Happiness

ဘဝမှာ အရေးအကြီးဆုံးက
ပျော်ရွင်မှု။

ပျော်ရွင်မှုအတွက် အရေးအကြီးဆုံးကတိုးတက်မှုလို့ ယူဆတယ်။ ဘဝရဲ့ ကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေး၊ အလုပ်အကိုင်ဘယ်အပိုင်းမှာမဆို တိုးတက်နေရင် ပျော်တယ်။ဆုတ်ယုတ်နေရင် မပျော်ဘူး။ တန့်နေရင် ပုံမှန်ပဲဖြစ်နေတတ်တယ်။ တိုးတက်မှုရှိနေဖို့ တချို့အရာတွေကို ဘဝထဲကအပြီးထုတ်ပစ်ရတယ်။ (Eliminate)တချို့အရာတွေကို ထပ်ခါထပ်ခါလုပ်စရာမလိုအောင် စီမံရတယ်။ (Automate)တချို့အရာတွေကို ကိုယ်တိုင်လုပ်စရာမလိုပဲလက်လွဲသင့်ရင်လွဲရတယ်။ (Transfer)တချို့မလုပ်ဖူးတဲ့အရာတွေကို စမ်းသပ်လုပ်ကိုင်သင့်ရင် လုပ်ရတယ်။ (Experiment)တချို့လုပ်နေတဲ့အရာတွေက အပြီးရပ်လိုက်လို့မရရင်လျော့သင့်ရင် လျော့ရတယ်။ (Reduce) ဒါကိုတော့ အတိုကောက်တိုးတက်မှုအတွက် EATER လို့ပေးထားတယ်။ Phyo Paing @ Derek

ဘဝမှာ အရေးအကြီးဆုံးက
ပျော်ရွင်မှု။
Read More »

ကိုယ့်ရဲ့ ပျော်ရွှင်မှု အဆင့်က ဘယ်လောက်မှာလဲ?။

လူတွေက ပျော်ရွှင်ချင်ကြတယ်။နည်းလမ်းမျိုးစုံနဲ့ ပျော်ရွှင်မှုရှာကြတယ်။ သာယာမှု ကနေရှာတယ်။အစားအသောက်ကောင်းလေးစားလိုက်ရရင်ပျော်တာမျိုး။ ပိုင်ဆိုင်မှုကနေရှာတယ်။ ကိုယ်ကြိုက်တဲ့ ပစ္စည်းတွေဝယ်လိုက်ရရင်ပျော်တာမျိုး။ အသိမှတ်ပြုခံရမှုကနေရှာတယ်။ ကိုယ်သား၊ သမီးက ဘယ်တက္ကသိုလ်ကြီးမှာတက်နေတာမျိုး။ အိုင်ဒီယာတွေကနေ အပျော်ရှာတယ်။ အတွေးအခေါ်တူတဲ့သူတွေ အိုင်ဒီယာ ဖလှယ်ကွန့်မြူးပျော်ဆိုကြတာမျိုး။ နောက်တစ်မျိုးက ပေးဆပ်မှုကနေရှာတာမျိုး။ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ကိုယ့် သမိုင်းပေးတာဝန်အတွက်ဘဝကို ပေးဆပ်ပြီး ပျော်ရွင်မှုရှာတာမျိုး။ လီကွမ်းယူက သူ့ဘဝမှာ အရေးကြီးတာ နှစ်ခုရှိတယ်တဲ့။ My family and my country တဲ့။ ငါ့မိသားစုကို ငါ့မိန်းမ တာဝန်ယူတယ်။ငါ့နိုင်ငံကို ငါတာဝန်ယူတယ်။ငါသေသွားလို့ တစ်ခုခု မှားနေရင်တောင်သင်္ဂြိုလ်က ပြန်ထလာမယ်ဆိုတဲ့မိန့်ခွန်းမျိုးတွေ ပြောခဲ့တာ ကြည့်ရင်သိနိုင်တယ်။ အသက် ၇၆ နှစ် နှစ်ပေါင်းများစွာဘာကြောင့် ဒုက္ခခံပြီး ပေးဆပ်နေလဲ။ ဒါက တခြားသူတွေနဲ့ မတူတဲ့ ပျော်ရွင်မှု အဆင့်မှာ ရောက်နေလို့ပဲ။

ကိုယ့်ရဲ့ ပျော်ရွှင်မှု အဆင့်က ဘယ်လောက်မှာလဲ?။ Read More »

အကြည်ဓာတ်ထိန်းဖို့
အရေးမပါတာတွေကို
အာရုံမစိုက်ဖို့ အရေးကြီးတယ်။

လူတစ်ယောက် အစိုးရတာ အာရုံပဲ။ကိုယ့်ရဲ့ အိမ်မက်၊ သမိုင်းပေးတာဝန်၊နေ့စဥ် တိုးတက်မှု၊ ကျန်းမာရေးဒီအချက်တွေက အဓိကအာရုံစိုက်ရမည့်အပိုင်းတွေပဲ။ Phyo Paing @ Derek

အကြည်ဓာတ်ထိန်းဖို့
အရေးမပါတာတွေကို
အာရုံမစိုက်ဖို့ အရေးကြီးတယ်။
Read More »

ကိုယ့်နဲ့တွေ့ခဲ့တဲ့ လူတိုင်းကို
အကောင်းဆုံး ဆက်ဆံဖို့လိုတယ်။

သိသိမသိသိ ကျွန်တော်တို့အားလုံးကမနက်ဖြန်တွေအတွက် အလုပ်လုပ်နေကြတာကြီးပဲ။ မနက်ဖြန်မှာ ဘယ်သူက ဘယ်နေရာရောက်နေမလဲ မသိနိုင်ဘူး။PIP – People In Power ဖြစ်နေနိုင်သလိုPIN – People In Need လဲဖြစ်နေနိုင်တယ်။ကိုယ့်နဲ့တွေ့ခဲ့တဲ့ လူတိုင်းကိုအကောင်းဆုံး ဆက်ဆံဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်နဲ့တွေ့ခဲ့တဲ့ လူတိုင်းကို
အကောင်းဆုံး ဆက်ဆံဖို့လိုတယ်။
Read More »

ကိုယ်သိထားတာတွေ မျှဝေတာကို
ကောင်းမှုကုသိုလ်လုပ်တယ်လို့ပဲ
ခံယူထားလိုက်တယ်။

စဥ်းစားကြည့် စိတ်ဓာတ်ကျနေတဲ့အချိန်အိုင်ဒီယာထုတ်ဖို့လိုနေတဲ့အချိန်ကိုယ်ရေးထားတဲ့ စာတစ်ပုဒ် ဒါမှမဟုတ်video တစ်ခုက ဖတ်တဲ့သူ၊ ကြည့်တဲ့သူအတွက်ခွန်အားတစ်ခု၊ အတွေးတစ်ခုရပြီးရလဒ်တစ်ခု ရစေခဲ့မယ်ဆိုတာ ကောင်းတဲ့အလုပ်ပဲ မဟုတ်လား။ Phyo Paing @ Derek

ကိုယ်သိထားတာတွေ မျှဝေတာကို
ကောင်းမှုကုသိုလ်လုပ်တယ်လို့ပဲ
ခံယူထားလိုက်တယ်။
Read More »

ကိုယ့် profession ကို ကိုယ်တန်ဖိုးမထားရင် တခြားသူလဲ တန်ဖိုးထားမှာ မဟုတ်ဘူး။

ကိုယ်လုပ်တဲ့အလုပ်အတွက် ဂုဏ်ယူသလိုအလုပ်လုပ်နေတိုင်းလဲ ပျော်တယ်။ စိတ်မပျော်ရွင်စရာရှိရင်တောင် ကိုယ့်အလုပ်က ကိုယ့်စိတ်ထွက်ပေါက်ပဲ။ ကိုယ်ကျွမ်းကျင်တဲ့ profession ရှိတဲ့အတွက်ဘယ်နေရာသွားသွား မျက်နှာမငယ်ရသလိုဘယ်နေရာရောက်ရောက် သုညက ပြန်စရမှာကိုယ့်အတွက် အပန်းမကြီးဘူး။ ခံယူချက် အရေးကြီးတယ်။ ဘဝမှာ ခံယူချက်ပြည့်ဝတဲ့ဆရာတွေဆီကပဲ ရွေးချယ်လေ့လာခဲ့တာမှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့တယ်။ Phyo Paing @ Derek

ကိုယ့် profession ကို ကိုယ်တန်ဖိုးမထားရင် တခြားသူလဲ တန်ဖိုးထားမှာ မဟုတ်ဘူး။ Read More »

ဘာလုပ်ကြမလဲ?

ကိုယ်လေဖြတ်နေပြီး ကိုယ်လက်လုပ်မရစကားပြောမရတဲ့ အခြေအနေတစ်ခုစဉ်းစားကြည့်ကြည့်ပါ။ ဒါမှမဟုတ် မြေမြုပ်ပြီးမှ မသေပဲပြန်နိုးလာပြီး အော်မရလှုပ်မရအခြေအနေတစ်ခုကို စဉ်းစားကြည့်ပါ။ ဘာလုပ်ကြမလဲ? Worst case scenario ဆိုတာ လူတွေမှာကြိုတွေးထားတာမမှားပါဘူး။ ဒီ ၁၅ ရက်ကို အောင်သုခရိပ်သာမှာသေနည်းသွားလေ့ကျင့်တယ်ဆိုမမှားပါဘူး။ ဖုန်းမသုံးရဆိုတဲ့အတွက်ဒီရက်တွေမှာ အင်တာနက်မသုံးဖြစ်သလို Facebook နဲ့ Instagram account ကိုDeactivate လုပ်ခဲ့ပါတယ်။ မနက် ၃ နာရီထ ပြီး ည ၉ နာရီထိတရားနာ၊ တစ်ရက် ၇ နာရီတရားထိုင်၊ညစာမစားပဲ နေခဲ့တာ မနက်ဖြန်ဆိုတရားစခန်းကထွက်ပါပြီ။ အလုပ်တွေရပ်ပြီး ဆယ့်ငါးရက်ဆိုတာ တော်တော်မလွယ်ပါဘူး။၂၀၀၅ တုန်းက တစ်ခါ၊ ၂၀၀၆ တစ်ခါတရားစခန်းဝင်ခဲ့သလို ဒါကတော့ တတိယတစ်ခါပေါ့။ ဝင်ဖို့ ကူညီပေးတဲ့ ကိုနိုင်ကြီးကိုလဲကျေးဇူးအထူးတင်ပါတယ်။ Phyo Paing @ Derek

ဘာလုပ်ကြမလဲ? Read More »

တခြားသူတွေကို ပြင်ဖို့မကြိုးစားပါနဲ့။

တခါတလေ လောကမှာပြင်လို့ရတဲ့အရာတွေရှိသလိုတချို့အရာတွေက ပြင်လို့မရဘူး။ တခါတလေ ကိုယ့်မိဘကို၊​ကိုယ့်သားသမီးကို၊​ကိုယ့်ချစ်တဲ့သူတွေ၊ သမီးရည်းစား၊ပြင်မရတဲ့သူတွေကိုပြင်လို့မရရင် စိတ်ဆင်းရဲခံပြီးပြင်မနေပါနဲ့တော့။ Vicktor Franklr ကတော့လူတွေက ပတ်ဝန်းကျင်ကို ပြောင်းလို့မရတဲ့အခါကိုယ့်ကိုကိုယ် ပြောင်းဖို့ကြိုးစားကြတယ်တဲ့။ ကိုယ့်ကိုကိုယ်ပဲ ပြောင်းဖို့ကြိုးစားပါ။ Phyo Paing @ Derek

တခြားသူတွေကို ပြင်ဖို့မကြိုးစားပါနဲ့။ Read More »

စေတနာမပျက်စေနဲ့။

တခါတလေ ကျွန်တော်တို့ရဲ့ ခံယူချက်အရအလုပ်ကြိုးစား လုပ်ပေမယ့်ဘေးထိုင်ဘုပြောတာနဲ့ ကြုံလာတဲ့အခါကိုယ့်အလုပ်အပေါ်ထားတဲ့ စေတနာမပျက်ပါစေနဲ့။ လူတိုင်းမှာ အတ္တရှိကြတယ်။ဒီ အတ္တတောင်ကို မကျော်နိုင်တဲ့အခါစိတ်မထားတတ်ပဲ သူတပါးကိုဝေဖန်တတ်ကြတယ်။ဒါကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတွေ့ရမှာပါ။ ငါ့ကိုသူ ဘာကြောင့် ဒီလိုဝေဖန်လဲဆိုတာထက်သူလည်း လူသားပဲ သူ့မှာလည်းသူ့စဉ်းစားပုံရှိလိမ့်မယ်ဆိုတဲ့ဖြေတွေးလေးတွေးပေးလိုက်ပါ။ ဘေးထိုင်ဘုပြောသူတွေကြောင့်ကိုယ့်အလုပ်ပေါ်ထားတဲ့ စေတနာမပျက်စေပါနဲ့။ Phyo Paing @ Derek

စေတနာမပျက်စေနဲ့။ Read More »