လိုချင်တာရအောင် ယူနိုင်တာပါဝါပဲ
လိုချင်တာရအောင် ယူနိုင်တာပါဝါပဲ။ရချင်တာရဖို့ မလုပ်ချင်တာလဲသမာအာဇီဝကျကျ လုပ်သင့်လုပ်ရမှာပဲ။ Phyo Paing @ Derek
လိုချင်တာရအောင် ယူနိုင်တာပါဝါပဲ။ရချင်တာရဖို့ မလုပ်ချင်တာလဲသမာအာဇီဝကျကျ လုပ်သင့်လုပ်ရမှာပဲ။ Phyo Paing @ Derek
သွားကြားထိုးသံလေးရဖို့သစ်တစ်ပင်လုံး ခုတ်စရာမလိုဘူး။ဘဝမှာ ပြဿနာသေးသေးလေးကိုဖြေရှင်းဖို့ အဖြေအကြီးကြီးစဥ်းစားလေ့ရှိတတ်တယ်။ဒီလို စဥ်းစားရင်းကိုယ့်အဖြေအကြီးကြီးကပြဿနာကြီးပြန်ဖြစ်သွားတတ်တယ်။ တခါတလေ ကိုယ်ကြုံတွေ့နေတဲ့ပြဿနာကိုဖြေရှင်းဖို့ မတူညီကွဲပြားတဲ့ ဖြေရှင်းနည်းCreative Problem-solving skills လိုတယ်။ဒီ ပြဿနာဖြေရှင်းနည်းကပဲဘဝကို တိုးတက်အောင် လုပ်ပေးနိုင်တာ။ အပ်နဲ့ထွင်းရမယ့်ဟာကိုပုဆိန်နဲ့ ထွင်းရသလိုမဖြစ်ဖို့လိုတတ်တယ်။ Phyo Paing @ Derek
ဘဝမှာ ယုံကြည်လက်ခံထားတာတစ်ခုက Go Big or Go Home ပဲ။ ဘဝရဲ့ ပေးထားချက်ကိုလက်ခံ စရာမလိုဘူး။လိုချင်ရင် ပြောင်းယူလို့ရတယ်။ ကိုယ်လိုချင်တဲ့ ကျွမ်းကျင်မှု၊အလုပ်အကိုင်၊ ကျန်းမာကြံ့ခိုင်မှု၊အချစ်ရေး၊ ငွေရေးကြေးရေး၊စီးပွားရေးလုပ်ငန်း၊လိုချင်တာ ရအောင်လုပ်လို့ရတယ်လို့အကြွင်းမဲ့ ယုံကြည်ထားတယ်။ သေချာတာ တစ်ခုကတော့ဆုတောင်း ရုံတစ်ခုထဲနဲ့ မရဘူး။စိတ်ဆန္ဒပြင်းပြမှု၊စူးစမ်းလေ့လာ အဖြေရှာမှု၊လက်တွေ့ လုပ်ဆောင်မှု၊အမှားတွေကပြန်လည်သင်ခန်းစာယူမှု၊အမြဲ မပြတ်လေ့ကျင့်မှု၊အာရုံစူးစိုက်မှု၊ဇွဲနဲ့ ဒူပေဒါပေခံမှုလိုတယ်။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလို နေလို့ရပေမယ့်ဖြစ်သလိုနေတာကကိုယ်ရင်ခုန်တဲ့ဘဝမဟုတ်ရင်ဘဝကြီးကို ဖြစ်သလိုရေဆုန်မြော ဖြတ်သန်းတာကအဖြေမဟုတ်ဘူး။ Phyo Paing @ Derek
အချိန်ကို ကပ်စေးနဲ့ပါ။ဘဝမှာ ပြန်မရနိုင်တာအချိန်။အရေးမပါတဲ့အရာတွေမှာအရာမပေးမိဖို့လိုတယ်။ Phyo Paing @ Derek
အလုပ်ကို တာဝန်ကျေလုပ်တာနဲ့၊မြတ်နိုးတန်ဖိုးထားလို့လုပ်တာအတော်ကွာတယ်။ကိုယ့်အတွက် အဓိပ္ပာယ်ရှိတဲ့အလုပ်ရွေးချယ်နိုင်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek drphyopaing
နိဗ္ဗာန်ရောက်ဖို့လဲ ကျင့်ရတာပဲ။ပညာရပ်တစ်ခု ထူးချွန်ဖို့လဲ ကျင့်ရတာပဲ။ဘဝမှာ စိတ်ထားတတ်အောင်လဲ ကျင့်ရတာပဲ။ဘဝမှာ ကောင်းတာအကုန်လုံးကကျင့်ယူမှ ရတတ်တယ်။ သင်ယူရုံတစ်ခုနဲ့ မရဘူးကျင့်ဖို့လိုတယ်။ ကိုယ်လိုချင်တဲ့ လောကီပိုင်ဆိုင်မှု၊လောကုတ္တရာ ရည်ရွယ်ချက်အားလုံးကကျင့်မှ အကောင်အထည်ပေါ်မှာ။ Phyo Paing @ Derek
ကိုယ်လိုချင်တာ ရတာ အောင်မြင်မှုပဲ။ကိုယ်လိုချင်တာ ရထားတဲ့သူကိုအောင်မြင်သူလို့ လူတွေက သတ်မှတ်ကြတယ်။ ကျွန်တော်ကတော့ အောင်မြင်တယ်ဆိုတာအရမ်းပါဆန်နယ် ဖြစ်တယ်လို့ထင်တယ်။ တခါတလေ ကိုယ်က တကယ်လိုချင်တာလား။မီဒီယာနဲ့ ပတ်ဝန်းကျင်ကဇွတ်အတင်းသတ်မှတ်လို့ လိုချင်တာလားကွဲ ပြားဖို့လိုတယ်။ ပတ်ဝန်းကျင် ဆူညံသံ noise တွေကြားမှာကိုယ့်နှလုံးသားအသံ voice တွေမပျောက်ဖို့လိုတယ်။ ဒီ voice အသံတွေ ကျယ်လေလေကိုယ့်ရဲ့ choice တွေ မှန်ကန်လေလေပဲ။ ဆူညံသံတွေကြားကကိုယ့်နှလုံးသား အသံပြန်နားထောင်ကြည့်ပါ။ Phyo Paing @ Derek
အရက်သမား၊ ဘိန်းစား ၁၀ ယောက်နဲ့ပေါင်းရင်၁၁ ယောက်ဖြစ်ဖို့က လွယ်တယ်။အထူးကြိုးစားစရာမလိုဘူး။ ပညာတတ် ဆယ်ယောက်နဲ့ပေါင်းရင်ကောင်းတာရဖို့အတွက်ကသေချာလေ့လာရပြီ။ စာတော်တဲ့သူဆယ်ယောက်နဲ့ပေါင်းပြီးသူတို့ရဲ့ ကောင်းတဲ့အတွေး၊ အကြံ၊ အလုပ်ကိုသေချာလေ့လာပြီး ကျင့်သုံးရင်ကိုယ်လဲ သူတို့လိုမဖြစ်ရင်တောင်သူတို့ နီးပါးဖြစ်နိုင်တယ်။ အလိုအလျောက်သာ ဖြစ်ရင်သူဌေးတွေနဲ့ အမြဲတွေ့နေတဲ့ ဟိုတယ်ကဝန်ထမ်းတွေ အောင်မြင်နေပြီ။ ကောင်းတဲ့ အမူအကျင့် အတွေးအခေါ်ရဖို့Passive ငြိမ်နေရုံနဲ့မရဘူး။တကူးတက လေ့လာရတယ်။ ပျက်တာက လွယ်တယ်။ပြုပြင်ဖန်တီးတာက ခက်တယ်။ စာသင်ခန်းထဲ ထိုင်နေရုံနဲ့ပညာတတ် ဖြစ်မလာဘူး။ ကျွန်တော်ကတော့ သင်၊ မြင်၊ ပြင်ဆိုတဲ့ဘဝပြောင်းလဲရေး framework လေးလုပ်ထားတယ်။ ၂၀၁၃ မှာ တော်တော်လေးငွေကြေးပြည့်စုံတဲ့သူတွေရဲ့ အသိုင်းအဝိုင်းမှာသူတို့ရဲ့ တွေး၊ ကြံ၊ လုပ်ဆောင်ပုံကိုသင်ကြားလေ့လာခွင့်ရတယ်။ ကိုယ်ဆို အချိန်အများစုကတခြားသူတွေ အကြောင်းစဉ်းစားပြီးအပြစ်တင်ဖို့ စဉ်းစားနေတတ်တယ်။သူတို့က ကိုယ့်အကြောင်း၊ကိုယ့်မိသားစုနဲ့ အလုပ်အကြောင်းပိုစဉ်းစားပြီးအပြစ်တင်တာထက် အဖြေရှာခြင်းကိုဦးစားပေး လုပ်ဆောင်ကြတယ်။ ဒါကို မြင်တော့အကျင့်တွေ ပြင်ဖြစ်တယ်။
ရည်မှန်းချက်ကြီးကြီးထား၊မျှော်မှန်းချက် သေးသေးထား။ ရည်မှန်းချက် ကြီးကြီးထားတဲ့အခါမနက်မိုးလင်းမျက်လုံးဖွင့်တဲ့အခါရင်ခုန်စရာ ဒီနေ့အတွက်လုပ်စရာတွေနဲ့ အကောင်အထည်ဖော်စရာရည်မှန်းချက် ခပ်ကြီးကြီးတစ်ခုရှိမယ်။ မျှော်မှန်းချက် သေးသေးပဲထားတဲ့အခါတိုက်ရိုက်ထိန်းချုပ်လို့မရတဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့နည်းပညာအပြောင်းအလဲကြောင့်ဖြစ်လာတဲ့အရာတွေကြောင့်စိတ်ညစ်စရာ နည်းသွားမယ်။ Phyo Paing @ Derek drphyopaing
ရည်မှန်းချက်ကြီးကြီးထား၊မျှော်မှန်းချက် သေးသေးထား Read More »
ကိုယ့်ဘဝနဲ့ ကိုယ်နဲ့တစ်သားတည်းဖြစ်နေတာအောင်မြင်တဲ့ ဘဝပဲ။ ငွေတွေ ကျိကျိတက်ချမ်းသာပြီးပူလောင်နေတာမျိိုး တွေ့ဖူးလိမ့်မယ်။ပညာတွေတတ်ပြီးလောကကြီးက ကိုယ်ဖြစ်စေချင်သလိုလူ့အဖွဲ့အစည်းက မလည်ပတ်တဲ့အတွက်ဒေါသတွေများပြီး သောကတွေများအပြစ်တွေပြောပြီး ပူလောင်နေတာတွေ့ဖူးလိမ့်မယ်။လုပ်ငန်းခွင်မှာ အောင်မြင်ပြီးကိုယ့်နေရာသူများလုမှာ စိုးတဲ့အတွက်ပူလောင်မှုတွေနဲ့ ဖြတ်သန်းနေရာတာတွေ့ဖူးလိမ့်မယ်။ ဘဝမှာ ကျောချစရာကောင်းကောင်းတစ်ခု၊ဘဝအတွက် အိုစာမင်းစာမပူရတဲ့ကိုယ့်ဘဝနေထိုင်မှုအတွက် ဖူလုံစေမယ့်အရာတစ်ခု၊ကိုယ်ချစ်တဲ့အလုပ်ကို နေ့စဥ်လုပ်နေပြီး၊ကိုယ့်ဘဝနဲ့ ကိုယ် တစ်သားတည်းကျနေတာအောင်မြင်မှုလို့ပဲ ပုဂ္ဂလိက ခံယူထားကြည့်တယ်။ ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ဖို့နည်းလမ်းနဲ့ စည်းကမ်းလိုတယ်။ဖြစ်နေတာကို စိတ်ကျေနပ်ဖို့ကိုယ့်ကိုယ်ကို နားလည်ဖို့လိုတယ်။ Phyo Paing @ Derek
ကိုယ့်ဘဝနဲ့ ကိုယ်နဲ့တစ်သားတည်းဖြစ်နေတာအောင်မြင်တဲ့ ဘဝပဲ Read More »