင်လုပ်နေလို့မရတော့ဘူး။ ကိတ်မုန့်ဖုတ်တယ်ဆိုတာ သူ့လုပ်ငန်းရဲ့ တစ်စိတ်တစ်ဒေသပဲဖြစ်သွားတဲ့အတွက် ဒီအပိုင်းကိုပဲ အာရုံစိုက်မယ်ဆိုရင် လုပ်ငန်းတစ်ဖက်စောင်းနင်းဖြစ်ပြီးရှေ့ရောက်သင့်သလောက်မရောက်ဖြစ်မယ်။ ကိတ််မုန့်ဆရာက ကိတ်မုန့်ဆိုင်စဖွင့်တာနဲ့သူ့ရဲ့ ကုန်ပစ္စည်းဟာ ကိတ်မုန့်လုပ်ငန်းဖြစ်သွားပြီ။ ပုံမှန်ရောင်းနေကျ ကိတ်မုန့်ဖုတ်တာအပြင် ဖောက်သည်အသစ်ရှာတာ၊ဖောက်သည်တွေကို လေ့လာပြီးကြိုက်နိုင်တဲ့ ကုန်ပစ္စည်းအသစ်ထုတ်တာ၊ဖောက်သည်တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်တာ၊ဝန်ထမ်းနေရာချထားမှုနဲ့ စီမံခန့်ခွဲတာ၊ စာရင်းဇယားအပိုင်း၊ ကုန်ပစ္စည်းဝယ်ယူမှုအပိုင်း အစရှိတာတွေဟာသူနဲ့ သက်ဆိုင်လာပြီ။ ဒီအပိုင်းတွေကို အစပိုင်းမှာ ကိုယ်တိုင်လုပ်ဆောင်ကြတယ်။နောက်ပိုင်းကျ တခြားသူတွေကို တာဝန်လွဲပြောင်းပေးကြတယ်။ ဒီကမှ တစ်ဆင့် လုပ်ငန်းတွေထပ်ချဲ့ကြတယ်။ လုပ်ငန်းရှင်တစ်ယောက် လုပ်မယ်ဆိုရင်လုပ်ငန်းရဲ့ အရှင်သခင်ဖြစ်ဖို့ ကိုယ်ဟာ ကိုယ့်လုပ်ငန်းထက်ကြီးတယ်ဆိုတာ သေချာ သိထားရပါမယ်။ ကိုယ်ကတိုးတက်မှုတွေမရှိပဲ ကိုယ့်လုပ်ငန်းက ကံကောင်းပြီးကြီးထွားသွားတဲ့အခါ လုပ်ငန်းရှင်အများစုက ရထားတဲ့ အောင်မြင်မှုလေးပြန်ကျသွားမှာ ကြောက်တတ်ကြတယ်။ ဒီလို မဖြစ်ဖို့ စီးပွားရေးရေလှိုင်းတွေကြားမှာ တစ်နေရာက တစ်နေရာရောက်ဖို့

ကိုယ့်လုပ်ငန်းကို ထုတ်ကုန်တစ်ခုလို စဥ်းစားပါ။ Read More »

ပြဿနာတွေက ကိုယ့်ကို
အမြင့်ရောက်စေတဲ့ လှေကားထစ်တွေပဲ။

လုပ်ငန်းရှင်တစ်ချို့အတွက် ၁။ အရင်က စခဲ့ပြီး အခုစိတ်တိုင်းမကျတဲ့ လွတ်ချလို့မရတဲ့ အလုပ်တွေ ရှိရင်ရှိမယ်။ ၂။ အရင်က စခဲ့ပြီး အခု ပုံမှန်ဝင်ငွေရနေတဲ့အလုပ်တွေ ရှိမယ်။ ၃။ ကိုယ့်အတွက် ဝင်ငွေမြိုးမြိုးမြတ်မြတ်ရနေတဲ့ အလုပ်တွေလဲရှိမယ်။ ၄။ အနာဂတ်မှာ ဝင်ငွေများများရနိုင်တဲ့Projects တွေကို စမ်းသပ်နေမယ်။ ၅။ နှစ်ပေါင်း ၂၀ နဲ့အထက်မှာ ကိုယ်အကောင်အထည်ဖော်ချင်တဲ့ဆုံမှတ်တစ်ခု ရှိမယ်။ ဒီငါးခုက လုပ်ငန်းတစ်ခုလုပ်ရင်ရှိနေနိုင်တဲ့ အလုပ်တွေပဲ။ ဒီအတွက် အာရုံတွေ အများကြီးပေးရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကိုယ်တစ်ယောက်တည်းလူစွမ်းကောင်း ဖြစ်နေရုံနဲ့မရဘူး။ဦးနှောက်စွမ်းအားတွေ လိုတယ်။ဒီ ဦးနှောက်စွမ်းအားကောင်းတွေရဖို့ နှစ်ရှည်လများ စိတ်ရှည်ရှည်နဲ့ ရှာဖွေ စုဆောင်းရတယ်။ Phyo Paing @ Derek

ပြဿနာတွေက ကိုယ့်ကို
အမြင့်ရောက်စေတဲ့ လှေကားထစ်တွေပဲ။
Read More »

ဆက်လုပ်သင့်တာလုပ်။
သောက်ပြစ်ပဲတင်မနေနဲ့။

နင့်ကြောင့်သူ့ကြောင့်အမေ့ကြောင့်အဖေ့ကြောင့်Ex ကြောင့်Boss ကြောင့်ပတ်ဝန်းကျင်ကြောင့်ကိုယ့်ယောကျာ်းကြောင့်ကိုယ့်မိန်းမကြောင့်ပတ်ဝန်းကျင်ကြောင့်ဆရာကြောင့်ရာသီဥတုကြောင့်ဘဝပေးအခြေအကြောင့် ဒီ သောက်တလွဲကြောင့်တွေနဲ့ကိုယ့်ဘဝကို ဆေးခြယ်နေအုံးမယ်ဆိုနောက်တစ်ဆင့်ကို တက်ရမှာမဟုတ်ဘူး။ သင်ခန်းစာယူသင့်တာယူ။လွတ်ချသင့်တာ လွတ်ချ။ဆက်လုပ်သင့်တာလုပ်။ သောက်ပြစ်ပဲတင်မနေနဲ့။ Phyo Paing @ Derek

ဆက်လုပ်သင့်တာလုပ်။
သောက်ပြစ်ပဲတင်မနေနဲ့။
Read More »

ခံယူချက်တော့လိုတယ်။

စီးပွါးရေးဘာကြောင့် လုပ်သလဲ။ အများစုက ဝင်ငွေရချင်လို့။ ဘာကြောင့်ဝင်ငွေရချင်သလဲတချို့က လွတ်မြောက်မှုရချင်လို့။ ကိုယ်ဝယ်ချင်တာကို ဝယ်ချင်တဲ့အချိန်ဝယ်နိုင်ဖို့။ သွားချင်တဲ့နေရာကို သွားချင်တဲ့အချိန်သွားလို့ရနိုင်ဖို့။ ဒီအတွက် ပေးဆပ်မှုတွေကလကုန်တိုင်း အရှုံးအမြတ်ထွက်ဖို့မသေချာတာ။ ကိုယ့်ရဲ့ လွတ်လပ်မှုတချို့ လုပ်ငန်းစတင်ချိန်မှာ ဆုံးရှုံးရတာ။ဝန်ထမ်းရေးရာ၊ ဖောက်သည်ရေးရာနဲ့နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးရာနဲ့ပတ်သက်လာရင် ခေါင်းစားရတာ။ ဒါတွေ ရှိနိုင်တယ်။ တကယ်လို့ ကိုယ်က ငွေတစ်ခုအတွက်ပဲလုပ်တယ်ဆိုရင် ခံယူချက်မရှိခဲ့ရင် လုပ်ငန်းလုပ်ရတာ ပျော်မှာမဟုတ်ဘူး။ ကျွန်တော့်မြင်တဲ့အမြင်ကတော့လုပ်ငန်းဆိုတာက ကိုယ့်ကိုတိုးတက်အောင်လုပ်ပေးတဲ့ vehicle တစ်ခုပဲ။ နောက်နှစ်နှစ်ဆယ်၊ သုံးဆယ်သာ ပုံမှန်ဇွဲရှိရှိလုပ်သွား။နယ်ပယ်တစ်ခုမှာ ထိပ်ဆုံးမရောက်စရာအကြောင်း သိပ်မရှိဘူးလို့ ယူဆတယ်။ ခံယူချက်တော့လိုတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

ခံယူချက်တော့လိုတယ်။ Read More »

ဘယ်လို အကြံဥာဏ်မျိုး
ပေးချင်လဲ အမျိုးတို့။

ကိုယ့်ကိုကိုယ်သာ အကြံကောင်းတစ်ခုပေးရမယ်ဆိုရင် ဘယ်လို အကြံဥာဏ်မျိုးပေးချင်လဲ အမျိုးတို့။ မအားတာနဲ့ post မတင်ဖြစ်တာလဲကြာပြီ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

ဘယ်လို အကြံဥာဏ်မျိုး
ပေးချင်လဲ အမျိုးတို့။
Read More »