Business

အနာဂတ်ကို အနားကပ်မှ လုပ်လို့မရဘူး။

ကျွန်တော် အကြိုက်ဆုံး ကုမ္ပဏီထဲပါတာXiaomi ပဲ။ သူ့ရဲ့ Management Team မှာ CEO Lei Jun အစ ကျန်တဲ့သူတွေကMicrosoft, Google နဲ့ ကုမ္ပဏီကြီးတွေမှာအလုပ်လုပ်ခဲ့ဖူးတဲ့ သူတွေပဲ။ နောက်ပြီး သူ့ရဲ့ Business Model တည်ဆောက်ပုံနဲ့ Ecosystem Developmentလုပ်ပုံကလဲ တော်တော်လေးအကွက်ကျတယ်။ သူ့ရဲ့ ပထမဖုန်းမထွက်ခင် MIUI ဆိုပြီးဘယ်ဖုန်းမှာမဆိုတင်လို့ရတဲ့ ROM ထုတ်ပေးတယ်။ သောကြာနေ့တိုင်း လိုချင်တဲ့ feature ပြောupdate လုပ်ပေးတယ်။ သူ့ရဲ့ slogan က အဲ့အချိန်က Redefining Android တဲ့။ နောက်ပိုင်းသူ့ Go-To-Market မဟာဗျူဟာက Online ကနေBatch Production လုပ်ပြီးအချိန်ကိုက် Scarcity Marketing လုပ်ရောင်းသွားတာ။ စျေးနှုန်းပိုင်းကို နည်းပြီးXiaomi […]

အနာဂတ်ကို အနားကပ်မှ လုပ်လို့မရဘူး။ Read More »

US မှာ နည်းပညာကုမ္ပဏီတစ်ခုလုပ်ရင်
တစ်ခုကို အာရုံစိုက်လုပ်ကြတယ်။

ဥပမာ Meta ဆို social media Apple ဆို consumer techAmazon ဆို e-commerce. တရုတ်မှာ နည်းပညာကုမ္ပဏီတစ်ခုက အကုန်လုပ်တယ်။Alibaba, Tencent, Baidu, Xiaomi အကုန်ကြည့်ကြည့်။ တရုတ်သွားတဲ့ပုစံက Ecosystem Developmentပုံစံနဲ့ သွားတယ်။ Phase တွေခွဲထားတယ်။ Tencent ဆို QQ နဲ့ စတယ်။ နောက် WeChat နဲ့ Gaming အပြင်Payment အကုန်သွားပြီးSuper-app model သွားတယ်။ နောက်ပိုင်း အာရှနည်းပညာ ကုမ္ပဏီအများစုကလဲ ဒီ Super App ပုံစံကို ကူးတယ်။Grab တို့၊ Indonesia မှာဆို Gojek တို့။ Gojek ကတော့ massage ကစလို့ဆရာဝန် appointment

US မှာ နည်းပညာကုမ္ပဏီတစ်ခုလုပ်ရင်
တစ်ခုကို အာရုံစိုက်လုပ်ကြတယ်။
Read More »

လုပ်ငန်းစတင်ချိန် ဖောက်သည်ကောင်းရှာ။

လုပ်ငန်းကြီးထွားချိန် ဝန်ထမ်းကောင်းရှာ။လုပ်ငန်းစနစ်ချတဲ့အချိန် အကြံပေးကောင်းရှာ။လုပ်ငန်းချဲ့ထွင်တဲ့အချိန် ရင်းနှီးမြုပ်နှံသူကောင်းရှာ။ Phyo Paing @ Derek

လုပ်ငန်းစတင်ချိန် ဖောက်သည်ကောင်းရှာ။ Read More »

စီးပွါးရေးလုပ်တဲ့ ရည်ရွည်ချက်က
“ပျော်ဖို့”။

စျေးရောင်းကောင်းရင်ပျော်မယ်။အမြတ်ငွေရရင် ပျော်မယ်။တိုးတက်မှုရှိရင် ပျော်မယ်။လူတွေ ကိုယ့်လုပ်ငန်းကိုချစ်ရင် ပျော်မယ်။ ကိုယ့်လုပ်ငန်းကြောင့် လူတွေမတူညီတဲ့ အတွေ့အကြုံတွေရသွားရင်ပျော်မယ်။ ကိုယ်လုပ်ချင်တဲ့အပိုင်းကိုပဲလုပ်ပြီးတချို့အပိုင်းတွေကို လက်လွဲလို့ရရင်ပျော်မယ်။ အလုပ်လုပ်နေပြီး နေ့စဉ်နဲ့အမျှစိတ်ဆင်းရဲနေရရင် တစ်ခုခုတော့မှားနေပြီ။ လုပ်ငန်းလုပ်တဲ့ အဓိကရည်ရွယ်ချက်ဆိုတာပျော်ဖို့ဆိုတာ မမေ့ပါနဲ့။ Phyo Paing @ Derek

စီးပွါးရေးလုပ်တဲ့ ရည်ရွည်ချက်က
“ပျော်ဖို့”။
Read More »

ဇယားမရှုပ်ဖို့ ဇယားလုပ်ဖို့လိုတယ်။

ဇယားတွေထဲမှာ စာရင်းဇယား။ လုပ်ငန်းရဲ့ အခြေအနေကိုဖော်ပြတဲ့ဇယားတွေ သေချာလုပ်ထားမှအရှိကို အရှိအတိုင်းမြင်ပြီးဇယားမရှုပ်မှာ။ Phyo Paing @ Derek

ဇယားမရှုပ်ဖို့ ဇယားလုပ်ဖို့လိုတယ်။ Read More »

Culture တည်ဆောက်တာနဲ့ ပိုးမွေးတာ တူသလိုလိုရှိတယ်။

ပိုးကောင်းပိုးသန့်တွေ မွေးတဲ့အခါအစပိုင်း ပိုးကောင်းပိုးသန့်တွေထည့်ပြီးCulture တဖြည်းဖြည်းတည်ဆောက်ရတယ်။ Bill Gates ပြောသလို သူ့ရဲ့ဝန်ထမ်းအကောင်းဆုံး ၂၀ ကို ဖယ်လိုက်ရင် Microsoft ကဒီနေ့လို အရေးပါတဲ့ ကုမ္ပဏီဖြစ်လာမှာ မဟုတ်ဘူးတဲ့။ ဒါကြောင့် ကိုယ့်လုပ်ငန်းကိုမြန်နှုန်းမြင့်၊ စံနှုန်းမြင့်တဲ့လူတော်တွေနဲ့ လည်ပတ်ချင်ရင်အစကတည်းက လူတော်တွေနဲ့ပိုမွေးသလို မွေးဖို့လိုတယ်။ ပိုကောင်းပိုးသန့်တွေနဲ့ပိုနှောက်တွေမှာ ပိုးနှောက်တွေများလာရင် ပိုးကောင်းပိုးသန့်တွေကိုသွားသက်ရောက်မှုရှိနိုင်တယ်။ Phyo Paing @ Derek

Culture တည်ဆောက်တာနဲ့ ပိုးမွေးတာ တူသလိုလိုရှိတယ်။ Read More »

တိုင်မပတ်အောင် ဖောက်သည်သေချာရွေးပါ။

ရွေးချယ်မှုက ကြိုးစားမှုထက်ပိုအရေးကြီးတတ်တယ်။ လုပ်ငန်းတစ်ခုအတွက် အရေးအကြီးဆုံးကဖောက်သည် အရွေးမှန်ဖို့ပဲ။ ဖောက်သည်မရွေးပဲလူတိုင်းရဲ့ အလိုဆန္ဒကိုဖြည့်ဆည်းချင်လို့မရဘူး။ဖြစ်လဲ မဖြစ်နိုင်ဘူး။ Choose your clients, choose your future တဲ့။တချို့ စေတနာကောင်းပြီး၊ အရမ်းတော်၊ အရမ်းကြိုးစားသူတွေဖောက်သည်မရွေးပဲ လူတိုင်းအလို ဆန္ဒဖြည့်ဆည်းပေးချင်တဲ့အတွက်မလိုအပ်ပဲ စိတ်ပင်ပန်း၊ လူပင်ပန်း၊အချိန်ကုန်၊ ခရီးမရောက်ဖြစ်တာ အများကြီးတွေ့ဖူးတယ်။ ဒါကြောင့် ဘယ်လို လူတွေကို ဝန်ဆောင်မှုပေးမယ်။ ဘယ်သူတွေ အတွက်တော့မဟုတ်ဘူး။သေသေချာချာ ပြတ်ပြတ်သားသားသတ်မှတ်ထားဖို့လိုတယ်။ တချို့လုပ်ငန်းတွေက စျေးပေါတာကြိုက်တဲ့ဖောက်သည်တွေအတွက်။တချို့က မြန်တာကြိုက်သူတွေအတွက်။တချို့က သူများနဲ့မတူ ဆန်းတာကြိုက်သူတွေအတွက်။တချို့က စျေးကြီးတာ I don’t careစိတ်ချမ်းသာရင်ပြီးရောဖောက်သည်တွေအတွက်။တချို့က စိတ်လေးလဲ ချမ်းသာချင်တယ်စျေးလေးလဲ မဆိုးဘူးဆိုတဲ့ဖောက်သည်တွေအတွက်။တချို့က ပေါချောင်ကောင်းလေးမှဆိုတဲ့ဖောက်သည်တွေအတွက်။တချို့ကလဲ ဝယ်တိုင်း ရစ်လိုက်ရမှဆိုတဲ့ ဖောက်သည်တွေအတွက်။ မှန်တယ်၊ မှားတယ်ဆိုတာတော့မရှိဘူး။အဓိက ကိုယ် ဝန်ဆောင်မှုပေးချင်တဲ့ဖောက်သည်ကို သေချာရွေးချယ်သတ်မှတ်ဖို့အရေးကြီးတယ်။ ဘယ်လောက်မြန်မြန်လျှောက်မလဲဆိုတာထက်ဘယ်လမ်းမှန်ကို လျှောက်မလဲပိုအရေးကြီးတယ်။ Phyo

တိုင်မပတ်အောင် ဖောက်သည်သေချာရွေးပါ။ Read More »

အလုပ်ကို ပိုးစိုးပက်စက်လုပ်နိုင်မှ
လူလုံးလှလှ နေလို့ပိုအဆင်ပြေမယ်။

ကျွန်တော်တို့လို တတိယနိုင်ငံဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံမျိုးမှာဆိုရေ၊ မီး၊ အင်တာနက်၊ ကျန်းမာရေး၊ပညာရေးက အစ အဆင်ပြေဖို့resource တော်တော်ရှိထားမှအဆင်ပြေမှာ။ မဟုတ်ရင် တစ်နှစ်စုထားတာတစ်ခါ ဆေးရုံတက်တာနဲ့ကုန်ပြီ။ တစ်လတစ်လ စုတာ သားသမီး ကျောင်းစရိတ်နဲ့ လုံးပါးပါးသွားမယ်။ ဒါကြောင့် ကိုယ့်အနာဂတ်အတွက်plan ချဖို့က ကိုယ်နဲ့အဓိကဆိုင်လာတယ်။ ဘယ်မှာနေမှာလဲ၊ ဘယ်လို နေမှာလဲ၊ ဘာအလုပ်လုပ်မှာလဲ၊ ငွေကို ဘယ်လိုစုမလဲ၊ ဘယ်လို ပြန်ပွားမလဲ၊ အများကြီး ကြိုတင်စဥ်းစားပြီးအလုပ်ကို ပိုးစိုးပက်စက်လုပ်နိုင်မှ လူလုံးလှလှ နေလို့ပိုအဆင်ပြေမယ်။ Phyo Paing @ Derek

အလုပ်ကို ပိုးစိုးပက်စက်လုပ်နိုင်မှ
လူလုံးလှလှ နေလို့ပိုအဆင်ပြေမယ်။
Read More »

CreaThit

အနာဂတ်မှာ အင်တာနက်ကတော့ဆက်ရှိနေအုံးမယ်လို့ထင်တယ်။မရှိရင် ကိုယ်တွေလဲ ဒီမှာနေနိုင်မယ်လို့ မထင်ဘူး။ အင်တာနက်ရှိနေရင်Creator Economy ကတော့ရှိနေအုံးမှာပဲ။ Creator တွေဟာ လွတ်လပ်စွာဖော်ထုတ်ပိုင်ခွင့်နဲ့Digital နည်းပညာတွေတိုးတက်မှုနဲ့အတူပေါ်လာကြတယ်။ ကျွန်တော်ကတော့ Creator တွေကိုArtistsBloggersCodersDesigners Entrepreneurs ဆိုပြီးA, B, C, D, E ဆိုပြီး အလွယ်တကူပြောလေ့ရှိတယ်။ ဒီလူတွေ တခြားသူတွေနဲ့ မတူတာကကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကိုအသစ်တွေ ဖန်တီးပေးခြင်းနဲ့အလုပ်အကျွေးပြုတယ်။ #CreaThit Phyo Paing @ Derek

CreaThit Read More »