အပြောင်းအလဲလုပ်ရမှာမကြောက်နဲ့။
ဘဝမှာ အမြဲရှောင်လွဲလို့မရတာကအနိစ္စ၊ ဒုက်ခ၊ အနတ်တပဲ။ အနိစ္စဆိုတာ မမြဲခြင်း။ ကိုယ့်မှာရှိတာတွေကို တွယ်တာမှုလွန်ကဲတာ၊ တက်မက်မှုများလွန်းတာလျော့ဖို့လိုတယ်။အပြောင်းအလဲအတွက်ကြိုတင်ပြင်ဆင်ဖို့လိုတယ်။ ဘဝမှာ အို၊ နာ၊ သေ။ ဒီသုံးခုက ရှောင်လွဲလို့မရဘူး။ ဘဝအတွက် မလွယ်ကူတဲ့အရာတွေ၊မျှော်မှန်းမထားတဲ့အရာတွေဖြစ်နိုင်တယ်၊ ပေါ်နိုင်တယ်။ ဒါကလဲ နှလုံးသွင်းဖို့လိုတယ်။ ငါလို့ထင်နေတဲ့အရာက ငါမဟုတ်ဘူး။ ဒီငါဆိုတဲ့အရာက အမြဲပြောင်းနေတယ်။မတည်မြဲဘူး။အနတ္တကိုလဲ နှလုံးသွင်းဖို့လိုတယ်။ ဖက်တွယ်မှု အနည်းဆုံးနဲ့နေ။ မထင်မှတ်ထားတဲ့ ဘဝသင်ခန်းစာတွေအတွက်ကြိုတင်ပြင်ဆင်။ငါဆိုတဲ့အရာက ပြောင်းလဲနေမှာပဲသိ။ လောကဓံကို အရမ်းလဲတုန်လှုပ်ခြောက်ခြားမနေအောင်စိတ်ဓာတ်ပြင်ဆင်မှု အရေးကြီးတယ်။ Phyo Paing @ Derek
အပြောင်းအလဲလုပ်ရမှာမကြောက်နဲ့။ Read More »