Akyanpay

ယူဆချက်အမှားတွေကို မေးခွန်းထုတ်ပါ။

ယူဆချက်အမှားတွေကို မေးခွန်းထုတ်ပါ။ ဝန်ထမ်း ဘယ်နှစ်ယောက်ရှိသလဲ ?ရုံးခန်း ဘယ်လောက်ကျယ်သလဲ ?လူတွေ အထင်ကြီးအောင် ဘယ်လောက်လုပ်နိုင်သလဲ ? တခါတလေကျရင် လူအများစုယုံကြည်ထားတဲ့ ယူဆချက်အမှားတွေကြောင့်တချို့လူတွေ လမ်းလွဲသွားတတ်ကြတယ်။ အောင်မြင်မှုတစ်ခုကို တိုင်းတာတဲ့အခါဝန်ထမ်းများမှ၊ ရုံးခန်းကြီးမှ၊ ဆိုင်ခွဲတွေ အများကြီးရှိမှ၊ လူရှိန်အောင် Billboard တွေထောင်မှnecktie တွေ၊ suit တွေနဲ့မှအောင်မြင်မှုလို့ သတ်မှတ်တတ်ကြတယ်။ ဒီ society က သတ်မှတ်ထားတဲ့ အယူအဆမှားတွေနဲ့ အထင်မြင်မှားတွေကိုမေးခွန်းထုတ်ဖို့လိုတယ်။ ပတ်ဝန်းကျင်က သတ်မှတ်ချက်အမှားတွေကကျွန်တော်တို့နှလုံးသားထဲက သွားချင်တဲ့လမ်းကြောင်းတွေကို လမ်းလွဲစေနိုင်တယ်။ ကောင်းမွန်တဲ့ ဘဝတစ်ခုအတွက်မေးခွန်းကောင်းတွေ လိုတယ်။ ကိုယ့်အလုပ်က လူတွေရဲ့ဘဝကို ဘယ်လောက် ကောင်းမွန်တဲ့ သက်ရောက်မှုရှိစေမလဲ ? လူတွေရဲ့ ဘဝ ပိုကောင်း၊ ပိုလှ၊ ပိုပျော်အောင်ဘာတွေလုပ်ပေးရမလဲ ? လူတွေလုပ်နေကျ ဘယ်အမှားတွေကိုမှန်အောင် လုပ်ပေးမလဲ? ကိုယ် […]

ယူဆချက်အမှားတွေကို မေးခွန်းထုတ်ပါ။ Read More »

Differentiate or Die

Differentiate or Die သာမန် လူတွေကို ရောင်းဖို့သာမန် ကုန်ပစ္စည်းတွေ မထုတ်ပါနဲ့။ဒါ ဒီနေ့ခေတ်ရဲ့ မားကတ်တင်းအတွေးအခေါ်ဖြစ်တယ်။ သာမန်လူတွေအတွက်သာမန်ကုန်ပစ္စည်းတွေ ထုတ်ခြင်းဟာရှုံးနိမ့်မှုရဲ့ ရှေ့ပြေးပဲလို့ ဆိုကြတယ်။ သာမန် ဖုန်းဆိုင်၊ သာမန် လက်ဖက်ရည်ဆိုင်သာမန် စားသောက်ဆိုင်၊ သာမန် အထည်ဆိုင်သာမန် လက်ဝတ်ရတနာဆိုင်ဒီ သာမန် ကုန်ပစ္စည်းရောင်းတဲ့သာမန်ဆိုင်တွေက ပုံစံတူတွေဖြစ်နေတယ်။ စီးပွားရေးလုပ်ငန်းမှာ ထူးရင်ထူးမထူးရင် အဆင်မပြေလို့ မျက်စံပြူးမယ်။Differentiate or Die ပဲ။ ထူးဖို့ ကိုယ်လုပ်တဲ့အလုပ်ကိုရူးသွပ်ဖို့လိုတယ်။ဆရာကျအောင် လေ့လာနေဖို့လိုတယ်။တီထွင်ဆန်းသစ်ဖို့လိုတယ်။ ကိုယ့်လုပ်ငန်းက • Business Model နဲ့ ထူးအောင်လုပ်မှာလား ? • ကုန်ပစ္စည်းနဲ့လား ? • ဝန်ဆောင်မှုနဲ့လား ? • စျေးနှုန်းနဲ့လား ? • Marketing လုပ်တဲ့ပုံစံနဲ့လား ?

Differentiate or Die Read More »

ပုံမှန် လေ့လာဖို့ အချိန်ပေးပါ။

ပုံမှန် လေ့လာဖို့ အချိန်ပေးပါ။ စီးပွားရေးလုပ်ငန်းတစ်ခုကို ဦးဆောင်တဲ့သူတစ်ယောက်ရဲ့တစ်ရက်တာ က ဝန်ထမ်းတစ်ယောက်နဲ့ လုံးဝမတူနိုင်ဘူး။ ဝန်ထမ်းအနေနဲ့က ပေးထားတဲ့အလုပ်ကိုပေးထားတဲ့အချိန်မှာ ပြီးအောင်လုပ်လို့ရတယ်။တိုးတက်ရေးအတွက် လုပ်လို့ရတယ်။ တခြားအချိန်တွေရှိတယ်။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ကျတော့သူ့လုပ်ငန်းသွားရမည့်လမ်းကြောင်းကိုတွေးရသလို ပြိုင်ဖက်တွေ၊ ဝန်ထမ်းတွေ၊ နိုင်ငံရေးစီးပွားရေး၊ လူမှုရေးအပြောင်းအလဲအခြေအနေတော်တော်များများကို စဥ်းစားနေရတဲ့အတွက် သူ့ရဲ့ internal attention တွေများနေတတ်တယ်။ ဒါကြောင့် တိုးတက်ရေးအတွက်အချိန်ပေးဖို့ လုပ်ငန်းသွားတဲ့လမ်းကြောင်းနဲ့ကိုက်ညီနေတဲ့ alignment မတွေ့တဲ့အချိန်တွေ ကြုံရတတ်တယ်။ အဲလို alignment မမိလို့လေ့လာမှုရပ်တန့်သွားတဲ့အချိန်က ကိုယ့်လုပ်ငန်းကြီးထွားမှု ရပ်တန့်မယ့်အချိန်ပဲ။ ဘာကြောင့်လဲဆိုတော့ စျေးကွက်ထဲမှာ ပြိုင်ဖက်တွေကို အဝေးကြီးမှာ အပြတ်ချန်ခဲ့ဖို့ အတွေးအခေါ်တွေ လိုတယ်။ ဒီလိုအတွေးအခေါ်တွေမှန်ဖို့ တိုးတက်နေဖို့ သင်ယူလေ့လာနေဖို့လိုတယ်။ ဒါကြောင့် တစ်ရက်ကို နာရီဝက်ဖြစ်ဖြစ်အချိန်ပေးပြီး ပုံမှန် မဖြစ်မနေလေ့လာဖို့လိုတယ်။မလေ့လာခင် သုံးမိနစ်လောက် စိတ်ရှင်းလင်းလေး လုပ်ပေးဖို့လဲလိုတယ်။ ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးနေဖို့လိုတယ်။ AkyanPay.comကိုယ်မပါဘဲ

ပုံမှန် လေ့လာဖို့ အချိန်ပေးပါ။ Read More »

မျက်စိကိုဖွင့် နားကိုစွင့်ထားဖို့လိုတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာတွေပြောင်းတိုင်း လုပ်ငန်းလုပ်ပုံကိုင်ပုံတွေပြောင်းပြောင်းသွားတတ်တယ်။ ဒီလို ပြောင်းလဲသွားတဲ့ လုပ်ပုံကိုင်ကိုင်ပုံတွေကိုလိုက်မပြောင်းပဲ ရှေးရိုးစွဲအတိုင်း လုပ်ကိုင်တဲ့အခါ လုပ်ငန်းနောက်ကျကျန်ခဲ့တတ်တယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းရဲ့ ပတ်ဝန်းကျင်စျေးကွက်နဲ့အတူပြောင်းလဲပြီး စျေးကွက်လိုအပ်ချက်အမြဲဖြည့်ဆည်းနိုင်ဖို့ လုပ်ငန်းရှင်အနေနဲ့မျက်စိကိုဖွင့် နားကိုစွင့်ထားဖို့လိုတယ်။ #Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေတည်ဆောက်ပါ။

မျက်စိကိုဖွင့် နားကိုစွင့်ထားဖို့လိုတယ်။ Read More »

လုပ်ငန်းလုပ်တယ်ဆိုတာ ပိုက်ဆံဝင်ဖို့။

လုပ်ငန်းလုပ်တယ်ဆိုတာ ပိုက်ဆံဝင်ဖို့။ ဒီပိုက်ဆံဝင်ဖို့ လူနဲ့ စနစ်ကိုအသုံးပြုရတယ်။ဒီလူနဲ့ စနစ်ကို အသုံးပြုဖို့ ငွေပြန်သုံးရတယ်။ ဒါကြောင့် ကိုယ်အသုံးပြုထားတဲ့ငွေ၊ လူနဲ့ စနစ်ဟာ ကိုယ်လိုချင်တဲ့ သတ်မှတ် ရလဒ်ဖြစ်တဲ့ လက်ရှိဝင်ငွေနဲ့ အနာဂတ်ဝင်ငွေကို ဖြစ်ပေါ်စေမလား အမြဲသုံးသပ်ပြီးသေချာ ဒီဇိုင်းချဖို့လိုတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay

လုပ်ငန်းလုပ်တယ်ဆိုတာ ပိုက်ဆံဝင်ဖို့။ Read More »

စနစ်ကျဖို့ စနစ်ချပါ။

စနစ်ကျဖို့ စနစ်ချပါ။ ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ဖို့ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်လုပ်ငန်းကို စနစ်ချဖို့ လိုပါတယ်။ လုပ်ငန်းတစ်ခုကို စနစ်ချတယ်ဆိုတာ ကိုယ့်လုပ်ငန်းမှာ နေ့တဓူဝလုပ်နေရတဲ့ အလုပ်တွေကို ဘာပြီးရင် ဘာလုပ်မယ် ဆိုတဲ့ လုပ်ငန်းဆောင်တာ အဆင့်ဆင့်ကို အတိအကျသတ်မှတ်ပြီး လုပ်ဆောင်တာပါ။ ကမ္ဘာကျော် E-Myth စာအုပ်ရဲ့ စာရေးဆရာ Michael Gerber က “လူတွေအပေါ် မှီခိုတဲ့ လုပ်ငန်းအစား စနစ်အပေါ် မှီခိုတဲ့ လုပ်ငန်း တည်ဆောက်ပါ။” လို့ ပြောပါတယ်။ ကိုယ့်လုပ်ငန်းကို စနစ်ချခြင်းအားဖြင့် လူတစ်ဦးတစ်ယောက်အပေါ် အမြဲမှီခိုနေစရာမလိုဘဲ customer တွေကို အရည်အသွေးတည်ငြိမ်တဲ့ ဝန်ဆောင်မှု ပေးနိုင်လာမယ်။ ကိုယ်မပါဘဲ လည်ပတ်တဲ့ လုပ်ငန်း စတင် တည်ဆောက်နိုင်လာမယ်။ မိတ်ဆွေအနေနဲ့ ကိုယ့်လုပ်ငန်းမှာ စနစ်တစ်ခုရှိနေပြီလား ?

စနစ်ကျဖို့ စနစ်ချပါ။ Read More »

တနေ့ ကိုယ်မရှိတော့ရင်၊
ကိုယ့်လုပ်ငန်းမရှိတော့ရင်
ကိုယ်နေထိုင်တဲ့နေရာ
ကိုယ့်ရဲ့ဖောက်သည်တွေ
ဘာတွေအပြောင်းအလဲ
ဖြစ်သွားနိုင်မလဲ?
ဒါအရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။

တချို့လူတွေက အခုချိန်ကမ္ဘာကြီးကပျောက်ကွယ်သွားရင်လူအများစု ပျော်ကြလိမ့်မယ်။ တချို့လူတွေ ကမ္ဘာကြီးကပျောက်ကွယ်သွားတော့ လူတွေ ပူဆွေးဝမ်းနည်းကြရတယ်။ မှတ်မှတ်ရရ Oct 5, 2011 Steve Jobs ကွယ်လွန်တော့ တစ်ကမ္ဘာလုံးက နည်းပညာစိတ်ဝင်စားသူတွေအားလုံးပူဆွေးကြရသလို March 23, 2015 လီကွန်းယူဆုံးတဲ့နေ့က မှတ်မှတ်ရရကျွန်တော် Chennai ကိုရောက်နေပြီးသူ့အတွက် ဝမ်းနည်းကြောင်း Billboard တွေအများကြီးတွေ့ရတယ်။ တနေ့ ကိုယ်မရှိတော့ရင်၊ကိုယ့်လုပ်ငန်းမရှိတော့ရင်ကိုယ်နေထိုင်တဲ့နေရာ၊ကိုယ့်ရဲ့ဖောက်သည်တွေဘာတွေ အပြောင်းအလဲဖြစ်သွားနိုင်မလဲ? ဒါအရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ ဦးဆောင်တဲ့သူတစ်ယောက်က အပြောင်းအလဲတွေ ဖန်တီးပေးသလို ဒီဦးဆောင်တဲ့သူမရှိတဲ့အခါလူတွေ လွမ်းဆွတ်တတဖြစ်ကြရတယ်။ Phyo Paing @ Derek

တနေ့ ကိုယ်မရှိတော့ရင်၊
ကိုယ့်လုပ်ငန်းမရှိတော့ရင်
ကိုယ်နေထိုင်တဲ့နေရာ
ကိုယ့်ရဲ့ဖောက်သည်တွေ
ဘာတွေအပြောင်းအလဲ
ဖြစ်သွားနိုင်မလဲ?
ဒါအရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။
Read More »

ကိုယ့်လုပ်ငန်းကို Product တစ်ခုလို စဥ်းစားပါ။

ကိုယ့်လုပ်ငန်းကို Product တစ်ခုလို စဥ်းစားပါ။ ကိုယ်မပါဘဲ လည်ပတ်တဲ့ လုပ်ငန်းတစ်ခု တည်ဆောက်ချင်တဲ့ လုပ်ငန်းရှင်တွေအတွက် E-Myth Revisited စာအုပ်ထဲက သဘောတရားတစ်ခုကို မျှဝေပေးပါမယ်။ အဲဒါကတော့ ကိုယ့်လုပ်ငန်းကို Product တစ်ခုလို စဥ်းစားကြည့်ပါ။ Product တစ်ခုကို ထုတ်လုပ်တဲ့အခါ ကျွန်တော်တို့အနေနဲ့ ဘယ် ကုန်ကြမ်း သုံးမယ်၊ ဘယ်လို နည်းလမ်းတွေ သုံးပြီး ထုတ်မယ်၊ ဘယ်လို အရည်အသွေးမျိုးရှိရမယ် စသဖြင့် ကုန်ချော ထွက်လာတဲ့အထိ ဘယ်သူက၊ ဘယ်အချိန်၊ ဘာတွေလုပ်ရမလဲဆိုတဲ့ စံတွေ၊ လုပ်ငန်းဆောင်တာတွေကို အတိအကျ သတ်မှတ်ထားပါတယ်။ ဒီအခါ အဲဒီ product ကို ဘယ်နှကြိမ်ပဲ ထုတ်ထုတ် ကိုယ်တိုင် အစအဆုံး ပါနေစရာမလိုဘဲ တူညီတဲ့ product ပေါင်း သောင်းချီ၊

ကိုယ့်လုပ်ငန်းကို Product တစ်ခုလို စဥ်းစားပါ။ Read More »

အိမ်စာလုပ်မှရမယ်။

ဥာဏ်ပဲကောင်းနေလို့မရဘူး။အိမ်စာလုပ်ဖို့လဲလိုတယ်။အိမ်စာမလုပ်ရင်နောက်တစ်တန်းတက်မှာမလုပ်ဘူး။တိုင်ပတ်နေကျ ပြဿနာပဲပြန်တက်နေရင် တစ်ခုခုတော့ မှားနေပြီ။မနေ့ကပြဿနာက ဒီနေ့အတွက်ကလေးကစားစရာဖြစ်နေဖို့ကအိမ်စာလုပ်မှရမယ်။ Phyo Paing @ Derek

အိမ်စာလုပ်မှရမယ်။ Read More »

Plan ဆိုတာ အမြဲချနေရတာမျိုး။

Plan ဆိုတာ အမြဲချနေရတာမျိုး။ လုပ်ငန်းရှင်တချို့ထင်ကြတာ ကျွန်တော်ကို Business Plan ဆွဲပေး၊ Marketing Plan ဆွဲပေးဆိုပြီးတစ်ခါတည်းပြီးသွားမည့်အမျိုးလို့ထင်ကြတယ်။ Plan ဆိုတာ အဖြစ်အပျက်တစ်ခုမဟုတ်ပါဘူး။ Plan ဆိုတာ ဖြစ်စဥ်တစ်ခုပါ။နောက်တစ်ပတ်လုပ်မည့်အစီအစဥ်ဟာဒီရက်ပိုင်းမှာ ဖြစ်ပျက်မှုတချို့ကြောင့်အပြောင်းအလဲရှိနေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့် Plan ကိုအမြဲ update လုပ်နေဖို့ လိုအပ်တယ်။ New Year ညမှာ ၂၀၂၂ အတွက် plan ဆွဲပြီး တစ်ခါတည်းအကောင်ထည်ဖော်တယ်ဆိုတာ အကောင်ဆုံးနည်းလမ်းဖြစ်ချင်မှ ဖြစ်လိမ့်မယ်။ ကိုယ့် plan အကောင်အထည်ဖော်နေတုန်းမှာ အသိဥာဏ်သစ်တွေ၊ အတွေ့အကြုံသစ်တွေသင်ခန်းစာသစ်တွေက ကိုယ့်ကိုသင်ကြားပေးသွားမှာဖြစ်တယ်။ ဒါကြောင့် Plan ဆိုတာ အမြဲ updateလုပ်နေရတဲ့ Process ဖြစ်တယ်။ဒီလို အမြဲ update လုပ်နေရတဲ့ process အတွက်Plan ချနည်းစနစ် Framework

Plan ဆိုတာ အမြဲချနေရတာမျိုး။ Read More »