Business

မြင်အောင်ကြည့်ပါ။

သာမာန်လူတစ်ယောက် ဖုန်းကိုမြင်တဲ့အမြင်နဲ့Engineer တစ်ယောက်ဖုန်းကိုမြင်တဲ့အမြင်၊ သာမာန်စျေးသည်တစ်ယောက် စီးပွားရေးကိုမြင်တဲ့ အမြင်နဲ့ MNC (Multinational Company)ကိုဦးဆောင်နေတဲ့သူတစ်ယောက်ရဲ့အမြင်၊ သာမာန် Facebook သုံးတဲ့သူတစ်ယောက်နဲ့ Digital Marketing သမားတစ်ယောက်ရဲ့အမြင်မတူကြပါဘူး။ လူတိုင်းမျက်စိတွေရှိကြပေမယ့်အပေါ်ယံကနေ ဖောက်ထွင်းကြည့်နိုင်ဖို့ ဥာဏ်မျက်စိတွေလိုတယ်။ မြင်အောင်ကြည့်ပါ။ Phyo Paing @ Derek

မြင်အောင်ကြည့်ပါ။ Read More »

လုပ်ငန်းတစ်ခု စဖို့ဆိုတာ အရမ်းလွယ်တယ်။ ရပ်လိုက်ဖို့မလွယ်ဘူး။ Why?

လုပ်ငန်းတစ်ခု စဖို့က စလိုက်ဖို့သာလိုတယ်။ ကိုယ်မလုပ်ချင်တော့လို့ရပ်လိုက်ရင် အရပ်က ဒေဝါလီခံသွားတယ်တို့၊ ပြုတ်သွားတယ်တို့။ ဒီလို စကားတွေနဲ့ ဂုဏ်သိက္ခာကို ငှဲ့ပြီး တချို့လုပ်ငန်းတွေက run နေကြရတယ်။ ဒီလို အခြေနေမျိုးမှာ ဘာလုပ်သင့်သလဲ? ၁. Operating expense ကို အနည်းဆုံးဖြစ်အောင်လုပ်ပါ။ ၂. President လို့ချရေးပါ။ သူ့အောက်မှာ လုပ်ငန်းကို အကြမ်းဖျင်း Marketing, Operation, Finance သုံးပိုင်းပိုင်းလိုက်ပါ။ Marketing မှာ Sale, Customer Service, Advertising & Research သုံးပိုင်းပိုင်းလိုက်ပါ။ Finance ကို Accounting, Admin နဲ့ MIS (Management Information System) သုံးပိုင်းပိုင်းပါ။ ၃. ဒီ functions တွေ

လုပ်ငန်းတစ်ခု စဖို့ဆိုတာ အရမ်းလွယ်တယ်။ ရပ်လိုက်ဖို့မလွယ်ဘူး။ Why? Read More »

စိတ်ရှည်ရှည်နဲ့ လေ့လာပါ။

ရေရှည် Game Plan အတွက် စိတ်ရှည်ဖို့လိုတယ်။ အလုပ်တစ်ခုလုပ်တဲ့အခါ curiosity အရမ်းအရေးကြီးတယ်။ အလုပ်တစ်ခုလုပ်တဲ့အခါ 1. ဒီအလုပ်ရဲ့သဘောတရားကဘာလဲ၊ 2. ဒီအလုပ်မှာ အောင်မြင်တဲ့သူတွေက ဘာတွေလုပ်သလဲ၊ 3. ဘာကြောင့်တချို့သူတွေမအောင်မြင်သလဲ? 4. နိုင်ငံခြားတိုင်းပြည်တွေမှာ သူတို့ဘယ်လိုတွေလုပ်နေကြသလဲ? 5. ဒီအလုပ်ကို ကောင်းကျိုး၊ ဆိုးကျိုးတွေကဘာတွေလဲ? အစရှိတဲ့မေးခွန်းတွေအပြင် industry အကြောင်းကို ငါးနှစ်လောက်နေမှ သေချာသိလာတာမျိုးဖြစ်တတ်ကြတယ်။ ဒါတောင် သေချာလေ့လာမှ မြင်တွေ့ရတာမျိုးဖြစ်တယ်။ Jack Ma ပြောသလိုပဲ လူတွေမအောင်မြင်တာ အခွင့်အရေးကို ၁။ မမြင်လို့၂။ နားမလည်လို့၃။ အထင်မကြီးလို့၄။ ရထားကြီးထွက်သွားပြီ လိုက်မမှီတော့လိုတဲ့။ တချို့အခွင့်အရေးတွေကို ဖမ်းယူဖို့ အတားအဆီးတွေက ကိုယ့်ရဲ့ status ကို ကျသွားမှာစိုးတာ။ နောက်တစ်ခုက အသစ်ကို မလေ့လာချင်တော့တာ။ Bill Gates

စိတ်ရှည်ရှည်နဲ့ လေ့လာပါ။ Read More »

လူတွေမှာ အလုပ်နှစ်ခုရှိတယ်။

တခုက လက်ရှိမှာ ဝင်ငွေရဖို့လုပ်တဲ့အလုပ်။ နောက်တစ်ခုက အနာဂတ်ဝင်ငွေအခွင့်အလမ်းအတွက် လုပ်တဲ့အလုပ်။ ၅၀-၅၀% နိယာမက အကောင်းဆုံးပဲ။လက်ရှိအတွက် ၅၀% အနာဂတ်အတွက် ၅၀%။အနာဂတ်အတွက်သာ မလုပ်ထားလို့ကတော့Covid-19 တို့လို မထင်မှတ်ထားတာတွေကဘယ်နှစ်ခု လာအုံးမယ်ပြောလို့မရဘူး။ Phyo Paing @ Derek

လူတွေမှာ အလုပ်နှစ်ခုရှိတယ်။ Read More »

Talent Management

လုပ်ငန်းတွေပြိုင်ကြတာမဟုတ်ပါဘူး။ လုပ်ငန်းကို ဦးဆောင်တဲ့ဝန်ထမ်းတွေရဲ့အစွမ်းအစ ပြိုင်ကြတာပါ။ SME လုပ်ငန်းတွေမှာ လူတော်တွေကို attractလုပ်ရတာနဲ့ ထိန်းထားရတာအခက်ဆုံးပဲ။ ဒီလို recruit, train and maintain လုပ်နိုင်ဖို့earn + learn လုပ်နိုင်ကြဖို့လိုတယ်။ ငွေတစ်ခုတည်းနဲ့ လူတွေအလုပ်မလုပ်ကြပါဘူး။ အချိန်တစ်ခုရောက်တဲ့အခါ သူတို့ကိုယ်သူတို့အစွမ်းအစတွေ express လုပ်ချင်လာမယ်။ ဒီအတွက် learning environment ရှိနေရမယ်။ HR philosophy အများစုကို အရင်လုပ်ခဲ့တဲ့ကမ္ဘာ့အလုပ်လုပ်လို့အကောင်းဆုံး company က အများကြီးလေ့လာလို့ရခဲ့တယ်။သူတို့ရဲ့ CHRIS လို့ခေါ်တဲ့ Common Human Resource Information System ကိုအသုံးပြုပြီးKPI, Target, SOP, Team Building လုပ်တဲ့ပုံစံနဲ့ Agreed Goal နဲ့ PIP (Performance Improvement Plan)ချတဲ့ပုံစံတွေဟာ

Talent Management Read More »

ဘယ်လောက်လက်ထဲမှာရှိတယ် ဘာစီးပွားရေး လုပ်ရမလဲ?

ရင်းနှီးမြုပ်နှံမှုထဲမှာ အကျိုးအမြတ်အများဆုံးကတော့ စီးပွားရေးဖြစ်သလို၊ risk အများဆုံးကလဲ စီးပွားရေးလုပ်ငန်းဖြစ်တယ်။ Business 101 အရ လုပ်ငန်းဆိုတာ Problem တစ်ခုကို ဖြေရှင်းဖို့ဖြစ်လာတာဖြစ်တယ်။ ပြဿနာမရှိရင် စီးပွားရေးလုပ်ငန်းလဲမရှိဘူး။ ဒါကြောင့် ပထမ စဥ်းစားရမှာ ကိုယ်က ဘာပြဿနာကို ဖြေရှင်းမလဲ? ဒီပြဿနာကို ကြုံတွေ့နေတဲ့သူတွေ ဘယ်လိုဖြေရှင်းနေလဲ? အဆင်ပြေကြလား? ကိုယ်က လက်ရှိထက်ပို ကောင်းအောင် ဘယ်လို ဖြေရှင်းပေးလို့ရနိုင်မလဲ? ကုန်ပစ္စည်းနဲ့လား? ဝန်ဆောင်မှုနဲ့လား? ဒီပြဿနာအတွက် လူတွေငွေဘယ်လောက်သုံးကြမလဲ? စုစုပေါင်းစျေးကွက်ဘယ်လောက်ရှိသလဲ? ဘယ်စျေးကွက်လေးကနေစမလဲ? ဒီမေးခွန်းတွေပေါ်မူတည်ပြီး Product/Service development ကိုစတင်ရင်း လုပ်ငန်းဆိုတာဖြစ်လာတာပါ။ ဘာလုပ်ငန်းလုပ်ရမလဲ စဥ်းစားမည့်အစား၊ ဘယ်သူပြဿနာကို အကောင်းဆုံးဖြေရှင်းမလဲ စဥ်းစားကြည့်ပါ။ Phyo Paing @ Derek

ဘယ်လောက်လက်ထဲမှာရှိတယ် ဘာစီးပွားရေး လုပ်ရမလဲ? Read More »

ဒီနေ့ခေတ်မှာ အောင်မြင်ချင်ရင် SMART Business Model သုံးကြပါလို့ စီးပွားရေးပညာရှင်တချို့ကဆိုကြတယ်။

၁။ Social media driven – Facebook, Instagram, Tik Tok, Linkedin အစရှိတဲ့ Social media ကို အကောင်းဆုံးအသုံးပြုတဲ့စီးပွားရေးဖြစ်ရမယ်။ ၂။ Market Focused – စျေးကွက်ရဲ့အပြောင်းအလဲကို မျက်စိဒေါက်ထောက်ကြည့်နေပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့လုပ်ငန်းမျိုးဖြစ်ရမယ်။ ငါတို့က အရင်ကတည်းက ဒါမျိုးပဲ တစ်သက်လုံးလုပ်လာတာ မျိုးမဖြစ်ရဘူး။ ၃။ Automatic Customers/ Automation – ထပ်ခါထပ်ခါ အမြဲအမြတ်ရနေတဲ့ စီးပွားရေးလုပ်ငန်းမျိုးရှိနေလား။ ဥပမာ လစဥ်ကြေးနဲ့သွားတဲ့ Subscription-model ပုံစံ။ ၄။ Remote Team – ကိုယ့်ရဲ့ဝန်ထမ်းတွေကို မတူညီတဲ့နေရာတွေက သို့ အိမ်ကနေအလုပ်လုပ်တဲ့ Team ကို စီမံခန့်ခွဲပြီးလုပ်ကိုင်နိုင်ပြီလား။ ၅။ Technology driven –

ဒီနေ့ခေတ်မှာ အောင်မြင်ချင်ရင် SMART Business Model သုံးကြပါလို့ စီးပွားရေးပညာရှင်တချို့ကဆိုကြတယ်။
Read More »

Online ကိုယ်ပိုင်စီးပွါးရေးလုပ်ဖို့ အဆင့် ၈ ဆင့်
(Online က ငွေဘယ်လိုရှာမလဲ?)

၁။ စျေးကွက်လိုအပ်ချက်ကိုရှာဖွေပါ။ လုပ်ငန်းစမည့်လူအများစုက ကုန်ပစ္စည်းကစတင်ကြတယ်။ ကုန်ပစ္စည်းနဲ့ မစတင်ပါနဲ့။ စျေးကွက်လိုအပ်ချက် နဲ့စတင်ပါ။ ၂။ စျေးကွက်လိုအပ်ချက်ကို ဆန်းစစ်ပါ။ ဆန်းစစ်ရန်နည်းလမ်းများ -မေးပါ။ (Ask) ဖုန်း၊ survey၊ စကားပြောမေးလို့ရပါတယ်။ -စောင့်ကြည့်ပါ။ (Observe) (ဖောက်သည်တွေရဲ့အပြုအမူ၊ စျေးကွက်ရဲ့ trend ( ဖုန်းဆိုင်စဖွင့်တုန်းကဆို လမ်းအနေအထား၊ အဲ့နားတဝိုက်လူတွေကြိုက်တဲ့ဖုန်းအမျိုးအစား၊ ဘယ်အချိန်မှာအဝယ်များသလဲ၊ ဒီနည်းနဲ့လုပ်ခဲ့တယ်။) -Model ယူပါ။ (နိုင်ငံခြား သို့ တခြားတစ်နေရာမှာ လုပ်နေတဲ့ပုံစံ။ ဥပမာ ကျွန်တော်တို့နိုင်ငံမှာ အောင်မြင်တဲ့ trainer တချို့ က Tony Robbins ကို နမူနာယူကြတယ်။ Online Business လုပ်မယ်ဆိုနိုင်ငံခြားမှာလုပ်နေတဲ့ Dropshipping တို့၊ Fulfillment By Amazon (FBA) တို့ပုံစံကို ပြည်တွင်းမှာ

Online ကိုယ်ပိုင်စီးပွါးရေးလုပ်ဖို့ အဆင့် ၈ ဆင့်
(Online က ငွေဘယ်လိုရှာမလဲ?)
Read More »

လုပ်ငန်းရှင်ဆိုတာ Band Owner

အစပိုင်းမှာ ကိုယ်က သီချင်းဆိုမယ်။သီချင်းဆိုတာလဲကျွမ်းတယ်။နောက် သီချင်းလဲရေးမယ်။ Piano လဲကိုယ်တိုင်တီးမယ်။နောက် Drum တီးမယ်။ SME လုပ်ငန်းရှင်တွေအနေနဲ့လဲအလားတူပါပဲ ကိုယ်တိုင်လုပ်မှ စိတ်တိုင်းကျတတ်ကြတယ်။SME Owner ဆိုတာ Band ပိုင်ရှင်ဆိုတာသိရမယ်။အကုန် ကိုယ်တစ်ယောက်ထဲ အကုန်လုပ်ချင်လို့မရဘူး။ အစပိုင်းမှာ လုပ်ငန်းကျွမ်းကျင်သူ Specialistဒုတိယနေရာမှာ Supporterနောက် Strategist နေရာကို တက်လှမ်းဖို့လိုတယ်။ ကိုယ်က အခု ဘယ် role မှာလဲပြန်ဆန်းစစ်ဖို့လိုတယ်။ Phyo Paing @ Derek

လုပ်ငန်းရှင်ဆိုတာ Band Owner Read More »

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း

စီးပွါးရေးလုပ်တယ်ဆိုတာ စိတ်ဖိစီးမှုနဲ့ အမြဲလည်ပတ်နေစရာမလိုပါဘူး။ ကိုယ်ချစ်တဲ့စီးပွါးရေးကိုလုပ်ပြီး၊ ကိုယ်ကြိုက်တဲ့ဘဝနေထိုင်မှုပုံစံကိုတည်ဆောက်ဖို့ လုပ်ငန်းတွေစခဲ့ကြတယ်။ ကိုယ်က ကိုယ့်လုပ်ငန်းအတွက်အလုပ်လုပ်နေရမည့်အစား၊ ကိုယ့်လုပ်ငန်းက ကိုယ့်အတွက် အလုပ်လုပ်နေဖို့လိုအပ်ပါတယ်။ ကိုယ်ချစ်တဲ့ စီးပွါးရေးလုပ်ငန်းတွေ တည်တံ့ဖို့ ကိုယ်ဝင်မပါနေမှရမယ်။ ကိုယ်မရှိပဲ သူရှင်သန်နေမှ သူ့ကိုတကယ်ချစ်ရာရောက်မှာပေါ့။ ဒီလို ကိုယ်ချစ်တဲ့ လုပ်ငန်းတွေတည်ဆောက်ပြီး ကိုယ့်အတွက်အလုပ်လုပ်နေဖို့ ကျွန်တော့်ရဲ့ Build The Business You Love – 4A Framework လေးတစ်ခုထုတ်ထားတယ်။ 1. Activation (စတင်ခြင်း) လုပ်ငန်းစတင်တဲ့ stage မှာ ဆင်ဖမ်းမယ်ကျားဖမ်းမယ်ဆိုပြီးစခဲ့ကြတယ်။ ရင်ခုန်မှုအပြည့်နဲ့ပေါ့။ အနာဂတ်ကိုပုံဖော် ရင်ခုန်တဲ့အချိန်။ Motivation အပြည့်နဲ့ပေါ့။ 2. Actualization (နားလည်ခြင်း) မှန်းချက်နဲ့ နှမ်းထွက်နဲ့ ကိုက်တဲ့အချိန်ရှိသလို၊ အလွဲကြီးလွဲတဲ့အခါတွေလဲရှိမယ်။ စျေးကွက်ကို အထင်ကြီးမိထားတာဖြစ်နိုင်သလို၊ ကိုယ်ထင်ထားသလိုမဟုတ်တာတွေဖြစ်နိုင်တယ်။ ကိုယ်ထင်ထားတာထက်ပိုကောင်းတာလဲဖြစ်နိုင်တယ်။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း Read More »