Business

စီးပွားရေးလုပ်ငန်းတစ်ခုကို
ဦးဆောင်တဲ့သူတစ်ယောက်ရဲ့
တစ်ရက်တာ ကဝန်ထမ်းတစ်ယောက်နဲ့ လုံးဝမတူနိုင်ဘူး။

ဝန်ထမ်းအနေနဲ့က ပေးထားတဲ့အလုပ်ကိုပေးထားတဲ့အချိန်မှာပြီးအောင်လုပ်လို့ရတယ်။တိုးတက်ရေးအတွက် လုပ်လို့ရတယ်။တခြားအချိန်တွေရှိတယ်။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ကျတော့သူ့လုပ်ငန်းသွားရမည့်လမ်းကြောင်းကိုစဥ်းစားရသလို၊ပြိုင်ဖက်တွေ၊ ဝန်ထမ်းတွေ၊နိုင်ငံရေးစီးပွားရေး၊ လူမှုရေးအပြောင်းအလဲအခြေအနေတော်တော်များများကိုစဥ်းစားနေရတဲ့အတွက် သူ့ရဲ့internal attention တွေများနေတတ်တယ်။ဒါကြောင့် တိုးတက်ရေးအတွက်အချိန်ပေးဖို့ လုပ်ငန်းသွားတဲ့လမ်းကြောင်းနဲ့ကိုက်ညီနေတဲ့ alignment မတွေ့တဲ့အချိန်တွေ ကြုံရတတ်တယ်။ အဲ့လို alignment မမိတဲ့အချိန်ကကိုယ့်လုပ်ငန်းကြီးထွားမှုရပ်တန့်မည့်အချိန်ပဲ။ဘာကြောင့်လဲဆိုတော့စျေးကွက်ထဲမှာ ပြိုင်ဖက်တွေကိုအဝေးကြီးမှာ အပြတ်ချန်ခဲ့ဖို့အတွေးအခေါ်တွေ လိုတယ်။ဒီလိုအတွေးအခေါ်တွေမှန်ဖို့တိုးတက်နေဖို့ သင်ယူလေ့လာနေဖို့လိုတယ်။ ဒါကြောင့် တစ်ရက်ကို နာရီဝက်ဖြစ်ဖြစ်အချိန်ပေးပြီး ပုံမှန် မဖြစ်မနေလေ့လာဖို့လိုတယ်။​မလေ့လာခင် သုံးမိနစ်လောက်စိတ်ရှင်းလင်းလေး လုပ်ပေးဖို့လဲလိုတယ်။ ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးနေဖို့လိုတယ်။ Phyo Paing @ Derek

စီးပွားရေးလုပ်ငန်းတစ်ခုကို
ဦးဆောင်တဲ့သူတစ်ယောက်ရဲ့
တစ်ရက်တာ ကဝန်ထမ်းတစ်ယောက်နဲ့ လုံးဝမတူနိုင်ဘူး။
Read More »

Positive Thinking, Negative Thinking အပြင် Opportunistic Thinking လည်းအရေးကြီးတယ်။

Professor တွေ case study လုပ်နိုင်ဖို့Entrepreneur တွေက စီးပွားရေးအသစ်တွေcreate လုပ်ကြရတယ်။ အိန္ဒိယနဲ့ တရုတ်ကို ဥပမာထားကြည့်ရင်Entrepreneurial spirit ပိုရှိတဲ့ society ကပိုတိုးတက်တာတွေ့ရလိမ့်မယ်။ ရေခွက်ထဲ ရေတစ်ဝက်ရှိတယ် မရှိဘူးအငြင်းပွားနေချိန် Entrepreneur ကရှိတဲ့ရေနဲ့ ဘာလုပ်ရမလဲ စဉ်းစားနေပြီ။ Positive Thinking, Negative Thinking အပြင်Opportunistic Thinking လည်းအရေးကြီးတယ်။ Entrepreneur တွေဟာ နေ့စဉ် အခွင့်အရေးတွေနဲ့ပတ်ပတ်လည်ဝိုင်းနေတယ်လို့ယုံကြည်တယ်။ နိုင်ငံရေးမကောင်းလို့ အဆင်မပြေဘူးဆိုနိုင်ငံရေးကောင်းတုန်းက ဘယ်လောက်အဆင်ပြေခဲ့သလဲ? နိုင်ငံရေးကောင်းမှဆို နောက်ကျကုန်ပြီဆိုတာလူတိုင်းသိတယ်။ Phyo Paing @ Derek

Positive Thinking, Negative Thinking အပြင် Opportunistic Thinking လည်းအရေးကြီးတယ်။ Read More »

ဒီနေ့ခေတ်ရဲ့ အကောင်းဆုံးလုပ်လို့ရတဲ့ အရာတစ်ခုက ကိုယ့် idea ကို ချပြ express လုပ်ပြီး Market Validation လုပ်ခြင်းပဲဖြစ်တယ်။

ဘာလို့တစ်ရက်ကို postအများကြီးတင်သလဲ? ပုံမှန် Facebook မှာတစ်ရက်Post တစ်ခုမတင်ရင်$100 အနည်းဆုံးရှုံးနေပြီ။ မှန်ပါတယ်။Friend 1000 ရှိပြီး ပုံမှန်Newsfeed မှာ မတင်ရင်အဲ့လောက်ရှုံးတယ်။ဒါ story နဲ့ page ဖွင့်တာ မပါသေးဘူး။ ဘာကြောင့်လဲဆို လုပ်ငန်းတစ်ခုအောင်မြင်ဖို့၁။ idea၂။ research၃။ business model၄။ business plan၅။ naming၆။ fundingဒီခြောက်ခုလိုသလို ဒီခြောက်ခုလုံးနေ့တိုင်း ကိုယ့်ရဲ့ status တွေကိုမဟာဗျူဟာ ကျကျတည်ဆောက်ခြင်းကလာတယ်။ ဒီနေ့ခေတ်ရဲ့ အကောင်းဆုံးလုပ်လို့ရတဲ့အရာက ကိုယ့် idea ကိုချပြ express လုပ်ပြီးMarket validation လုပ်ခြင်းပဲဖြစ်တယ်။ ကိုယ့်ရဲ့ idea တွေကိုလူတွေ ဘယ်လို response လုပ်လဲသိနိုင်သလို response လုပ်သူတွေရဲ့Profile ကိုကောင်းကောင်း လေ့လာPsychographic segmentation လုပ်လို့ရသလို product

ဒီနေ့ခေတ်ရဲ့ အကောင်းဆုံးလုပ်လို့ရတဲ့ အရာတစ်ခုက ကိုယ့် idea ကို ချပြ express လုပ်ပြီး Market Validation လုပ်ခြင်းပဲဖြစ်တယ်။ Read More »

ကိုယ်စဉ်းစားတဲ့ပုံစံက ကိုယ့်လုပ်ငန်း နောက်ဆက်သွားမည့် လမ်းကြောင်းပေါ်သက်ရောက်မှု အများကြီးရှိတယ်။

Facebook (Meta) က Social Media Company လို့မစဉ်းစားဘူး။Communication Company လိုစဉ်းစားတယ်။ Tik Tok (Byte Dance) က သူ့ကိုယ်သူVideo-sharing company လို့မစဉ်းစားဘူး။AI company လို့စဉ်းစားတယ်။ MI (Xiaomi) က သူ့ကိုယ်သူ Phone Company လို့မစဉ်းစားဘူး IoT တွေအသုံးပြုတဲ့နေ့စဉ်သုံးပစ္စည်းတွေထုတ်တဲ့Lifestyle Company လို့စဉ်းစားတယ်။ ဒီနေ့ connecting people ဆိုတဲ့Nokia ထက် Facebook, Messenger,WhatsApp ကိုအသုံးပြုလာတယ်။ ကိုယ်စဉ်းစားတဲ့ပုံစံက ကိုယ့်လုပ်ငန်းနောက်ဆက်သွားမည့် လမ်းကြောင်းပေါ်သက်ရောက်မှု အများကြီးရှိတယ်။ Phyo Paing @ Derek

ကိုယ်စဉ်းစားတဲ့ပုံစံက ကိုယ့်လုပ်ငန်း နောက်ဆက်သွားမည့် လမ်းကြောင်းပေါ်သက်ရောက်မှု အများကြီးရှိတယ်။ Read More »

Customer > Product

သင်တော်လွန်းလို့ clients တွေကသင့်ကိုရွေးချယ်တာ မဟုတ်ဘူး။သူတို့ ပြဿနာတွေကိုဖြေရှင်းနိုင်မယ်ယုံကြည်လို့သင့်ကိုရွေးချယ်တာ ဖြစ်တယ်။Product ထက် Customer ကိုပိုတန်ဖိုးထားပါ။ Phyo Paing @ Derek

Customer > Product Read More »

လုပ်ငန်းတစ်ခုအောင်မြင်ဖို့ ဘယ်အရာက အရေးအကြီးဆုံးလို့ထင်ပါသလဲ?

– Idea အိုင်ဒီယာ– Team ကိုယ့်လုပ်ငန်းအတွက် ဝန်ထမ်းကောင်း– Business Model– Timing အချိန်အခါကောင်း– Funding ငွေကြေးမတည်မှု ကုမ္ပဏီပေါင်းများစွာကို ရင်းနှီးမြုပ်နှံမှုပြုထားတဲ့ Idealab ရဲ့ Founder Bill Gross သုသေတနလုပ်ထားချက်တွေအရ အချိန်အခါကောင်း (စျေးကွက်မှာ လိုအပ်နေတဲ့ပစ္စည်းကို လိုအပ်နေတဲ့အချိန်မှာ ဖြည့်ဆည်းနိုင်စွမ်း) လို့ဆိုပါတယ်။ ဒီနေ့ခေတ်ပြည်တွင်းမှာပါ အောင်မြင်လာတဲ့ Foodpanda တို့ Grab တို့ကိုကြည့်ရင် Timing ရဲ့ အရေးပါမှုကို သိနိုင်ပါတယ်။ ဒီလို အခွင့်အလမ်းနဲ့ ထိပ်တိုက်ဆုံဖို့ကြိုတင်စီမံမှု Planning အရေးကြီးပါတယ်။ ဒါကြောင့် လုပ်ငန်းတွေအနေနဲ့ Business Environment Analysis လို့ခေါ်တဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး၊ နည်းပညာအပြောင်းအလဲများကိုလေ့လာရင်းကြိုတင်စီမံမှုပြုလုပ်ကြပါတယ်။ ဒီ Planning Tools တွေထဲမှာ

လုပ်ငန်းတစ်ခုအောင်မြင်ဖို့ ဘယ်အရာက အရေးအကြီးဆုံးလို့ထင်ပါသလဲ? Read More »

အလုပ်တစ်ခု မအောင်မြင်တဲ့အကြောင်းရင်း ခုနှစ်ချက်ရှိတယ်။

၁. အလုပ်အပေါ် ရူးသွပ်မှု မရှိလို့။ (အလုပ်ကအနားယူဖို့လောက်ပဲစဉ်းစားနေလို့။ အလုပ်လုပ်တဲ့ရည်ရွယ်ချက်က retired ယူဖို့ပဲစဉ်းစားနေလို့။) ၂. ဖောက်သည်တွေအပေါ်စေတနာမပါလို့။ ၃. ဝင်ငွေ၊ ထွက်ငွေစာရင်းကို သေချာမစီစစ်တဲ့အပြင်၊ မိမိလုပ်ငန်းရှုံးနေလား၊ မြတ်နေလား သေချာမသိလို့။ ၄. Timing တကယ်အလုပ်လုပ်နေသင့်တဲ့အချိန်မှာ လုပ်သင့်တာကို မလုပ်နေလို့။ မိုးရွာတုန်းရေမခံတတ်လို့။ ၅. အမြင်မရှိလို့။ လုပ်ငန်းနဲ့ပတ်သတ်တဲ့ Vision မရှိဘူး။ ဒီ ကုန်ပစ္စည်းအဆင်မပြေတော့ရင် ဒီ လုပ်ငန်းအဆင်မပြေတော့ရင် ဘာတွေဆက်လုပ်မလဲဆိုတဲ့ အသိအမြင်မရှိခဲ့လို့။ ၆. ပညာတတ်ပြီး တော်တဲ့ဝန်ထမ်းတွေကို လစာပေးခေါ်ရမှာ နှမြောလို့။ ဒါမှမဟုတ် ဒီလိုခေါ်လိုက်တဲ့အခါ ကိုယ့်ထက်ပိုတော်နေရင် အဆင်မပြေနိုင်ဘူးဆိုတဲ့ အတ္တခံနေလို့။ ၇. သင့်လုပ်ငန်းနဲ့ပတ်သက်လို့ တိုင်ပင်စရာ အတွေ့အကြုံရှိတဲ့သူမရှိလို့။ Phyo Paing @ Derek

အလုပ်တစ်ခု မအောင်မြင်တဲ့အကြောင်းရင်း ခုနှစ်ချက်ရှိတယ်။ Read More »

စွန့်ဦးတီထွင်တွေလုပ်လေ့ရှိတဲ့အမှားများ

၁။ ပြဿနာဖြေရှင်းဖို့ အာရုံစိုက်မည့်အစားပိုက်ဆံရဖို့ အရင်စဥ်းစားကြတယ်။ (အမှန် Problem-solving > Profit-seeking) ၂။ အိုင်ဒီယာကို …. အကောင်အထည်ဖော်ဖို့ထက်အသားပေးရင်ခုန်ကြတယ်။(အမှန် Implementation > Idea) ၃။ မေးမြန်းစုံးစမ်းမှုပြုလုပ်ရမည့်အချိန်မှာ ရောင်းချမှုကို အရင်စလိုစတင်ကြတယ်။(အမှန် Ask > Advocate) ၄။ အရာရာပြီးပြည့်စုံမှ စတင်တတ်ခြင်း။ (အမှန် Progress > Perfect) Phyo Paing @ Derek

စွန့်ဦးတီထွင်တွေလုပ်လေ့ရှိတဲ့အမှားများ Read More »

အလုပ်ကို ပိုးစိုးပက်စက်လုပ်နေဖို့လိုတယ်။

ဒါကတော့ Jack Ma တည်ထောင်ခဲ့တဲ့ Alibaba Headquarter ရဲ့အရှေ့မှာဖြစ်ပါတယ်။ ရှန်ဟိုင်းနဲ့ သိပ်မဝေးတဲ့ လူဦးရေ ၁၀ သန်းလောက်ရှိတဲ့ဟန်ကျိုးမြို့လေးမှာ ဖြစ်ပါတယ်။ Jack Ma ကတော့ အောင်မြင်ဖို့ 996 လိုတယ်လို့ဆိုတယ်။မနက် ၉ နာရီကနေ ညနေ ၉ နာရီတစ်ပတ်ကို ၆ ရက် စုစုပေါင်း တစ်ပတ် ၇၂ နာရီအလုပ်လုပ်ဖို့ တိုက်တွန်းပါတယ်။ လူတစ်ယောက်က အိပ်မက်တွေပဲမက်နေလို့မရဘူး။အလုပ်ကို ပိုးစိုးပက်စက်လုပ်နေဖို့လိုတယ်။ သာမာန်ထဲက ခွဲထွက်ချင်ရင် Work ethic ရှိဖို့လိုတယ်။ မိတ်ဆွေအနေနဲ့ ဘယ်လိုထင်သလဲ? Work smart ပဲလိုလား?Jack Ma ပြောသလို Work Hard ကောလိုလား? Phyo Paing @ Derek

အလုပ်ကို ပိုးစိုးပက်စက်လုပ်နေဖို့လိုတယ်။ Read More »

အလုပ်လုပ်ပါ။

ဘဝရဲ့ အဓိပ္ပာယ်ရှာမရရင်အလုပ်လုပ်ပါ။ စိတ်ဓာတ်တက်ကြွချင်ရင်အလုပ်လုပ်ပါ။ တိုးတက်ချင်ရင် အလုပ်လုပ်ပါ။ရည်မှန်းချက်တွေရောက်ချင်ရင်အလုပ်လုပ်ပါ။ အလုပ်မလုပ်ပဲ ဘားမှဖြစ်မလာဘူး။ အလုပ်ဆိုတာ အားလုံးရဲ့ solution ပါ။work smart တွေ work hard တွေဘယ်လိုပြောပြော work ရမှာပဲ။ အားလုံး Happy New Year 2021 ပါ။ Phyo Paing @ Derek

အလုပ်လုပ်ပါ။ Read More »