ဒီရွေးချယ်မှုတွေကြောင့်
ဘဝတွေ ကွာသွားကြတယ်။
အတိတ်ကံကကျင်လည်ရမည့် ပတ်ဝန်းကျင်ကိုသတ်မှတ်ပေးတယ်။ ပစ္စုပ္ပန်ကံကဒီပတ်ဝန်းကျင်မှာ ဘယ်လိုရှင်သန်မလဲသတ်မှတ်ပေးတယ်။ လက်ရှိရဲ့ ပစ္စုပ္ပန်က ခဏနေရင် အတိတ်ဖြစ်တယ်။ ဒီတော့ ပစ္စုပ္ပန်ရဲ့ ရွေးချယ်မှုတိုင်းက အတိတ်ကံဖြစ်သွားတယ်။ လူတွေရဲ့ဘဝတွေကွာတာ ပစ္စုပ္ပန်ရွေးချယ်မှုတွေ ကွာလို့ဖြစ်တယ်။ ဘာကို အာရုံစိုက်မယ်။ဘယ်လိုတွေးမယ်။ဘယ်သူနဲ့တွေ့မယ်။ဘယ်အချိန်မှာဘယ်အရာကို လုပ်ဆောင်မယ်။ ဒီရွေးချယ်မှုတွေကြောင့် ဘဝတွေ ကွာသွားကြတယ်။ တော်တဲ့သူတွေနဲ့ တွေ့ဖန်များရင်တော်လာဖို့ အလားအလာများတယ်။ဘူကောင်တွေနဲ့ တွေ့ဖန်များတဲ့အခါဘူလာဖို့ အလားအလာများတယ်။ အတိတ်ကံကောင်းဖို့ပစ္စုပ္ပန်ကံသုံးပါးကာယကံဝဇီကံမနောကံကို ဂရုပြုဖို့လိုနိုင်တယ်။ Phyo Paing @ Derek
ဒီရွေးချယ်မှုတွေကြောင့်
ဘဝတွေ ကွာသွားကြတယ်။ Read More »
