အမြင်ရှိမှ အမြင့်ရောက်မယ်။
Plan မရှိက ပက်လက်လန်နိုင်ပေမယ့် Plan ရှိပေမယ့်လည်း အခြေအနေပေါ်မူတည်ပြီး အမြဲအပြောင်းအလဲဖြစ်နိုင်တယ်။ ဒါကြောင့် အမြော်အမြင် Vision နဲ့ ဘ၀ရဲ့ရည်ရွယ်ချက် Purpose လိုအပ်တယ်။ Phyo Paing @ Derek
Plan မရှိက ပက်လက်လန်နိုင်ပေမယ့် Plan ရှိပေမယ့်လည်း အခြေအနေပေါ်မူတည်ပြီး အမြဲအပြောင်းအလဲဖြစ်နိုင်တယ်။ ဒါကြောင့် အမြော်အမြင် Vision နဲ့ ဘ၀ရဲ့ရည်ရွယ်ချက် Purpose လိုအပ်တယ်။ Phyo Paing @ Derek
သဲကန္တာရအလယ်မှာ ရေငတ်နေတဲ့ လူတစ်ယောက်အတွက် ရေအပေါ်မှာထားတဲ့ တန်းဖိုးဟာ သာမန်အချိန်နဲ့မတူဘူး။ တန်ဖိုးဆိုတာ အခြေအနေ အချိန်အခါပေါ်မူတည်ပြီး ပြောင်းလဲတတ်ကြတယ်။ Phyo Paing @ Derek
Motivated ဖြစ်ချင်ရင် စာအုပ်ဖတ်နေရုံနဲ.မရပါဘူး။ သင်တန်းတက်ရင် တစ်ပတ် နှစ်ပတ်သာခံပါတယ်။ Jim Rohn ပြောသလို Motivation ဆိုတာရေချိုးသလို နေ.တိုင်းလုပ်ဆောင်ပေးရပါတယ်။ နေ.စဉ် Motivated ဖြစ်အောင် ဘာတွေလုပ်မလည်း? Priming မနက်ထထချင်း မိမိကိုယ်စိတ်နှစ်ပါး peak အထွတ်အထိပ်အဆင်.ရောက်အောင် priming လုပ်ဖို.လိုပါတယ်။ အားကစားသမားတွေ လေ.ကျင်.ခန်းမလုပ်ခင် warm up သွေးပူလေ.ကျင်.ခန်းလုပ်သလိုဘဲ တစ်ရက်တာမစခင်မှာ exercise လုပ်ဖို.လိုပါတယ်။ exercise ဆိုတဲ.နေရာမှာ သာမာန် လေ.ကျင်.ခန်းပါသလို စိတ်လေ.ကျင်.ခန်းလည်းပါပါတယ်။ စိတ်လေ.ကျင်.ခန်းလုပ်ရာမှာ တစ်ရက်တာရဲ.အကောင်းဆုံးပုံရိပ်ကို visualization လုပ်တာပါသလို တစ်လတာ ရည်မှန်းချက်ကို visualization စိတ်ကူးပုံဖော်တာပါဝင်ပါတယ်။ Priming ပြုလုပ်နည်းများထဲမှာ 3 ချက်ကို ဖော်ပြလိုက်ပါတယ်။ 1. Be your goal ကိုယ်ဖြစ်ချင်တဲ. ရည်မှန်းချက်ပန်းတိုင်ရဲ.
တစ်ရက်တာအတွက် မနက်မှာပြုလုပ်တဲ့ ၁၀ မိနစ်ဟာ အသက်ပါ။ Read More »
နေ.စဉ်ဂါထာလို ကိုယ်.ကိုကိုယ်ပြောနေတဲ.စကားကို ပြင်ရမယ်။ ကိုယ်ဖြစ်ချင်တဲ. ဘဝကို လက်ရှိဖြစ်နေသကဲ.သို.ရေးပြီးနေ.စဉ်စိတ်ထဲကစ ရွက်ဆိုရမည်။ ဥပမာ တစ်လဝင်ငွေဆယ်သိန်းဝင်ချင်တယ်ဆိုတာထက် ငါတစ်လဆယ်သိန်းဝင်နေပြီဆိုပြီးရေးမည်။ Affirmation ထပ်ခါထပ်ခါ စိတ်ထဲကရွက်ဆိုရမည်။ ရွက်ဆိုရာမှာ ခေါင်းထဲပုံပေါ်ရမည်။ ခံစားချက်ပါရမည်။ ဖြစ်နေသကဲ.သို. As if နေထိုင်ရမည်။မဆိုတဲ.စကားတွေမသုံးရ၊ မသိစိတ်သည် မသိ။ဥပမာ ငါမဆင်းရဲချင်ဘူး။ အမည်းရောင်ကို မတွေးနဲ.။အလွယ်ကူဆုံးရွက်ဆိုနိုင်တာကတော. Everyday in every aspect I am getting better and better.နေ.စဉ်နေ.တိုင်းငါသည် ပိုပိုပြီးကောင်းသထက်ကောင်းလာနေပြီ။ Phyo Paing @ Derek
လူတွေဟာ မွေးကတည်းပတ်ဝန်းကျင်ရဲ.ထုဆစ်ခြင်းအရ အကြောက်တရားများနှင့် ရှင်သန်ခဲ့ရတယ်။ စာမေးပွဲကျမှာကြောက်တယ်။ Assignment မပြီးမှာကြောက်တယ်။ ဘွဲ.မရမှာကြောက်တယ်။ ဆင်းရဲမှာကြောက်တယ်။ လူတောမတိုးမှာကြောက်တယ်။ Boss က ဆူမှာကြောက်တယ်။ စီးပွားရေးလုပ်ဆောင်ရာမှာ မအောင်မြင်မှာကြောက်တယ်။ ကြီးလာတော့ ရှုံးမှာကြောက်တယ်။ မျက်နှာပျက်မှာကြောက်တယ်။ မွေးကတည်းက ကမ္ဘာကြီးကိုက အကြောက်တရားတွေနဲ. ကျွန်တော်တို့ လူသားတွေကို ထိန်းချုပ်ထားတယ်။ တစ်သက်မှာလူတစ်ခါလာဖြစ်တာ ရက်ပေါင်း သုံးသောင်းလောက်နေရတာ။ အသက်နှစ်ဆယ့်ငါးကျော်ရင် သုံးပုံတစ်ပုံကုန်ပြီ။ အကြောက်တရားတွေနဲ့ နေမှာလား ကိုယ့် ကိုကိုယ်မေးမိတယ်။ ဘဝရဲ.အနှစ်သာရကဘာလည်း? ဘောင်ခတ်ထားတဲ့အကြောက်တရားတွေ ကင်းဖို့လိုတယ်။ Phyo Paing @ Derek
ILO …SIYB program ရဲ့ Action Learning အရမ်းကောင်းပါတယ်။ ကိုယ်က ဒီနေရာမှာရပ်ခဲ့ရင် Trainer ဘဲဖြစ်ပါမယ်။ Facilitator, Program Designer နဲ့ Teacher or Trainer ဖြစ်ဖို့လိုပါတယ်။ ပြောချင်တာ ကျွန်တော်တို့ရဲ့ ဆရာဖြစ်သင်တန်းမှ Trainer များစိတ်ဓာတ်မကျပါနဲ့။ သူများနဲ့မတူအောင် Program တွေ ကိုယ်ပိုင် Design လုပ်နိုင်အောင်ကြိုးစားပါ။ Business ကိုသင်တာ Lecture, Discussion နဲ့မရပါ။ P.E.S.T Analysis ကို နည်းလမ်းမျိုးစုံနဲ့ Design လုပ်လို့ရပါတယ်။ Coach and Trainer မှာ ရပ်မနေပါနဲ့။ အဆင့်များ 1. Coach2. Trainer3. Facilitator4. Program Designer5. Teacher or
Twitter, Facebook, Instagram, Linkedin, Snapchat, Youtube …..Social Media တွေရဲ. business model က သုံးစွဲတဲ.အချိန်ပေါ်မှာ အခြေခံကြတယ်။ သုံးစွဲတဲ.အချိန်ကြာလေလေ ကြော်ငြာကနေ ငွေပိုရလေ။ နောက်ပြီး Social Media တွေရဲ. Positioning တွေကလည်း မတူပေမယ်. ဒီမှာတော. လက်ရှိမှာ facebook တစ်ခုကို အဆင်ပြေသေးတယ်။ တကယ်လို. တရုတ် Audience တွေကို မသွားဘူးဆိုရင်ဖြင်.။ Company တွေရဲ. Brand Content တွေက Social Media တွေကို အလုပ်အကြွေးပြုပေမယ်.၊ Social Media တွေက brand တွေအပေါ်သက်ရောက်မှု ဘယ်လိုလည်း။ တချို. Facebook Page တွေဆိုရင်ဖြင်. Engagement အရမ်းကောင်းပြီး
၁. ဒီဖြစ်ရပ်ဘာတွေကောင်းသလည်း?What is good about this?၂. ဘာတွေကောင်းနိုင်သလည်း?What could be good about this?၃. ဒီကနေ ဘာတွေကောင်းတဲ့ သင်ခန်းစာရလိုက်သလည်း?What did I learn from this?၄. နောက်တခါ ဒီတခါနဲ့မတူအောင် ဘာတွေလုပ်ရမလည်း?What should I do differently next time? Phyo Paing @ Derek
တိုနီရိုဘင် (ကမ္ဘာ့အတော်ဆုံး အောင်မြင်ရေးနည်းပြ) It is in your moments of decision that your destiny is shaped.Tony Robbins သင့်ဘဝကို ပြောင်းလဲမယ်လို့ နောက်ဆုံးဘယ်တုန်းက စဉ်းစားခဲ့ပါသလည်း? နှစ်သစ်ကူးမတိုင်ခင်ညက ဖြစ်ကောင်းဖြစ်လိမ့်မယ်။တိုးတက်အောင်လုပ်ဖို့၊ ဝင်ငွေတိုးတက်အောင်လုပ်ဖို့အပြောင်းအလည်းစလုပ်တော့မယ်လို့ စဉ်းစားခဲ့ကောင်းစဉ်းစားခဲ့လိမ့်မယ်။ ဝိတ်ချဖို့ အစားအသောက်လျော့စားမယ်လို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်နိုင်တယ်။ သင် တကယ်ရော အပြောင်းအလည်း လုပ်မိခဲ့ရဲ့လား။ တကယ်မလုပ်မိခဲ့ဘူး ဆိုရင် ……..သေချာတယ် သင်ဟာ “ငါ ကျန်းမာသန်စွမ်းတဲ့ကိုယ်ခန္ဓာတစ်ခုရအောင် ကြိုးစားမယ်ဆိုတာထက် ငါအစားလျော့စားရမယ်ဆိုတာကို စဉ်းစားနေလို့ဖြစ်တယ်။” အကြောင်းကတော့ လူတွေက ကိုယ်ဖြစ်ချင်တာတွေထက် ကိုယ်မဖြစ်ချင်တာတွေကို အာရုံစိုက်နေလို့ဖြစ်တယ်လို့ ဆရာကြီးအန်တိုနီရိုဘင်က ပြောတယ်။ အပြောင်းလည်းလုပ်ဖို့အတွက် စကားလုံးတစ်လုံးတည်းပြောပါဆိုပါက ကိုယ်လိုချင်တဲ့ဘဝတစ်ခု ဖန်တီးဖို့ ခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခု ချဖို့ဘဲဖြစ်ပါတယ်။ Phyo Paing
လူတွေအားလုံး ခေါင်းထဲမှာ ကိုယ့်ကိုကိုယ်ပြောနေတဲ့ ပုံပြင်ကိုယ်စီ ရှိကြပါတယ်။ ဥပမာ ငါကတော့ အောင်မြင်နိုင်မှာမဟုတ်ဘူး။ ငါ့ကို လူတွေက မလေးစားဘူး။ မြန်မာပြည်မှာနေရင်တော့ ငါအောင်မြင်နိုင်မှာ မဟုတ်ဘူး။ ပထမအဆင့်အနေနဲ့ ကိုယ့်ကိုကိုယ်ပြောနေတဲ့ Bullshit story တွေကို ပြောင်းသင့်ပါတယ်။ ဒီ ပုံပြင်တွေက ကျွန်တော်တို့ရဲ. ခံစားချက်တွေကို လွှမ်းမိုးနေပါတယ်။ ဒီ ခံစားချက်တွေက တွေးခေါ်စဉ်းစားပုံကိုလွှမ်းမိုးပါတယ်။ စဉ်းစားပုံက လုပ်ရပ်တွေကို လွှမ်းမိုးပြီး ကံကြမ္မာကို ပြောင်းလည်းစေပါတယ်။ Phyo Paing @ Derek