Change

မပြောင်းလဲနိုင်ရင် မျိုးတုန်းသွားနိုင်တယ်။

ဆယ်တန်းမှာ ဂုဏ်ထူးတွေထွက်အောင်လုပ်၊ဆေးကျောင်းတက်၊ ဘွဲ့လွန်တွေထပ်ယူ။အဲ့ကွန်းခန်းထဲမှာ အလုပ်လုပ်ရမှာ။ ဒီ လူ အများဂုဏ်ယူတဲ့အရာကြီးကို လိုက်လုပ် ဂုဏ်လိုက်ယူရတာကြီးက အဖေ၊ အမေ ခေတ်မှာ ကျန်ခဲ့ပြီလို့ထင်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဂုဏ်ယူတဲ့ ကိစ္စ မတူကြဘူး။ ဘဝမှာလဲ အဲ့လိုပဲတစ်ခုခုကို နားလည်အောင်ကြည့်တဲ့အခါမော်ဒယ်တွေ အများကြီးရှိတယ်။ တချို့လူတွေက လောကကို မော်ဒယ်တစ်ခုတည်းနဲ့ ကြည့်တယ်။ မြန်မာမော်ဒယ်၊တရုတ်မော်ဒယ်၊ အေးရှန်းမော်ဒယ်၊အာရှမော်ဒယ်၊အနောက်တိုင်းမော်ဒယ်၊ကမ္ဘာ့မော်ဒယ်၊ လူ့ဂွစာတွေ မော်ဒယ်ကြည့်ကြည့်။ အမြင်သာဆုံးစကားလုံးတစ်ခုကWork-life balance ဆိုတဲ့ စကားလုံး။ ဘယ်လိုပေါ်လာတယ်။ဘယ်သူထွင်ခဲ့တယ်။ ဘာကြောင့်ပေါ်ခဲ့တယ်။ ဘယ်လို အသုံးပြုတယ် အများစုမစဥ်းစားမိကြဘူး။ Robert Owen က 1817 မှာထွင်ခဲ့တဲ့ စကားလုံး။ အဲ့အချိန်က အလုပ်ကြမ်းသမားတွေက တစ်ပတ်ကို နာရီ ၇၀ ကနေ ၁၀၀ လောက်လုပ်ရတယ်။အဲ့အချိန် အင်္ဂလန်မှာဆို တစ်ရက်ကို […]

မပြောင်းလဲနိုင်ရင် မျိုးတုန်းသွားနိုင်တယ်။ Read More »

ဘဝမှာ အရေးအကြီးဆုံးက
လွတ်လပ်မှုလို့ပဲ ခံယူထားတယ်

ဘဝမှာ အရေးအကြီးဆုံးကလွတ်လပ်မှုလို့ပဲ ခံယူထားတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့အဆုံးအမကိုအကောင်းဆုံးလိုက်နာနိုင်အောင်ကြိုးစားပြီး ကောင်းအောင်နေဖို့နှလုံးသွင်းတယ်။ ဘဝမှာ ကိုယ်ထိန်းချုပ်မရတဲ့အရာတွေရှိတယ်။ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်မထိန်းချုပ်နိုင်ဘူး။​ဥပမာ နေ့စဥ် အိုနေတယ်။ဒါကို မထိန်းချုပ်နိုင်ဘူး။ဖျားနာမယ်။ဒါကို မထိန်းချုပ်နိုင်ဘူး။ဘဝမှာ ကျိန်းသေတာတစ်ခုကမသေချင်လဲ သေမယ်။ဒီတော့ ချစ်တဲ့သူနဲ့လဲ တချိန် ခွဲရမယ်။​မချစ်တဲ့သူနဲ့လဲ တချိန်ခွဲရမယ်။ဒါတွေကို တပ်မက်လေလေနာကျင်လေလေ။ဒါတွေကို နာမည်တစ်လုံးပေးရရင်“ဒုက်ခ”ပဲ။ ဘဝမှာ ဒီ ဒုက္ခတွေကို ရှောင်လွဲလို့မရဘူး။ဒါတွေရဲ့ အရင်းအမြစ်ကတပ်မက်စိတ်တွေက စတင်တယ်။ဒါကို attachment လို့ခေါ်တယ်။ဒီ ဒုက္ခတွေလွတ်မြောက်ရာရှိတယ်။​ဒါကို ဘဝနေနည်းရှစ်နည်းနဲ့သွားလို့ရတယ်။ဒါကို အမှန်တရားလေးခုဖြစ်တဲ့အတွက်သစ္စာလေးပါးလို့ မိန့်ကြားခဲ့တယ်။ ဗုဒ္ဓသင်ကြားခဲ့တာက “လွတ်မြောက်”ဖို့။ဒီတော့ လွတ်လပ်မှုကို ကြိုက်တဲ့ကိုယ့်အတွက်နေ့စဥ်ဘဝမှာ နှလုံးသွင်းရမည့်အရာလို့မြင်တယ်။ ဘဝနေနည်း ရှစ်ခုကို စကားလုံးသုံးလုံးနဲ့ခြုံလို့ရတယ်။လိုက်နာရမည့်စည်းကမ်း သီလစိတ်မပျံ့လွင့်ပဲ အာရုံစူးစိုက်နိုင်မှု သမာဓိအမှားအမှန်၊ အကောင်းအဆိုးကိုခွဲခြားသိနိုင်စွမ်း ပညာ။ သီလရှိဖို့နေ့စဥ် ဘာလုပ်မလဲအပြင်ဘာတွေ မလုပ်ဘူးလဲ သတ်မှတ်ထားရမယ်။မလုပ်သင့်ဘူးလို့ယူဆပြီး လုပ်ချင်နေရင်ကိုယ့်ရဲ့အတွေးကို ပြန်လည်ဆန်းစစ်ဖို့လိုတယ်။ သမာဓိ အားကောင်းဖို့တရားထိုင်တာအပြင်၊စာကို အာရုံစူးစိုက်ဖတ်တာ၊ကိုယ့်လုပ်နေတဲ့အလုပ်ကို

ဘဝမှာ အရေးအကြီးဆုံးက
လွတ်လပ်မှုလို့ပဲ ခံယူထားတယ်
Read More »

အပြောင်းအလဲလုပ်ရမှာမကြောက်နဲ့။

ဘဝမှာ အမြဲရှောင်လွဲလို့မရတာကအနိစ္စ၊ ဒုက်ခ၊ အနတ်တပဲ။ အနိစ္စဆိုတာ မမြဲခြင်း။ ကိုယ့်မှာရှိတာတွေကို တွယ်တာမှုလွန်ကဲတာ၊ တက်မက်မှုများလွန်းတာလျော့ဖို့လိုတယ်။အပြောင်းအလဲအတွက်ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ ဘဝမှာ အို၊ နာ၊ သေ။ ဒီသုံးခုက ရှောင်လွဲလို့မရဘူး။ ဘဝအတွက် မလွယ်ကူတဲ့အရာတွေ၊မျှော်မှန်းမထားတဲ့အရာတွေဖြစ်နိုင်တယ်၊ ပေါ်နိုင်တယ်။ ဒါကလဲ နှလုံးသွင်းဖို့လိုတယ်။ ငါလို့ထင်နေတဲ့အရာက ငါမဟုတ်ဘူး။ ဒီငါဆိုတဲ့အရာက အမြဲပြောင်းနေတယ်။မတည်မြဲဘူး။အနတ္တကိုလဲ နှလုံးသွင်းဖို့လိုတယ်။ ဖက်တွယ်မှု အနည်းဆုံးနဲ့နေ။ မထင်မှတ်ထားတဲ့ ဘဝသင်ခန်းစာတွေအတွက်ကြိုတင်ပြင်ဆင်။ငါဆိုတဲ့အရာက ပြောင်းလဲနေမှာပဲသိ။ လောကဓံကို အရမ်းလဲတုန်လှုပ်ခြောက်ခြားမနေအောင်စိတ်ဓာတ်ပြင်ဆင်မှု အရေးကြီးတယ်။ Phyo Paing @ Derek

အပြောင်းအလဲလုပ်ရမှာမကြောက်နဲ့။ Read More »

ကွာသွားမှာပဲ။

ဝန်ထမ်းတွေတိုးတက်အောင် ပံ့ပိုးတဲ့ လုပ်ငန်းနဲ့ ဝန်ထမ်းတွေဆီက ကျွမ်းကျင်မှုပဲယူပြီးတိုးတက်အောင် မပံ့ပိုးတဲ့လုပ်ငန်းကွာသွားမှာပဲ။ Phyo Paing @ Derek

ကွာသွားမှာပဲ။ Read More »

အတိတ်က ကိုယ့်ကိုကိုယ် ပြန်မေ့ဖို့လိုတယ်။

လူတွေဒီနေ့ရောက်နေတဲ့နေရာကကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေရဲ့ရလဒ်ပဲ။ဒါကြောင့် ဘယ်သူမှ အပြစ်တင်နေလို့မရဘူး။ ပြီးခဲ့တာပြီးပြီ။ အတိတ်ကို အနာဂတ်အတွက်ဆုံးဖြတ်ခွင့်မပေးနဲ့။ လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲချင်ရင်အတိတ်က ကိုယ့်ကိုကိုယ် ပြန်မေ့ဖို့လိုတယ်။ Phyo Paing @ Derek

အတိတ်က ကိုယ့်ကိုကိုယ် ပြန်မေ့ဖို့လိုတယ်။ Read More »

တစ်နေ့ပြန်ဆုံကြတဲ့အခါ
လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲနေဖို့လိုတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာမွေးကချင်ပြည်နယ်ရဲ့စျေးထဲမှာကြီးတယ်။ ဆယ့်ကိုးနာရီဆယ့်ရှစ်မိနှစ်တို့၊မင်းနဲ့မှ ချစ်တတ်ပြီပေါ့တို့၊ မာရဇ္ဇရဲ့ ဟင်္သာတို့ရဲ့နန်းတော်ရှေ့တို့အပြင်Zero, ACID, Too Big, NS တိတ်ခွေတွေကို ကျောင်းမှာရောင်းခဲ့ဖူးတယ်။ ကိုးတန်း၊ ဆယ်တန်း အချုပ်လိုအဆောင်ကြီးမှာနေခဲ့ဖူးတယ်။အဲ့ကစ မန္တလေးသားဖြစ်သွားတယ်။ ဆယ်တန်းကို ဖော်မြူလာနဲ့လေ့လာပြီး စာမေးပွဲဖြေခဲ့တယ်။ ဆရာဝန်အဖြစ် training ယူခဲ့တယ်။လူတွေကို ဂိုက်ပြန်သင်ပေးတယ်။တရုတ်ကပစ္စည်းတွေသွင်းပြီးရောင်းတယ်။ အရောင်းနဲ့ မားကတ်တင်းအလုပ်ကိုနိုင်ငံတကာဆေးကုမ္ပဏီတစ်ခုမှာ ဝင်ခဲ့တယ်။CRM စနစ်တွေကို လူတွေကိုပြန်သင်ပေးရတယ်။စီးပွားစီမံ ABE diploma တက်ပြီး စာပြန်သင်ပေးတယ်။ ဖုန်းဆော့ဝဲလ်တွေပြင်တယ်။ဖုန်းဆိုင်ဖွင့်တယ်။MBA ဘွဲ့ရတယ်။ သင်တန်းကျောင်းစဖွင့်တယ်။မားကတ်တင်းသင်တန်းတွေကိုရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊တောင်ကြီးမှာဖွင့်တယ်။ကုမ္ပဏီတွေကို သင်တန်းလိုက်ပေးတယ်။ဆရာ၊ဆရာမပေါင်း ၅၀၀၀ ကျော်အတွက်သင်ကြားရေးနဲ့ မှတ်ဥာဏ်ကောင်းနည်းစနစ်ကိုမြို့ကြီးတွေမှာ အခမဲ့မျှဝေပေးဖြစ်တယ်။ အွန်လိုင်းကနေလေ့လာလို့ရတဲ့ online learning platform လုပ်တယ်။နောက် app/ website တွေလုပ်ပေးတယ်။ MBA သင်တန်းတွေပြန်ဖွင့်တယ်။ ဆရာဖြစ်သင်တန်းတွေသင်တယ်။လုပ်ငန်းတွေကို အကြံပေးတယ်။ ပညာရေးနဲ့ နည်းပညာကုမ္ပဏီတွေမှာရင်းနှီးမြုပ်နှံတယ်။

တစ်နေ့ပြန်ဆုံကြတဲ့အခါ
လူတွေမမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲနေဖို့လိုတယ်။
Read More »

ဒီလိုအချိန်ကို SEE လို့ခေါ်တယ်

ကိုယ့်ဘဝရဲ့ အကြေကွဲဆုံးအချိန်ကိုစဥ်းစားကြည့်လိုက်။အဲ့အချိန်က ကိုယ့်ဘဝကိုအပြောင်းအလဲ လုပ်ပေးတဲ့လူတစ်ယောက်နဲ့ ဆိုင်တယ်။ဘဝမှာ သေရာပါတဲ့ ဒဏ်ရာဆိုတာအဲ့ကနေလာတယ်။ဒီလိုအချိန်ကို SEE လို့ခေါ်တယ်။Significant Emotional Eventဒီအချိန်တွေက လူတွေကိုအပြောင်းအလဲ အကြီးအကျယ်ဖြစ်စေတယ်။ Phyo Paing @ Derek

ဒီလိုအချိန်ကို SEE လို့ခေါ်တယ် Read More »

ကိုယ့်ကို ခတ်ထားတဲ့ ဘောင်

ကိုယ့်ဘဝမှာ ကိုယ်မလုပ်နိုင်ဘူးထင်တဲ့အလုပ်တွေကို မဖြစ်ဖြစ်အောင်လုပ်ကြည့်။ကိုယ့်ကို ခတ်ထားတဲ့ ဘောင်ကျိုးသွားလိမ့်မယ်။ Phyo Paing @ Derek

ကိုယ့်ကို ခတ်ထားတဲ့ ဘောင် Read More »

နေ့စဥ်ဘဝကို လတ်လတ်ဆတ်ဆတ်
ဖြတ်သန်း

လူတွေရဲ့ အထင်အမြင်မှာ အသက်မရှင်နဲ့။ကိုယ်ကြိုက်တာကိုယ်လုပ်။ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့အလုပ်မဖြစ်တဲ့ ရှေးရိုးစွဲအယူအဆတွေကိုမလိုက်နာရဲတဲ့ သတ္တိလိုတယ်။ လူအများနဲ့ မတူတဲ့ လမ်းကိုလျှောက်ရဲဖို့မတူတဲ့ အလုပ်ကို လုပ်ရဲဖို့က သတ္တိအကြီးကြီးလိုတယ်။ ဒီလို ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့လူတွေကို misfit လို့ခေါ်တယ်။ ဒီလို ပတ်ဝန်းကျင်ကချမှတ်ထားတဲ့ သိုးကလေးဖြစ်စေမည့် အလုပ်မဖြစ်တဲ့ စည်းကမ်းတွေကိုချိုးဖောက်ရဲတဲ့သူ misfit တွေက အပြောင်းအလဲကို အမှန်တကယ်ဖော်ဆောင်ပေးသူတွေဆိုတာကြားဖူးလိမ့်မယ်။ လောကကြီးနဲ့ အံဝင်ဂွင်ကျမဖြစ်လို့ လူတွေကိုယ့်ကို နားမလည်လို့ စိတ်မညစ်နဲ့။ လောကနဲ့ သဟဇာတမဖြစ်လဲကိုယ့်ရဲ့ နှလုံးသားက လုပ်သင့်တယ်လို့ပြောတဲ့အရာတွေကိုကိုယ်ကလုပ်ရမှာပဲ။ လူတွေက သူတို့နဲ့ မတူလို့ငါ့ကိုပြက်ရယ်ပြုကြတယ်။ ငါကလဲ သူတို့အားလုံးက အတူတူဖြစ်နေလို့ပြန်ရယ်မိတယ်ဆိုတာ ကြားဖူးလိမ့်မယ်။ မတူတာက ပြဿနာဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ Phyo Paing @ Derek

နေ့စဥ်ဘဝကို လတ်လတ်ဆတ်ဆတ်
ဖြတ်သန်း
Read More »

ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်က
ဘာလဲ?

လူတစ်ယောက်နဲ့ တွေ့လိုက်တဲ့အခါဘဝကြီး အဓိပ္ပာယ်ပိုရှိလာတာမျိုးကြုံဖူးလား? ကိုယ့်ရဲ့ကလေးဖြစ်ရင်ဖြစ်မယ်၊ ချစ်သူ၊ ရည်းစား၊ လင်မယားဖြစ်ရင်ဖြစ်မယ်၊သူငယ်ချင်းတစ်ယောက်ဖြစ်ရင်ဖြစ်မယ်၊ကိုယ့်ကို အလင်းဖွင့်ပေးတဲ့ သူတစ်ယောက်ဖြစ်ရင်ဖြစ်မယ်။ ဒါက ဘဝရဲ့ အဓိပ္ပာယ်ကိုရှာဖွေတဲ့ပထမနည်း။ ဒုတိယနည်းကတော့ အရာတစ်ခုခုကို ဖန်တီးရင်းဘဝရဲ့ အဓိပ္ပာယ်ကို ရှာတာ။ ပညာရပ်တစ်ခု၊ ကောင်းမှုတစ်ခု၊ လူတွေကို ကူညီချင်တာတစ်ခုပေါ်မှာပေးဆပ်ပြီး ဘဝအဓိပ္ပာယ်ရှာတာ။ တတိယတစ်ခုကတော့ ဘဝကို ပေးဆပ်ပြီး ဘဝအဓိပ္ပာယ်ရှာတာ။လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပေးဆပ်ပြီးသတ္တဝါတွေ ကယ်တင်ဖို့ဆိုတာမျိုး။ ဒီနေ့အောင်မြင်တဲ့ စင်္ကာပူဖြစ်လာတယ်။ဘာတွေပေးဆပ်လိုက်ရလဲ?ငါ့ဘဝတစ်ခုလုံးပေါ့တဲ့ သူဖြစ်ချင်တဲ့ ရှေ့နေအလုပ်ကိုစွန့်ပြီးသူ့နိုင်ငံကလူတွေ မလေးရှားကခွဲထုတ်လိုက်လို့ ဒုက္ခရောက်နေတာမကြည့်ရက်လို့နိုင်ငံရေးထဲ ဝင်ခဲ့တဲ့ လီကွမ်းယူ။ Phyo Paing @ Derek

ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်က
ဘာလဲ?
Read More »