ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့ဒီဖြစ်နိုင်စွမ်းက နေ့စဉ်နဲ့အမျှတိုးတက်လာရမယ်
ဖြစ်နိုင်ခြေနဲ့ ဖြစ်နိုင်စွမ်းမတူဘူး။ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ခြေရှိတယ်။ဖြစ်နိုင်စွမ်းကတော့ ၅၀% ဖြစ်ချင်ဖြစ်မယ်။၁၀% လဲ ဖြစ်ချင်ဖြစ်မယ်။၀.၁% လဲ ဖြစ်ရင်ဖြစ်မယ်။ ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့ဒီဖြစ်နိုင်စွမ်းက နေ့စဉ်နဲ့အမျှတိုးတက်လာရမယ်။ ၁။ သတင်းအချက်အလက်၂။ လူ၊ အဆက်အသွယ်၃။ ကျွမ်းကျင်မှု၄။ အခွင့်အလမ်း၅။ အသိပညာ ဒါတွေက ဖြစ်နိုင်စွမ်းကို တိုးတက်စေတယ်။ ဖြစ်နိုင်စွမ်းတိုးဖို့စာအုပ်ကြီး ထိုင်ဖတ်လို့မရသလိုအင်တာနက်မှာပဲရှာလို့မရဘူးလူတွေပဲ လိုက်တွေ့လို့လဲ မရဘူး။ ဒါတွေပေါင်းစပ်လုပ်နိုင်မှအခွင့်အလမ်းလာတဲ့အခါအနံ့ခံနိုင်စွမ်းရှိပြီးလိုအပ်တဲ့ ကျွမ်းကျင်မှု၊ အသိနဲ့အချက်အဆက် ကွက်တိဖြစ်မှာ။ နေ့စဉ် ဖြစ်နိုင်စွမ်းကိုတိုးတက်အောင် လုပ်နေလား။ဒီမေးခွန်းအရေးကြီးတယ်။ Phyo Paing @ Derek
ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့ဒီဖြစ်နိုင်စွမ်းက နေ့စဉ်နဲ့အမျှတိုးတက်လာရမယ် Read More »