Business

ဖောက်သည်တိုင်းက မတူဘူး။

စီးပွားရေးတိုင်းခွဲခြားဆက်ဆံကြတယ်။ သေချာကြည့်လေ မြင်လေဖြစ်လိမ့်မယ်။ ဖောက်သည်တိုင်းက မတူဘူး။ Customer is King ခေတ်ကSupercustomer is King ဖြစ်သွားပြီ။ သေချာကြည့်တတ်မယ်ဆိုရင်ဖောက်သည်တိုင်းကို တန်းတူဆက်ဆံတယ်ဆိုတာမမှန်ဘူး။ စီးပွားရေးတွေက ခွဲခြားဆက်ဆံကြတယ်။ လေကြောင်းလိုင်းတွေမှာ သာမာန်ခုံနဲ့ Business Class ခွဲခြားတယ်။ VVIP, VIP ခွဲခြားတယ်။ ဝယ်ယူတဲ့ ပမာဏ နည်းများပေါ်မူတည်ပြီးပြန်ခွဲခြားကြပြန်တယ်။ ဒါကို customer segmentation လို့ခေါ်တယ်။ ဒါက အရင်းရှင် capitalist ခေတ်ရဲ့ ပြယုဂ်ပဲ။ လူတိုင်းကို တပြေးညီဆက်ဆံဆိုတာ နားထောင်လို့ကောင်းတယ်။ကျင့်သုံးခဲ့ကြတယ်။ ကွန်မြူနစ်စနစ် ဘယ်လိုဖြစ်သွားလဲဆိုဗီယက်ယူနီယံကိုကြည့်ရင် သိနေတာပဲ။ ခွဲခြားဆက်ဆံခံရတဲ့ ခေတ်မှာ တန်းတူညီမျှမှုကို တောင်းတနေခဲ့တဲ့ကျွန်တော်တို့စီးပွားပညာကို သင်ယူပြီးလောကကြီးက မမျှတဘူးဆိုတာ ပိုနားလည်လာတယ်။ “Life is not fair; get used […]

ဖောက်သည်တိုင်းက မတူဘူး။ Read More »

ကိုယ်ဘယ်နေရာမှာ အသုံးဝင်သလဲ။

ကိုယ်ဘယ်နေရာမှာ အသုံးဝင်သလဲ။ဒါကတော့ ကျွန်တော်ကိုယ့်ကိုယ်ကိုအမြဲမေးဖြစ်တဲ့ မေးခွန်းပဲ။ လူ့အဖွဲ့အစည်းတစ်ခုမှာ ရှင်သန်တဲ့အခါကိုယ်ဘယ်နေရာကနေ အသုံးဝင်လဲပြန်စဥ်းစားဖို့လိုတယ်လို့ ထင်တယ်။​ အသုံးဝင်မှုပေါ်မူတည်ပြီးလူ့အဖွဲ့အစည်းက ပြန်လည်ဆုချတယ်။ငွေကြေးနဲ့ဖြစ်ရင်ဖြစ်မယ်။အသိအမှတ်ပြုမှုနဲ့ ဖြစ်ရင်ဖြစ်မယ်။​ လူတွေရဲ့ အသုံးဝင်မှုကို၁။ အစားထိုးရလွယ်မလွယ်၂။ လုပ်တဲ့အလုပ်ထိရောက်မှုရှိမရှိ၃။ တခြားသူတွေရဲ့ ဘဝနေထိုင်မှုဖြစ်သွားတဲ့အပြောင်းအလဲ၄။ ကူညီပေးနိုင်ခဲ့တဲ့ လူဦးရေဒီအချက်တွေနဲ့ တိုင်းတာလို့ရနိုင်တယ်။ Phyo Paing @ Derek

ကိုယ်ဘယ်နေရာမှာ အသုံးဝင်သလဲ။ Read More »

အတွေး၊ အကြံ၊ အလုပ်

အတွေး၊ အကြံ၊ အလုပ်၊စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ။ဒီခြောက်ခုက အရေးအကြီးဆုံးခြောက်ခုပဲ။ ဘာတွေတွေးနေလဲ၊ဘာတွေ ကြံစည်နေလဲ၊ဘာတွေ လုပ်ဆောင်သလဲ။ ဘယ်လို စိတ်ထားသလဲ။ကိုယ်မလုပ်ဘူးဆိုတဲ့ အလုပ်၊ကိုယ်လုပ်မယ်ဆိုတဲ့ အလုပ်ကိုစည်းကမ်းဘယ်လောက် လိုက်နာလဲ။သတိနဲ့နေပြီး ကိုယ့်ကိုယ်ကိုအသိကြာလေ တိုးလေ ဖြစ်လာသလား။ ဒီခြောက်ခု။​ Phyo Paing @ Derek

အတွေး၊ အကြံ၊ အလုပ် Read More »

ကိုယ့်လုပ်ငန်းအတွက် အိမ်စာလုပ် ဓားသွေးဖြစ်ဖို့လိုတယ်။

သစ်ခုတ်ဖို့ အချိန်ခြောက်နာရီရရင်လေးနာရီကို ပုဆိန်သွေးမယ်။ကျန်နှစ်နာရီကို ခုတ်မယ်တဲ့။ဒါ အားလုံးသိကြတဲ့ လင်ကွန်းပြောခဲ့တဲ့စကားလေး။ကိုယ့်လုပ်ငန်းအတွက် အိမ်စာလုပ်ဓားသွေးဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်လုပ်ငန်းအတွက် အိမ်စာလုပ် ဓားသွေးဖြစ်ဖို့လိုတယ်။ Read More »

ဥစ္စာစောင့်ဖြစ်ဖို့မှ မဟုတ်တာ။

စီးပွါးရေးလုပ်ရင်းကိုယ်က လုပ်ငန်းကိုမပိုင်ပဲ၊လုပ်ငန်းက ကိုယ့်ကိုပိုင်သွားတယ်။စီးပွါးရေးလုပ်တယ်ဆိုတာဥစ္စာစောင့်ဖြစ်ဖို့မှ မဟုတ်တာ။ Phyo Paing @ Derek

ဥစ္စာစောင့်ဖြစ်ဖို့မှ မဟုတ်တာ။ Read More »

စဉ်းစားကြည့်ကြည့်

ဘတ်တံနဲ့ ဘောလုံးက ၁၁၀၀၀ ကျပ်ကျတယ်။ဘတ်တံက ဘောလုံးထက် ၁၀၀၀၀ ကျပ်ပိုတယ်။ဘောလုံးစျေးနှုန်းက ဘယ်လောက်လဲ။အရမ်းလွယ်တယ်ဟုတ်။၁၀၀၀ ကျတာပေါ့လို့ဖြေလိမ့်မယ်။ ဒါက ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့Thinking fast and slow မှာBehavioral Economics Professor လဲဖြစ်စာရေးဆရာလဲဖြစ်တဲ့ Daniel Kahneman ကSystem I နဲ့ System IIအလုပ်လုပ်ပုံကိုရှင်းပြတဲ့ဥပမာလေးဖြစ်ပါတယ်။ ပုံမှန် အော်တိုမစ်တစ်ချလိုက်တဲ့ဆုံးဖြတ်ချက်တွေကို System I ကလုပ်ဆောင်တယ်။ တကယ်တွက်ချက်ပြီး ယုတ္တိကျကျသေချာစဉ်းစားရတာကိုSystem II က အလုပ်လုပ်တယ်။ တကယ့်အဖြေအမှန်ကဘတ်တံ + ဘောလုံး = ၁၁၀၀၀ ကျပ်ဘတ်တံ = ဘောလုံး + ၁၀၀၀၀ ကျပ် (ဘတ်တံက ဘောလုံးထက် ၁၀၀၀၀ ကျပ်ပိုများ) ဒါဆိုဘောလုံး + ၁၀၀၀၀ ကျပ် +

စဉ်းစားကြည့်ကြည့် Read More »

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း
တည်ဆောက်တဲ့နည်းလမ်းတွေထဲက

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတည်ဆောက်တဲ့နည်းလမ်းတွေထဲကအသိပညာအခြေပြု လုပ်ငန်းလုပ်ငန်းကိုတည်ဆောက်ဖို့ အချက် သုံးချက် ၁။ လူမှုကွန်ယက်မှာ အမာခံပရိသတ်ရအောင်တည်ဆောက်။ ၂။ ဒီလိုတည်ဆောက်ဖို့ ပုံမှန် ကိုယ့် follower တွေအတွက် အကျိုးရှိစေပြီးကိုယ်စိတ်ဝင်စားတဲ့ စာ၊ ဗီဒီယိုနဲ့ ပုံတွေ တင်။ ၃။ ဝင်ငွေလမ်းကြောင်းတစ်ခုထက်ပိုထား-Youtube, Facebook က ကြော်ငြာကဝင်ငွေရစေနိုင်သလို-ကိုယ့်ရဲ့ အတွင်းလူတွေအတွက်ပဲ သီးသန့်ဖန်တီးထားတဲ့ content တွေရဲ့subscription တွေကနေရနိုင်တယ်။-ကုန်ပစ္စည်းတွေဖန်တီးပြီး Merchantization ကလဲဝင်နိုင်တယ်။-ဝန်ဆောင်မှုလုပ်ငန်းတွေကလဲဝင်နိုင်တယ်။ Phyo Paing @ Derek

အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း
တည်ဆောက်တဲ့နည်းလမ်းတွေထဲက
Read More »

စီးပွားရေးဆန်တယ်ဆိုတာ…

စီးပွားရေး လုပ်တဲ့အခါစီးပွားရေး ဆန်မှရမယ်။ အလှူအတန်းလုပ်တဲ့အခါသဒ္ဒါစိတ်နဲ့ အလှူအတန်းဆန်မှရမယ်။ စီးပွားရေးဆန်တယ်ဆိုတာ ကိုယ့်ဦးစားပေးဖောက်သည်ရဲ့ လိုချင်တာ၊ လိုအပ်တာကိုဖြည့်ဆည်းပေးရင်းနှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိအောင်လုပ်တာ။ စီးပွားရေးလုပ်ပြီး စေတနာမပါတာလို့ပြောတဲ့အခါစျေးသက်သာတဲ့ Budget airline စီးတဲ့အခါ စျေးသက်သာတဲ့အရည်အသွေးပဲရမှာပဲ။ ဇိမ်ခံအရည်အသွေးမြင့်လေကြောင်းစီးရင်သူနဲ့တူတဲ့ အရည်အသွေးရမှာပဲ။ ယူတာနဲ့ တန်းတူပြန်မပေးနိုင်ရင်၊တန်ဖိုးပိုပြန်မပေးနိုင်ရင် ဘယ်လုပ်ငန်းမှ တာရှည်မခံဘူး။ စီးပွားရေးလုပ်တဲ့အခါ စီးပွားရေး ဆန်မှရမယ်လို့ထင်တယ်။ မှန်ကန်တဲ့ မျှော်မှန်းချက်ထားဖို့လိုတယ်လို့ထင်တယ်။ Phyo Paing @ Derek

စီးပွားရေးဆန်တယ်ဆိုတာ… Read More »