တစ်သက်မှာ တစ်ခါ
လူလာလုပ်တာ ပျော်ရွင်ဖို့အရေးကြီးတယ်။
တစ်သက်မှာ တစ်ခါ လူလာဖြစ်တာ တစ်ခါလောက်တော့ ကျန်းမာသန်စွမ်း အင်အားပြည့်တဲ့ခန္ဓာကိုယ်တော့ ပိုင်ဆိုင်သင့်တယ်။ တစ်သက်မှာ တစ်ခါလူလာဖြစ်တာ ကိုယ့်ကြောင့် လူတွေဘဝကောင်းကျိုးတွေရှိသွားရမယ်။ တစ်သက်မှာ တစ်ခါလူလာဖြစ်တာ သမိုင်းပေးတာဝန်တစ်ခုတော့ရှိရမယ်။ တစ်သက်မှာ တစ်ခါလူလာဖြစ်တာအမှားတွေ လုပ်ရမှာကြောက်ရင်ဘာမှ လုပ်ဖြစ်တော့မှာ မဟုတ်ဘူး။ တစ်သက်မှာ တစ်ခါလူလာဖြစ်တာ ငွေကြေးလွတ်မြောက်မှုလေးတော့ရှိထားမှ ရမယ်။ တစ်သက်မှာ တစ်ခါလူလာဖြစ်တာ ဘဝမှာ အရာရာ All-in လုပ်ပြီးရည်မှန်းချက်တစ်ခုအတွက်တုံးတိုက်တိုက် ကျားကိုက်ကိုက်လုပ်ဖူးတဲ့ အရသာလေးတော့သိရမယ်။ တစ်သက်မှာ တစ်ခါလူလာဖြစ်တာ ပျော်ရွင်ငြိမ်းချမ်းမှုအရသာကို တော့ သိသွားရမယ်။ ဒါကြောင့် အဆင်မပြေတဲ့အရာတွေကိုပြောင်းလဲရမှာ၊ ရပ်တမ်းကရပ်ရမှာ ကြောက်နေလို့မရဘူး။ Phyo Paing @ Derek
တစ်သက်မှာ တစ်ခါ
လူလာလုပ်တာ ပျော်ရွင်ဖို့အရေးကြီးတယ်။ Read More »
