The Way
ဘဝမှာ ပိုက်ဆံရှိရင်ပြီးရောမဟုတ်ဘူး။ဘယ်လိုပုံစံနဲ့ ပိုက်ဆံရှိလာချင်တာလဲစိတ်ကူးထားတဲ့ “နည်းလမ်း” ရှိတယ်။ ဘဝမှာ လူသိရင်ပြီးရော မဟုတ်ဘူး။ကိုယ့်ကို ဘယ်လို သိစေချင်တာလဲ။ဘာနဲ့ တွဲသိစေချင်တာလဲ နည်းလမ်းရှိတယ်။ ဘဝမှာ အောင်မြင်ရင်ပြီးရောမဟုတ်ဘူး။ဘယ်လို အောင်မြင်ချင်တာလဲ စိတ်ကူးထားတဲ့ နည်းလမ်းတွေ လူတိုင်းမှာ ရှိကြတယ်။ ဒါကြောင့် ကိုယ့်လမ်းနဲ့ သူ့လမ်းတူချင်မှ တူလိမ့်မယ်။ Phyo Paing @ Derek
