Choice

ဒါပေမဲ့ တကယ်တော့မှန်ကန်တဲ့ လူတွေနဲ့ အတူတူ သွားရင်မြန်လည်း မြန်တယ် ဝေးလည်း ဝေးတယ်။

တစ်ယောက်တည်း ကြီးပွားတဲ့ လူ မရှိဘူး။ ကိုယ် ဘယ်လောက် ထက်ထက်ကိုယ့် ဦးနှောက် ၁ ခု ပဲ ရှိတယ်။ကိုယ့် အတွေ့အကြုံ ကန့်သတ်ထားတယ်။ကိုယ့် Blind Spot (မမြင်ရတဲ့ နေရာ) ကို ကိုယ်တိုင် မမြင်နိုင်ဘူး။ ဒါကြောင့် ထက်မြက်တဲ့ လူတွေတစ်ယောက်တည်း မထိုင်ဘူး။စားပွဲဝိုင်း ရှာတယ်။ ─── Napoleon Hill က ၁၉၃၇ မှာ ရေးခဲ့တယ်။ “ဦးနှောက် ၂ ခု ပေါင်းရင်တတိယ ဦးနှောက် ဖြစ်လာတယ်” ဒါ ဥပမာ မဟုတ်ဘူး။Hill လူ ၅၀၀ ကျော် ကို ၂၀ နှစ် လေ့လာပြီး ရေးခဲ့တာ။Andrew Carnegie, Henry Ford, Thomas Edison, […]

ဒါပေမဲ့ တကယ်တော့မှန်ကန်တဲ့ လူတွေနဲ့ အတူတူ သွားရင်မြန်လည်း မြန်တယ် ဝေးလည်း ဝေးတယ်။ Read More »

ကိုယ် ဘာ ရှာနေလဲ ဆိုတာ ကိုယ့် ဘဝကို ပုံဖော်နေတယ်ဒါကြောင့် သေချာ ရွေးဖို့လိုပါတယ်။

အပြစ်တင်နေရင် အဖြေ မတွေ့ဘူး လူတိုင်း ပြဿနာ ကြုံတယ်ဒါပေမဲ့ ပြဿနာ ကြုံတဲ့အခါလူ ၂ မျိုး ရှိတယ် ပထမ မျိုး — ဘယ်သူ့ အပြစ်လဲ ရှာတယ်ဒုတိယ မျိုး — ဘယ်လို ဖြေရှင်းမလဲ ရှာတယ် တူညီတဲ့ ပြဿနာမတူတဲ့ မေးခွန်းမတူတဲ့ ဘဝ ဘာလို့လဲ ဦးနှောက်ထဲမှာ Reticular Activating System (RAS) ဆိုတာ ရှိတယ် RAS က ဦးနှောက်ရဲ့ Filter စကာစစ်တစ်နေ့ကို သတင်းအချက်အလက် Information သန်းနဲ့ချီ ဝင်လာတယ်အကုန်လုံး လက်ခံလို့ မရဘူးဒါကြောင့် ကိုယ် Focus လုပ်တဲ့ အရာကို ဦးနှောက်က ဦးစားပေး စစ်ထုတ်ပေးတယ် ကား အနီ ဝယ်ချင်နေရင်လမ်းပေါ်က

ကိုယ် ဘာ ရှာနေလဲ ဆိုတာ ကိုယ့် ဘဝကို ပုံဖော်နေတယ်ဒါကြောင့် သေချာ ရွေးဖို့လိုပါတယ်။ Read More »

ရွေးနိုင်တဲ့ အတွက်ဘဝက အေးချမ်းလာပါလိမ့်မယ်။

ဘာလို့ တချို့လူတွေကို Ban လိုက်သလဲ မုန်းလို့ မဟုတ်ဘူး။လမ်းချင်း မတူလို့။ လမ်းချင်း တူရင် လူချင်း တွေ့မှာပါ။မတူတဲ့ လမ်းပေါ်မှာ အတင်းလျှောက်နေရင်နှစ်ယောက်လုံး ပင်ပန်းတယ်။ ကိုယ့်ဘဝကို ဖြတ်သန်းရာမှာကိုယ် ဘာမြင်သလဲဘယ်သူ့စကား နားထောင်သလဲဘယ်အိုင်ဒီယာတွေ ဝင်လာသလဲဒါတွေက အရေးကြီးတယ်။ Social Media မှာကိုယ် မမြင်စေချင်တဲ့သူ မြင်မသိချင်တဲ့သူ သိဒါ ကောင်းတဲ့ အချက် မဟုတ်ဘူး။ Phone ထဲ ဘာဝင်လာသလဲFeed ထဲ ဘယ်သူရှိသလဲComment/ Inbox ထဲ ဘယ်စကားတွေ ရောက်နေသလဲ ဒါတွေကို ရွေးချယ်ခွင့် ရှိပါတယ်။ ဘဝမှာ ၃ ခု ကို သေသေချာချာ ရွေးပါ။ လူကိုယ့်ကို အင်အား ဖြစ်စေတဲ့ လူနဲ့ နီးပါ။ကိုယ့်ကို အားယုတ်စေတဲ့ လူနဲ့ ဝေးပါ။ကြင်နာလို့

ရွေးနိုင်တဲ့ အတွက်ဘဝက အေးချမ်းလာပါလိမ့်မယ်။ Read More »

ဒီရွေးချယ်မှုတွေကြောင့်
ဘဝတွေ ကွာသွားကြတယ်။

အတိတ်ကံကကျင်လည်ရမည့် ပတ်ဝန်းကျင်ကိုသတ်မှတ်ပေးတယ်။ ပစ္စုပ္ပန်ကံကဒီပတ်ဝန်းကျင်မှာ ဘယ်လိုရှင်သန်မလဲသတ်မှတ်ပေးတယ်။ လက်ရှိရဲ့ ပစ္စုပ္ပန်က ခဏနေရင် အတိတ်ဖြစ်တယ်။ ဒီတော့ ပစ္စုပ္ပန်ရဲ့ ရွေးချယ်မှုတိုင်းက အတိတ်ကံဖြစ်သွားတယ်။ လူတွေရဲ့ဘဝတွေကွာတာ ပစ္စုပ္ပန်ရွေးချယ်မှုတွေ ကွာလို့ဖြစ်တယ်။ ဘာကို အာရုံစိုက်မယ်။ဘယ်လိုတွေးမယ်။ဘယ်သူနဲ့တွေ့မယ်။ဘယ်အချိန်မှာဘယ်အရာကို လုပ်ဆောင်မယ်။ ဒီရွေးချယ်မှုတွေကြောင့် ဘဝတွေ ကွာသွားကြတယ်။ တော်တဲ့သူတွေနဲ့ တွေ့ဖန်များရင်တော်လာဖို့ အလားအလာများတယ်။ဘူကောင်တွေနဲ့ တွေ့ဖန်များတဲ့အခါဘူလာဖို့ အလားအလာများတယ်။ အတိတ်ကံကောင်းဖို့ပစ္စုပ္ပန်ကံသုံးပါးကာယကံဝဇီကံမနောကံကို ဂရုပြုဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ဒီရွေးချယ်မှုတွေကြောင့်
ဘဝတွေ ကွာသွားကြတယ်။
Read More »

ရွေးချယ်မှုမှန်ဖို့

ရွေးချယ်မှုက ကြိုးစားမှုထက်ပိုအရေးကြီးတယ်။ လူရွေးမှန်ဖို့က လူကိုပြင်ပေးဖို့ထက်ပိုအရေးကြီးတယ်။ ကိုယ်ရွေးချယ်တဲ့အသက်မွေးဝမ်းကြောင်းအလုပ်ကအလုပ်မှာ ကြိုးစားတာထက်ပိုအရေးကြီးတယ်။ လမ်းမှားပြီး ပြေးနေလဲ ခရီးကရောက်မှာမဟုတ်ဘူး။ ရွေးချယ်မှုမှန်ဖို့၁။ ကိုယ်ဘာလိုချင်သလဲ သေချာသိရမယ်။၂။ ဘာတွေရွေးလို့ရသလဲ သေချာသိရမယ်။၃။ ပြတ်သားတဲ့ရွေးချယ်မှုကို သေချာလုပ်နိုင်ရမယ်။ Phyo Paing @ Derek

ရွေးချယ်မှုမှန်ဖို့ Read More »

ဘဝမှာ ဖြစ်နိုင်စွမ်းတွေကိုကြည့်တဲ့အခါ

ဘဝရဲ့သုံးပုံစံတစ်ပုံကမိဘရဲ့နောက်ခံနဲ့ အထောက်အပံ့ကြောင့်။သုံးပုံတစ်ပုံကကံတရားရဲ့ပုံသွင်းမှုကြောင့်။သုံးပုံတစ်ပုံကကိုယ်ရဲ့ရွေးချယ်လုပ်ဆောင်မှုကြောင့်။ ဘဝမှာ ဖြစ်နိုင်စွမ်းတွေကိုကြည့်တဲ့အခါဒီအတွေးအခေါ်တစ်ခုနဲ့ တခါတလေကြည့်ကြည့်မိတယ်။ ပထမနှစ်ခုရွေးချယ်လို့မရဘူး။တတိယတစ်ခုက ကိုယ်နဲ့တိုက်ရိုက်ဆိုင်တယ်။ Phyo Paing @ Derek

ဘဝမှာ ဖြစ်နိုင်စွမ်းတွေကိုကြည့်တဲ့အခါ Read More »

ဘဝမှာ ရွေးချယ်မှုအရေးကြီးတယ်။

ရွေးချယ်မှုက ကြိုးစားမှုထက်ပိုအရေးကြီးတယ်။ ကြိုးစားပြီး အရာမရောက်တဲ့သူတွေအများကြီးတွေ့ဖူးလိမ့်မယ်။ ပိုကြိုးစားဖို့လိုတာမဟုတ်ဘူး။ရွေးချယ်မှုမှန်ကန်ဖို့လိုတာ။ အရှေ့အရပ်ကိုရောက်ချင်ပြီးအနောက်အရပ်ကိုပြေးနေလို့မရဘူး။ တချို့ရွေးချယ်မှုတွေက ပြန်ပြင်လို့ရတယ်။တချို့ရွေးချယ်မှုတွေက ပြန်ပြင်ရင် ရုပ်ဆိုးတတ်တယ်။တချို့ရွေးချယ်မှုတွေကပြန်ပြန်လို့မရဘူး။ ဥပမာ အလွယ်တကူပြင်လို့ရတဲ့ရွေးချယ်မှုတွေကကိုယ့်ရဲ့ပုံပန်းသဏ္ဏာန်ကိုမကြိုက်ရင် ပြန်ပြင်လို့ရတယ်။ ကိုယ့်ရဲ့လုပ်ငန်းလည်ပတ်ပုံကိုမကြိုက်ရင်ပြန်ပြင်လို့ရတယ်။ ပြင်ရင် ရုပ်ဆိုးတဲ့ရွေးချယ်မှုက လူတွေနဲ့ပတ်သက်တဲ့ ရွေးချယ်မှု။ ချစ်သူချင်းလမ်းခွဲတာ၊ divorce လုပ်တာ။ ဒါတွေက ငွေကြေးအပိုင်း၊ ဥပဒေပိုင်း၊ လူမှုရေးအပိုင်းတွေတစ်ခုမဟုတ် တစ်ခုပါလာပြီ။ ပြန်ရွေးချယ်လို့မရတာ။ သားသမီးမွေးပြီး ပြန်ရွေးချယ်လို့မရဘူး။သူ့ဖာသူ ဘာရောဂါရှိရှိပြန်ရွေးချယ်လို့မရဘူး။ ဘဝက ကိုယ့်ရွေးချယ်မှုရဲ့ရလဒ်ပဲ။ ရွေးချယ်မှုမှန်ကန်ဖို့ ကိုယ်လုပ်တဲ့ရွေးချယ်မှုက နောက်ကြောင်းပြန်လို့လွယ်လား၊ မလွယ်ဘူးလား၊ နောက်ကြောင်းပြန်လို့မရဘူးလားအရင်ဆုံးသိဖို့လိုတယ်ဆိုတာတဖြည်းဖြည်းပိုနားလည်လာတယ်။ နောက်ကိုယ့်ရဲ့ရွေးချယ်မှုမှားနေရင်ပြင်မယ်ဆိုရင် ကိုယ်ဆုံးရှုံးမည့်အရာနဲ့ပြန်ရမည့်အရာ ကိုက်လားပြန်စဥ်းစားဖို့လိုလာပြန်တယ်။ ဘဝမှာ ရွေးချယ်မှုအရေးကြီးတယ်။ နေ့စဥ် ဘာတွေတွေးမယ်၊ဘာတွေလုပ်မယ်။ဘယ်သူတွေနဲ့ဝန်းရံမယ်။ဘယ်လိုသူတွေနဲ့ စီးပွားရေးလုပ်မယ်။ဘယ်လိုနေရာမှာနေမယ်။ ဘယ်လိုလူတွေကိုရှောင်မယ်။ ဘယ်လိုဆုံးဖြတ်ချက်ချမယ်။ ဒီရွေးချယ်မှုတွေကကြိုးစားမှုထက် ပိုအရေးကြီးတယ်။ Phyo Paing @ Derek

ဘဝမှာ ရွေးချယ်မှုအရေးကြီးတယ်။ Read More »

ရွေးချယ်မှုကောင်းတွေလိုတယ်။

ရွေးချယ်မှုကကြိုးစားမှုထက်ပိုအရေးကြီးတယ်။​ ဒါကြောင့်လဲရွေးချယ်မှုကကြိုးစားမှုမတိုင်ခင်အရင်လာတယ်။ ရွေးချယ်မှုမှားရင်ကြိုးစားမှုကလဲအချည်းနှိးပဲ။ အရှေ့အရပ်ကိုသွားမယ်ဆိုပြီးအနောက်အရပ်ကိုပြေးနေရင်ပြေးလေးဝေးလေပဲ။ ဒါကြောင့် နေ့တိုင်းကရွေးချယ်မှုကောင်းတွေပြုလုပ်ဖို့လိုတယ်။​ နေ့စဥ်၁။ အချိန်ကို ဘယ်လိုအသုံးပြုမလဲ၂။ ဘာကို အာရုံစိုက်မလဲ၃။ ဘယ်အရာတွေကို ခေါင်းထဲထည့်မလဲ၄။ အဖြစ်အပျက်တွေကိုဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။၅။ ဘာအလုပ်တွေလုပ်မလဲ၆။ ဘယ်လိုလူတွေနဲ့တွေ့မလဲ၇။ ဘယ်လိုအသက်မွေးမှုပြုမလဲ ရွေးချယ်မှုကောင်းတွေလိုတယ်။ Phyo Paing @ Derek

ရွေးချယ်မှုကောင်းတွေလိုတယ်။ Read More »

ရွေးချယ်မှုမှန်ဖို့

ရွေးချယ်မှုက ကြိုးစားမှုထက်အရေးကြီးတယ်။ အလုပ်ကတော့ မဟုတ်လဲလုပ်နေရမှာပဲ။ ငါတို့က အလုပ်ပိုကြိုးစားပြီးဘာကြောင့်ဖြစ်မလာတာလဲဆို ရွေးချယ်မှု မမှန်လို့။ ရွေးချယ်မှုမှန်ဖို့ ဘာရွေးချယ်မှုတွေရှိသေးလဲအကုန်ကြည့်ဖို့လိုတယ်။ စိတ်ခံစားချက်ကိုနောက်ထားရေတို၊ ရေလတ်၊ ရေရှည်ကြည့်ဖို့လိုတယ်။ရွေးချယ်မှုမှားနေရင်လမ်းကြောင်းပြောင်းလို့ရရင်ပြောင်းနိုင်ဖို့လိုတယ်။ Phyo Paing @ Derek

ရွေးချယ်မှုမှန်ဖို့ Read More »

လူတိုင်းအတွက် No.1ဖြစ်စရာမလိုဘူး။

လူတိုင်းအတွက် No.1ဖြစ်စရာမလိုဘူး။ လူတစ်စုအတွက် No.1ဖြစ်ရင် ရပြီ။ အကြီးဆုံး မားကတ်တင်းသင်တန်း၊အကြီးဆုံး စီးပွားရေးသင်တန်း၊အကြီးဆုံး စွမ်းဆောင်ရည်မြင့်သင်တန်း၊အကြီးဆုံး Online Learning Platformအကြီးဆုံး Software companyအကြီးဆုံး Digital Book Libraryဖြစ်စရာမလိုဘူး။ဖြစ်လဲ မဖြစ်ချင်ဘူး။ ဘဝမှာ ရည်မှန်းချက်ကြီးဥာဏ်ရည်မြင့်ပြီးတကယ်နားလည်ချင်တယ်။သင်ယူမယ်။လုပ်မယ်။ ချမယ်။သင်ခန်းစာယူမယ်။​အောင်မြင်အောင်ဆက်လုပ်မယ်။ဒီလိုလူတွေအတွက် No.1 ဖြစ်ရင်ရပြီ။ လူတိုင်းအတွက် အလုပ်လုပ်စရာမလိုဘူးလို့နက်နက်ရှိုင်းရှိုင်း ယုံကြည်ခံယူထားတယ်။ မတူတဲ့သူတွေမှာ မတူညီတဲ့ရသာခံ အာရုံနဲ့ ဦးနှောက်လှိုင်းတွေရှိတယ်။အုတ်ရောရော ကျောက်ရောရောလုပ်လို့မရဘူး။ ဒါကြောင့် နောက်ပိုင်းလူတိုင်းကို ရောင်းဖို့ ဘယ်တော့မှ မကြိုးစားဘူး။ Phyo Paing @ Derek

လူတိုင်းအတွက် No.1ဖြစ်စရာမလိုဘူး။ Read More »