လူတွေက အတွေးအခေါ်အသစ်တွေနဲ့
ဘဝကို စိတ်ကြိုက် design လုပ်ကြတယ်
လူတွေကို ပျော်အောင်လုပ်ပေးပြီးပျော်အောင်လုပ်ပေးဖို့ မေ့နေတဲ့သူကကိုယ်တိုင်ဖြစ်နေတတ်တယ်။ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့စံနှုန်းတွေကို ဖြည့်ဆည်းရင်းဘဝရဲ့ အချိန်တစ်ခုကို ဖြတ်သန်းရတယ်။ ဘဝမှာ ဘယ်တော့မှ အသုံးမချတော့မည့်သင်ခန်းစာတွေအများကြီးလေ့လာပြီးဘဝအချိန်တစ်ခု ဖြစ်သန်းရတယ်။ နောက် ပညာရေးဆုံးခန်းတိုင်ဖို့ဘွဲ့ရဖို့ လေ့လာရပြန်တယ်။နောက် သူများတွေဘွဲ့လွန်ဆိုတော့လဲဘွဲ့လွန်ပြန်တတ်ရပြန်တယ်။ သတ်မှတ်ထားတဲ့ ဘောင်တွေနဲ့အိမ်ထောင်ကျ သားသမီးတွေကြီးဖို့ပြုစုပျိုးထောင်ရင် အခြေကျတော့လဲကိုယ့်လမ်းကိုယ်လျှောက်သွားကြတယ်။ ဘဝဆိုတာကြီးက လူ့ဘောင်ဆိုတဲ့အတွက် ဘောင်တွေကြားထဲမှာအသက်ရှင်ကြတယ်။ လူတွေ သတ်မှတ်ထားတဲ့ အသိအမှတ်အပြုခံရမှုကြားမှာပျော်ရွင်မှု၊ ဝမ်းနည်းမှုတွေဖြစ်ကြတယ်။ ဒီ ဘောင်ကြီးထဲက အရှင်းထွက်ခဲ့တာကတော့အားလုံးရဲ့ စံပြဖြစ်တဲ့ ဗုဒ္ဓပေါ့။ လူ့ဘောင်က သတ်မှတ်ထားတဲ့ဘောင်တွေကို ရိုက်ချိုးပြီးကိုယ့်ဘဝနေထိုင်မှုပုံစံကိုယ်တည်ဆောက်တဲ့lifestyle design လုပ်တဲ့လူတွေက အတွေးအခေါ်အသစ်တွေနဲ့ဘဝကို စိတ်ကြိုက် design လုပ်ကြတယ်။ ကိုယ်ဖန်တီးတဲ့ ဘဝနေထိုင်မှုပုံစံကကိုယ့်ဘဝကို အထာကျကျဖြတ်သန်းပြီးပျော်ရွင်မှု အပြည့်ပေးနိုင်ဖို့လိုတယ်။ ဆယ်တန်းဆန်းတယ် သတိထားကြိုးစားဆိုတာကိုလဲ အကောင်းဆုံးလုပ်ခဲ့တယ်။တက္ကသိုလ်ကောင်းကောင်းတက်ဆိုလဲပြီးအောင် တက်ခဲ့တယ်။UK ဘွဲ့လေးရအောင် လုပ်ဆိုလဲလုပ်ခဲ့တယ်။ဘွဲ့လွန်ပြီးဖို့လိုတယ်ဆိုတော့ လဲလုပ်ခဲ့တယ်။ဘာသာစကားတစ်ခုထက်တက်ဖို့လိုတယ်ဆိုတော့လဲ လုပ်ခဲ့တာပဲ။ ဒီလူ့ဘောင်က သတ်မှတ်ထားတဲ့စံနှုန်းတွေကို […]
လူတွေက အတွေးအခေါ်အသစ်တွေနဲ့
ဘဝကို စိတ်ကြိုက် design လုပ်ကြတယ် Read More »