Behavior

မပြစ်မှားမိသင့်တဲ့သူကို
သွားမပြစ်မှားနဲ့

အသက်ကြီးလာတော့ လက်ကိုင်ထားတာPower ဥပဒေသပဲ။သူ့ကကိုယ့်ကို လိုတာထက်ကိုယ်က သူ့ကိုပိုလိုရင်ကိုယ်က အလျော့ပေးရမှာပဲ။သူက ကိုယ့်ကို ဒုက္ခပေးနိုင်တာကကိုယ်က သူ့ကို ဒုက္ခပေးနိုင်တာထက်နည်းနေရင် နောက်ဆုံး ကိုယ်ပိုဒုက္ခရောက်မှာပဲ။Power law 19 မှာလိုမပြစ်မှားမိသင့်တဲ့သူကိုသွားမပြစ်မှားနဲ့။ ℙ𝕙𝕪𝕠 Paing @ Derek

မပြစ်မှားမိသင့်တဲ့သူကို
သွားမပြစ်မှားနဲ့
Read More »

အလုပ်လုပ်တာနဲ့ အလုပ်ပြီးတာမတူဘူး

Activity နဲ့ Work done နဲ့ မရောမိဖို့လိုတယ်။ လူအများစုက အလုပ်တော့လုပ်နေကြတယ်။အလုပ်က မပြီးဘူး။ ဒီထက်ပိုအရေးကြီးတာ ကိုယ်လုပ်နေတဲ့အလုပ်က တကယ်လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ဟုတ်မဟုတ်သိဖို့ပဲ။ မယောင်ရာဆီလူးနေရင်ပင်ပန်းတာပဲ အဖတ်တင်တယ်။ ဒါကြောင့် busyness နဲ့ business ကိုသိရမယ်။ ကုန်ပစ္စည်းပို့ဆောင်ပေးတဲ့ FedExကိုစတုန်းက Frederick W. Smith ဖဒရစ် စမစ်ကဒီနေ့ပို့ မနက်ဖြန်ရောက်တဲ့ စနစ်Overnight delivery ကိုလုပ်ချင်တယ်။ဝန်ထမ်းတွေက ကုန်ပစ္စည်းတွေကုန်တင်ကုန်ချလုပ်ဖို့ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ အလုပ်လုပ်တာအရမ်းနှေးတာကို တွေ့ရတယ်။ ဒါနဲ့ ဘယ်အချိန်လာပြီးဘယ်အချိန်ပြန်ရမယ်ဆိုတဲ့ အချိန်သတ်မှတ်မှုအစား၊ဒီအလုပ်တွေစောစောပြီးစောစောပြန်လုပ်လိုက်တော့ ညတွင်းချင်းပို့ပေးတဲ့ overnight delivery စနစ်က အောင်မြင်သွားတယ်။ တစ်ရက်တစ်ရက် ကိုယ်လုပ်နေတဲ့အလုပ်က လုပ်ဖို့လိုလားပြန်မေးဖို့လိုတယ်။ လုပ်ဖို့လိုရင် ကိုယ်လုပ်နေတဲ့အလုပ်ကိုဒီထွက်ပိုလွယ်အောင်၊ မြန်အောင်၊ထိရောက်အောင်၊ နောက်ပိုင်း ကိုယ်တိုင်လုပ်စရာမလိုတော့အောင်ဘယ်လို လုပ်ရမလဲ အမြဲပြန်မေးကြည့်ဖို့လိုတယ်။ Phyo Paing @

အလုပ်လုပ်တာနဲ့ အလုပ်ပြီးတာမတူဘူး Read More »

စည်းကမ်းသည် လူ၏တန်ဖိုး
ဆိုတာ အမှန်ပဲ

ကိုယ့်ကိုကိုယ် ချမှတ်ပြီးတဲ့စည်းကမ်းတော့ ဖြစ်အောင်လုပ်ရမယ်။ သူများချထားတဲ့ စည်းကမ်းကတော့လိုက်နာချင်မှ လိုက်နာမယ်။ကျောင်းကတည်းက အဲ့လိုလုပ်တဲ့သူတွေရှိတတ်တယ်။ ဒါက အရေးသိပ်မကြီးဘူး။ ကိုယ့်ကိုကိုယ် ချမှတ်ထားတဲ့စည်းကမ်းကတော့ ဖြစ်အောင်လုပ်မှ ရမယ်။ကိုယ်နဲ့တစ်သက်လုံး အတူတူနေမှာကိုယ်ပဲလေ။ Phyo Paing @ Derek

စည်းကမ်းသည် လူ၏တန်ဖိုး
ဆိုတာ အမှန်ပဲ
Read More »

လူတစ်မျိုးရှိတယ်။

တခုခုဆို တခြားသူတစ်ယောက်ကိုပုံအပ် commit လုပ်မှာကြောက်တဲ့သူ။သူတို့က ဘဝမှာ တစ်ယောက်ယောက်ကြောင့်နာကျင်ဖူးတယ်။ ငယ်ငယ်က ကိုယ့်လျို့ဝှက်ချက်ကိုအမေ၊ အဖေနဲ့ ယုံကြည်တဲ့သူတွေကိုပြောပြတဲ့အခါ သူတို့ကတခြားသူတွေကိုပြန်ပြောပြတဲ့အတွက် သစ္စာဖောက်ခံရတယ်လို့ခံစားရတတ်တယ်။ ငယ်ငယ်က တစ်ခုခုဆို ရင်ဖွင့်တိုင်ပင်စရာလူမရှိဘူး။ဘေးနားမှာ မိဘနဲ့ အမျိုးတွေရှိပေမယ့်အားကိုးလို့မရဘူးဆိုတာသိတယ်။ တခါတလေ ကိုယ့်ကိုနားလည်တဲ့သူမရှိဘူးဆိုတဲ့ ခံစားချက်တွေခံစားရတတ်တယ်။ Relationship တစ်ခုကို commit လုပ်ပြီးပုံအပ်လိုက်ကြမှာ လမ်းဆုံးထင်တတ်ပြီးဒါကို ရှောင်လွှားတဲ့ love avoidant တွေဖြစ်သွားတတ်ကြတယ်။ ဒါပေမည့် သူတို့အတွက် နွေးထွေးတဲ့အရှိကိုအရှိအတိုင်း ဖွင့်ပြလို့ရတဲ့ကိုယ်ဂုဏ်ယူပြီး လူရှေ့ပြလို့ရလောက်တဲ့သူနဲ့တွေ့တော့ အပြောင်းအလဲတွေဖြစ်တတ်တယ်။ နောက်ဆုံးတော့လဲ ဖြစ်နေကျ pattern က looping ပြန်ပတ်တတ်တယ်။ Human Behavior စိတ်ဝင်စားဖို့ကောင်းတယ်။ Phyo Paing @ Derek

လူတစ်မျိုးရှိတယ်။ Read More »

ဒီလေးခုနဲ့ အမူအကျင့်တည်ဆောက်ခဲ့တယ်။

Neurotransmitter နဲ့ Hormone တွေကိုယ့်အတွက်ဖြစ်အောင်ဘယ်လိုအသုံးချမလဲ? မနက်ထရင် ၁၅ မိနစ်အတွက်Task တစ်ခုလုပ်တယ်။နောက် မိနစ် ၂၀ အတွက်တစ်ခု။တစ်နာရီခွဲအတွက်တစ်ခု။ဒီ Task တွေတစ်ခုပြီးတိုင်းDopamine ဆိုတာထွက်တယ်။Sense of accomplishment ကိုပေးတယ်။ ပြီးရင် ၁၅ မိနစ်ပြေးတာ၊exercise လုပ်ရင် Endorphins ထွက်တယ်။သူက feel good hormone ဖြစ်တယ်။တစ်ရက်လုံးနေလို့ကောင်းစေတယ်။ ပြီးရင် story မှာနေ့စဉ်ပုံတင်တယ်။ဒါက sense of connection ကိုပေးတယ်။Serotonin ဆိုတဲ့ neurotransmitter ထွက်တယ်။Motivation နဲ့ sense of connection တွဲနေတယ်။ နောက် Gym မှာ တွေ့နေကျလူတွေနဲ့ပြန်တွေ့မင်္ဂလာပါ နှုတ်ဆက်ရင်းရင်းနှီးမှု ဖြစ်စေတဲ့ oxytocin ထွက်တယ်။ဒီ neuro-peptide က နွေးထွေးမှုကိုဖြစ်စေပြီးbehavior တည်ဆောက်မှုအတွက် အရေးကြီးတယ်။

ဒီလေးခုနဲ့ အမူအကျင့်တည်ဆောက်ခဲ့တယ်။ Read More »