Akyanpay

မပြိုင်ဘဲ နိုင်ဖို့ အချက် (၇) ချက်

1. Competition Vs Creation ပြိုင်ဆိုင်မှုဟာ အစွမ်းအစတွေကို ကျစေပါတယ်။ ပြိုင်ဆိုင်မယ့်အစား ကိုယ့်ဖောက်သည်တွေအတွက် အသစ်ဖန်တီးဖို့ စဉ်းစားပါ။ ဥပမာ Apple ကို Steve Jobs ပြန်ရောက်လာတဲ့အခါ ပြိုင်ဆိုင်မှုအစား အသစ်တွေဖြစ်တဲ့ iTunes, iPod, iPhone, App Store, iPad တွေကို အစီအရီ ဖန်တီးသွားပါတယ်။ 2. Focus ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းစတာ ပြိုင်ဖက်ကို အနိုင်ယူဖို့မဟုတ်ပါဘူး။ ကျွန်တော်တို့ ရည်မှန်းချက်ပန်းတိုင်တွေ ရောက်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် ယှဥ်ပြိုင်မှုကိုပဲ အာရုံစိုက်မယ့်အစား ကိုယ့်လုပ်ငန်းရဲ့ Vision နဲ့ Mission တွေကိုအာရုံစိုက်ပါ။ 3. Know Your Niche စီးပွားရေးလုပ်ငန်းတစ်ခုဟာ နေရာတိုင်းမှာ မအောင်မြင်နိုင်ပါဘူး။ ကိုယ်က ဘယ်နယ်ပယ် Niche […]

မပြိုင်ဘဲ နိုင်ဖို့ အချက် (၇) ချက် Read More »

ကိုယ်ပိုင်အယူအဆ အရေးကြီးတယ်။

လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်တဲ့နေရာမှာ ကိုယ်ပိုင်အယူအဆတွေ ရှိဖို့ လိုတယ်။ လုပ်ငန်းရှင်တစ်ယောက်ရဲ့ ကိုယ်ပိုင်အယူအဆဟာ ကိုယ့်လုပ်ငန်းကို တခြားလုပ်ငန်းတွေနဲ့ ကွဲပြားသွားစေတယ်။ ကျွန်တော့်အနေနဲ့ကတော့ နောက်ပိုင်း ကိုယ်လုပ်တဲ့ လုပ်ငန်းတွေမှာ ဒီအယူအဆတွေ ထည့်ထားတယ်။ ၁။ ကိုယ့်ရဲ့လုပ်ငန်းက လူပေါင်း ၁၀၀၀ ရဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်ရမယ်။ ၂။ စျေးကို ကိုယ်တိုင် ထိန်းချုပ် သတ်မှတ်နိုင်ရမယ်။ ၃။ လုပ်ငန်းစတင်တဲ့အချိန်မှာ အပင်ပန်းခံပြီး သတ်မှတ်ချိန်တစ်ခုရောက်ရင် ကိုယ် လုံးဝပါစရာမလိုတာမျိုး ဖြစ်ရမယ်။ ၄။ ဒီနေ့ လုပ်လိုက်တဲ့အလုပ်ဟာ အနာဂတ်ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ အားဖြည့်ပေးနိုင်ရမယ်။ ၅။ ကိုယ်လုပ်တဲ့ လုပ်ငန်းတိုင်းဟာ အလွယ်တကူချဲ့ထွင်နိုင်တဲ့ Scalable business ဖြစ်ရမယ်။ ၆။ လူ (ဝန်ထမ်း) အသုံးပြုမှု အနည်းဆုံးနဲ့ လည်ပတ်နိုင်ရမယ်။ ၇။

ကိုယ်ပိုင်အယူအဆ အရေးကြီးတယ်။ Read More »

လုပ်ငန်းတစ်ခုကြီးထွားဖို့ အခရာကျတဲ့ (၄) ခု

လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းကို အခုထက်ပိုပြီး ကြီးထွားအောင် တိုးချဲ့ချင်ရင် ဒီအချက် (၄) ချက်ကို အလေးထားလုပ်ဆောင်ပါ။ ၁။ ကိုယ့်မှာ Team တစ်ခုလိုမယ်။ ဒီ Team မှာ လူလေးမျိုးလိုမယ်။ • အဖန်တလဲလဲလုပ်ရတဲ့ အလုပ် Repetitive task တွေလုပ်နိုင်တဲ့သူ • တီထွင်စမ်းသစ်မှုတွေ လုပ်ဆောင်နိုင်တဲ့သူ • ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူနဲ့ • သူတို့အားလုံးကို သေချာအုပ်ချုပ် စာရင်းဇယားလုပ်နိုင်မည့်သူတွေ လိုပါမယ်။ ၂။ မဟာဗျူဟာ Strategy လိုတယ်။ ကိုယ့်လုပ်ငန်းက ဘယ်စီးပွားရေးထဲမှာ ရှိနေတာလဲ ? အနာဂတ်မှာ ဘာတွေ ပြောင်းလဲလာနိုင်လဲ ? အနာဂတ်မှာ ဖြစ်လာနိုင်မယ့် ပြဿနာတွေအတွက် ဘာတွေကြိုတင်ပြင်ဆင်ထားဖို့ လိုမလဲ ? ဒီမေးခွန်းတွေကို အမြဲဖြေနေဖို့ လိုပါမယ်။

လုပ်ငန်းတစ်ခုကြီးထွားဖို့ အခရာကျတဲ့ (၄) ခု Read More »

အရည်အချင်းဆိုတာ
ပြဿနာတွေဖြေရှင်းရင်းနဲ့မှ ဖြစ််လာတာပါ။

ဘေးလူတွေမသိနိုင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် အရည်အချင်းဆိုတာပြဿနာတွေဖြေရှင်းရင်းနဲ့မှ ဖြစ််လာတာပါ။ လုပ်ငန်းတစ်ခု အောင်မြင်ဖို့၊နယ်ပယ်တစ်ခုမှာ နေရာတစ်ခုရဖို့ အရမ်းလွယ်တယ်လို့ဘေးကကြည့်ပြီး ထင်ကောင်းထင်လိမ့်မယ်။ နယ်ပယ်တစ်ခုမှာနေရာတစ်ခုရောက်နေတဲ့လူတွေဟာအားရင် သူတို့ခေါင်းထဲမှာ သူ့လုပ်ငန်း၊သူ့နယ်ပယ်အကြောင်းပဲ တွေးနေတာဘေးလူတွေ သတိမထားမိတတ်ကြဘူး။ ရေချိုးရင်း အိုင်ဒီယာရလို့ချက်ချင်းပြေးလုပ်တာတွေဘေးလူတွေ သိချင်မှ သိမယ်။ ပြဿနာပေါင်းသောင်းခြောက်ထောင်ကိုလက်လျှော့လိုက်ရင်ကောင်းမလားဆိုပြီးကိုယ့်ကိုယ်ကိုယ် ဒွိဟဖြစ်တာတွေ၊ငြင်းခုန်မှုတွေကို ကျော်လွန်ဖို့အပြင်းအထန် ကြိုးစားရတာတွေဘေးလူတွေ သိချင်မှသိမယ်။ နယ်ပယ်တစ်ခုမှာ လူရိုသေရှင်ရိုသေဖြစ်ဖို့စတေးရတဲ့အရာတွေ၊ ပေးဆပ်မှုတွေကိုဘေးလူတွေ နားလည်ချင်မှ နားလည်မယ်။ ရှေ့ဆုံးက ပြေးနေနိုင်ဖို့၊မရှိသေးတဲ့အရာတွေရှိဖို့၊ရှိပြီးသားအရာတွေ တည်တံ့ဖို့၊တည်တံ့ပြီးသားအရာတွေ ဆပွားတိုးတက်ဖို့အမြဲ အကြံထုတ်နေရတာတခြားသူတွေ သိချင်မှ သိမယ်။ တချို့အချိန်တွေမှာတချို့ပြဿနာတွေကို သိပေမယ့်မသိသလို လျစ်လျူရှုစောင့်ကြည့်ရတဲ့စိတ်ရှည်မှုမျိုး ထားရတဲ့အချိန်တွေ ရှိတာတခြားသူတွေ သိချင်မှ သိမယ်။ သူကတော်လို့၊ IQ ကောင်းလို့၊ဘာလို့၊ ညာလို့ဆိုတာရာခိုင်နှုန်း အနည်းငယ်ပါ။ တကယ်တမ်း resilience ဖြစ်ဖို့ ကြံ့ကြံ့ခံဖို့အာရုံစိုက်မှု focus နဲ့patience စိတ်ရှည်မှုတွေဟာလုပ်ငန်းရှင်တစ်ယောက်အတွက်အရမ်း

အရည်အချင်းဆိုတာ
ပြဿနာတွေဖြေရှင်းရင်းနဲ့မှ ဖြစ််လာတာပါ။
Read More »

အခြေခိုင်ဖို့ အခြေခံလိုတယ်။

အခြေခိုင်ဖို့ အခြေခံလိုတယ်။ စီးပွားရေး တိုးတက်နေတဲ့အချိန်အောင်မြင်နေတာ စစ်မှန်တဲ့အောင်မြင်မှုလို့ ခေါ်လို့မရနိုင်ဘူးလို့ယူဆတယ်။ ဘယ်အခြေအနေဖြစ်ဖြစ်ရပ်တည်နိုင်တာမှ အောင်မြင်မှုလို့သတ်မှတ်ထားတယ်။ 2002 မှာ SIRS ရောဂါဖြစ်တယ်။တချို့ကုမ္ပဏီတွေ မရှိတော့ဘူး။Alibaba ကြီးထွားလာတယ်။ 2008 စီးပွားရေးပျက်ကပ် recession ဖြစ်တယ်။လူတွေအလုပ်ပြုတ်ကြသလိုတချို့ကုမ္ပဏီတွေ မရှိတော့ဘူး။ပြဿနာအသစ်တွေနဲ့ အတူAirbnb တို့လို ကုမ္ပဏီတွေထွက်ပေါ်လာတယ်။Uber ထွက်ပေါ်လာတယ်။ ဘာကြောင့် တချို့ကုမ္ပဏီတွေဒေဝါလီခံသွားတဲ့ အချိန်မှာတချို့တွေ ရှင်သန်ပြီး ပြန်လည်ကြီးထွားပြီးအသစ်တွေ ဖန်တီးနိုင်တာလဲဆိုရင်အခြေခံခိုင်တဲ့အတွက်ဖြစ်တယ်။ ဒါကို Amazon ရဲ့ Founder Jeff Bezos ကရှင်းရှင်းလေး ရှင်းပြထားတယ်။ လူတွေက အနာဂတ်မှာ ဘာတွေပြောင်းမလဲသူ့ကို လာမေးတယ်။အနာဂတ်မှာ ပြောင်းလဲမယ့်အရာတွေအများကြီး ရှိတယ်။အဲ့ဒါထက် အရေးကြီးတဲ့အရာက“အနာဂတ်မှာ ဘာတွေ မပြောင်းလဲဘူးလဲ” ဆိုတဲ့မေးခွန်းက ပိုအရေးကြီးတယ်။ လူတွေက အနာဂတ်မှာ စျေးချိုတာတွေကိုကြိုက်နေဦးမယ်။လူတွေက အနာဂတ်မှာ မြန်မြန်ဆန်ဆန်ပို့ဆောင်ပေးတာကို ကြိုက်နေဦးမယ်။ဒါတွေက မပြောင်းလဲဘူး။ဒါ

အခြေခိုင်ဖို့ အခြေခံလိုတယ်။ Read More »

ကလေးတစ်ယောက်လို ပြုစုပျိုးထောင်ပါ။

ကလေးတစ်ယောက်လို ပြုစုပျိုးထောင်ပါ။ စီးပွားရေးလုပ်ငန်းစတာနဲ့ ကလေးတစ်ယောက်မွေးတာတူတဲ့အချက်က ကလေးငယ်တစ်ယောက်က ငယ်စဉ်မှာ ကြီးထွားတာမြန်တယ်။လုပ်ငန်းတစ်ခုကလည်း စတင်ချိန်မှာ ကြီးထွားတာ အရမ်းမြန်တတ်တယ်။ တချို့လုပ်ငန်းတွေက ကြိုတင်စီမံပြီးမှ စသလို တချို့က အခြေအနေအရ စလိုက်တာရှိတယ်။ ကလေးမွေးကင်းစမှာ အိပ်ရေးပျက်ရသလို လုပ်ငန်းစတင်ချိန်မှာလဲ အင်မတန်ကြိုးစားအားထုတ်ရတယ်။ ကလေးတစ်ယောက် တီတီတာတာစကားပြောတတ်ချိန် ကြည်နူးရသလိုလုပ်ငန်းတစ်ခု ရုပ်လုံးနည်းနည်းပေါ်လာတဲ့အချိန်ကြည်နူးရတယ်။ ကလေးတစ်ယောက်ရဲ့ အပြုအမူတွေကောင်းအောင် ပြုစုပျိုးထောင်ပေးရသလိုလုပ်ငန်းအတွင်းက လူအားလုံးရဲ့ အပြုအမူတွေတူအောင်၊ Core value တွေ သတ်မှတ်လိုက်နာဖို့လိုပြီး Culture ကို စနစ်တကျ ပြုစုပျိုးထောင်ဖို့လိုတယ်။ ကလေးကနေ အသက်အရွယ်တစ်ခုရောက်ရင် သူ့အလိုလိုရပ်တည်နိုင်ဖို့ ကြိုတင်လုပ်ဆောင်ပေးရသလိုလုပ်ငန်းတစ်ခု အခြေအနေတစ်ခုရောက်ရင် သူ့အလိုလို လည်ပတ်နိုင်ဖို့ Exit Strategy နဲ့Succession Planning လိုတယ်။ ကလေးတစ်ယောက် တစ်ချိန်မှာအောင်မြင်ဖို့ ကြိုတင်စဉ်းစားပြီး ပုံဖော်ပြင်ဆင်ပေးရသလို လုပ်ငန်းတစ်ခု တည်တံ့ဖို့

ကလေးတစ်ယောက်လို ပြုစုပျိုးထောင်ပါ။ Read More »

လူတိုင်း သင့်ကိုသဘောကျမှာမဟုတ်ဘူး။

လူတိုင်း သင့်ကိုသဘောကျမှာမဟုတ်ဘူး။ Apple ရဲ့ CEO ဖြစ်တဲ့ Steve Jobs ကိုEngineer တစ်ယောက်က“ခင်ဗျားက ကုန်ပစ္စည်းတည်ဆောက်မှုEngineering အပိုင်းမပါပဲ အလကားနာမည်ကြီးနေတယ်” ဆိုတဲ့ သဘောနဲ့ပွဲတစ်ခုမှာ ဝေဖန်ဖူးတယ်။ Steve Jobs ကလည်း ကုန်ပစ္စည်းထုတ်တယ်ဆိုတာထက်လူတွေ သန်းပေါင်းများစွာရဲ့ပြဿနာကိုဖြေရှင်းပြီးလူ ဘီလီယံပေါင်းများစွာကိုအလုပ်ပေးနိုင်အောင် လုပ်ရတာ၊ဖောက်သည်တွေရဲ့ပြဿနာကိုဖြေရှင်းရတာတွေကမလွယ်တဲ့အကြောင်း၊ဒါက engineering တစ်ခုထက်ပိုအရေးကြီးကြောင်း ပြန်ဖြေသွားတယ်။ ဒါကို မေးတဲ့လူကြီးမင်းကတော့သိပ်သဘောတွေ့ပုံမရဘူး။ ဆိုလိုတာကကဗျာဆရာတွေက စီးပွားရေးသမားကိုအားကျမှာ မဟုတ်ဘူး။စီးပွားရေးသမားတွေကလည်းအနုပညာရှင်တွေကိုအားကျချင်မှ အားကျလိမ့်မယ်။လူတိုင်းက သူ့အတွေးနယ်ပယ်ထဲမှာကန့်သတ်ထားတဲ့ နယ်မြေလေးတွေရှိကြတယ်။ လူတိုင်း ကိုယ့်ကို သဘောကျမှာ မဟုတ်ဘူး။ ဒါကြောင့် လုပ်ငန်းအတွက်core audience ရွေးတဲ့အခါပထမဆုံး ၁၀၀၀ true fans ကို အရင်ရွေးရတယ်။ AkyanPay.comကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay

လူတိုင်း သင့်ကိုသဘောကျမှာမဟုတ်ဘူး။ Read More »

စီးပွားရေးတစ်ခုမှာ အရေးကြီးတဲ့ “ခံယူချက်”

စီးပွားရေးတစ်ခုမှာ အရေးကြီးတဲ့ “ခံယူချက်” စီးပွားရေးဆိုတာ ငွေတစ်ခုတည်းအတွက်ဖြစ်တည်လာတာ မဟုတ်ဘူး။ ဒီတစ်ခုတည်းအတွက် ကြည့်ရင် DNA (အနှစ်သာရ) ပျောက်နေတဲ့ စီးပွားရေးပဲဖြစ်မယ်။ တရုတ်ပြည်မကြီးကို ကြည့်ကြည့်။ငွေရှိတယ်။ အလုပ်တွင်တယ်။ အနှစ်သာရ မဲ့နေတယ်။ သူ့မှာ Soul ပျောက်နေတယ်။ ဘာကြောင့်လဲ? အကုန်လုံးဟာ ငွေနောက်ပဲလိုက်လို့။ ငွေရှိလာတယ်။ ဒီတော့ ငွေထက် အဆင့်မြင့်တဲ့ပျော်ရွှင်မှုတွေကို တောင်းတလာတယ်။ လုပ်ငန်းတစ်ခုမှာ ခံယူချက်လိုတယ်။ ဘယ်ခံယူချက်အတွက် ဒီအလုပ်လုပ်နေတာလဲသိဖို့လိုတယ်။ဒါမှ Covid-19 တို့လိုမျိုးအနာဂတ်မှာလာနိုင်တဲ့ ဘေးဒုက္ခတွေကိုအိန္ဒြေရှိရှိ ကျော်လွှားနိုင်မှာ။“More like a spiritual pursuit”လို့ပြောရင် မှန်မယ်။ အနုပညာကို ပိုက်ဆံအတွက်လုပ်တာနဲ့ ခံယူချက်အတွက်လုပ်တာ ခံစားလို့ရတယ်။ ပိုက်ဆံအတွက်လုပ်တဲ့အခါ ပေါက်တဲ့အလုပ် အကုန်ထလုပ်ပြီးလိုင်းကြောင်သွားနိုင်တယ်။ ခံယူချက်အတွက် အလုပ်လုပ်တာက ရူးသွပ်မှု၊အနာဂတ်အတွက် ပြင်ဆင်မှုတွေနဲ့ အတွေးအခေါ်အပေါ် အခြေခံတယ်။ မရှိသေးတဲ့

စီးပွားရေးတစ်ခုမှာ အရေးကြီးတဲ့ “ခံယူချက်” Read More »

အပေါ်ယံကြည့်ရင် အရာရာက လွယ်တယ်။

အပေါ်ယံကြည့်ရင် အရာရာက လွယ်တယ်။ ကိုယ်သေချာမသိတဲ့ အလုပ်ကိုအပေါ်ယံကြည့်ရင် အကုန်လွယ်လွယ်လေးလို့ ထင််တတ်ကြတယ်။ ကော်ဖီဆိုင်ဖွင့်ဖို့ လွယ်တယ်လို့ထင်တတ်ကြတယ်။ သင်တန်းကျောင်းဖွင့်ဖို့ လွယ်တယ်လို့ထင််တတ်ကြတယ်။ ဆိုင်တစ်ဆိုင်ဖွင့်ရတာ အရမ်းလွယ်တယ်လို့ထင်တတ်ကြတယ်။ မားကတ်တင်းလုပ်ရတာ လွယ်တယ်လို့ထင်တတ်ကြတယ်။ Influencer လုပ်ရတာတင်ချင်တာတွေ တင်ရင်ရတာပဲလွယ်လွန်းတယ်လို့ထင်ကောင်းထင်ကြလိမ့်မယ်။ လူတွေကို မနက်ကနေ ညအထိ ကိုယ့်စကားနားထောင်ပြီး လေးငါးရက်လောက် သင်တန်းတက်အောင်လုပ်ဖို့ လွယ်တယ်လို့ ထင်ကောင်းထင်မယ်။ အရာရာကို အပေါ်ယံကြည့်ရင်အရာရာလွယ်တယ်လို့ ထင်တတ်ကြတယ်။ အမှန်တကယ် ဝေဖန်ခံရတာ၊တိုက်ခိုက်ခံရတာ၊ဘဝက ကိုယ့်ကို lessons တွေပေးတာ၊ပြိုင်ဆိုင်မှုတွေ၊ အခက်အခဲတွေကြားနောက်တစ်ဆင့်တက်ဖို့ ကြိုးစားကြံဆရတာ လူတွေသိချင်မှ သိမယ်။ အပေါ်ယံကြည့်ရင် အရာရာကလွယ်တယ်ထင်နိုင်တယ်။နဖူးတွေ့ ဒူးတွေ့မှာ ဘယ်လိုလဲဆိုတာ တကယ်လုပ်ကြည့်မှ သိတတ်ကြတယ်။ ဘယ်အလုပ်မဆို ဘေးကထိုင်ပြီးကြည့်ရတာပိုလွယ်တယ်။ ဖြစ်မြောက်အောင် လုပ်တာ၊ ရေရှည်တည်တံ့အောင် လုပ်တာပိုခက်ခဲတယ်။ AkyanPay.comကိုယ်မပါဘဲ လည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

အပေါ်ယံကြည့်ရင် အရာရာက လွယ်တယ်။ Read More »

လုပ်ငန်းရှင်ဆိုတာ Band Owner

လုပ်ငန်းရှင်ဆိုတာ Band Owner အစပိုင်းမှာ ကိုယ်က သီချင်းဆိုမယ်။သီချင်းဆိုတာလဲကျွမ်းတယ်။နောက် သီချင်းလဲရေးမယ်။ Piano လည်း ကိုယ်တိုင်တီးမယ်။နောက် Drum ပါတီးမယ်။ SME လုပ်ငန်းရှင်တွေအနေနဲ့လည်းအလားတူပါပဲ။အရာအားလုံး ကိုယ်တိုင်လုပ်မှ စိတ်တိုင်းကျတတ်ကြတယ်။ SME Owner ဆိုတာBand ပိုင်ရှင်ဆိုတာ သိရမယ်။ အကုန် ကိုယ်တစ်ယောက်တည်းလုပ်ချင်လို့ မရဘူး။ အစပိုင်းမှာ လုပ်ငန်းကျွမ်းကျင်သူ Specialist ပြီးရင် Supporter နောက်ဆုံး Strategist နေရာကို တက်လှမ်းဖို့ လိုတယ်။ ကိုယ်က အခု ဘယ် Role မှာလဲ ?ပြန်ဆန်းစစ်ဖို့လိုတယ်။ Phyo Paing @ DerekFounder @ AkyanPay AkyanPay.comကိုယ်မပါဘဲ လည်ပတ်တဲ့ လုပ်ငန်းတည်ဆောက်ပါ။#Akyanpay

လုပ်ငန်းရှင်ဆိုတာ Band Owner Read More »