ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း
စီးပွါးရေးလုပ်တယ်ဆိုတာ စိတ်ဖိစီးမှုနဲ့ အမြဲလည်ပတ်နေစရာမလိုပါဘူး။ ကိုယ်ချစ်တဲ့စီးပွါးရေးကိုလုပ်ပြီး၊ ကိုယ်ကြိုက်တဲ့ဘဝနေထိုင်မှုပုံစံကိုတည်ဆောက်ဖို့ လုပ်ငန်းတွေစခဲ့ကြတယ်။ ကိုယ်က ကိုယ့်လုပ်ငန်းအတွက်အလုပ်လုပ်နေရမည့်အစား၊ ကိုယ့်လုပ်ငန်းက ကိုယ့်အတွက် အလုပ်လုပ်နေဖို့လိုအပ်ပါတယ်။ ကိုယ်ချစ်တဲ့ စီးပွါးရေးလုပ်ငန်းတွေ တည်တံ့ဖို့ ကိုယ်ဝင်မပါနေမှရမယ်။ ကိုယ်မရှိပဲ သူရှင်သန်နေမှ သူ့ကိုတကယ်ချစ်ရာရောက်မှာပေါ့။ ဒီလို ကိုယ်ချစ်တဲ့ လုပ်ငန်းတွေတည်ဆောက်ပြီး ကိုယ့်အတွက်အလုပ်လုပ်နေဖို့ ကျွန်တော့်ရဲ့ Build The Business You Love – 4A Framework လေးတစ်ခုထုတ်ထားတယ်။ 1. Activation (စတင်ခြင်း) လုပ်ငန်းစတင်တဲ့ stage မှာ ဆင်ဖမ်းမယ်ကျားဖမ်းမယ်ဆိုပြီးစခဲ့ကြတယ်။ ရင်ခုန်မှုအပြည့်နဲ့ပေါ့။ အနာဂတ်ကိုပုံဖော် ရင်ခုန်တဲ့အချိန်။ Motivation အပြည့်နဲ့ပေါ့။ 2. Actualization (နားလည်ခြင်း) မှန်းချက်နဲ့ နှမ်းထွက်နဲ့ ကိုက်တဲ့အချိန်ရှိသလို၊ အလွဲကြီးလွဲတဲ့အခါတွေလဲရှိမယ်။ စျေးကွက်ကို အထင်ကြီးမိထားတာဖြစ်နိုင်သလို၊ ကိုယ်ထင်ထားသလိုမဟုတ်တာတွေဖြစ်နိုင်တယ်။ ကိုယ်ထင်ထားတာထက်ပိုကောင်းတာလဲဖြစ်နိုင်တယ်။ […]
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း Read More »
