Happiness

ငွေဆိုတာက motivation အနိမ့်စား

ပိုက်ဆံအရေးကြီးတယ်။ဒါပေမယ့်အလုပ်လုပ်တဲ့ ရည်ရွယ်ချက်ကပိုက်ဆံတစ်ခုထက်အများကြီးပိုဖို့လိုတယ်။ကိုယ့်ကို ပျော်ရွင်စေဖို့၊တစ်ဖက်ကမ်းခက်ကျွမ်းကျင်စေဖို့အပြင်တခြားသူတွေရဲ့ ဘဝကိုပိုကောင်းအောင် ကူညီပေးဖို့လိုတယ်။​ ဘဝမှာ ကိုယ်လုပ်ပေးနိုင်တာတစ်ခုကပညာရေးနဲ့ နည်းပညာအသုံးပြုပြီးဘဝတွေကို အပြောင်းအလဲလုပ်ပေးချင်တယ်။ ဒီခံယူချက်တစ်ခုတည်းနဲ့နယ်ပယ်တစ်ခုတည်းကိုပဲ ဇောက်ချလုပ်ဖြစ်တယ်။ ဘဝရဲ့ အနှစ်သာရဆိုတာကိုယ်တစ်ကိုယ်စာထက် ပိုကြီးတဲ့အရာအတွက်လုပ်ဆောင်ရာက စတယ်။committed to something bigger than yourself. ဒါက Motivation အမြင့်စားပဲ။ငွေဆိုတာက motivation အနိမ့်စား။meaning က motivation အမြင့်စား။ ငွေဆိုတာက အပြင်ကလာတဲ့ extrinsic motivation.အဓိပ္ပာယ်ဆိုတာ အတွင်းကလာတဲ့ intrinsic motivation. Phyo Paing @ Derek

ငွေဆိုတာက motivation အနိမ့်စား Read More »

လူတွေက အတွေးအခေါ်အသစ်တွေနဲ့
ဘဝကို စိတ်ကြိုက် design လုပ်ကြတယ်

လူတွေကို ပျော်အောင်လုပ်ပေးပြီးပျော်အောင်လုပ်ပေးဖို့ မေ့နေတဲ့သူကကိုယ်တိုင်ဖြစ်နေတတ်တယ်။ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့စံနှုန်းတွေကို ဖြည့်ဆည်းရင်းဘဝရဲ့ အချိန်တစ်ခုကို ဖြတ်သန်းရတယ်။ ဘဝမှာ ဘယ်တော့မှ အသုံးမချတော့မည့်သင်ခန်းစာတွေအများကြီးလေ့လာပြီးဘဝအချိန်တစ်ခု ဖြစ်သန်းရတယ်။​ နောက် ပညာရေးဆုံးခန်းတိုင်ဖို့ဘွဲ့ရဖို့ လေ့လာရပြန်တယ်။နောက် သူများတွေဘွဲ့လွန်ဆိုတော့လဲဘွဲ့လွန်ပြန်တတ်ရပြန်တယ်။ သတ်မှတ်ထားတဲ့ ဘောင်တွေနဲ့အိမ်ထောင်ကျ သားသမီးတွေကြီးဖို့ပြုစုပျိုးထောင်ရင် အခြေကျတော့လဲကိုယ့်လမ်းကိုယ်လျှောက်သွားကြတယ်။ ဘဝဆိုတာကြီးက လူ့ဘောင်ဆိုတဲ့အတွက် ဘောင်တွေကြားထဲမှာအသက်ရှင်ကြတယ်။ လူတွေ သတ်မှတ်ထားတဲ့ အသိအမှတ်အပြုခံရမှုကြားမှာပျော်ရွင်မှု၊ ဝမ်းနည်းမှုတွေဖြစ်ကြတယ်။ ဒီ ဘောင်ကြီးထဲက အရှင်းထွက်ခဲ့တာကတော့အားလုံးရဲ့ စံပြဖြစ်တဲ့ ဗုဒ္ဓပေါ့။ လူ့ဘောင်က သတ်မှတ်ထားတဲ့ဘောင်တွေကို ရိုက်ချိုးပြီးကိုယ့်ဘဝနေထိုင်မှုပုံစံကိုယ်တည်ဆောက်တဲ့lifestyle design လုပ်တဲ့လူတွေက အတွေးအခေါ်အသစ်တွေနဲ့ဘဝကို စိတ်ကြိုက် design လုပ်ကြတယ်။ ကိုယ်ဖန်တီးတဲ့ ဘဝနေထိုင်မှုပုံစံကကိုယ့်ဘဝကို အထာကျကျဖြတ်သန်းပြီးပျော်ရွင်မှု အပြည့်ပေးနိုင်ဖို့လိုတယ်။​ ဆယ်တန်းဆန်းတယ် သတိထားကြိုးစားဆိုတာကိုလဲ အကောင်းဆုံးလုပ်ခဲ့တယ်။တက္ကသိုလ်ကောင်းကောင်းတက်ဆိုလဲပြီးအောင် တက်ခဲ့တယ်။UK ဘွဲ့လေးရအောင် လုပ်ဆိုလဲလုပ်ခဲ့တယ်။​ဘွဲ့လွန်ပြီးဖို့လိုတယ်ဆိုတော့ လဲလုပ်ခဲ့တယ်။ဘာသာစကားတစ်ခုထက်တက်ဖို့လိုတယ်ဆိုတော့လဲ လုပ်ခဲ့တာပဲ။ ဒီလူ့ဘောင်က သတ်မှတ်ထားတဲ့စံနှုန်းတွေကို

လူတွေက အတွေးအခေါ်အသစ်တွေနဲ့
ဘဝကို စိတ်ကြိုက် design လုပ်ကြတယ်
Read More »

ပျော်ရွင်မှုရဲ့ ရန်သူက

ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေကနေကိုယ်လိုချင်တဲ့ တုန့်ပြန်မှုတွေကိုမျှော်လင့်တောင်းတနေတတ်တဲ့စိတ်ပဲ။ Phyo Paing @ Derek

ပျော်ရွင်မှုရဲ့ ရန်သူက Read More »

တစ်ယောက်တည်းမပျော်ရင်
နှစ်ယောက်လဲ မပျော်ဘူး

ကိုယ့်ပျော်ရွင်မှု၊ ငြိမ်းချမ်းမှုကိုတခြားတစ်ယောက်ပေါ်မှာမမှီခိုပဲ ရယူနိုင်တာလွတ်မြောက်မှုပဲ။တစ်ယောက်တည်းမပျော်ရင်နှစ်ယောက်လဲ မပျော်ဘူး။ Phyo Paing @ Derek

တစ်ယောက်တည်းမပျော်ရင်
နှစ်ယောက်လဲ မပျော်ဘူး
Read More »

ကိုယ့်ကို ချစ်တဲ့သူတွေနဲ့ စကားပြောလိုက်ရင်

ကိုယ့်ကိုကိုယ် မြင်တာထက် ကောင်းတာတွေ မြင်တာမျိုးတွေ့ရတတ်တယ်။ကိုယ်တောင် မစဉ်းစားမိတဲ့ ရှူဒေါင့်ကနေ ကိုယ့်ကို မြင်တာမျိုး။ အမြဲအထင်ကြီး၊ အကောင်းမြင်တာမျိုး။ ပြဿနာ ကြုံတဲ့အချိန် အမြဲကိုယ့်ဖက်က ရပ်တည်ဖို့ အသင့်ဖြစ်နေတာမျိုး။ နောက်တစ်မျိုးက ကိုယ့်ကို အမြဲအားမရ ဖြစ်တတ်တဲ့ သူမျိုး။ ချစ်တော့ချစ်တယ်။ ဒါပေမယ့် ပိုကောင်းစေချင်တာမျိုး။ အားမရ တာမျိုး။ အားရ၊ ကျေနပ်ရင်တောင် ထုတ်မပြောတာမျိုး။ လူတွေ ချစ်ပုံချစ်နည်းမတူကြဘူး။ Phyo Paing @ Derek

ကိုယ့်ကို ချစ်တဲ့သူတွေနဲ့ စကားပြောလိုက်ရင် Read More »

တစ်ယောက်တည်း မပျော်ရင်
နှစ်ယောက်လဲ မပျော်နိုင်ဘူး။

တခြားသူတွေရဲ့ တုန့်ပြန်မှုတစ်ခုရဖို့ ဘာလုပ်ရမယ်ဆိုတာမျှော်မှန်းပြီး မလုပ်တော့နဲ့။ဒီတုန့်ပြန်မှုပေါ်မူတည်ပြီးခံစားမှုတွေ မလုပ်တော့နဲ့။ကိုယ့်ဘဝမှာ အရေးအကြီးဆုံးကကိုယ့်ရဲ့ ပျော်ရွင်မှုလို့ ယူဆတယ်။ ကိုယ်မပျော်ပဲ သူများကိုပျော်အောင်လုပ်ပေးနိုင်ဖို့မလွယ်ဘူး။တစ်ယောက်တည်း မပျော်ရင်နှစ်ယောက်လဲ မပျော်နိုင်ဘူး။ Phyo Paing @ Derek

တစ်ယောက်တည်း မပျော်ရင်
နှစ်ယောက်လဲ မပျော်နိုင်ဘူး။
Read More »

လူတွေကို ပျော်ရွင်မှုပေးတဲ့အချိန်တစ်ခုရှိတယ်။

ကိုယ်တတ်နိုင်တဲ့ limit ရဲ့ အဆုံးလေးကိုpush လုပ်လိုက်တဲ့အချိန်။ ဥပမာ ခါတိုင်း တစ်မိုင်လောက် non-stop ပြေးနေရာကနေ တစ်မိုင်ခွဲနောက်နှစ်မိုင် ဒီလိုဖြစ်လာတဲ့အခါကိုယ့် performance လဲတက်လာသလိုစွဲလမ်းမှုတစ်ခုလဲဖြစ်လာတယ်။ တိုးတက်မှုလဲဖြစ်လာသလို စျာန်ဝင်တဲ့အချိန်ဆိုတာဖြစ်လာတယ်။ နောက် ဒီလုပ်ရပ်ကို ကျွမ်းကျင်တဲ့mastery အဆင့်ရောက်တဲ့အခါစိတ်ကျေနပ်မှု အဆင့်ရောက်လာတယ်။ အလုပ်တစ်ခုဟာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်လာလေ စွဲလမ်းလာလေပဲ။ Phyo Paing @ Derek

လူတွေကို ပျော်ရွင်မှုပေးတဲ့အချိန်တစ်ခုရှိတယ်။ Read More »

ဘေးမှာနေပြီး ဝေဖန်တာဟာ
အစွမ်းအစတွေကို ဆိတ်သုန်းစေတယ်။

ခင်ဗျားရဲ့ အနီးစပ်ဆုံးသမီးရည်းစား၊ လင်မယား၊မိဘတွေကကိုယ့်ကို judge မလုပ်ပဲကိုယ့်ရဲ့အရှိကို အရှိအတိုင်းလက်ခံပြီးကိုယ့်ရဲ့ဖြစ်တည်မှုအတွက်ထပ်တူဂုဏ်ယူတဲ့အခါခင်ဗျားဘဝ ပြောင်းလဲပြီ။ ဘေးမှာနေပြီး ဝေဖန်တာဟာအစွမ်းအစတွေကို ဆိတ်သုန်းစေတယ်။ Parenting မှာလဲ အဲ့လိုပဲစဉ်းစားတယ်။ဘာဖြစ်ရမယ်ဆိုတဲ့ expectation မရှိဘူး။ဘဝမှာ ပျော်ပျော်ရွင်ရွင်နဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ပဲလေ့ကျင့်ပေးထားဖို့ စဉ်းစားထားတယ်။ Phyo Paing @ Derek

ဘေးမှာနေပြီး ဝေဖန်တာဟာ
အစွမ်းအစတွေကို ဆိတ်သုန်းစေတယ်။
Read More »

ခရီးလမ်းဆုံးမှ မပျော်ပဲ
လမ်းခရီးမှာလဲ ပျော်လို့ရပါတယ်။

ကိုယ်ရဲ့ပျော်ရွင်မှုအတွက် ဘယ်သူမှ၊ ဘယ်အရာမှမလိုပါဘူးဆိုတဲ့ concept ကတော်တော်အရေးကြီးတယ်။ တစ်စုံတစ်ယောက်ရှိမှ၊ဘယ်ကားစီးပြီး၊ ဘယ်လိုအိမ်မှာနေမှ၊ဘယ်သူတွေအသိအမှတ်ပြုခံရမှပျော်ရွင်မယ်ဆိုတဲ့ concept ကြီးကလူတွေရဲ့ ပျော်ရွင်မှုကို ဆိတ်သုဉ်းစေတယ်။ နွားကျောင်းသားကလဲနွားကျောင်းနေရင်း စိတ်ထားတတ်ရင် ပျော်ရတာပဲ။ Phyo Paing @ Derek

ခရီးလမ်းဆုံးမှ မပျော်ပဲ
လမ်းခရီးမှာလဲ ပျော်လို့ရပါတယ်။
Read More »

Happiness နဲ့ Pleasure မတူဘူး။
Pleasure ဆိုတာ ခဏတာပျော်ရွှင်မှု။
Happiness က ရေရှည်ပျော်ရွှင်မှု။

ဘာလို့စီးပွားရေးလုပ်သလဲ?ငွေရချင်လို့။ ဖောက်သည်တွေလိုအပ်ချက်ဖြည့်ဆည်းပေးချင်လို့။နောက်ဆုံးကျတော့ ပျော်ဖို့။ ဘာကြောင့် အိမ်ထောင်ပြုသလဲ။နောက်ဆုံးရည်ရွယ်ချက်ကပျော်ချင်လို့။ ဒီတော့ပျော်ရွင်မှုက ဘယ်ကလာသလဲ? Happiness နဲ့ Pleasure မတူဘူး။Pleasure ဆိုတာ ခဏတာပျော်ရွင်မှု။Happiness က ရေရှည်ပျော်ရွင်မှု။ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာတွေစားချင်တာစားတဲ့အတွက် ခဏတာပျော်ရွင်မှု pleasure ရမယ််။ဒါပေမယ့် happiness တော့ရဖို့မလွယ်ဘူး။ ပျော်ရွင်မှုကို ဖြစ်စေတဲ့အရာတွေရှိတယ်။အတွေးရှင်းရင်လဲ ပျော်ရွင်ရတယ်။ကိုယ်နဲ့နေ့စဥ်တွေ့တဲ့သူတွေမှာpositive vibes တွေပဲရှိနေရင်လဲပျော်ရွင်ရတယ်။နေ့စဥ်တိုးတက်နေရင်လဲ ပျော်ရွင်ရတယ်။ Phyo Paing @ Derek

Happiness နဲ့ Pleasure မတူဘူး။
Pleasure ဆိုတာ ခဏတာပျော်ရွှင်မှု။
Happiness က ရေရှည်ပျော်ရွှင်မှု။
Read More »